Monday, February 8, 2010
ဒေါ်လာ လဲမလား
Friday, September 25, 2009
လက်ထပ်လက်စွပ်နဲ့ ယုံတမ်းစကား
အရင်ဆုံး လက်ချောင်းလေးတွေကို ၂ ပိုင်း-ပိုင်းလိုက်မယ် ( မလှန့်သွားနဲ့အုံး ) ဆိုလိုတာက လက်ခလယ်ကို မူတည်ပြီး အုပ်စု ၂ခုခွဲလိုက်မယ်၊ အောက်ကပုံအတိုင်း လက်၂ ဖက်ကို ပူးကပ်လိုက်ရုံပဲ

- အဲလိုမျိုးဖြစ်သွားပြီးဆိုရင် အရင်ဆုံး လက်မ၂ခု ပူးထားတာကို ခွာကြည့်လိုက်၊ ကပ်လိုက်ခွာလိုက် လုပ်လို့ရတယ်နော်၊ ပြီးရင်တော့ အပေါ်ကအတိုင်း ပြန်ကပ်ထားလိုက်၊ လက်မက အရင်ဆုံးလာတဲ့အတွက် ကိုယ့်မိဘကို ကိုယ်စားပြုတယ်
- လက်မပြီးရင် လက်ညှိုးကို ခွာကြည့်လိုက်၊ ကပ်လိုက်ခွာလိုက် လုပ်လို့ရတယ်နော်၊ ပြီးရင် အရင်ပုံစံအတိုင်း ပြန်ကပ်ထားလိုက်၊ လက်မပြီးရင် ဒုတိယလာတဲ့ လက်ညှိုးက မောင်နှမသားချင်းတွေ အတွက် ကိုယ်စားပြုတယ်
- လက်သကြွယ်ကို ခနကျော်လိုက် ( သူက အိမ်ထောင်ဘက်ကို ကိုယ်စားပြုတယ် )
- နောက်ဆုံးကျန်တဲ့ လက်သန်းတွေကို အပေါ်ကအတိုင်း ခွာကြည့်ပါအုံး ရတယ်နော်၊ နောက်ဆုံးမှ လာတဲ့ လက်သန်းက သားသမီးတွေကို ကိုယ်စားပြုတယ်၊
- အားလုံးခွာလို့ရရင် ခုနက ကျော်ခဲ့တဲ့ လက်သကြွယ်ကို ဖြည်းဖြည်း ခွာကြည့်၊ ရလား ..... မရရင် အတင်းခွကြည့် ........ မရဘူးမဟုတ်လား၊ သူကကိုယ့်အိမ်ထောင်ဖက်လေ၊
လက်မဖြစ်တဲ့ မိဘက ကိုယ့်ကိုဘ၀ထဲကနေ အစောဆုံးထွက်ခွာသွားနိုင်တဲ့ သူဖြစ်တယ်၊
လက်ညှိုးဖြစ်တဲ့ မောင်နှမတွေကလဲ အချိန်တန်ခဲ့ရင် ကိုယ်လမ်း ကိုယ်ရွေးသွားကြမယ့် သူတွေဖြစ်တယ်၊
ကိုယ့်ရဲ့ သားသမီးတွေကလည်း သူတို့တတွေ အိမ်ထောင်ကျသွားခဲ့ရင် အခြေနေအချိန်ခါအလိုက် ခွဲခွာသွားကြမယ့် သူတွေပဲ၊
ဒီတော့ ကိုယ့်ဘေးမှာ တသက်လုံး မခွဲမခွာ ရိုးမြေကျ သက်တဆုံးတိုင် ရှိနေမယ့် အိမ်ထောင်ဖက် နေရာအတွက် လက်ထပ်လက်စွပ်ကို ခွာလို့မရနိုင်တဲ့ လက်သူကြွယ်အတွက် နေရာပေးရင် လွန်နိုင်မလား ......................................... ၊ ယုံတမ်းစကား ပဲဆိုပါတော့
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
အမေရိကားရှိ တက္ကသိုလ်တစ်ခုမှာ ဖြစ်ပျက်ခဲ့တယ်လို့ ဖတ်ရဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။
တစ်ခါက တက္ကသိုလ်တခုတွင် ကျောင်းဆင်းခါနီး ဆရာက ....
“ကစားနည်းတခု ကစားရအောင်..ဆရာနဲ့အတူ ဘယ်သူပါဦးမလဲ” ကျောင်းသူတဦး ထရပ်ပြီး စတိတ်စင်ပေါ် တက်လိုက်သည်။
ဆရာက “သင်ပုန်းပေါ်မှာ ကိုယ့်နဲ့အရင်းနှီးဆုံး လူ(၂၀)ဦးရဲ့ နာမည်ကို ရေးလိုက်ပါ”
သူမက ဆရာပြောသည့်အတိုင်း အိမ်နီးချင်း၊ သူငယ်ချင်း၊ ဆွေမျိုးသားချင်း၊ မိသားစု နာမည်များကို ရေးချလိုက်သည်။
ထို့နောက် ဆရာက “အဲဒီ နာမည်တွေထဲက မရှိလဲဖြစ်တယ်၊ မလိုအပ်ဘူးလို့ ထင်တဲ့ နာမည်ကို ဖျက်လိုက်ပါ”
အိမ်နီးချင်းတစ်ယောက်၏ နာမည်ကို သူမ ဖျက်လိုက်သည်။
“ နောက်တစ်ယောက် ထပ်ဖျက်လိုက်ပါဦး”
သူငယ်ချင်းတစ်ယောက်၏ နာမည်ကို ဖျက်လိုက်ပြန်သည်။
ဆရာပြောတိုင်း သူမက တစ်ယောက်ပြီးတစ်ယောက် ဖျက်လိုက်နှင့် နောက်ဆုံး သင်ပုန်းပေါ်တွင် လူသုံးဦးသာ ကျန်ခဲ့သည်။ ထိုသူများမှာ မိဘ၊ လင်ယောက်ျားနှင့် သားသမီးဖြစ်သည်။ ကျောင်းသားများ အားလုံး စိတ်ဝင်တစား သင်ပုန်းကိုသာ စူးစိုက်ကြည့်နေကြသည်။ စာသင်ခန်း တစ်ခုလုံးမှာ တိတ်ဆိတ်နေပြီး ကစားနည်း တစ်ခု ကစားနေတာနှင့်ပင် မတူတော့ပေ။ ဆရာက တည်ငြိမ်သော အသံဖြင့် နာမည်တစ်ခု ထပ်ဖျက်ခိုင်းပြန်သည်။ သူမမှာ အရွေးရခက်သောဟန်ဖြင့် အကြာကြီး စဉ်းစားပြီးမှ မိဘ ဆိုသည့် နာမည်ကို ကြက်ခြေခတ် ဖျက်ချလိုက်သည်။
“နောက်တယောက် ထပ်ဖျက်လိုက်” ဘေးမှ ဆရာ၏ အသံက ထပ်မံ ထွက်လာပြန်သည်။ ဒီတစ်ခေါက် သူမဖျက်ချဖို့ လက်မြှောက်ရာတွင်ပင် အင်အားကုန်ခမ်း နေဟန်တူသည်။ လက်ကို ဖြေးဖြေးချင်း မြှောက်ပြီး သားသမီးဆိုသည့် နာမည်ကို ဖျက်ချသည်နှင့် တစ်ပြိုက်နက် စိတ်ထိခိုက်သော အသံဖြင့် ချုံးပွဲချ ငိုကြွေးလေတော့သည်။ ဆရာက သူမအား နှစ်သိမ့်ပြီး....
