Friday, July 31, 2009

ကြေးအိုး ရာဇ၀င်

      နေကလည်း ချစ်ချစ်တောက်ပူ၏၊ ထိုနေနှင့် လိုက်ဖက်စွာပင် လမ်းများမှာလည်း တံလျှပ်များ .... ပြိုးပြိုးပြက်ပြက်နဲ့ နွေအပူကို အံတုနေသလို၊ ထိုသို့ ပူပြင်းလှသော အချိန်တွင်ကား ခွေးတကောင်၊ ကြောင်တမြီးမှ အပြင်သို့မထွက်ချင်ကြ၊ ဤသို့ဖြင့် ထိုနေရာ ထိုရွာလေးမှာ တိတ်ဆိတ်မှု၏ လွှမ်းခြုံခြင်း ခံထားရသရောင် ၊ အမှန်တွင်ကား ..................... အားလုံးမျက်နှာမကောင်းကြ ၊ အကြောင်းမှာ တရွာလုံးတွင် အားကိုးလေးစားမှု အပေါင်းခံယူထိုက်သော ဘကြီးတော် မှာကိုယ်လက်မသာမယာဖြစ်ကာ အဖျားသွေးတိုး နေသောကြောင့် ပေတည်း၊ သက်ဆိုင်ရာဝန်မင်းများမှာလည်း တဆောင်ဝင်၊ တဆောင်ထွက်ဖြင့် အလုပ်များနေကြသည်၊ ၀န်မင်းများအားလုံးက တညီတညွတ်တည်း ဘကြီးတော်ကို အနောက်တိုင်း ဆေးပညာနှင့် ကုသမှု ခံယူစေချင်ကြသော်လည်း ဘကြီးတော်မှာ ခေါင်းမာလှစွာဖြင့် ငြင်းဆံပြီးနေလေ၏ ၊ ၇ွာမှအားကိုးရသော သမားတော်မှာလည်း ဘကြီးတော်အား အမြန်ကုသနိုင်စွမ်း မရှိ ၊

      ဤသို့အခြေနေတွင် ဘကြီးတော် ဆန္ဒကိုဖြည့်ဆည်းပေးရုံမှတပါး အခြားမရှိတော့ပေ၊
ဘကြီးတော်မှာကား ချဉ်ခြင်းဖြစ်သည့်အလျှောက် တိုင်းတပါးတရုတ်ပြည်မှ နာမည်ကြီးဆေးမြစ်များ၊ သစ်ရွက်သစ်ဖုများဖြင့် စီမံချက်ပြုတ်၍ ကြေးအိုးဖြင့်သာ သောက်သုံးရသော စွတ်ပြုတ်ကိုသာ တမ်းတနေလေ၏၊ ဤသို့ဖြင့် ၀န်မင်းများ ခေါင်းခြင်းရိုက် တိုင်ပင်ကြပြီးသကာလ နောက်ဆုံးတွင်တော့ ၂ဘီးတပ် စီးတော်ယဉ်ကို ကျွမ်းကျင်စွာ မောင်းနှင်တတ်သော အတွင်းဝန်ကလေး (သူက အကောင်နည်းနည်းသေးတော့ ၀န်ကြီးရာထူးမရပါ ) နှင့် စားတော်ကဲဝန်ကြီး မောင်မောင်းတို့ ၂ ယောက်အား ဝေးလံခေါင်ဖျားလှသော မြို့ဆီသို့ ကြေးအိုးအ၀ယ်တော် လွှတ်လိုက်လေတော့၏ ၊ ၀န်မင်း ၂ ဦးမှာလည်း အမိန့်တော်ကို ဦးဆွေးဆံမြေ့ သယ်ပိုးမည်ဟု သစ္စာပြုကာ မြို့သို့အသော့နှင့်လေပါတော့တယ် ( ဦးဆွေးဆံမြေ့လွန်းလို့ ၎င်းဝန်ကြီးတဦးမှာ ဆံပင်များပင်ပြောင်နေကြောင်း .. စကားချပ်)

ဆက်ရန် ။ ။ ......

Thursday, July 30, 2009

နည်းနည်းတော့ရယ်ပါ ...

မေးခွန်း
ကလေးတစ်ယောက်က လမ်းပေါ်မှာ ငိုနေသတဲ့၊
အဲဒါကိုတွေ့တဲ့ လူကြီးတစ်ယောက်က " ဘာဖြစ်လို့ ငိုနေတာလဲ ကလေး "
အိမ်မှာသား ဖေဖေနဲ့ မေမေ ရန်ဖြစ်နေလို့ပါတဲ့ .. ကလေးက
လူကြီးက " သြော် ... မငိုပါနဲ့ မင်းအိမ်ကို ဦးဦးပြန်လိုက်ပို့ပေးမယ်၊ မင်းဖေဖေက ဘယ်သူတုန်း " လို့လဲမေးလိုက်ရော ....
သားဖေဖေကလဲ အဲဒါကိုပဲ မေးမေးပြီး မေမေ့ကို ရိုက်နေတာတဲ့ ...... ။ ကလေးက

သတိထား
သားငယ်သည် အမေဖြစ်သူအား ရှေ့ကကြည့်လိုက် နောက်ကကြည့်လိုက် ဘေးတိုက်ကြည့်လိုက်နှင့်
အပြန်ပြန်အလှန်လှန် ကြည့်သည် ၊
ကြာသော် အမေဖြစ်သူ စိတ်မရှည်တော့သည်နှင့် ၊
" ဟဲ့ ကောင်လေး ဘာဖြစ်လို့ ငါ့ကိုဒီလောက်ကြည့်နေတာလဲ "
ဖေဖေက အိမ်က အိမ်ဖော်ကိုပြောတယ်၊
" ငါတို့ နှစ်ယောက် နေတာ ထိုင်တာ သတိထားရမယ်၊ ငါ့မိန်းမရဲ့ နောက်စေ့မှာလည်း မျက်စိပါတယ် " ဆိုလို့တဲ့

