Friday, August 7, 2009

ချမ်းသာနည်း


       မနေ့ညနေပိုင်း Sembawang ဘုန်းကြီးကျောင်းရောက်ဖြစ်တယ်၊ တလတခေါက်ပုံမှန်ဆိုပေမယ့် ဒီတခေါက်က သူငယ်ချင်းအချို့လည်း ပါကြတယ်၊ ဆရာတော်က စင်ကာပူဘာလို့လာကြသလဲလို့ ကျွန်တော်တို့ကို စမ်းစစ်ကြည့်တော့ ချမ်းသာချင်ကြတယ်လို့ အဖြေထွက်လာပါတယ်၊ ချမ်းသာချင်တယ်ဆိုတာက ငွေတခုတည်းပြောတာ မဟုတ်ဘူး၊ ပညာအရသော်လည်းကောင်း ၊ လူမှုအဆင့်တန်းအရသော်လည်းကောင်း ၊စီးပွားရေးအရသော်လည်းကောင်းပေါ့၊ တို့အားလုံးချစ်တဲ့ သက်မဲ့ရေမြေတောတောင်၊ သက်ရှိ မိဘဆွေမျိုးတွေနဲ့ ခွဲခွာပြီး ရောက်လာကြတာ .... တခုခုချမ်းသာရာ ရှာမလို့ ( ရေကြည်ရာ၊ မျက်နုရာလို့လည်း ပြောလို့ရပါတယ် ) အကယ်လို့အထက်ပါ အကြောင်းနဲ့ မညီညွတ်ခဲ့ဘူးဆိုရင် ကျွန်ုပ်တို့ ဘာလို့စွန့်ပြီး စင်ကာပူကိုရောက်လာ သလဲလို့သာ ပြန်စမ်းစစ်ကြည့်ရမယ် .........
ချမ်းသာချင်လို့ပေါ့ ........... ၊ ဒီတော့ ဆရာတော်က ဘုရားရှင်ဟောကြားခဲ့တဲ့ ချမ်းသာချင်းတရားပေးပါတယ်၊

၁ ။ ကျန်းမာရမယ်
ပိုက်ဆံတွေ အများကြီးရှာပြီး ကိုယ်မကျန်းမာရင် ဘယ်လိုသုံးမှာတုန်း ၊ ရောဂါအတွက်နဲ့ ကိုယ့်စည်းစိမ်ကို ကိုယ်မခံစားနိုင်ဘူး၊ ကျန်းမာတဲ့နေရာမှာ စိတ်လည်းကျန်းမာရမယ် ၊ ရူးရူးသွပ်သွပ် အစွန်းရောက်နေရင်လည်း ဥစ္စာဓနတွေကို ဘယ်လိုစီမံနိုင်မှာလဲ၊ ဒီတော့ ချမ်းသာဖို့ဆိုရင် ကိုယ်ရော စိတ်ပါ ကျန်းမာရမယ် ။
၂ ။ ကိုယ်ကျင့်တရား စောင့်ထိန်းရမယ်
ပုထုဇဉ်လူသားတွေအဖို့ အခြေခံ ငါးပါးသီလတော့ လုံသင့်ပါတယ်၊ ကိုယ့်အသက် သူများသတ်မှာကို ဘယ်သူမှမကြိုက်သလို သူများအသက်ကိုသတ်ရင် သူတို့လည်းဘယ်ကြိုက်ပါ့မလဲ၊ ဒီလိုမျိုး ဂရုဏထားပြီး မိမိစိတ်နဲ့ယှဉ်သွားရင် ခိုးခြင်း၊ သူတပါးသားမယား ပြစ်မှားခြင်း၊ သူတပါးအကျိုးပျက်အောင် မုသားသုံးခြင်းတို့ကို စောင့်ထိန်းလာနိုင်မှာပေါ့၊ သူရာမေတိယ ကတော့ အလွန်အကျွံလူမှန်းမသိ သူမှန်းမသိမလုပ်အောင် မမှီဝဲလေနဲ့ ၊ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုမထိန်းနိုင်တော့ အထက်က ကံလေးပါးကို ကျုးလွန်နိုင်ခြေ ပိုများတတ်လို့ ၊ ဒီတော့ အခြေခံအားဖြင့် ငါးပါးသီလတော့ လုံပါစေ ။
၃ ။ သူကြီးမိဘ ဆိုဆုံးမစကားကို မပစ်ပယ်နဲ့
ခုခေတ်လူငယ်တွေနဲ့ ရှေးလူကြီးတွေကြားမှာ နည်းပညာဆိုတဲ့ Gap တခုကိုအခွင့်ကောင်းယူပြီး " .....တို့က ဘာသိလိုလဲ့လို ပြန်မပြောဆိုလေနဲ့" ၊ ကိုယ်သိတာတွေ သူတို့မသိသလို ၊ ကိုယ်မသိတဲ့ ဘ၀သင်ခန်းစာတွေလည်း သူတို့မှာ အများကြီးရှိတာကိုး၊ ဒီတော့ သက်ကြီးသူမတွေရဲ့ ဆိုဆုံးမစကားကို နားလည်လက်ခံပေးပါ ။
၎ ။ စိတ်ဓါတ်မကျနဲ့
ကိုယ်ဖြစ်ချင်တာ မဖြစ်ရင်၊ ဖြစ်သလိုသာနေမယ်လို့ ဘ၀ကိုမခံယူပါနဲ့၊ ရ ခါလဲရင် ၈ ခါပြန်ထနိုင်အောင် ကြိုးစားပါ၊ မဆုတ်နစ်သော ဇွဲလုံ့လရှိပါစေ ။
၅ ။ အမြင်ကျယ်ကျယ်ထားပါ
အောင်မြင်ချမ်းသာချင်တဲ့ သူတယောက်က ဗဟုသုတပြည့်ဖို့ လိုပါတယ်၊ Continuous learning ခေတ်ထဲမှာ စဉ်ဆက်မပြတ် လေ့လာပါ၊ ရှာဖွေပါ၊ သုံးသတ်နိုင်ခြင်းဖြင့် ပြည့်စုံပါ ။
၆ ။ အကောင်းမြင်တတ်ပါစေ
ဖြစ်သမျှအကြောင်း အကောင်းကြီးပဲလို့မှတ်ပါ၊ ဖြစ်လာတာတွေကို အပြစ်မတင်နဲ့ ကောင်းသောစိတ်နဲ့ ယှဉ်ပြီး မြင်တတ်အောင်ကျင့်ပါ၊ ဘ၀က ကိုယ့်ကို သံပရာသီးတလုံးပေးရင် ကိုယ်က သံပရာရေ ပြောင်းလဲဖို့ အကောင်းမြင်တတ်ပါစေ ။