“ကိုယ့်ရဲ့ အလိုအပ်ဆုံးနဲ့ အရင်းဆုံးလူဟာ မိဘနဲ့ သားသမီး ဖြစ်သင့်ပါတယ်။ မိဘက ကိုယ့်ကို ကြီးပြင်းလာတဲ့အထိ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ သားသမီးက ကိုယ့်ဝမ်းနဲ့ လွယ်ပြီး မွေးထားရတဲ့ သူတွေဖြစ်တယ်။ သူတို့က အစား ပြန်မရနိုင်တဲ့ လူတွေဖြစ်တယ်။ လင်ယောက်ျားက နောက်တစ်ယောက် ထပ်ယူလို့ရပါလျှက်နဲ့ ဘာဖြစ်လို့မဖျက်ဘဲ ချန်ထားခဲ့ရသလဲ” ဟုမေးလေသည်။ ကျောင်းသားများကလည်း သူမ၏ အဖြေကို စိတ်ဝင်တစား စောင့်မျှော်နေကြသည်။
သူမက ...“အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားတဲ့အမျှ မိဘတွေက ကျွန်မကို ထားပြီး အရင် ထွက်သွားကြလိမ့်မယ်။ သား သမီးတွေကလဲ ကြီးပြင်းလာရင် ကျွန်မကို ခွဲပြီး သွားကြလိမ့်မယ်။ အဲဒီ အချိန်မှာ ကျွန်မ ဘေးမှာ တသက်လုံး ကူညီ ဖေးမမဲ့ သူဟာ ကျွန်မခင်ပွန်းသာ ဖြစ်ပါတော့မယ်။ ဒါကြောင့်သူ့ကို မဖျက်ဘဲ ချန်ထားခဲ့ရခြင်း ဖြစ်တယ်” ဟု တည်ငြိမ်စွာ ပြန်ဖြေလေသည်။
ဘ၀မှာ အလိုအပ်ဆုံးလူဟာ ဘယ်သူဖြစ်နိုင်မလဲ...?
ပြည့်ပြည့်စုံစုံ ခံစားလို့ရအောင် 99SaNay ရဲ့ Post တခုကိုပါ တင်ပေးလိုက်တယ် ၊ (Thursday, January 18, 2007)
Sunday, September 6, 2009
ဆုတောင်း

- မိုးတွေသည်းနေတယ် ပတ်ဝန်းကျင်က မှောင်နေတယ်
- ဒါပေမယ့် သူမသိဘူး
- တစုံတရာကို အားကိုကြီးစွာ တိုင်တည်နေသလား
- ညှိုးငယ်နေပေမယ့် လောဘမရှိ ပကတိ ဖြူစင်နေတဲ့ သူ့မျက်နှာ
- ဘ၀အတွက်လား နက်ဖြန်အတွက်ပေလား
- ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် .............
Thursday, September 3, 2009
သူ့အချစ် ...
တစ်ယောက်ထဲကိုယ့်ဘ၀မှာ သူ့အလင်း
လေပြည်ငယ်တိုက်ခိုက်ရင်းနဲ့ ညခင်းတစ်ခုရဲ့အလှ
သူဖြည့်ဆည်းပေးမှာသာ ပြည့်လိမ့်မယ် ...
နေရောင်ခြည်တောက်ပအုံးမှ ဒီဘ၀သိပ်လှမယ်
အပြင်မှာတိမ်မဲမိုးသားတို့ ပျက်စီး
သူလာရင်နွေးထွေးခြင်းနှင့် သူအလင်းများလိမ့်မယ်
ကိုယ်ဟာ တစ်ယောက်ထဲလောကအလယ် ပြည့်စုံပြီး ...
သူ့အချစ်က သိပ်လိုတယ်
အားနည်းချက်များကို အရာရာဖြည့် ဆည်းဖို့
လူ့ဘ၀က သိပ်တိုတယ် အားလုံးတော့ မပြည့်စုံနိုင်
အချစ်စစ်ဟာ သူပေးတဲ့အချစ်ရဲ့သဘော ...
x..x..x..x..x..x..x..x..x..x..x..x..x..x
x..x..x..x..x..x..x..x..x..x..x..x..x..x
x..x..x..x..x..x..x..x..x..x..x..x..x..x
x..x..x..x..x..x..x..x..x..x..x..x..x..x
သူ့အချစ်က သိပ်လိုတယ်
အားနည်းချက်များကို အနားသတ် ပေးသူ
လူဘ၀ကသိပ်တိုတယ် အားလုံးမရ စိတ်ဓါတ်ကျ
အချစ်စစ်ဟာ သူပေးတဲ့အချစ်ရဲ့သဘော ...
Friday, August 28, 2009
ဒီစာကို မဖတ်ပါနဲ့
Saturday, August 22, 2009
သူတို့ကတော့ OK လို့မေးတာလား !!!
ကျွန်တော်ရဲ့ဇာတ်လိုက်ကြီးကတော့ မူလတန်းဖတ်စာထဲက မြစ်စောင့်နတ်နဲ့တွေ့ပြီး ရွှေပုစိန်၊ငွေပုစိန်တွေ ရခဲ့တဲ့ရိုးသားတဲ့သစ်ခုတ်သမားလေးပေါ့ဗျာ၊ နည်းနည်းလောက်တော့ပြန်နွေးပေးပါ့မယ်။သစ်ခုတ်သမားလေးဟာ သစ်ပင်ကိုခုတ်ရင်းနဲ့သူ့ရဲ့ သံပုစိန်ဟာ လက်ကလွတ်ပြီး မြစ်ထဲကျသွားရောဗျာ၊ ဒါနဲ့စိတ်ပျက်စွာနဲ့ထိုင်ငိုနေပါလေရဲ့၊ အဲဒါနဲ့မြစ်စောင့်နတ်က ကိုယ်ထင်ပြပြီးတော့ရွှေပုစိန်ကို ပြပြီး သင့်ပုစိန်က ဒါလားလို့မေးတာတော့ သိတယ်မဟုတ်လား ဇာတ်လိုက်ကရိုးသားတယ်လေ ဒီတော့ နိုးပါပေါ့။နောက်တစ်ခါ ငွေပုစိန်ကိုပြတော့လည်းကိုယ့်ဆရာက နိုးပဲလေ။သံပုစိန် ကိုပြမှပဲ ကျွန်တော့်ပုစိန်ပါဆိုတော့ မြစ်စောင့်နတ်ကြီးက သဘောတွေကျ ဆုတွေချပေါ့ဗျာ၊ ဒါနဲ့ပဲ ကိုယ့်ဆရာသစ်ခုတ်သမားလေးက ထောလာတယ် ဆိုပါတော့။ ဒါကအားလုံးသိပြီးသားပါ၊ ဒါပေမယ့် နောက်ဆက်တွဲလေးက ဒီမှာစတာပေါ့၊
