ဒီတလလည်း သူငယ်ချင်းအချို့နဲ့ ဘုန်းကြီးကျောင်းရောက်ဖြစ်ကြတယ်၊ ထုံးစံအတိုင်းပေါ့ လှူဖွယ်ပစ္စည်းဆက်ကပ်တော့ systematically ကျကျအလှူပြုပုံကို တရားလက်ဆောင် ပါးလိုက်ပါတယ်၊ လှူတော့လှူလိုက်တာပဲ .. မိမိပြုလိုက်တဲ့ ဒါနကုသိုလ်အကျိုးပေး အပြည့်ဝရစေရန် ဘယ်လိုမျိုးလှုရမှာလဲ ....
၁။ ယုံကြည်စွာလှူဒါန်းခြင်း
ရတနာသုံးပါး၊ ကံ ကံ၏အကျိုးကို ယုံကြည်စွာဖြင့် လှူဒါန်းရမယ်၊ ဘုရား တရား သံဃာ တို့ရဲ့ဂုဏ်ကျေးဇူးတော်နှင့်တကွ ကံ ကံ၏အကျိုးကို ယုံကြည်သက်ဝင် ခြင်းဖြင့် လှူဒါန်းပါက ဒါနအကျိုးပေးကြောင့် ချမ်းချမ်းသာသာနေနိုင်ရာတွင် ချမ်းသာခြင်းအပြင် အဆင်း၏တင့်တယ်ခြင်းနှင့်ပါ ပြည့်စုံလေသည်၊ ဥပမာဆိုရသော် စာသင်ခန်းတွင် စာသင်ကြားရာ၌ ဒီဆရာ၊ဒီစာချင်း အတူတူ မှန်မှန်ကန်ကန်လေ့လာ သင်ယူသူသာလျှင် ပို၍ထူးချွန်လေ သကဲ့သို့ အလှူကြောင့် ဒါနအကျိုးပေးခြင်းအတူတူ၊ လှူတတ်သောသူသည် ချမ်းသာခြင်းအပြင် အဆင်း၏ တင့်တယ်ခြင်းကိုပါ ရလေသည်၊
၂။ လှူဖွယ်ပစ္စည်းနှင့်လှူဒါန်းသော ပုဂ္ဂိုလ်အား ရိုသေလေးစားမှုရှိခြင်း
မိမိလှူဒါန်းသော လှူဖွယ်ပစ္စည်းနှင့်တကွ လှူဒါန်းလိုက်သော ပုဂ္ဂိုလ်အပေါ်တွင် ရိုသေမှုရှိဖို့လည်း လိုအပ်သည်၊ လှူ လှူပြီးရောထက်စာရင် ရိုရိုသေသေ လှူဒါန်းပါက ဒါနအကျိုးပေးကြောင့် ချမ်းချမ်းသာသာနေနိုင်ရာတွင်လည်း ချမ်းသာခြင်းအပြင် အများသူငှာအပေါ်တွင် သြာဇာရှိစေခြင်းနှင့်ပါ ပြည်စုံလေ၏၊
၃။ ကံလံဒေသန် အလိုက်အလှူပစ္စည်းရွေးခြယ်တတ်ခြင်း
