Monday, June 29, 2009
Mail to Blogger ကိုစမ်းသပ်ခြင်း
Sunday, June 28, 2009
GTalk သုံးရင်း ၊ အသုံးလည်းဝင်မည့် Dictionary Bot များ
ဟိုတနေ့က သူငယ်ချင်းတယောက် forward လုပ်ပေးလိုက်တဲ့ Gtalk Dictionary Bot ကိုစမ်းကြည့်တာ အတော်လေးဟုတ်နေတာပဲ ၊တဘက်က Gtalk လည်းသုံး ၊ dictionary လည်းတခါတည်း ကြည့်လို့ရတော့ အတော်အဆင်ပြေသွားသလို မြန်လည်းအတော်မြန်တယ် ၊ Myanmar mmgeeks အဖွဲ့ကလုပ်ထားတာပါ ၊ ပထမဆုံး Gtalk မှာ ဒီ address ကို add လိုက်ပါ ၊ en2mm3@mmgeeks.org (or ) en2mm4@mmgeeks.org . Add လုပ်ပြီးသွားလို့ online ဖြစ်လာရင် Chatting လုပ်သလိုပဲ သိချင်တဲ့ စကားသာရိုက်လိုက် ၊ ဥပမာ Hi လို့ပဲ ရိုက်ကြည့်ပါအုံး ( ကြိုက်သွားမယ် ၊ မကြိုက်ရင်တော့ ရိုက်သွားလိုက် :P ) သူက မြန်မာလိုမရှိရင်တော့ English ကိုတိုက်ရိုက်ပြန်ပေးလိမ့်မယ် ။ ကိုယ်လိုရင်သုံး ၊ သူလိုရင်လည်း ကိုယ်က add englishword wordcategory myanmarword သုံးပြီးလိုတာတွေထပ်ထည့်ပေးလို့ရတယ်၊ Wiki တို့လိုပေါ့ ၊ .....
ထပ်ပြီးတော့ စိတ်ဝင်စားရင် ဒီ link တွေမှာဆက်ကြည့်လို့ ရတယ်
mmgeek form
ှုIT men Blog
Wednesday, June 24, 2009
Palau Ubin သို့တခေါက်

မှတ်မှတ်ရရ မနှစ် Palau Ubin သွားကြတုန်းက သူငယ်ချင်းအတော်များများပါကြတယ် ၊ ဆုံဖြစ်ခဲ့ကြတဲ့ ပွဲတွေထဲမှာ လူအများဆုံးပဲ ၊ အခြားပွဲအတော်များများက chevas campain ချည်းပဲဆိုတော့ ကျွန်တော်တို့လောက်ပဲရှိတာကိုး ၊ Palau Ubin ကို MRT နဲ့သွားမယ်ဆိုရင် Tampines မှာဆင်း ၊ အဲဒီမှာရှိတဲ့ bus interchange ကနေ ကားထပ်စီးရသေးတယ်၊ ဒီတော့မှ Jetty ကိုရောက်ရင် စက်လှေစီးပြီး ပင်လယ်ခရီးကိုစ ပင်လယ်လေကို တ၀ကြီးရှုတော့ပဲ ၊

နာရီဝက်လောက်ကြာပြီးရင် ဟိုဘက်ကမ်းကိုရောက်သွားမယ် ၊ တံတားအတိုင်းလျှောက်သွားပြီး တံတားဆုံးတဲ့အခါ ဆိုင်တွေကိုတွေ့ရပြီး ၊ လူတွေတိုးတိုးဝှေ့ဝှေ့ စက်ဘီးငှားကြတာတွေမယ်၊ ကိုယ်လည်းဝင်တိုး ကိုယ်စီးမယ့်စက်ဘီးကို break ကောင်းမကောင်းအရင်စစ် ၊ break မကောင်းလို့ကတော့ အိမ်အပြန် သွားပြန်ပါလာမှာမဟုတ်ဘူးမှတ်၊ စားသောက်ဆိုင် အပြင်ဆင်တွေကိုတွေ့ရင်တော့ စပြီးခံစားမိတာက ငါစင်ကာပူမရောက်ပဲ ကျေးလက်များရောက်နေသလားလို့ ၊ တကယ့်ကိုတူတယ်ဗျ ၊ မယုံရင်ကြည့် ဒါစင်ကာပူလားလို့ ( အကယ်၍ ဓါတ်ပုံရိုက်ပြီး အိမ်များပို့လိုက်ကတော့ အော် ... စင်ကာပူဆိုတာ ဘီလူးကျွန်းမျိုးလို့များ ပြောမလားပဲ )