အဲဒီသစ်ခုတ်သမားလေးဟာ တစ်နေ့မှာတော့သူ့ရဲ့ချစ်လှစွာသော မဟေသီလေးနဲ့ပေါ့ဗျာ အဲဒီမြစ်ကြီးကို ဖြတ်ဖို့အကြောင်းဖန်လာတယ်လေ ဒါနဲ့ဖြတ်နေတဲ့အချိန်မှာပဲသူလေဒီက ခြေချော်ပြီး စုန်းစုန်း မြုတ်သွားပါလေရောဗျာ။ဒီတစ်ခါလည်းကိုယ့်ဆရာကထိုင်ငိုပြန်ရောပေါ့။ အရင်ထက်နှစ်ဆပေါ့(ငိုတာကိုပြောတာပါ)
သိတယ်မဟုတ်လား ဒီတစ်ခါကLadyဆိုတော့။ဒါနဲ့ပဲမြစ်စောင့်နတ်ကြီးက ပေါ်လာပါလေရောဗျာ။ ထုံးစံအတိုင်းပေါ့ မိန်းမတစ်ယောက်ကိုပြပြီး ဒါမင်းရဲ့မိန်းမလားပေါ့။မြစ်စောင့်နတ်ကပြရင်အကောင်းဆုံးကစပြတာဆိုတော့ သူပြတဲ့မိန်းမက အရမ်းချောအရမ်းလှဆိုပဲ၊ ဒါပေမယ့်ကျွန်တော်ထင်ပါတယ် ကျွန်တော်အရမ်းကြိုက်တဲ့ ကိုးရီးယားမင်းသမီးလေး "ဟာဂျီဝန်"လောက်တော့မချောလောက်ပါဘူး။
အဲ.....ဒီတခေါက်တော့မောင်မင်းကြီးသားက တန်းကိုခေါင်းညိတ် တော့တာပါပဲဗျာ အဲဒါသူ့မိန်းမပါပေါ့။ ဒါပေမယ့်မြစ်စောင့်နတ်ကလည်း ခေသူမှမဟုတ်တာဒီတော့သစ်ခုတ်သမားကို စွတ်ကော
တော့တာပေါ့၊ ဒါမင်းရဲ့မိန်းမမဟုတ်ပဲ ဘာကြောင့်ညာပြောတာလည်းပေါ့၊ အဲဒီမှာ ကျွန်တော့ဇာတ်လိုက်ကြီးက ဘာပြန်ပြောသလည်းဆိုတော့  "ကျွန်တော်လိမ်မိပါတယ်ပေါ့၊ ဒါပေမယ့် ဘာဖြစ်လို့လိမ်ရသလည်းဆိုတော့ ဒါကိုသူ့မိန်းမ မဟုတ်ပါဘူးဆိုရင် မြစ်စောင့်နတ်ကြီးက နောက်တယောက်ထပ်ပြမယ်လေ၊ ဒါလည်းမဟုတ်ဘူးလို့ ပြောရဦးမှာပဲ၊ ပြီးမှသူ့မိန်းမကိုပြမယ်။ အဲဒီတော့မှသူက ဟုတ်တယ်ဆိုရင်မောင်မင်းကရိုးသားတယ်ပေါ့ ဒီတော့ ထုံးစံအတိုင်းဆုချမှာပဲဆိုတော့ သူမိန်းမ ၃ ယောက်ကိုလုပ်မကျွှေးနိုင်လို့ လိမ်ရခြင်းဖြစ်ပါတယ် " လို့မြစ်စောင့်နတ်ကြီးကိုပြန်ပြောတော့ မြစ်စောင့်နတ်ကြီးလည်း ဘာပြောရမှန်းကိုမသိအောင် ငုတ်တုတ် မေ့သွားတော့တာပေါ့၊ ဒီပုံပြင်လေးက ဟာသဆိုပေမယ့် စဉ်းစားစရာတော့ အများကြီးရပါတယ်၊
ဘာဖြစ်လို့လည်းဆိုတော့ ဒီပုံပြင်လေး ကျွန်တော်ရေးနေတုန်းမှာပဲ ဘကြီးနဲ့အာကုတ်က လာပြီးမေးပါတယ်၊ အဲဒီမြစ်က ဘယ်နားမှာလည်းတဲ့၊ သူတို့ဘာဖြစ်လို့ မေးလည်းဆိုတာတော့ ကျွန်တော်စဉ်းစားလို့ မတတ်ဘူး၊ ဒီတော့အားလုံး ၀ိုင်းစဉ်းစား ပေးပါ၊ သူတို့ဘာလုပ်ဖို့မေးလည်းဆိုတာကို.............
Hello frd's : Coffee Time

Morning frds , ကြုံတုန်း ကော်ဖီပူပူလေး သောက်သွားပါအုံး၊ ဒီမှာတခွက် ပိုမှာထားတယ်၊ ဟဲ ... ဘာရယ်လို့တော့မဟုတ်ဘူး၊ မနေ့က မန်ယူပရိသတ် တယောက်ရယ်၊ စင်ကာပူက ဒူးရင်းသီး theater အတိုင်း မြန်မာပြည်အတွက် ပိန္နဲသီးပုံ theater တခုဒီဇိုင်းထုတ်ဖို့ idea ရှိတဲ့ Architect တယောက်ရယ၊် ၃ယောက်သား စကားစမြည်ပြောရင်း၊ ပညာရပ်ကလွဲရင် အခြားအကြောင်းရာ တွေအားလူးဖုတ်ကြတာပေါ့။ ထမင်းက စားပြီးသား ဆိုတော့ ကော်ဖီ ၂ ခွက်ပဲမှာလိုက်တယ်၊ ကော်ဖီရောက်လာတော့ အပေါ်ကအတိုင်းပဲဗျို့ cute သွားဖြစ်နေတော့ ဓါတ်ပုံရိုက်ဖြစ်သွားတာ၊ မတို့ရက်မထိရက်နဲ့ ဇတ်လမ်းက ဘယ်လိုမွှေပြီး ဘယ်လို စသောက်ရမလဲ၊ ဒါလည်းအခြေတင် ဆွေးနွေးလိုက်သေး၊ ဒီလိုနဲ့ မသောက်ရက်နိုင် တမြိုင်မြိုင် ဆိုညားလဲ ကုန်အောင်သောက်ပြီး သကာလ ခွက်အတွင်းဘက် ကိုကြည့်လိုက်တော့ ...... အလှဲ့ တယ်ဟုတ်ပါလား ၊ အောက်ကပုံအတိုင်း ပုံလေးတွေ ပေါ်လာရောပဲ ။ အစကတော့ အမှုမဲ့ အမှတ်မဲ့နဲ့ သေချာကြည့်မိတော့ ခွက်တခွက်စီမှာပါတဲ့ ပုံလေးတွေကလည်း မတူကြပါလား၊ အစောပိုင်းက ကော်ဖီကပြည့်နေတော့ ပုံတွေမမြင်ရဘူး၊ နည်းနည်းကုန်ခါနီးလေ ပုံကတပုံထွက်လာလေပဲ ၊ နောက်ဆုံးတော့ ........... ဒီလိုလေးပေါ့ ....
"ကော်ဖီတခွက် + တယောက်သောသူနဲ့ အတူသောက်ခဲ့မယ်ဆိုရင် = သင်ပျော်နေမှာ
ကော်ဖီတခွက် + သင်ပျော်နေရင် = coffee အတွက်ပေးရတဲ့အချိန်က မတန်ဘူးလား ..."
