Saturday, May 5, 2007

ဝလုံး ဒုက္ခ အိပ်မရ




ညက ရန်ကုန်တစ်မြို့လုံး ကိုယ်တူကိုယ်ထ လုပ်အားပေးကြတယ်ဆိုပဲ ( မပေးရင်တော့ ရေမျောကမ်းတင်ပြီးသာမှတ် ) ၊ မုန်တိုင်းဝင်လို့တော့ ပြောသံကြားတယ် ။ ( ဘယ်က၀င်လာလဲတော့ မသိဘူး ) ။ ညသန်းခေါင်ယံ လမ်းဘေးမြောင်းထဲက နယ်ကျွံလာပြီးတက်လာတဲ့ သနပ်ခါးကဲ့သို့ ရနံတစ်ထောင်သင်းသော ဗွက်ရည်တွေက လမ်းပေါ်သာမက အိမ်ပေါ်သို့ပါတက်လာသော အခါ " စည်ပင်သာယာ "  အဲအဲ ... ယောင်လို့ယောင်လို့  " အကုန်လုံးထကြ ၊ အကုန်လုံးထခပ် " ၊ " ဟိုဘက်တိုးလိုက် ၊ ဒီဘက်တိုးလိုက် ၊ တိုးရင်းနဲ့လိုက်မ ၊ လိုက်မရင်းရွှေ့လိုက် " ............ရေစိုမခံပစ္စည်းတွေ ၊ ဒါမှ Yangon Hip Hop အစစ်ကွ ။


အမှန်က ရန်ကုန်မြို့  ရဲ့နေရာတိုင်းမှာ ရေနှုတ်မြောင်းတွေရှိပြီးသား ၊ မြောင်းမဖော်တာကြတာကလည်း တကြောင်းပေါ့ ၊ ကဲစပြီ အပြစ်တင်ကြည့်မယ် ။ ရေမြောင်းကနေစပြီပြောရမှာပဲ


၁၊ ရေမြောင်းမဖော်ကြခြင်း ၊ ရက်ကွပ်ကဦးစီးပြီးလုပ်ရင် သော်လည်းကောင်း ၊ စည်ပင်သာယာက မိုးရာသီမတိုင်မှီ လိုက်လံ    ဆော်သြရင်သော်လည်းကောင်း ၊ အဲ ဒီမှာတစ်ခုပြောမယ် ၊ YCDC ပေါ့ ။ ရက်ကွပ်ထဲမှာ အိမ်တလုံးမပြင်နဲ့ ၊ ပြင်လို့ သဲ ၊ အုတ် နည်းနည်းပုံ လိုက်တာနဲ့ YCDC က ချက်ဆို နားခွက်ကမီးတောက်သလိုပဲ ၊ အိမ်ရှေ့ကိုဆိုက်ဆိုက်မြိုက်မြိုက် တကူးတက ရောက်လာပြီး ရိုက်တော့တာပဲ ။ အဲ ရန်ကုန်မြို့ကြီးရေမလျှံအောင်တော့ မလုပ်တတ်သလို ၊ ဘာလိုလိုနဲ့ ။  နေ့မအား ညမနား မြို့တော်စည်ပင် - ပိုက်ပိုက်ရဖို့ဆိုရင် ၊ ဟီးးး