သူငယ်ချင်းအားလုံး သာဓုခေါ်နိုင်အောင်လို့ မျှဝေပေးလိုက်ပါတယ် ။

Wednesday, August 5, 2009

သံသရာ

December ၁ ရက်နေ့ ကောင်းကင်ပြာပြာကြီးရဲ့အောက်မှာ အမွဲဇယားကို စတင်ခဲ့ ၊
အဲဒီနေ့က အပူးမထွက်ပါ ။
December ၈ ရက် နှလုံးသားကို ဓါတ်လိုက်ပြီး .... တလုံးပဲလွဲသွားတယ် ။
April ၁၀ ရက် ကျွန်တော့်မွေးဂဏန်းလေး ထွက်သွားတယ် ၊ အို ... အို ... အရူးမူးပဲ ။
May လ ၂၃ ဘ၀တခုလုံး တွက်စားတော့မယ်လို့ လေထဲတိုက်အိမ်ဆောက်ခဲ့ဖူးတာပဲ ... ပျော်မြူးခဲ့ ။
တညလုံးမအိပ်ပဲ ၂ လုံးတွက်ခဲ့ ၊ တဘ၀လုံးဆိတ်သုန်း မွဲရောပဲ ။
ပေးလိုက်ရတာ ဆွဲကြိုးနဲ့ ၊ ပြန်ရလိုက်တာ အကြွေးဇယားတခု ။
October ၁၆ ရက် ပျော်ရွင်ရတဲ့ နေ့တွေရှိသလို ၊ ထမင်းတွေလည်း ငတ်ခဲ့ ။
ပြန်ပေါက်လိုက် ၊ ပါသွားလိုက်နဲ့ အကြွေးနွံထဲ နစ်ခဲ့ ။
February ၉ ရက် ကျွန်တော့်ဘ၀ကွဲပျက် ...................................................... ။

Monday, August 3, 2009

..........တမ်းချင်း





မလိမ်မိုးမလိမ်မာ အရွယ်ထဲက
ပျိုးထောင်ခဲ့ရတာပါ......

ဘယ်တော့များမှ ပွင့်မှာလဲ
စံပယ်ရေ
မင်းရနံ့လေးထဲ
ယစ်ယစ်မူးမူးနဲ့ ပျော်ဝင်ချင်လို့ပါ........

ခုများတော့........
မျှော်လင့်ချက်တွေသာ
အို အို လာတယ်
ငါ့စံပယ်ကတော့
ငြိမ်ချက်သားကောင်းနေတုန်း..............

Sunday, August 2, 2009

စကားပြောသော ပုံတချို့

ဘ၀ဆိုတာတိုက်ပွဲ ၊ ဘယ်တော့မှ အရှုံးမပေးနဲ့

Internet ခေတ်ကြီးထဲမှာဆိုတော့

Team Work ၊ Supervisor တို့ရဲ့ အရေးပါပုံ

အချစ်နှင့် သူ၏ဒသနများ

တရားခံဘယ်သူလဲပြော

Saturday, August 1, 2009

Weddings of Friends .... 21.Dec.2008




Comment မှာဝင်ပြီး ဆုတောင်းပေးလိုက်ရအောင် ........
Cbox အောက်နားက wedding label ကို Click လိုက်ပါ ၊
သူငယ်ချင်းအတွက် ဒီတနေရာတည်းကနေ ဆုတောင်းပေးနိုင်ပါတယ် ၊