ရွာစဉ်ထိုထို တက္ကသိုလ်
မြင်မြင်သမျှ ပါမောက္ခ
တွေ့သမျှလူ ပါရဂူ
B.A ဘွဲ့များ ဈေးရောင်းစား
B.Sc ပြီး Marketing
B.C.Sc အလုပ်ရှားသည်
B.C.Tech များ လတ်လျားလျား
M.C ဆင်းသမျှ ဆေးရောင်းကြ
B.E ပြီးကာ singapore လာ
မိန်းမယူကြ တို့ဘဝ
အချိန်လည်းတန် အိမ်အပြန်
မပြန်ခင်ငြား သံရုံးသွား။
မှတ်ချက်။ ။ Online မှတဆင့် ကူးယူ တည်းဖြတ် modify လုပ်ထားခြင်းဖြစ်၏ ၊
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Wednesday, October 14, 2009
Friday, October 9, 2009
ပစ်ချခံထားရသော.........
သမိုင်းက ခါးသီးစွာ
ဒဏ်ရာ ဝဲဂယက်ထဲ ပစ်ချခဲ့…….
စွန့်မှစားရတာတဲ့…
စွန့် ခဲ့ကြပြီးပြီပဲ
ဘယ်တော့များမှ…………
နာကြည်းစွာ…
ခါးသီးစွာ….
ခံပြင်းစွာ…..
မယုံမရှိနဲ့ ဒါ ဒီနေ့ငါတို့ဘဝပဲ……
ဦးနှောက် ယိုစီးမှု
လုပ်အား ယိုစီးမှု
………စီးမှု….
………………………
မဝေးချင် ပေမယ့်
ပြေးမှဖြစ်တော့ မှာမို့ စီးခဲ့ကြတာပါ……..
ဘယ်နှယ့်မေးပါလိမ့်..
လွမ်းတာပေါ့ဗျာ
ဇာတိမြေကို လွမ်းတယ်….
အမေ့အိမ်ကို လွမ်းတယ်…..
တမာရနံ့ကို လွမ်းတယ်……
ဆားနံ့သင်းတဲ့ပင်လယ်လေ လွမ်းတယ်…..
ဆီးနှင်းပွင့် လွမ်းတယ်……
အို……………လွမ်းတယ်……………………………..
စောစောထ အလုပ်သွား
အလုပ်ပြန် အိပ်ရာဝင်
ဒါငါတို့ ရဲ့ သင်ပုန်းကြီးဖတ်စာ…….
“သူတို့ပြန်လာကြ မှာပါ” တဲ့
ဒါပေါ့
ပြန်လာကြမှာပေါ့
ဒါပေမယ့်
ဘယ် မနက်ဖြန် မှာလဲ………..
မဖြစ်သေးတာပဲ ရှိတာ တဲ့……
မဖြစ်နိုင်တာ မရှိဘူး တဲ့…….
ဒီတော့
မနက်ဖြန် အိမ်ပြန်နိုင်အောင်
ဒီနေ့ ကြေငြာချက် တစ်စောင်လောက် ထုတ်လိုက်ကြဦးစို့………
ဒဏ်ရာ ဝဲဂယက်ထဲ ပစ်ချခဲ့…….
စွန့်မှစားရတာတဲ့…
စွန့် ခဲ့ကြပြီးပြီပဲ
ဘယ်တော့များမှ…………
နာကြည်းစွာ…
ခါးသီးစွာ….
ခံပြင်းစွာ…..
မယုံမရှိနဲ့ ဒါ ဒီနေ့ငါတို့ဘဝပဲ……
ဦးနှောက် ယိုစီးမှု
လုပ်အား ယိုစီးမှု
………စီးမှု….
………………………
မဝေးချင် ပေမယ့်
ပြေးမှဖြစ်တော့ မှာမို့ စီးခဲ့ကြတာပါ……..
ဘယ်နှယ့်မေးပါလိမ့်..
လွမ်းတာပေါ့ဗျာ
ဇာတိမြေကို လွမ်းတယ်….
အမေ့အိမ်ကို လွမ်းတယ်…..
တမာရနံ့ကို လွမ်းတယ်……
ဆားနံ့သင်းတဲ့ပင်လယ်လေ လွမ်းတယ်…..
ဆီးနှင်းပွင့် လွမ်းတယ်……
အို……………လွမ်းတယ်……………………………..
စောစောထ အလုပ်သွား
အလုပ်ပြန် အိပ်ရာဝင်
ဒါငါတို့ ရဲ့ သင်ပုန်းကြီးဖတ်စာ…….
“သူတို့ပြန်လာကြ မှာပါ” တဲ့
ဒါပေါ့
ပြန်လာကြမှာပေါ့
ဒါပေမယ့်
ဘယ် မနက်ဖြန် မှာလဲ………..