အလှူပြုရာတွင်လည်း အချိန် နေရာ အလိုက် လှူဖွယ်ပစ္စည်း ရွေးခြယ်တတ်ပါက ကံအကျိုးပေးရာတွင်လည်း သူ့နေရာနှင့်သူ ကိုယ်အလိုရှိတဲ့အချိန် ရေကန်အသင့် ကြာအသင့်ဖြင့် စည်းစိမ်ချမ်းသာကို အပြည့်အ၀ ခံစားရလေသည်၊ ငယ်ရွယ်စဉ်တွင် ငယ်ရွယ်သည့်အထိုက်၊ ၀တ်ကောင်းစားတတ်အချိန် ၀တ်နိုင်စားနိုင်သည့်အလျှောက်၊ အသက်ရွယ်အိုမင်းလာပါကလည်း သားသမီး ဆွေမျိုးအထောက်ပံတို့ဖြင့် တရားဖက်၍ မပူမပင် မကြောင့်မကြဖြင့် စံစား ခံစားနိုင်လေ၏၊ မိမိငယ်စဉ်က ချမ်းသာခဲ့သော်လည်း သုံးရန်အရွယ်တွင် စည်းစိမ်နည်းပါ ပြောက်ကွယ်သကဲ့သို့ အိုမင်းသောအခါတွင်လည်း အိုဇာတာ ကောင်းရန် လှူတတ်ဖို့လိုလေသည်၊
၎။ စေတနာပြတ်သားစွာ လှူဒါန်းခြင်း
အလှူပြုပါက လှူဖွယ်ပစ္စည်းတို့အပေါ် စေတနာသုံးတန် ပြတ်သားစွာ လှူတတ်ဖို့လည်းလိုတယ်၊ စေတနာပြတ်သားစွာ လှူခြင်းဖြင့် မိမိ၏ ဒါနကြောင့် ရလာသော စည်းစိမ် ဥစ္စာတို့ကို မိမိကိုယ်တိုင် သုံးဆွဲနိုင်လေသည်၊ သို့မဟုတ်ပါက ချမ်းသာပြည်စုံစွာ နေရသော်လည်း မိမိကိုယ်တိုင်ကမှု မစားရက် မသောက်ရက်နဲ့ နောက်လူအတွက် စည်းစိမ်များကို ချန်ခဲ့ရလေသည်၊ ဒါကြောင့် လှူဒါန်းရာတွင် စေတနာပြတ်သားရမည်၊
၅။ မာနကင်းသော အလှူ
လှူတော့လှူပါ၏၊ ဒီအလှူမျိုး ငါလိုလူမှ လှူနိုင်သည်ဟု သူတပါးကို ထိခိုက်စေသော မာနနှင့် လှူလိုက်သော အလှူမျိုးမှ စင်ကြယ်ရမည်၊ စည်းစိမ်ချမ်းသာ ရရှိပါသော်လည်း အလှူမတတ်ခြင်းကြောင့် ထိုစည်းစိမ်တို့မှာ တချိန် ရေ၊မီး၊မင်း၊သူခိုး၊သားဆိုးသားမိုက် စတဲ့ရန်သူမျိုး ငါးပါးတို့ နှိပ်စက်ဖျက်ဆီးခြင်းတို့ တွေ့ကြုံရနိုင်သည်၊ စင်ကြယ်သော အလှူဖြစ်မှ ခိုင်မြဲသော စည်းစိမ်ချမ်းသာကို ရရှိလေမည်၊
ဆရာတော်ဟောကြားလိုက်တာလေးပါ၊ လှူတဲ့အခါ ပြီးပြည့်စုံသော အလှူတခုဖြစ်စေဖို့အတွက် မှတ်သားမိသွားတယ်၊ အခြားသူငယ်ချင်းများအတွက် သာဓုခေါ်နိုင်အောင် လက်ဆင့်ကမ်းပေးလိုက်ပါတယ်၊
မမေ့မလျှော့ခြင်းဖြင့် ပြည့်စုံကြပါစေ ..................