Wednesday, August 19, 2009
သူငယ်ချင်းများနဲ့ EPL

အားလုံးမျှော်နေတဲ့ Premier League လည်းပြန်စပြီးဆိုတော့ MMO တို့သူငယ်ချင်းတွေလည်း တွေ့လိုက်ရင် စကားနိုင်လုရင်း ပျင်းတယ်ရှိတော့မှာ မဟုတ်ဘူး၊ အားလုံးနီးပါးကလည်း ကိုယ့်အသင်းနဲ့ကိုယ့်ပရိသတ်ဆိုတော့ ဟင်းဟင်း .... ဘယ်ပြောကောင်းမလဲ ။ University student life မှာထဲက အားပေးလာကြတာ ကျောင်းပြီးတော့လည်း ထိုနည်းလည်းကောင်းပဲ၊ Sat / Sun များရောက်ရင် စိတ်ကအလိုလိုကို ပျော်နေတတ်တာ၊ ဘော်ပွဲကြည့်ရမှာကိုး။ အဲလိုမျိုးတွေပေါ့ ၊ တခါတရံများ ပွဲချိန်စောရင် Beer Station လေးကို အပြေးလွှား စောစောသွား ဘီယာတခွက်၊ ကစွန်းပလိန်းတပွဲ ဗန်းပြပြီး အားပေးလာကြတာ။ မြ၀တီကပြရင်လည်း မလွတ်တမ်းပဲ၊ ခုဒီမှာဆိုတော့ အေးအေးဆေးဆေးနဲ့ အိမ်မှာကို ထိုင်ကြည့်လို့ရပြီး၊ ဟိုပြေး ဒီပြေး လည်းလုပ်စရာမလို၊ မီးလာပါစေလို့ ဆုတောင်းရတဲ့ ဒုက္ခမှလည်း ကင်းဝေးသွားပြီး ( တကယ်နော် .. ဘော်ပွဲဝါသနာရှင်တွေရဲ့ ဘ၀က တခါတရံ သနားဖို့တောင်ကောင်းသေး ) ။
အားလုံးသိကြတဲ့အတိုင်း သရဲနီတွေဘက်က ချောင်းချောင်း၊ဘကြီး၊မင်းသူ၊ဆရာဆွေ (ခုတလော တရှောင်ရှောင်နဲ့ )၊ သဲသဲ တို့လိုအမာခံ ပရိသတ်တွေ ။ တပွဲထိုးဆိုရင် ဘယ်လိုမျိုးပဲကန်ကန် မဖြစ်ဖြစ်အောင်လုပ်တတ်တဲ့ ကြိုးကြာတွေ ဘက်ကတော့ King နဲ့ အာကုတ်၊ တဒိုင်းဒိုင်းနဲ့ ရာသီအစမှာ အပီပြင် ဖောက်ပြနေတာတော့ ဆရာပြောင်ရဲ့ အမြောက်ကြီးတွေပါပဲ၊ အရင်ဆုံးဂိုးပေးပြီးမှာ နောက်ကလိုက်လိုက်သွင်းနေတဲ့ MMO ရဲ့ခြသေ့်တွေကလည်း ကံကောင်းဖို့လိုနေတယ်။ အဲဒီနှစ်မှာ ထူးထူးခြားခြားဆိုလို့ Anti မန်ယူ တစ်ယောက်တိုးလာလေရဲ့၊ မန်ယူဘာနဲ့ကန်ကန် တဘက်အသင်းကို အားပေးတာ၊ သူကတော့ မျက်နှာစိမ်းဆိုပေမယ့် အရှေ့ကနေ message တွေကို သတိထားပြီးပို့တတ်အောင် ကျွန်တော်တို့ကို ရှေ့ဆောင်လမ်းပြ ပညာပေးသွားတဲ့ ဇော်ဇော်မျိုး ( xxxxxx ဘာတူရင် စားတယ်ဆိုပဲ ) ။
ကဲဗျာ .... ကိုယ့်လူတို့လည်း sat / sun ဆိုရင် TV ရှေ့ရောက်နေလောက်ပါပြီး၊
"ပွဲကောင်းတွေရှိရင် Chevas ထောင်ပြီး တပွဲတလမ်းလောက် အကဲစမ်းကြအုံးမလား ... ရာသီကုန်ရင် ချန်ပီယံ ဘယ်သူလဲပေါ့ ...."
Wednesday, August 5, 2009
သံသရာ
အဲဒီနေ့က အပူးမထွက်ပါ ။
December ၈ ရက် နှလုံးသားကို ဓါတ်လိုက်ပြီး .... တလုံးပဲလွဲသွားတယ် ။
April ၁၀ ရက် ကျွန်တော့်မွေးဂဏန်းလေး ထွက်သွားတယ် ၊ အို ... အို ... အရူးမူးပဲ ။
May လ ၂၃ ဘ၀တခုလုံး တွက်စားတော့မယ်လို့ လေထဲတိုက်အိမ်ဆောက်ခဲ့ဖူးတာပဲ ... ပျော်မြူးခဲ့ ။
တညလုံးမအိပ်ပဲ ၂ လုံးတွက်ခဲ့ ၊ တဘ၀လုံးဆိတ်သုန်း မွဲရောပဲ ။
ပေးလိုက်ရတာ ဆွဲကြိုးနဲ့ ၊ ပြန်ရလိုက်တာ အကြွေးဇယားတခု ။
October ၁၆ ရက် ပျော်ရွင်ရတဲ့ နေ့တွေရှိသလို ၊ ထမင်းတွေလည်း ငတ်ခဲ့ ။
ပြန်ပေါက်လိုက် ၊ ပါသွားလိုက်နဲ့ အကြွေးနွံထဲ နစ်ခဲ့ ။
February ၉ ရက် ကျွန်တော့်ဘ၀ကွဲပျက် ...................................................... ။
Sunday, August 2, 2009
စကားပြောသော ပုံတချို့

Internet ခေတ်ကြီးထဲမှာဆိုတော့

Team Work ၊ Supervisor တို့ရဲ့ အရေးပါပုံ

အချစ်နှင့် သူ၏ဒသနများ

တရားခံဘယ်သူလဲပြော
Thursday, July 23, 2009
ရင်ခုန်သံ Snap Shot - ၂
"ဟိုက် ... ဗုဒေါ ... ဘယ်လို ... ဘယ်သူက... ဘယ်သူနဲ့ ... ဘယ်လို ... လိုက်ပြေးသွားတာလဲ... " ၊ သူ့မကလည်း ခုထိပေါ်မလာ ၊ ဧကန္တတော့ ........ (အင်း ... သူမကလည်း ဗိုင်းကောင်းကျောက်ဖိလေးပါ-ဒီလိုမျိုးတော့လည်း မလုပ်တန်ရဲ့)၊ သူအိမ်ကလည်း သူတို့ဟာနဲ့သူတို့ရှုပ်နေတော့ ဘယ်သူမှကိုယ့်ကို အရေးတယူ မဧည့်ခံ ၊ ကိုယ့်မှာလဲ သူတို့ရှေ့မှာ ထိုင်ရမလိုလို၊ ထရမလိုလို၊ ပြန်ရင်ပဲကောင်းမလား ဒါမှမဟုတ် ၀င်မေးရင်လည်းမကောင်း .......၎င်းပေါင်း၊ သောင်းခြောက်ထောင်နဲ့ (အော် ... ငါ့အဖြစ်က သေမယ့်အပတ်မှ စစ်ထဲဝင်မိသလိုမျိုးပါတကား) ယူးကျုံးမရ ဖြစ်ရတာကိုပြောပါတယ် အဲဒီတုန်းက ။ တအောင့်လောက်ကြာတော့ အိမ်ရှေ့မှာ "ကလင်...ကလင်" နဲ့စက်ဘီး parking ထိုးသံကြားတော့ ကျွန်တော့်အတွေးတွေ ပြတ်သွားတယ်၊ ကြည့်လိုက်မိတော့ သူမလေ ၊ "ခိုးရာလိုက်တာ သူမဟုတ်မှန်း သေချာသွားပြီး၊ အဘယ့်ဆိုတော့ ခိုးရာလိုက်တဲ့သူက အိမ်ပြန်လာပြီး အ၀တ်လာယူမှာ မဟုတ်တော့ဘူးကိုး" ၊ ဒီလိုနဲ့ သူလည်း အိမ်ထဲဝင်လားပြီး သူအမေကိုတခုခုသွားပြောပြီးတော့မှ "ဟိတ် ... သွားကြမယ်တဲ့" ၊ ကိုယ်လည်း အခုမှပဲ နေသာထိုင်သာရှိသွားတော့တယ် ၊ ဒီလိုနဲ့ ပြည်မြို့အထွက်ဆီသို့ ၂ ယောက်သား ထွက်လာဖြစ်တယ်၊ (တခုပြောရအုံးမယ်၊ ပြည်မြို့အထွက်မှာ ရှုခင်းသာလိုမျိုး ညနေပိုင်း နေအ၀င်ကို ခံစားလို့ရအောင် ကမ်းစပ်နားမှာ Deck အရှည်ကြီးထိုးပေးထားတယ် ၊ ညနေပိုင်းတွေဆို လူအတော်စည်ကြတယ် ၊ မြို့ပေါ်မှာနေတဲ့ သူတချို့တော့ သိကြမှာပါ)၊ အဲဒီဘက်ကို ထွက်လာရင်း နေ၀င်ချိန်တော့ မမှီတော့ဘူး ၊ သူ့အိမ်မှာ အတော်ကြာသွားလို့ မိုးကချုပ် လေတော့ ထိုအနီး သစ်သီးဖျော်ရည်ဆိုင် ကောင်းကောင်းလေးတဆိုင်ဆီပဲ ရောက်သွားတော့တယ်၊