၂၊ ဒုတိယကတော့ အမှိုက်ပဲ ၊ ပလစ်စတစ် စွန့်ပစ်အိတ်နဲ့ပစ္စည်းတွေ မြောင်းထဲမှာဆို သူတို့အများဆုံးပဲ ။ ပလစ်စတစ်တွေက နောင်နှစ် ၅၀ တိုင်အောင် မြေဆွေးပြန်မဖြစ်တော့ဘူး ။ ဒီအတိုင်းသာ ဆက်ပြီးတော့ သွားနေမယ်ဆိုရင်တော့ဗျာ ၊ မြောင်းထဲက ပလစ်စတစ်တွေက ချောင်းထဲရောက်မယ် ၊ ချောင်းကနေမြစ် ၊ မြစ်ကနေပင်လယ် ၊ ပင်လယ်ကနေ ပင်ကြယ် ( အဲ...ဟုတ်ဝူး ) သမုဒ္ဒရာ ၊ နောက်ဆုံးရေသတ္တ၀ါတွေရှိတဲ့ နေရာရောက်တော့ အနည်ကျတယ် ။ အနည်ကျတာနက် တပြိုင်နက် ပင်လယ်အစာ ရေမျှော်တွေကိုပါ ပင်လယ်အောက်ဆီကို သူနဲ့တပါတည်း ဖုံးအုပ်ပြီးခေါ်သွားတယ် ။ ပင်လယ်ရေမှော်တွေကို စားတဲ့ရေသတ္တ၀ါတွေက အစားရှားပြီး နောက်ဆုံးပျောက်ကွယ်သွားနိုင်တဲ့ အနေထားကို ရောက်လာနိုင်တယ် ။ ဒီတော့ ထိုသတ္တ၀ါတွေကိုစားပြီး အသက်ရှင်တဲ့ အခြားသတ္တ၀ါတွေလည်း အရှေ့ကအတိုင်း  ပြက်သုန်းလာနိုင်တယ် ။ ( သူ့ထက်ကြီးတဲ့ အကောင်တွေကို လိုက်စားလို့မှမရတာ ) Domino Effect ဆင့်ကဲဖြစ်စဉ်အရ ၊ လူတွေစားတဲ့ ရေသတ္တ၀ါတွေ အထိကိုပါ ရိုက်ခတ်လာနိုင်တယ် ။ ပလစ်စတစ် ၊ ကမ္ဘာကြီးပူနွေးလာမှု ၊ အစရှိတာတွေက နိုင်ငံတိုင်းနဲ့ဆိုင်တဲ့ ပြသနာရပ်တွေပါ ၊ တယောက်အားနှင့် ယူသော်မရ အများအားနဲ့မမှ ကြွ ဆိုသလိုပဲလေ ။ ( တို့ရွာ စကားပုံ ) ပြောရင်ပြောရင်း နိုင်ငံတကာကိုရောက်ရောက်သွားပြီး ၊ ဟိုတလောက မန္တလေး ဦးပိန်တံတားမှာ ပလစ်စတစ် ၊ ကျွတ်ကျွတ်အိတ် အသုံးပြုခွင့်ကို ကြပ်မတ်လိုက်တယ်လို့တော့ ဖတ်လိုက်ရဖူးတယ် ။ ဘာပဲပြောပြော သက်ဆိုင်ရာက မသက်ဆိုင်သလိုမနေပဲ သက်သက်ဆိုင်ဆိုင်လုပ်ပေးရင်တော့ မိုးရွာရင်ရေတွေ မြောင်းထဲမှာပဲရှိနေမယ် ။


၃၊ ဒါကတော့ အမှိုက်ပစ်ခြင်းနဲ့ တိုက်ရိုက်ဆိုင်တယ် ။ ကျွန်တော်တို့ပြည်သူတွေ အမှုတွေကိုစည်းနဲ့ ကမ်းနဲ့ စွန့်ပစ်တက်ခဲ့မယ်ဆိုင်ရင်ပေါ့ဗျာ ၊ကျွန်တော်ဆို ငယ်ငယ်လေးထဲက အမှုက်ဆိုရင် ရေမြောင်းထဲပဲပစ်ရမယ်လို့ အမှတ်ရှိခဲ့တယ် ။ ပြည်သူတရပ်လုံး educated ဖြစ်ဖို့လည်းလိုတာပေါ့ ။

Tuesday, May 1, 2007

ဒီနေ့ ၊ တခုခုကိုလုပ်ရတော့မယ် ဆိုတာငါသိလိုက်ရပြီ ။ ဖြစ်လာမည့် အချိန်ကိုစောင့်လို့ မရတော့ဘူး ၊ စောင့်နေတဲ့အချိန် ရောက်ဖို့ဖန်တီးရတော့မယ် ။ ရှေ့မှာဘာဖြစ်လာမယ်ဆိုတာ ငါမမြင်ဘူး ၊ ဘာပဲဖြစ်ဖြစ် ဆက်တိုးရတော့မယ် ။ အချိန်ဆိုတာ ရွေ့နေပြီလေ ။


ဒီတော့ လှေတစင်းပေါ် ၊  တက်တခုကိုင်ပြီး ငါထိုင်ပြီ ၊ လှေကိုခွာဖို့ကြိုးဖြုတ်တယ် ၊ ကမ်းကခွာဖို့ တက်ကိုမှန်မှန်လှော်ပြီ ၊  နောက်ကိုမကြည့်တော့ဘူး ၊ ဘယ်တော့မှ နောက်လှည့်မပြန်ဘူး ။ သွားနေတာ ပင်လယ် ၊ အဆုံးကို ငါမမြင်ရဘူး ၊ ဒါပေမယ့် ရှေဆက်တိုးနေတယ် ၊ တခါတရံ လေပြင်းတွေတိုက်တတ်တယ်လို့ ငါကြာဖူးတယ် ၊ မုန်းတိုင်းတွေလည်း ကြလာနိုင်တယ် ၊ ငါကြားဖူးတာတွေ အခုငါလက်တွေ့မှာ ကြုံလာနိုင်တယ် ။ ခံနိုင်ရည်ရှိဖို့ ပြင်ထားပြီးသား ၊ လှေတစင်း ၊ တက်တခုနဲ့  ငါရှေ့ဆက်မယ် ။ လှေခွက်ချည်းကျန် အလံမလဲ ၊ တက်ကျိုးခဲ့ရင် လက်နဲ့လှော်မယ် ။ ရှေ့မှာကမ်းရှိမယ်ဆိုတာ ငါသိပြီးသား ။ .....................................................