Showing posts with label တရား ဓမ္မ. Show all posts
Showing posts with label တရား ဓမ္မ. Show all posts
Monday, September 7, 2009
Friday, August 7, 2009
ချမ်းသာနည်း
မနေ့ညနေပိုင်း Sembawang ဘုန်းကြီးကျောင်းရောက်ဖြစ်တယ်၊ တလတခေါက်ပုံမှန်ဆိုပေမယ့် ဒီတခေါက်က သူငယ်ချင်းအချို့လည်း ပါကြတယ်၊ ဆရာတော်က စင်ကာပူဘာလို့လာကြသလဲလို့ ကျွန်တော်တို့ကို စမ်းစစ်ကြည့်တော့ ချမ်းသာချင်ကြတယ်လို့ အဖြေထွက်လာပါတယ်၊ ချမ်းသာချင်တယ်ဆိုတာက ငွေတခုတည်းပြောတာ မဟုတ်ဘူး၊ ပညာအရသော်လည်းကောင်း ၊ လူမှုအဆင့်တန်းအရသော်လည်းကောင်း ၊စီးပွားရေးအရသော်လည်းကောင်းပေါ့၊ တို့အားလုံးချစ်တဲ့ သက်မဲ့ရေမြေတောတောင်၊ သက်ရှိ မိဘဆွေမျိုးတွေနဲ့ ခွဲခွာပြီး ရောက်လာကြတာ .... တခုခုချမ်းသာရာ ရှာမလို့ ( ရေကြည်ရာ၊ မျက်နုရာလို့လည်း ပြောလို့ရပါတယ် ) အကယ်လို့အထက်ပါ အကြောင်းနဲ့ မညီညွတ်ခဲ့ဘူးဆိုရင် ကျွန်ုပ်တို့ ဘာလို့စွန့်ပြီး စင်ကာပူကိုရောက်လာ သလဲလို့သာ ပြန်စမ်းစစ်ကြည့်ရမယ် .........
ချမ်းသာချင်လို့ပေါ့ ........... ၊ ဒီတော့ ဆရာတော်က ဘုရားရှင်ဟောကြားခဲ့တဲ့ ချမ်းသာချင်းတရားပေးပါတယ်၊
၁ ။ ကျန်းမာရမယ်
ပိုက်ဆံတွေ အများကြီးရှာပြီး ကိုယ်မကျန်းမာရင် ဘယ်လိုသုံးမှာတုန်း ၊ ရောဂါအတွက်နဲ့ ကိုယ့်စည်းစိမ်ကို ကိုယ်မခံစားနိုင်ဘူး၊ ကျန်းမာတဲ့နေရာမှာ စိတ်လည်းကျန်းမာရမယ် ၊ ရူးရူးသွပ်သွပ် အစွန်းရောက်နေရင်လည်း ဥစ္စာဓနတွေကို ဘယ်လိုစီမံနိုင်မှာလဲ၊ ဒီတော့ ချမ်းသာဖို့ဆိုရင် ကိုယ်ရော စိတ်ပါ ကျန်းမာရမယ် ။
၂ ။ ကိုယ်ကျင့်တရား စောင့်ထိန်းရမယ်
ပုထုဇဉ်လူသားတွေအဖို့ အခြေခံ ငါးပါးသီလတော့ လုံသင့်ပါတယ်၊ ကိုယ့်အသက် သူများသတ်မှာကို ဘယ်သူမှမကြိုက်သလို သူများအသက်ကိုသတ်ရင် သူတို့လည်းဘယ်ကြိုက်ပါ့မလဲ၊ ဒီလိုမျိုး ဂရုဏထားပြီး မိမိစိတ်နဲ့ယှဉ်သွားရင် ခိုးခြင်း၊ သူတပါးသားမယား ပြစ်မှားခြင်း၊ သူတပါးအကျိုးပျက်အောင် မုသားသုံးခြင်းတို့ကို စောင့်ထိန်းလာနိုင်မှာပေါ့၊ သူရာမေတိယ ကတော့ အလွန်အကျွံလူမှန်းမသိ သူမှန်းမသိမလုပ်အောင် မမှီဝဲလေနဲ့ ၊ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုမထိန်းနိုင်တော့ အထက်က ကံလေးပါးကို ကျုးလွန်နိုင်ခြေ ပိုများတတ်လို့ ၊ ဒီတော့ အခြေခံအားဖြင့် ငါးပါးသီလတော့ လုံပါစေ ။