ထုံးစံအတိုင်းပဲ ဘာသောက်မလဲ၊ ဘာစားမလဲ.... အစရှိသည်ဖြင့် မှာရင်း အတွေးမြင် ဖလှယ်ကြ နေ့ခင်းကစကားဆက်ကြရင်း၊ အစောကခိုးရာလိုက်တာက ဘယ်သူလဲလို့ မေးတော့ သူ့အကို တ၀မ်းကွဲပါတဲ့ ၊ ငါကအကြောင်းသွားကြားပေးတာ၊ ဆိုတော့မှာ ခုလုခုလုဖြစ်နေတဲ့ ကိစ္စကြီး ပြေလည်သွားတော့တယ်၊ ဒီလိုနဲ့ စကားတထောက်မှာ "နင့်ကို propose လုပ်ထားတဲ့သူတွေ မရှိဘူးလားပေါ့" ဆိုတော့ ၊ ရှိတယ် နင်တို့ PTU ကတဲ့ (ဟ ၊ PTU ငါ့ကောင်တွေအတော်လေး သွက်ပါလားလို့တောင် တွေးမိသေးတယ်)၊ နောက်တော့မှ သူတို့ပြည်က stage အတူတူတက်တဲ့ သူငယ်ချင်းတွေပါတဲ့၊ "အင်း ... ဒီတော့ နင်က" ဆိုပြီး စကားခင်းပေးလိုက်တော့ "ဒါတွေ မစဉ်းစားသေးပါဘူး၊ အေးဆေးပဲနေမယ်တဲ့"၊ ဒါကြောင့်ပြောတာ နင်က ဗိုင်းကောင်းကျောက်ဖိ ပါတယ်လို့ ၊ နည်းနည်း မြှောက်ပေးလိုက်သေးတယ်၊ ဟဲ...... ၊ အပြန်မှာတော့ အေးအေးဆေးဆေး စက်ဘီးလေးနင်း၊ စကားလေးပြောရင်းပေါ့ ၊ ဗိုလ်ချုပ်ကြေးရုပ် အ၀ိုင်းလဲရောက်ရော ရုတ်တရက် ငှက်ဆိုးထိုးသံလိုလို ၊ အသံတစ်သံက Pyay Star အပေါ်ကနေ "ဟေ့ MMO" တဲ့ ၊ မော့ကြည့်လိုက်တော့ ဘီယာခွက်ကြီးကိုင်ထားတဲ့ ကြွေပြားကုန်သည်ရဲ့ ချစ်မြေးလေးပေါ့ ၊ဒီကောင်ကြီးက ကျွန်တော့်ကို တင်းနေတာ သူ့ကိုအစားမကျွေးခဲ့လို့ .... ဟီးနောက်တာနော်၊ ညကို နှောကုန်းမှာသွားအိပ်မယ်ဆိုပြီး ကျွန်တော့်ကို လိုက်ရှာနေတာ၊ ဒီလိုနဲ့ကျွန်တော်လည်း သူ့ကိုအိမ် အထိလိုက်ပို့ပေးတယ်၊ အပြန်မှာ သူ့တို့ဘက်အခြမ်းက မီးပြတ်တော့ မှောင်မှောင်မဲမဲနဲ့ လမ်းမှာ ဘာမှမမြင်ရဘူး ၊ သူကတော့ ဟုတ်နေတာပဲ အရှေ့က ဟိုကွေ့ဒီရှောင်နဲ့ ၊ ကိုယ်ကတော့ အနောက်ကနေ တဂျိုင့်ဂျိုင့်နဲ့ တဂျိုင့်မှကို မလွတ်ဘူးတော့ ထင်တာပဲ (စက်ဘီးကနေ မြင်းဖြစ်သွားတော့တယ်) ၊ဲဒါရင်ခုန်သံ - Snap shop ရဲ့အဆုံးပိုင်းပေါ့ ။
နောက်တော့ ရန်ကုန်မှာ ပြန်ဆုံတယ် ၊ MC ကသူငယ်ချင်းတွေဆီ သွားလည်ရင် သူ့ဆီလည်း အမြဲလိုလိုရောက်ဖြစ်သလို (တခါတလေများ အမွာအကြောင်းလေးလဲ မေးရင်းပေါ့ - စကားချပ်။ ။ အမွာအကြောင်းက သူငယ်ချင်းတစ်ယောက်အတွက် ကြုံရင်မေးရချင်းဖြစ်ပါတယ် (စုံစမ်းခြင်း ခွင့်မပြုပါ) ၊ သူလည်းမော်လမြိုင်တခေါက် လာလည်တော့ ၊ မော်လမြိုင်မှာတခါ ဆုံကြသေးတာပေါ့ ၊ မထင်မှတ်တဲ့ အဖြစ်ပျက်တခုကနေ သူတို့သူငယ်ချင်းတွေနဲ့ အဆက်သွယ်ပြတ်သွားတာ ခုထိပဲဆိုပါတော့ ၊ သူက ပြည် ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ကျနေပါသတဲ့ ၊ .........................
"ရင်ခုန်သံဆိုတာ မထင်မှတ်တဲ့ နေရာ၊ မထင်မှတ်တဲ့ အချိန်မှာ တခဏလေး ဖြစ်ပေါ်လာတတ်ပေမယ့် ၊ ရင်ခုန်သံတိုင်းဟာလည်း အချစ်မဟုတ်ပါဘူး ။"
Tuesday, July 21, 2009
၁၀စုနှစ် .. "အတွေးပုံရိပ်များ"

၁၀တန်းအောင်တော့ 98' . TU တက်တော့ ၂၀၀၁ ၊ Convo မှာပြန်စုံတာက ၂၀၀၄ ၊ ခုတော့ ၂၀၀၉ ။ ဘာလိုလိုနဲ့ ၁၀ တန်းအောင်တဲ့ အချိန်ကစလို့ ရေတွက်ရစတည်းဆိုရင် ၁၀စုနှစ် ၁ခုကျော်လာကြပြီး။ အပြောင်းလဲတခု ( ဘ၀တဆစ်ချိုးဆိုတာ ၁၀စုနှစ် ၁ခုပဲ လို့ထင်တယ် ) ။ ၁၉၉၈-၂၀၀၈ အချိန်တွေက တဖြည်းဖြည်း ချယ်မှုန်းလာသလို လူတိုင်းရဲ့ဘ၀တွေက အခုချိန်မှာ ရုပ်လုံးပေါ်လာကြတယ် ၊ ၉၈ အောင်စာရင်းထွက်ပြီးတော့ ၃ နှစ်စောင့် ( ဝေလေလေ လုပ်သူလုပ် ၊ Guide သင်တဲ့ သူတွေက Guide ၊ အိမ်စီးပွားရေးမှာ ၀င်ကူသူတွေက ကူ - အမျိုးမျိုးပေါ့ ) ၊ ဒီလိုနဲ့ ၂၀၀၁-၂၀၀၄ မှာ TU ကျောင်းသားဘ၀ကို ပျော်ပျော်ကြီး (အမှတ်တယပေါင်း သောင်းခြောက်ထောင်နဲ့ ) ဖြတ်သန်းလာကြတယ်၊ ထို့တဖန် ကျောင်းပြီးတာနဲ့ အလျှိုလျှို အလုပ်ရှာကြ ၊ နောက်ဆုံး ရန်ကုန်မှာ ပြန်ဆုံကြဖို့ အကြောင်းဖန်လာကြတယ် ၊ ရန်ကုန်ရောက်စတော့ မတွေ့လိုက်နဲ့ တွေ့လိုက်တာနဲ့ လက်ထဲမှာ file တထုပ် ၊ သတင်းစာတအုပ်နဲ့ အလုပ်ရှာကြတာ ၊ လှည်းတန်းက အခါရာပေါ့ ၊ နောက်တော့ စာချိုးက ဒီလိုဖြစ်လာတယ် " လမ်းကြုံရင် ၊ လမ်းဆုံက ဘိုဖြူဆီ ၀င်လှည့်ပါ " ဆိုရလောက်အောင် အနော်ရထာအိမ်ရာက တို့ဘကြီးကတော့ နာမည်ကြီးပြီးရင်းကြီးပေါ့ ၊