 


 

Sunday, April 29, 2007

ရန်ကုန်မှာ ရွာတဲ့မိုး

ဒါပေါ့ ၊ ဘာပြောကောင်းမလဲ ၊


ပြောမကောင်းလဲ ပြောရအုံးမယ် ။ ဆိုင်းမဆင့် ဗုံမဆင့်ရွာလိုက်တဲ့မိုးလေ ။ ဘယ်သူကမှရွာမယ်လို မမှန်းထားဘူး ၊ ရုတ်တရက် မြို့ထဲမှာမှောင်လာတယ် ၊ လေပြင်းတွေတိုက်တော့  စပြီးလှုပ်ရှားသူကတော့ လမ်းဘေးဈေးသည်တွေ ၊ ရွာမယ် မရွာဘူးနဲ့ ငြင်းတဲ့သူတွေလည်းငြင်း ၊ မိုးကာဖို့ပြင်တဲ့သူကလည်း သူ့ဆိုင်မိုးလွတ်ဖို့အရေး အသည်းအသန် ၊ ကားတွေကလည်း စောစောစီးစီးမီးထွန်းပြီး မောင်းနေပြီး ၊ လမ်းသွားလမ်းလာတွေက ဖုန်တွေကာရင်း ကားမှတ်တိုင်စီ အရောက်တင်နေပြီ ။ ရုတ်တရက် လျှပ်စီးလက်ပြီး မိုးချိန်းတော့ နားပိတ်သူကပိတ် ( ကျွန်တော်လေ ) ၊ ရောရောင်ပြီး ထိုင်သူကထိုင် ၊ အကာအောက်ကိုပြေးသူကပြေးနဲ့ အုတ်အုတ်ကျက်ကျက်ပေါ့ ။ ဒီလို့နဲ့ပဲ ကိုရွှေမိုးကသည်းပြီးလေ ၊ ကားမှတ်တိုင်ကလူအုပ်ကြီးက "ဆင်သေကို ဆိတ်သားရေနဲ့ဖုံး" သလို မရှိတဲ့ မိုးအကာအောက်ကို ၀င်တိုးရော ၊ လူစုကြီးကနည်းတာမှ မဟုတ်တော့ ဒီဘက်ကတိုးတော့ ဟိုဘက်ကလူတွေက တဖြည်းဖြည်းနဲ့ အပြင်ရောက်သွားရော ။ ဘယ်ရမလဲ ဟိုဘက်ကလည်း ပြန်တိုးတာပေါ့ ၊ ဒီဘက်ကလည်း ဘာရယ်တော့ မဟုတ်ဘူး " ဟေး " လို့ ညာသံပေးပြီး ပြန်တိုးရော ( မြင်ကြည့်စမ်းပါ ၊ မိုးရွာအောင် လွန်ဆွဲနေသလိုပဲ ) ။ ဒါနဲပဲ ၀လုံးလည်း ကားလာတာမြင်တော့ အမြန်နှုန်းနဲ့ ပြေးတက်တာ ၊ ....................  ၀ါးတားတားနဲ့ ကားမှားစီးမိပြီး ၊ ကြုံရာမှာဆင်း လမ်းလျှေက် ဟိုမေးဒီမေး ၊ ကားပြန်စီး ၊ ကားပေါ်ရောက်မှ ငုတ်တုတ်မေ့ တာပဲ ၊ ကိုယ်တယောက်ပဲ စိုရွဲနေပြီး အားလုံးကချောက်ချောက်သွေ့သွေ့ ဆိုတော့