Palau Ubin စက်ဘီးရတာများ ၁ လစာ ချွေးထုတ်ရသလိုပဲ ၊ ခြေဦးတဲ့ရာ လျှောက်စီးတဲ့ ကျွန်တော်တို့အဖွဲ့ကတော့ ဟိုနင်း၊ ဒီနင်းနဲ့ ဗိုက်ဆာရင်စားလိုက် ၊အရိပ်ကောင်းရင်နားလိုက်၊ အိပ်သာတွေရင် အပေါ့ပါးသွားလိုက်နဲ့ ဟုတ်နေတာပဲ ၊ လက်ထဲမှာမြေပုံရတော့လည်း ထို့နည်းတူ မခြားမနားဘူး ၊ Road Map ကြီးကိုကြည့်၊ ဟိုလက်ညှိးထိုး၊ ဒီလက်ညှိးထိုးနဲ့ ပြီးတော့ နင်းချင်တဲ့နေရာ နင်းတော့တာပဲ ။ နောက်ဆုံး မျှော်စင်လို ( ၆ ထပ်လား ၊ ၇ ထပ်လား မမှတ်မိတော့ဘူး ) ရှိတဲ့နေရာရောက်တယ် ၊ အဲဒီကနေ ရေပေါ်ကနေလမ်းလျှောက်လို့ ရတဲ့တံတားကိုရောက် ၊ နောက်ဆုံး ကမ်းနားမှာရှိတဲ့ model အိမ်လေးတဲ့ရောက်ပြီး မိုးမချုပ်မှီ ပြန်လှည့်ကြရတာပေါ့ ၊ ခုတော့လည်း ၁ နှစ်လောက်ကြာသွားပြီး ၊ တချို့က home prison ကျ ၊ တချို့က မြန်မာပြည်ပြန် ၊ တချို့က တချို့နဲ့ .... တချို့ချို့ဖစ်ကြလေသတည်း ။ (စုံးစမ်းခြင်း ... သည်းခံပါ) :P
အဲတချို့က ကြာဇံကြော် ကိုမစားရသေးပဲနဲ့ " အတော်ကောင်းတယ်ကွ ၊ အတော်ကောင်းတယ်ဟ" ဆိုပဲ ၊ အမှန်လည်း ထိုနေ့က ကြာဇံကြော် တကယ်ကောင်းကြောင်း ကျွန်တော်တို့အားလုံး စားပြီးတော့ ထောက်ခံပေးလိုက်ပါတယ် ...... ကြာဇံကြော် ... အတော်ကောင်းတယ်ကွ
GST Claim အုံးမလား ...

အားလုံးသိကြတဲ့ အတိုင်းဒီမှာ ဘာဝယ်ဝယ် GST အတွက် 7% ထည့်တွက်ကြတာ ၊ ဟိုနေရာပါ ဒီနေရာပါနဲ့ GST ပြန် claim ဖို့ကလည်း ထင်သလောက်မလွယ်ပါဘူး ။ ရန်ကုန်က visit pass နဲ့လာတဲ့သူကို ရှာရသေးတယ်။ ပြီးခဲ့တဲ့လက camera ( prosumer ) တလုံးဝယ်ဖြစ်သွားတယ်။ ဘာရယ်တော့မဟုတ်ဘူး .... ဒါနဲ့ GST လေးများပြန် ရရင် အကောင်းသာဆိုပြီး ကြံရတာပေါ့ ။ အရင်က camera အသေးတလုံးဝယ်ဖူးတာရှိတယ် ။ ပြီးခဲ့တဲ့ သူငယ်ချင်းတစ်ယောက် မဂ်လာဆောင်မှာ ဓါတ်ပုံရိုက်ပေးတော့ ကိုယ့်လက်က camera ကိုဘယ်သူမှမကြည့်ဘူး ၊ ကိုယ့်ဘေးကိုပဲကြည့်နေကြတာ ... ကျွန်တော်လည်းသတိထားမိတော့ ဘေးကလူ camera က DSL ကိုး ၊ ဒါ့အပြင် ပြောင်းကကြီးကြီး ( Zoom ) တပ်ထားတော့ ပိုဆိုးတာပေါ့ ။ (မယုံရင် သက်သေ photo တွေရှိတယ် .. ပြရမလားပဲ)
ဒီလိုနဲ့.... DSL camera ကိုမှမ၀ယ်နိုင်တော့ DSL လည်းမကျ ၊ point and shoot ထက်လည်း နည်းနည်းပိုသာတဲ့ prosumer တလုံးဝယ်ဖြစ်သွားတယ် ။ သူ့မှာလည်း Manual / S / A / P priority တွေပါတော့ သိသလောက် ကလိလို့ တော့ရတယ် ။ ဒါနဲ့ပဲ GST ပြန်ရမလားဆိုပြီး ၊ ကြံရတာပေါ့ ၊ ပြောသာပြောရတယ် GST claim တာကလည်း ထင်သလောက် မလွယ်ပါဘူး ၊ checkin မ၀င်ခင် GST Claim တဲ့ counter ဆီသွား ၊ လိုတာလေးတွေဖြည့် ၊ GST Boucher မှာ PP ,Name , လိုတာလေးတွေဖြည့်ပြီး approve သွားလုပ်ရတယ် ။ အဲ.. လိုအပ်ရင်ပစ္စည်းပါ ပြရတယ် ။ အဲဒီက approve ဖြစ်ရင် ပိုက်ဆံချက်ချင်း ရပြီလို့တော့ မထင်နဲ့ ၊ ပစ္စည်းတွေ check in လုပ်ပြီး Immigration ကိုဖြတ်ပြီးမှ GST claim မဲ့ counter ကိုရှာရသေးတယ် ၊ ဒီတော့မှ GST ကိုပြန်ထုတ်ရတာ ... ဒါနဲ့မပြီးသေးဘူးနော် . Claim တဲ့ amount များလို့ကတော့ address သာပေးခဲ့ cheque ပို့ပေးမယ်တဲ့ ... ကဲမှတ်ရောလား ၊