၃ ။ သူကြီးမိဘ ဆိုဆုံးမစကားကို မပစ်ပယ်နဲ့
ခုခေတ်လူငယ်တွေနဲ့ ရှေးလူကြီးတွေကြားမှာ နည်းပညာဆိုတဲ့ Gap တခုကိုအခွင့်ကောင်းယူပြီး " .....တို့က ဘာသိလိုလဲ့လို ပြန်မပြောဆိုလေနဲ့" ၊ ကိုယ်သိတာတွေ သူတို့မသိသလို ၊ ကိုယ်မသိတဲ့ ဘ၀သင်ခန်းစာတွေလည်း သူတို့မှာ အများကြီးရှိတာကိုး၊ ဒီတော့ သက်ကြီးသူမတွေရဲ့ ဆိုဆုံးမစကားကို နားလည်လက်ခံပေးပါ ။
၎ ။ စိတ်ဓါတ်မကျနဲ့
ကိုယ်ဖြစ်ချင်တာ မဖြစ်ရင်၊ ဖြစ်သလိုသာနေမယ်လို့ ဘ၀ကိုမခံယူပါနဲ့၊ ရ ခါလဲရင် ၈ ခါပြန်ထနိုင်အောင် ကြိုးစားပါ၊ မဆုတ်နစ်သော ဇွဲလုံ့လရှိပါစေ ။
၅ ။ အမြင်ကျယ်ကျယ်ထားပါ
အောင်မြင်ချမ်းသာချင်တဲ့ သူတယောက်က ဗဟုသုတပြည့်ဖို့ လိုပါတယ်၊ Continuous learning ခေတ်ထဲမှာ စဉ်ဆက်မပြတ် လေ့လာပါ၊ ရှာဖွေပါ၊ သုံးသတ်နိုင်ခြင်းဖြင့် ပြည့်စုံပါ ။
၆ ။ အကောင်းမြင်တတ်ပါစေ
ဖြစ်သမျှအကြောင်း အကောင်းကြီးပဲလို့မှတ်ပါ၊ ဖြစ်လာတာတွေကို အပြစ်မတင်နဲ့ ကောင်းသောစိတ်နဲ့ ယှဉ်ပြီး မြင်တတ်အောင်ကျင့်ပါ၊ ဘ၀က ကိုယ့်ကို သံပရာသီးတလုံးပေးရင် ကိုယ်က သံပရာရေ ပြောင်းလဲဖို့ အကောင်းမြင်တတ်ပါစေ ။
သူငယ်ချင်းအားလုံး သာဓုခေါ်နိုင်အောင်လို့ မျှဝေပေးလိုက်ပါတယ် ။
Labels:
တရား ဓမ္မ
Monday, July 6, 2009
စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ


မနေ့က ကျွန်တော့်အိမ်မှာ သူငယ်ချင်းတွေစုပေါင်းပြီးတော့ ဝါဆိုသင်္ကန်းကပ်လှူဖြစ်ပါတယ်..... မလာဖြစ်တဲ့ သူငယ်ချင်းများကိုလည်း သာဓုခေါ်ကြပါလို့ ဒီနေရာက အမျှဝေပါတယ်..... သံယောဇဉ်နည်းတဲ့ အချို့ကတော့ စောစောပြန်သွားပါတယ်.... အချို့ကလည်း စားပြီးသောက်ပြီး - မစားခင်မသောက်ခင် = ၅ ပေါင် ဖြစ်တဲ့အထိ အစွမ်းပြသွားပါတယ်....
မလာဖြစ်တဲ့အထဲမှာ ငမူးကတော့ Sato Koyo မှာ Tunnel တူးတာ အောင်မြင်လိမ့်မယ်လို့ ယုံကြည်သွားပါပြီ... ငါတို့ကတော့ အထက်ကိုသွားနေပြီ သူငယ်ချင်း... မင်းကတော့တွင်းတူးရင်းနဲ့ ကျန်ခဲ့တော့မှာလား (ကြွက်တွင်း).....
နောက်မှပဲ ဓါတ်ပုံတွေ ပြည့်ပြည့်စုံစုံ တင်ထားပေးပါမယ်ခင်ဗျာ......

Red Devil
Labels:
တရား ဓမ္မ
Subscribe to:
Posts (Atom)