 ၄၅ကားပေါ်  ကြွက်စုတ်တကောင် ၀င်နေတယ်

Thursday, April 26, 2007

ကျိုက်ထီးရိုး သို့ နောက်တခေါက်

 ဒီနှစ်သင်္ကြန်ပြီးပေးမယ့် ခရီးကတော့မပြီးသေးဘူး ၊ ရန်ကုန်အပြန် လမ်းကြုံတာနဲ့ပဲ ကျိုက်ထီးရိုးဘုရားဖူးဖြစ်သွားတယ် ။ သင်္ကြန်အပြီးဆိုတော့လည်း အေးအေးဆေးဆေးနဲ့လူသိပ်မများဘူးပေါ့ ။ တညအိပ်ခရီးဆိုတော့ ပေါ့ပေါ့ပါးပါးပဲ ။ ကျိုက်ထီးရိုးဘုရားကတော့ ကမ္ဘာ့အံ့ဖွယ်ထဲမှာ တခုနေနဲ့ပါဝင်သင့်တာ ( status of liberty ) တို့ထက်စာရင် မဟုတ်ဘူးလား ။ စေတီတည်ရှိရာကျောက်တုံးတော်နဲ့ အောက်ခံကျောက်ထုက ဆင်ခြေလျှောမှာ တခုနဲ့တခု ချိတ်ဆက်မှုမရှိပဲ ရပ်တည်နေတာ ၊ ထိစပ်တဲ့ ဧရိယာက ၇စတုန်းရန်းပေ ပဲရှိတာ ၊ ကျောက်တုံးကြီးတခုလုံးနဲ့ပြောရရင် အပေါ်စီးကြည့်ဧရိယာရဲ့ ၁.၄ ရာခိုင်နှုန်းလောက်ပေါ့ ။ စေတီနဲ့ကျောက်တုံးတော်တို့ရဲ့ အလေးချိန် ဗဟိုချက် Contact Area နဲ့ Axis of Rotation ကအောက်ခံ ကျောက်ထုကြီးရဲ့ အတွင်းပိုင်းမှာရှိနေတာကြောင့် တည်ငြိမ်မှုရှိနေတာ ။ ကျိုက်ထီးရိုးမှာ အစားအသောက် စရိတ်တွေအရင်ကနဲ့စာရင်တော့ သက်သာလာတယ် ။ မျှဝေရရင်တော့ ( ထမင်းအ၀စား = 1200 ၊ ရေအ၀ချိုး = 200 ၊ ရေအိမ်တခေါက် = 50 ၊ တောင်ပေါ်/အောက် ကားခ = 1000 ၊ တည်းခိုခန်း = 10000 (၃ယောက်စာ) ၊ ရန်ကုန်ကားခ = 2500 )  

Wednesday, April 25, 2007

ဒီနေ့ တော်တော်ပူပါလား

အပြင်တောင် မထွက်ရဲအောင် ချစ်ချစ်တောက်ပူနေပါလားနော် ၊ သင်္ကြန်ပြီးမှပဲ တရက်ပြီးတရက် ဒီဂရီတွေ၊ဖာရင်ဟိုက်တွေ တရိတ်ရိတ် တက်လာတာ ဖင်ရော၊ခေါင်းရော မီးခိုးတွေ အထွက်လွန်လို့ မော်တော်ပီကယ်တောင် လမ်းမှာတွေ့ရင် အိပ်ဇောပြောင်းတပ်ဖို့ပြောနေပြီ။ ဒီနေ့ဆို 40`C ၊ နေ့စဉ်အသေးစိပ်အပူချိန်ကို ဒီမှာ ကြည့် ၊


သင်္ကြန်ဆိုတာက ကူးပြောင်းခြင်း ၊ ဘာကူးပြောင်းလဲဆိုတော့ ဗြဟ်မဦးခေါင်းကိုကိုင်ထားတဲ့ နတ်သမီးတွေက နောက်ထပ် နတ်သမီးတယောက်ကို ဒီခေါင်းကြီး လက်ဆင့်ကမ်းပေးလို့ ကူးပြောင်းခြင်းလို့ အဆိုရှိတယ် ။   သီဲကြားမင်းစစ်နိုင်လို့ ဗြဟ်မာခေါင်းကိုဖြတ် ၊ ဖြတ်ပြီးမှ ဒုက္ခနဲ့လှလှနဲ့တွေ့ရော၊ ဗြဟ်မာခေါင်းက Power ကြီးတော့ ပင်လယ်ထဲပစ်ရင် ပင်လယ်ရေခန်းမယ် ၊ မြေကြီးပေါ်ပစ်ရင်မြေကြီးတွေအက်လိမ့်မယ် ၊ ကောင်းကင်ကိုပစ်ရင် မီးတောက်အုံးမှာဆိုတော့ ၊ သီကြားမင်းလည်းကြံရာမရတာနဲ့ နောက်ဆုံး ရန်ကုန်မြို့ထဲကို ပစ်ချလိုက်ရော ....."၀ုန်း" သွားလရော့ကွယ် ၊ 


" ရန်ကုန်နေပူပုူု ကိုယ်လိုင်းကားစီးတော့ ရင်မှာဝေဒနာဖြစ် တကိုယ်လုံး -ျွတ်လိုက်ချင် "