ရသလောက်စုတုပြုလိုက်တာ ... အိမ်ထောင်ကျတဲ့ သယ်ရင်းတွေလည်း ခုဆိုကလေးတွေဘာတွေ ချီနေကြပြီ၊ တချို့တွေကလည်း မကြာမှီလာတော့မည်ပေါ့၊ ဘယ်ရယ်ညာရယ် မဟုတ်ပေမယ့်၊ သားရှင်ကတော့ အတော်ရှားသပါ့ ... ။
ကိုသန်းအေးစိုး ( သားရှင် )
အသိန်း ( သားရှင် )
ဘာဘူကြီး
မောင်မိုး
ဆရာပြောင်
အာကုတ်
ဆရာဆွေ .....
အဲ .. ပထမပိုင်းပြီးဆုံးချိန်မှာတော့ (0-1) ပါခင်ဗျ၊ ဒုတိယပိုင်း မှာတော့ ချေပဂိုး / အနိုင်ဂိုးများသွင်းယူ နိုင်မလားဆိုတာကတော့ ချစ်သော ပရိသတ်ကြီးခင်ဗျား ... ဆက်လက်စောင့်မျှော်ကြရအောင် ။
အထူးလျှို့ဝှက်သတင်းအနေနဲ့ တယောက်သောသူသည် နို့မုန့်ဗူးများ လိုက်စုနေသည်မှာ စင်ကာပူတနိုင်ငံလုံးရှိ ကလေးအမေများ နို့မှုန့်ငတ်တဲ့အထိ ပစ္စည်းပြတ်သွားကြောင်းနှင့် ....
Zee Zee,Mg King,Chaung Chaung နှင့် ဗိုလ်လောင်းတို့သည်လည်း ပြတ်ပြတ်သားသား result တခုကို ရှာဖွေနေကြောင်း ၊ သတင်းကောင်းပါးလိုက်ရပါတယ် ။
Saturday, February 26, 2011
Friday, July 30, 2010
Tuesday, April 6, 2010
Monday, February 8, 2010
ဒေါ်လာ လဲမလား
ရန်ကုန်မှာရှိစဉ် Service Plus မှာတုန်းက တခါတရံ ရုံးကခိုင်းလို့ အစိမ်းတွေ သွားရောင်းဖူးတယ်၊ ရောင်းပြီးဆိုတော့လည်း ဟိုကပေးတဲ့ဈေးအတိုင်းပဲ ယူရတာ၊ ညီလေး ဒေါ်လာက နဲနဲနွမ်းတယ်၊ အတန်ကြီးဆိုရင်တော့ ဈေးအကောင်းသား၊ အကြွေတွေကများတော့ ဈေးနဲမယ်နော် .. တဲ့ ။ ဟုတ်ကဲ့ ဘယ်တတ်နိုင်မလဲ၊ ရတဲ့ဈေးနဲ့ရောင်းပေါ့၊ ဆူးလေနားမှာသွားရောင်းရင်တော့ သတိသာထား ကိုယ့်လူ ။ ဈေးကတော့ ပိုပေးသရောင် သရောင်နဲ့ ကိုယ့်ဆီကဖြောင်ဖို့များတယ်၊ သူတို့အကွက် အမြင့်သား၊ ကိုယ်က ဒေါ်လာပေးရင် သူတို့က ထောင်တန်ပြန်ပေးမယ်၊ သူတို့ပေးတဲ့ အထုပ်ထဲမှာ ထောင်တန်တွေကို အလယ်လောက်နားမှာ ခေါက်ချိုးထည့်ထားတာ၊ များများလဲရင် ပိုလုပ်လို့ကောင်းလေပဲ၊ သေချာစစ်မယ် ဆိုရင်လည်း .. အကို ရဲတွေလာနေပြီး၊ မြန်မြန်စစ် ...မြန်မြန်စစ်... ပြေးပြေး ဆိုပြီးအလျှိုလျှိုထွက်သွားလိုက်တာ ကိုယ်တယောက်ထဲဆိုရင် ရွာလည်ပြီးသာမှတ် ( ရန်ကုန်မြို့လယ်မှာ ) ၊ စင်းဒေါ်လာလဲမယ်ဆို ပိုဆိုးသေး၊ ၀ယ်လက်ရှားတော့ ဈေးကပိုနှိမ် ... ဒီကလူကလည်း မျက်ဖြူဆိုက်တော့ ဆရာတွေက သိပ်ကြိုက်ပဲ။ အဲ .. ရှိသေးတယ် စင်းဒေါ်လာ ၅၀ ကမြန်မာပြည်မှာ အကြွေတဲ့၊ ကဲမှတ်ပြီးလား။ နောက်တခါ စင်းကိုမြန်မာပြည် ပြန်လဲရင် ၁၀၀၀ တန်သာယူသွားဗျို့ ။
Labels:
စိတ်ကူးချိုချို
Friday, January 1, 2010
၃၁ ဒီဇင်ဘာည ***
ခရီးစတော့

ဒီလမ်းလေးအတိုင်း

အထုပ်ကိုယ်စီနဲ့ တက်လိုက်ကြတော့

ဒီနေရာရောက်လာတာပေါ့

မောင် King ရဲ့ စတိုင် (စတင်ခြင်း)
- ကာယကံရှင်မှ တရက်၂ ခါ တောင်းဆိုမှုအရ delete လိုက်ပါ၏
ပျော်ရွှင်ပြုံးပျော် သရုပ်ဖော်

Happy New Year - 2010 ( အမြင့်ဆုံးတနေရာမှ )

Faber Point

မာကျူရီ မီးလုံးများအောက်

အနာဂတ်ရဲ့ လူပျိုလောင်း

ဘကြီးနဲ့ ရောင်းရင်းများ

My friends

Status Of Liberty - ( စင်ကာပူ )

ပထမဆုံး အပြင်မှာဆုံဖြစ်ကြတဲ့ တညပါ၊ လူမစုံတော့ နဲနဲနဲ့ ကျဲကျဲဝိုင်းရတာပေါ့၊ လာချင်ပေမယ့်လည်း မလာနိုင်တဲ့သူတွေရှိသလို၊ တကယ်မလာတဲ့သူတွေလည်း မရောက်လာကြပါဘူး၊ ၀တ္တုရားမပျက် ဖုန်းဆက်တဲ့ သူငယ်ချင်းများလည်းရှိတော့လည်း စည်ကားသလိုပါပဲ၊ ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ နောက်တကြိမ်ဆုံကြဖို့ အကြောင်းတရားတခုက တစုံတယောက်က သူရဲ့ anniversary ကို Faber Point မှာကျင်းပ ၊ henderson wave ပေါ်မှာမီးဖိုပြီး BBQ လုပ်မယ်ဆိုတဲ့ အကြောင်း ........ သတင်းကောင်းပါးအပ်ပါတယ် ။
All of my friends , Happy New Year to you .
photo : mg nay lynn (help with drunk)

ခရီးသွားမှတ်တမ်း
Subscribe to:
Comments (Atom)