လှည်းတန်းမှာ အခရာက တို့၃ယောက် (ကျွန်တော် ၊ ဘကြီး ၊ ချောင်းချောင်း ) Suki ညှပ်/လျှော်/သစ် ဆိုင်ရဲ့ promoter ကြီးတွေဆိုလည်းဟုတ်တယ်၊ ဘာလို့လဲဆိုတော့ လှည်းတန်းလာတဲ့ သူငယ်ချင်းအားလုံးကို .....မင်းဆံပင်တွေရှည်နေပြီး ၊ ညှပ်သွားလိုက်ပါအုံး ၊ ခေါင်းလေးလဲလျှော်လို့ရတယ် ဘာညာ၊ဘာညာပေါ့ ၊ ဘိုကံ၊၀ဏ၊နေလင်း၊ဇီးကွက်ကစလို့ အသိန်း တောင်ပါသေးတယ် ၊ ဒီ၃ယောက်ကတော့ ညတိုင်းလိုလိုစုံဖြစ်ကြတယ် ၊ လက်ဖက်ရည်ဆိုင်ထိုင် အလာဘ သလာဘ အားလူးမီဖုတ်နဲ့ သူငယ်ချင်းတွေရဲ့ information source တခုလို့လည်း ပြောလို့ရတယ် ၊ ကျွန်တော်တို့ဆီ အမြဲတမ်း လာလည်တဲ့သူ တစ်ယောက်ကတော့၊ မြို့ထဲကအပြန် လှည်းတန်းမှာ ၉-နာရီဆို ဂိတ်တထောင့်ဝင်နား ၊ ပြီးမှာနောက်ဆုံးကားနဲ့ အင်းစိန်ပြန်တဲ့ သူငယ်ချင်းဝက် (တခါတရံလူများစုံရင် သူအိမ်မှာ လိုက်အိပ်ကြတဲ့ နေ့တွေလည်းရှိတယ်)၊ သူလည်း suki အကျိုးကျေးဇူးကြောင့် ဆံပင်တွေဆိုမည်းနက် ထူပိန်းနေတာပဲ (မယုံသွားကြည့်-အခု) ၊ တခုရှိသေးတယ် ၀က်ကိုဖုန်းဆက်ရင် သူပြောနေကြစကားကတော့ "ငါလာနေပြီး ၊ အခုကားပေါ်မှာတဲ့" တခါတလေ ကားစီးတာ ၂ ရက်လောက်ကြာတတ်တယ် ၊
ဒီလိုမျိုးပဲ ကျွန်တော်တို့ဆီ အမြဲတန်းလာလည်တယ်ဆိုတဲ့ သူငယ်ချင်း တစ်ယောက်လည်း ရှိသေးတယ် ၊ သူ့ခမျာ ၅နာရီခွဲ၆နာရီ လောက်ဆိုရင် လှည်းတန်းရောက်ရောက်လာတယ် ၊ လာလည်သလိုလို ဘာလိုလိုနဲ့ ခြေယောင်လေးပြပြပြီးတော့ ၇နာရီ ကျော်ရင် သူ့ကိုဆွဲထားလည်းမရတော့ဘူး ၊ သွားစရာရှိတယ်ဆိုဆိုပြီး ပျောက်ပျောက်သွားတာ၊ သူကတော့ ဒိုင်လျှိုလုပ်တာပဲ ၊ ကံဆိုးချင်တော့ ဆုံလိုက်ရင် ပက်ပင်းကြီးပဲ ၊ ဒီရောက်တော့လည်း ပက်ပင်းကြီး တိုးနေတုန်းပဲ (စုံစမ်းခြင်း သည်းခံ) ။ ဒီလိုနဲ့ စတင်ခွဲခွာခြင်းကို လမ်းစလိုက်တာက ငုတ်တုတ် ... ဖောက်ဖျက် (လေယာဉ်စီးပြီး ) ၊ စင်ကာပူရောက်လာတယ် ၊ သူ့နောက်မှာတော့ ချောင်းစောက် ကျောင်းတက်ဖို့ စင်ကာပူရောက်လာပြန်တယ် ၊ (ကျောင်းသွားမတက်ခင် Super 1 မှာ ဘောင်းဘီတထည်ကြိုက်လွန်းလို့ ဈေးကြီးပေးပြီး သူနဲ့ကျွန်တော် သွားဝယ်ကြတာ ၊ရောင်းတဲ့ စာရေးမလေးကတောင် အားနာနေတယ် ၊ ဘာလို့လဲဆိုတော့ ဘောင်းဘီ အပေါ်ကြယ်သီးက တပ်လို့မရလို့ ၊ ဘယ်ရမလဲ ချောင်းချောင်းကလည်း ဒါမှဒါပဲဆိုတော့ ၀ယ်ဖြစ်သွားတယ်၊ ဒီလိုနဲ့ ချောင်းချောင်းတစ်ယောက် လေယာဉ်ပေါ်တက်တော့ ဘောင်းဘီ ကြယ်သီးတလုံး ပြုတ်နေလိမ့်မည်ဟု မှန်းဆရပါကြောင်း .... ၊) ၊ သူနောက်မှာတော့ ကျောင်းထိုင် (ကျိုက်မရောက သူ့ကလေးတွေကို ပြစ်ပြီးတော့ကိုလာတာ - ဟိုမှာ ကလေးတွေကတော့ နှပ်ကလေး တွဲလောင်းနဲ့ပေါ့ ) ၊ ပြီးတော့ ဇီးကွက် ( ၂ ထပ်ကွမ်းပါ-first time တုန်းက မစားလိုက်ရပေမယ့် ၊ ဒုတိယ အကြိမ်ပြန်အထွက်မှာတော့ ကျွန်တော်စားလိုက်ရတယ် ) ၊ ပြီးတော့ တစ်ရွာမပြောင်း အရက်ကောင်းမကောင်း မသိ ထုံးနှလုံးမူပြီး စင်ကာပူအရက်ကို လာသောက်ဖို့ ထွက်လာတာက ကျွန်တော့တို့ရဲ့ ကင်း-မောင်နေလင်းပါ (ည ကင်းနဲ့ မမှာနဲ့အုံး၊ သူက all King (မေဂျာအစုံ)၊
ကျွန်တော်လည်းသူတို့နည်းတူ တက်တယ် ၊ အထက်မြန်မာပြည်ပြောပါတယ်၊ မုံရွာ၊ မန္တလေး ၁နှစ်လောက် အညာသူလေးတွေနဲ့ ( ဘာမှ မဖြစ်ခဲ့ပါဘူး -ဟဲ ) ၊ ရန်ကုန်မှတော့ ဘကြီးတယောက်ကတော့ ဖုန်းကြိုးလေးတွေ ၊ မီးကြိုလေးတွေ ခွေရင်းကျန်ခဲ့လေရဲ့ ၊ ရန်ကုန်မှာ တခါပြန်ဆုံကြတော့ နာမည်ကျော် Cyber City ရဲ့အထွေအထွ မန်နေဂျာလိုလို ဘာလိုလိုနဲ့ပေါ့ ၊ ဘကြီးတို့ ကောင်းစားပုံများ ၊ ဟို ... မောင်လှမျိုး (ချင်းချောင်းချံ) တစ်ယောက်လည်း ပါတယ် ၊ အဲဒီမှာ ပြောင်ပြောင်တယောက် ဘကြီးရဲ့ စောင်မမှုနဲ့ (ပေါ်တော်မူသွားတာ .... အဲ..အဲ) ကျောင်းတက်ဖို့ အကြောင်းဖန်လာရော ... ၊ သူလည်းပဲ အရှေ့နောင်တော်ကြီးတို့ရဲ့ သွားရာလမ်းစဉ်အတိုင်း လိုက်လာတာ ( ဒါတောင် ပျင်းနေမှာကြောက်လို့ ဘကြီး ၊ ချောင်းချောင်း ၊ ဇီးကွက် ၊ ငုတ်တုတ်တို့ပေါင်းပြီးတော့ စနေ၊တနဂ်နွေ ရက်မှားကြတာ - အားလုံးမှန်ကြတယ်ဆိုတာကြီးပဲ ..:P ) ၊ အရင်က ရန်ကုန်မှာလူဆုံရင် စင်ကာပူကသူတွေကို လှမ်းပြီး cheers လုပ်နေကြ ၊ ခုတော့ တစ်ယောက်ပြီး တစ်ယောက်ထွက်လာကြတော့ နောက်ဆုံး ဒီကလူတွေကတောင် လူစုံရင်ပြန်ပြီး cheers လုပ်လာကြတော့တယ် ၊ အဲဒီမှာ ဘကြီးရဲ့စကားတစ်ခွန်းကတော့ မင်းတို့သွားတာ ငါ .....