မဖြစ်သေးတာပဲ ရှိတာ တဲ့……
မဖြစ်နိုင်တာ မရှိဘူး တဲ့…….
ဒီတော့
မနက်ဖြန် အိမ်ပြန်နိုင်အောင်
ဒီနေ့ ကြေငြာချက် တစ်စောင်လောက် ထုတ်လိုက်ကြဦးစို့………
Labels:
ကဗျာ
Monday, August 3, 2009
..........တမ်းချင်း

မလိမ်မိုးမလိမ်မာ အရွယ်ထဲက
ပျိုးထောင်ခဲ့ရတာပါ......
ဘယ်တော့များမှ ပွင့်မှာလဲ
စံပယ်ရေ
မင်းရနံ့လေးထဲ
ယစ်ယစ်မူးမူးနဲ့ ပျော်ဝင်ချင်လို့ပါ........
ခုများတော့........
မျှော်လင့်ချက်တွေသာ
အို အို လာတယ်
ငါ့စံပယ်ကတော့
ငြိမ်ချက်သားကောင်းနေတုန်း..............
Labels:
ကဗျာ
Monday, July 27, 2009
ခရီးသည်
ဟောဒီမှာ
အိပ်မက်တွေ တနင့်တပိုးနဲ့
စုန်းစုန်းမြုပ်နေသူပေါ့.......
ဟိုးအဝေးကြီးက လာခဲ့တာပါ
မျှော်လင့်ချက်တွေနဲ့လေ
လမ်းတွေကမဆုံးသေးဘူး........
မရှိသေးတာတွေ ရှာဖွေဖို့
သူ စွန့်ခဲ့တယ်
ရွာကလေးကို
ပြီးတော့ မြို့ကလေးကို...
နောက်...မြို့ကြီးကို....
နောက်ထပ်........နောက်ထပ်......
အင်း မရှိသေးတာတွေလား
ရခဲ့ပါတယ်......ဒါပေမယ့်
ရှိနေတဲ့အရာတွေ ဆုံးရှုံးသွားခဲ့တယ်......
မွန်းကျပ်တယ်
မွန်းကျပ်တယ်
ပြန်ပေးပါလား
ဟို အဝေးကွင်းပြင်ထဲက
လရိပ်ပြာရဲ့ ရင်ငွေ့လှုံခွင့်
.............................
.............................
ခုတော့ မွန်းကျပ်လိုက်တာ......
တကယ်ပြောတာပါ
ဟောဒီ Concrete Jungle ကြီးထဲ
ဘယ်သူပျော်ရဲလဲ.....
လေးဖြူရဲ့ အမဲလိုက်အက
ငါတို့တွေကရော.....ဘာလဲ....
ဟောဒီသံသရာခရီး
မပြီးဆုံးသေးတဲ့ လမ်းတွေလှမ်းဖို့
နေသားတကျ မဲ့နေတဲ့
နှုတ်ခမ်းတွေနဲ့ ပြုံးတက်ဖို့ လေ့ကျင့်ရဦးမယ်.......်
အိပ်မက်တွေ တနင့်တပိုးနဲ့
စုန်းစုန်းမြုပ်နေသူပေါ့.......
ဟိုးအဝေးကြီးက လာခဲ့တာပါ
မျှော်လင့်ချက်တွေနဲ့လေ
လမ်းတွေကမဆုံးသေးဘူး........
မရှိသေးတာတွေ ရှာဖွေဖို့
သူ စွန့်ခဲ့တယ်
ရွာကလေးကို
ပြီးတော့ မြို့ကလေးကို...
နောက်...မြို့ကြီးကို....
နောက်ထပ်........နောက်ထပ်......
အင်း မရှိသေးတာတွေလား
ရခဲ့ပါတယ်......ဒါပေမယ့်
ရှိနေတဲ့အရာတွေ ဆုံးရှုံးသွားခဲ့တယ်......
မွန်းကျပ်တယ်
မွန်းကျပ်တယ်
ပြန်ပေးပါလား
ဟို အဝေးကွင်းပြင်ထဲက
လရိပ်ပြာရဲ့ ရင်ငွေ့လှုံခွင့်
.............................
.............................
ခုတော့ မွန်းကျပ်လိုက်တာ......
တကယ်ပြောတာပါ
ဟောဒီ Concrete Jungle ကြီးထဲ
ဘယ်သူပျော်ရဲလဲ.....
လေးဖြူရဲ့ အမဲလိုက်အက
ငါတို့တွေကရော.....ဘာလဲ....
ဟောဒီသံသရာခရီး
မပြီးဆုံးသေးတဲ့ လမ်းတွေလှမ်းဖို့
နေသားတကျ မဲ့နေတဲ့
နှုတ်ခမ်းတွေနဲ့ ပြုံးတက်ဖို့ လေ့ကျင့်ရဦးမယ်.......်
Labels:
ကဗျာ
Subscribe to:
Comments (Atom)