"၀မ်းနည်း၊၀မ်းသာ" ဖြစ်ရတယ်တဲ့ ၊ ၀မ်းနည်းတာက ပခုံးဖက် အတူသောက်/အန် လာကြတဲ့သူတွေက တယောက်ပြီးတယောက် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ( စင်ကာပူရောက်လာကြတာနော် ) မရှိကြတော့လို့ ၀မ်းနည်းရသလို၊ သူတို့ရဲ့ ရှေ့ခရီး အတွက်စိတ်ချသွားရလို့ ၀မ်းသာတယ်တဲ့ ၊ရန်ကုန်မှာ ရလိုက်ကုန်လိုက်နဲ့ အချိန်တခုကြာလာတော့ ကျွန်တော်လည်း ဆုံးဖြတ်ချက် တခုချပိုင်ပိုင် ချလိုက်တယ် ၊ အဲဒီနှစ်မှာပဲ မောင်မောင်း ၊ လှမျိုးတို့ ကျောင်းတက်ဖို့ ရောက်လာကြပြန်တယ်။
ဒီလိုနဲ့ yangon နဲ့ singapore / singapore နဲ့ yangon အကြား အပြန်လှန်ချိတ်ဆက်ပေးရင်း နောက်ထပ် သူငယ်ချင်းများစွာကိုလည်း စင်ကာပူသွားဖို့ တဖက်တလမ်းက ကူညီပေးခဲ့တဲ့ Cyber City ကဘကြီး နဲ့ Service Plus ကျွန်တော်တို့ ၂ ယောက်လည်း ကိုစော ၊ ကလေး ၊ တာတီး ၊ ဥက္ကာတို့ မတိုင်မှီ အားလုံးသွားရာနောက် ရောက်လာကြတာပေါ့ ၊ ခုလောက်ဆို Cyber City နဲ့ Service Plus ဆိုတာလည်း မရှိတော့ဘူး ၊ ..............ဘာလိုလိုနဲ့ ၁၀ စုနှစ်တခုပြောင်းဖြတ်သန်းလာပြီးနောက် ကျွန်တော်တို့ သူငယ်ချင်းတွေ နေရာ(အဆင့်) တခုရောက်လာကြတယ် အခြေကျစပြုလာတယ် ၊ တချို့တွေဆိုလည်းအခြေကျနေပါပြီး ၊ ခုထိလည်း စုစုစည်းစည်းရှိကြတုန်းပဲ ၊ နောက် ၁၀ စုနှစ်တခုကြာ ၊ နောက်တဆင့်ချိုးမှာ ......................................... ............... ......... .... .... ....... ........ ........လည်း။
မှတ်ချက် ။ ။ သူငယ်ချင်းအားလုံးတွင် မိန်းကလေးသူငယ်ချင်းများလည်းပါ၏ ၊ (သူတို့ထံမှ post များကိုလည်း မျှော်လင့်ပါတယ်-စကားချပ်)
Tuesday, July 7, 2009
(အငှါး) ရင်ခုန်သံ Snap Shot
MMO ရဲ့ Snap Shot ကိုဖတ်ပြီးတော့ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ကျွန်တော့်ကို ရင်ဖွင့်ဖူးတဲ့ အကြောင်းလေးကို သွားသတိရမိပါတယ်......
ကြာတော့ ကြာခဲ့ပါပြီ....................သူငယ်ချင်းနာမည်ကို Rooney လို့ပဲဆိုပါစို့... သူ့ရဲ့သူငဃ်ချင်း ကောင်မလေးကိုတော့ Collin လို့ပဲထားလိုက်ရအောင်.... Rooney ကလည်း ကျွန်တော့်လို Man Utd crazy ပဲဗျ.. (ဤကား စကားချပ်).... သူတို့ချင်းက တက်ရောက်တဲ့တက္ကသိုလ်ချင်းလည်းတူပါတယ်.... Collin ဘက်ကတော့ ဘယ်လိုလဲမသိပါ.. Rooney ကတော့ Collin အပေါ်မှာ ဆန်းပြားတဲ့စိတ်ရှိပါတယ်... အတော်တော့ ခင်ခင်မင်မင်ရှိကြတယ်ပေါ့ဗျာ...
Friday, July 3, 2009
ရင်ခုန်သံ Snap Shot - ၁
ထိုနေ့က စားမေးပွဲနောက်ဆုံးနေ့ ၊ အဲဒီစာမေးပွဲပြီးရင် အိမ်ပြန်ရတော့မယ်လေ ၊ ၂ နှစ်တာပျော်ခဲ့တဲ့ ပြည်မြို့ကြီး၊ န၀ဒေးတံတား၊ SothernStar ၊ ပေါက်ခေါင်း၊ ပေါင်းတလည် ၊ နှောကုန်း ၊ လက်ခုပ်ပင် နဲ့ PTU ကျောင်းတော်ကြီး စသည် စသည် .... တို့ကို နှုတ်ဆက်ချိန်ပေါ့ ။ ကျွန်တော့်အတွက်တော့ ဒါ့အပြင် နုတ်ဆက်စရာရှိအချို့လည်း ကျန်သေးတယ်၊ မြောက်ဥက္ကာလာသွားရင်း ခင်ခဲ့တဲ့ ပြည်က သူငယ်ချင်းတယောက်ပေါ့ ၊ ( ရန်ကုန်က ကျွန်တော့် သူငယ်ချင်း လာတုန်းက သူအိမ်မှာ ထမင်းစားဖိတ်တော့ သွားစားထားတာ ၊ ဒါ့အပြင် အပြင်မှာလိုက်ကျွေးတော့လည်း ပါသေးတာကိုး ) မပြန်ခင် နှတ်ဆက်ရင်း တခုခုလိုက်ကျွေးမယ်ပေါ့ ... ဒါနဲ့ စာမေးပွဲပြီး အဆောင်ရောက်တာနဲ့ စက်ဘီးလေး စီးပြီးထွက်ခဲ့တယ် ၊ မိုးကလည်း ခပ်အုံ့အုံ့ဆိုတော့ စက်ဘီးစီးရတာ သက်သက်သာသာ ရှိပါ့ ၊ သူ့အိမ်ရှေ့ရောက်လို့ အသံပြုလိုက်တော့ ၀တ္တုစာအုပ်လေးကိုင်ပြီး ထွက်လာတယ်။
ညနေတခုခုလိုက်ကျွေးမလို့ အဲဒါလာပြောတာ ဆိုတော့ သူက " အေး..အေး ..အထဲဝင်ထိုင်အုံးလေ " တဲ့ ၊ ( မှန်တာပေါ့ အထဲဝင်ပြီးတော့ မတ်တပ်ရပ်နေရင် ဘယ်သင့်တော်ပါ့မလဲ ၊ ထိုင်ရမှာပေါ့ ) ၊ ဒီလိုနဲ့ စက်ဘီးကို ခြံထဲထည့် ၊ ထိုင်ခုံမှာထိုင်ရင်း (သူက ကျွန်တော့အရှေ့တည့်တည့် ခပ်လှမ်းလှမ်းမှာထိုင်တယ် ) အလာဘ သလာဘ ပြောဖြစ်တယ် " အေးငါကတော့ ကျောင်းသားဝတ် ကျွတ်ပြီးကွ ၊ နင်ကတော့ ကျောင်းပြန်ဖွင့်ရင် final မှာအသေရုန်းရမယ် .. ဘာညာ .. ဘာညာပေါ့ ၊ အဲဒီကနေစကားစလိုက်တာ ၁၀တန်းအထိကို နောက်ပြန်ရောက်သွားတယ် ၊ လေပေးဖြောင့်တာ ၊ လေပေးဖြောင့်တာ ၊ အမှန်တကယ် သူနဲ့ ကျွန်တော်က သိပ်လည်းမရင်းနှီးဘူး ၊ ဒါပေမယ့် သူကလည်း ကျွန်တော်ပြောသမျှ ထောက်ခံ ၊ သူ့တုန်းကဆိုလဲ အဲသလိုပဲတဲ့ ( အပီပြင်ကို ထောက်ခံပေးတာ ၊ တချို့အဖြစ်ပျက်တွေကလည်း တိုက်ဆိုင်နေတာလည်းပါတယ် ) ၊ ဒါနဲ့ပဲ စောစောက အုံ့နေတယ်မိုးက လေပြင်းပြင်းနဲ့ စရွာတာပဲ ၊ ( ပြည်မိုးကသိတယ်မဟုတ်လား၊ ရွာရင်လည်း ခနပဲ .. တခါတလေတော့ အပီသည်းတာ ) ၊ ထိုနေ့ကတော့ တကယ်ရွာတဲ့မိုးပဲ ၊အဲဒါနဲ့ တံခါးထပိတ်ကြတယ်၊ သူက ဒီနေ့ငါ့အဖွား ရိပ်သာသွားတော့ အပေါ်မှာ တံခါးတွေ သွားပိတ်လိုက်အုံးမယ် အိမ်ပေါ်မှာလူမရှိလို့တဲ့ ၊ သူထသွားတယ်။ ( အော် .. ဒါဆို သူတယောက်ထဲပေါ့ ၊ အင်း ခုငါလည်း ထိုင်နေတော့ ၂ ယောက်ပေါ့ .. ၁+၁ က ၂ မဟုတ်လား ) ၊ သူလည်းတံခါးပိတ်ပြီးပြန်လာတော့ မိုးဆည်းရင် ငါလည်း ပြန်တော့မယ်ပေါ့ဆိုတဲ့ အတွေးနဲ့ ထိုင်ရင်း စကားဆက်ကြတာပေါ့ ၊ ဖြစ်ချင်တော့ မိုးကလည်း မဆည်းတဲ့ အပြင် လေကပါ အတော်ပြင်းတော့ အထဲကိုမိုးကပက်တယ်၊ နောက်ဆုံး ရှိသမျှအိမ်တံခါးကို လိုက်ပိတ်ရတဲ့အပြင် အိမ်ရှေ့တံခါးမပါ နည်းနည်းစိနေရပြီး ၊ အဲဒီမှာပဲ ...
တံခါးအကုန်လုံးပိတ်တော့ မှောင်လို့ဖွင့်ထားပါတယ် ဆိုတဲ့မီးက ရုတ်တရက် ဖြတ်ခနဲ့ ပိတ်ကရော ၊ " ဟိုက်သွားပြီး " ဘာမှမမြင်ရတော့ဘူး ၊ မိုးကအေးပေမယ့် အဲဒီ တဒ်ဂ လေးမှာ တကိုယ်လုံးနွေးသွားတယ် ၊ သူ့ဆီကလည်း ဘာစကားသံမှ ထွက်မလာတော့ဘူး ၊ သံစဉ်တွေ ပျောက်သွားတယ်၊ သေချာတာကတော့ ဒိတ်ဒိတ်..ဒိတ်ဒိတ် ပဲ၊ ရှိတာလည်း ၂ယောက်ထဲ ( မိန်းကလေးတယောက် ယောက်ျားလေးတယောက် ၊ မိုးကသည်း ၊ မီးကပျက် ၊ အိမ်ကြီးထဲ ) ၊ ...... အမှောင်ထဲက သူ့ကိုကြည့်လိုက်မိတယ် ၊ တကယ်လှတဲ့ မိန်းခလေးတယောက် ၊ သူ့ရဲ့ရိုးသားပွင့်လင်းတဲ့ စရိုက်က ကျွန်တော့် စိတ်ကို လွမ်းထားတယ် ၊ ဒါပေမယ့် အဲဒီလို မျှော်လင့်မထားပဲ ရောက်လာတဲ့ ရင်ခုန်သံက ဟိုးတချိန် ၅ နှစ်လောက်မှာ ကျန်ခဲ့ပြီးလေ ။ သူနဲ့ ရန်ကုန်မှာ ပြန်ဆုံဖြစ်သေးပါတယ် ။ နောက်မှသိရတာ တခုက ကျွန်တော်နဲ့ အတွေးခေါ်၊အယူဆ အတော်များများတူနေတဲ့ သူက ကျွန်တော်နဲ့ ၁နှစ်၊ ၁လ၊ ၁ရက်၊ ထဲ မွေးရက်တူ လူ ၂ ယောက်ဖြစ်နေတယ်ဆိုတာကိုပဲ .........
Friday, June 1, 2007
Wednesday, April 25, 2007
ဒီနေ့ တော်တော်ပူပါလား
အပြင်တောင် မထွက်ရဲအောင် ချစ်ချစ်တောက်ပူနေပါလားနော် ၊ သင်္ကြန်ပြီးမှပဲ တရက်ပြီးတရက် ဒီဂရီတွေ၊ဖာရင်ဟိုက်တွေ တရိတ်ရိတ် တက်လာတာ ဖင်ရော၊ခေါင်းရော မီးခိုးတွေ အထွက်လွန်လို့ မော်တော်ပီကယ်တောင် လမ်းမှာတွေ့ရင် အိပ်ဇောပြောင်းတပ်ဖို့ပြောနေပြီ။ ဒီနေ့ဆို 40`C ၊ နေ့စဉ်အသေးစိပ်အပူချိန်ကို ဒီမှာ ကြည့် ၊
သင်္ကြန်ဆိုတာက ကူးပြောင်းခြင်း ၊ ဘာကူးပြောင်းလဲဆိုတော့ ဗြဟ်မဦးခေါင်းကိုကိုင်ထားတဲ့ နတ်သမီးတွေက နောက်ထပ် နတ်သမီးတယောက်ကို ဒီခေါင်းကြီး လက်ဆင့်ကမ်းပေးလို့ ကူးပြောင်းခြင်းလို့ အဆိုရှိတယ် ။ ( အသေးစိတ်ဖတ်ရန် ) သီဲကြားမင်းစစ်နိုင်လို့ ဗြဟ်မာခေါင်းကိုဖြတ် ၊ ဖြတ်ပြီးမှ ဒုက္ခနဲ့လှလှနဲ့တွေ့ရော၊ ဗြဟ်မာခေါင်းက Power ကြီးတော့ ပင်လယ်ထဲပစ်ရင် ပင်လယ်ရေခန်းမယ် ၊ မြေကြီးပေါ်ပစ်ရင်မြေကြီးတွေအက်လိမ့်မယ် ၊ ကောင်းကင်ကိုပစ်ရင် မီးတောက်အုံးမှာဆိုတော့ ၊ သီကြားမင်းလည်းကြံရာမရတာနဲ့ နောက်ဆုံး ရန်ကုန်မြို့ထဲကို ပစ်ချလိုက်ရော ....."၀ုန်း" သွားလရော့ကွယ် ၊
" ရန်ကုန်နေပူပုူု ကိုယ်လိုင်းကားစီးတော့ ရင်မှာဝေဒနာဖြစ် တကိုယ်လုံး -ျွတ်လိုက်ချင် "