ချက်စားလိုက်တော့မယ်
တစ်ခါက လူသားစားတဲ့တောက လူရိုင်းသားအဖဟာ အိမ်မှာချက်ဖို့အသားမရှိတော့တာနဲ့ မြီု့အစွန်နားအထိတက်လာကြတယ် ၊
တွေ့တဲ့သူကိုဖမ်းခေါ်လာပြီး ချက်စားဖို့ပေါ့ ၊
ဒီလိုနဲ့လူအရိပ်အခြေစောင့်နေတုန်း သူတို့နားကိုမိန်းမ ပိန်ပိန်တစ်ယောက် ဖြတ်လာတော့ သားက
" အဖေ ၊ အဲဒီမိန်းမကို ချက်စားရအောင် ဖမ်းသွားမလား " ဆိုတော့ အဖေက " နေဦး ဒီမိန်းမက ပိန်လွန်းတယ်၊ အရိုးကြီးပဲ စားလို့မကောင်းဘူး " နောက်တစ်ယောက် ဆက်စောင့်ကြမယ်တဲ့၊
ခနနေ မိန်းမ၀၀ တစ်ယောက်ဖြတ်လာတော့ သားက
" ဒီတစ်ယောက်က ၀၀တုတ်တုတ်ကြီး စားလို့ကောင်းမယ်၊ ဖမ်းသွားရအောင် " ဆိုတော့ အဖေက
" ဒီတစ်ယောက်က ၀လွန်းတယ် အဆီလည်းများမယ် စားလို့ကောင်းမှာ မဟုတ်ဘူး " တဲ့ ဒီလိုနဲ့ စောင့်ကြည့်နေရင်း ကိုယ်လုံးကိုယ်ထည် လှလှပပ မိန်းမတစ်ယောက်ဖြတ်လာတယ်၊ သားကလည်း " အဖေ ၊ ဒီတစ်ယောက်ဆို အနေတော်ပဲ၊ ပိန်လည်းမပိန် ၀လည်းမ၀ဘူး ၊ ဖမ်းသွားရအောင် " လို့မေးတယ်။
အဖေကလည်း " ဟုတ်တယ်၊ ဒီတစ်ယောက်ကအတော်ပဲ။ ဖမ်းသွားရအောင်၊
အိမ်ရောက်ရင် မင်းအမေကိုချက်စားကြတာပေါ့ သားရယ် " တဲ့ …

Monday, July 27, 2009

ခရီးသည်

ဟောဒီမှာ
အိပ်မက်တွေ တနင့်တပိုးနဲ့
စုန်းစုန်းမြုပ်နေသူပေါ့.......

ဟိုးအဝေးကြီးက လာခဲ့တာပါ
မျှော်လင့်ချက်တွေနဲ့လေ
လမ်းတွေကမဆုံးသေးဘူး........

မရှိသေးတာတွေ ရှာဖွေဖို့
သူ စွန့်ခဲ့တယ်
ရွာကလေးကို
ပြီးတော့ မြို့ကလေးကို...
နောက်...မြို့ကြီးကို....
နောက်ထပ်........နောက်ထပ်......

အင်း မရှိသေးတာတွေလား
ရခဲ့ပါတယ်......ဒါပေမယ့်
ရှိနေတဲ့အရာတွေ ဆုံးရှုံးသွားခဲ့တယ်......

မွန်းကျပ်တယ်
မွန်းကျပ်တယ်
ပြန်ပေးပါလား
ဟို အဝေးကွင်းပြင်ထဲက
လရိပ်ပြာရဲ့ ရင်ငွေ့လှုံခွင့်
.............................
.............................
ခုတော့ မွန်းကျပ်လိုက်တာ......

တကယ်ပြောတာပါ
ဟောဒီ Concrete Jungle ကြီးထဲ
ဘယ်သူပျော်ရဲလဲ.....
လေးဖြူရဲ့ အမဲလိုက်အက
ငါတို့တွေကရော.....ဘာလဲ....

ဟောဒီသံသရာခရီး
မပြီးဆုံးသေးတဲ့ လမ်းတွေလှမ်းဖို့
နေသားတကျ မဲ့နေတဲ့
နှုတ်ခမ်းတွေနဲ့ ပြုံးတက်ဖို့ လေ့ကျင့်ရဦးမယ်.......
်

နွေးသွားရအောင် ..........


      မိုးအေးနေရင် ကော်ဖီတခွက်သောက်သွားပါအုံးလား သူငယ်ချင်း ၊ ကုန်အောင်သောက်နော် ။ :P

Sunday, July 26, 2009

ခြေဦးတည့်ရာ .. Vivo


Post ကြီးကြီးတွေ ပေးထားတာမှ အိုင်တင်အပြည့်ပဲ ... တယောက်ဆို ရှိသမျှ အိတ်တွေအကုန်ဆွဲထားလေရဲ့ (အော် ..ဘ၀ ဘ၀)



ခန့်ခန့်ကြီးတွေ ပါသလို ၊ အပွင့်တွေလည်း မြိုင်မြိုင်ပေါ့



မုန့်ဝေမယ်ဆိုလို့ မျှော်လင့်ချက်လေးတွေနဲ့ အောက်ကနေပြီး ကြည့်နေကြလိုက်တာ





      ခံစားလို့ကောင်းတဲ့ ညပိုင်းအလှ၊ တဖြည်းဖြည်းနိမ့်ဆင်းလာတဲ့ deck အပေါ်ကနေ လမ်းလျှောက်ရတာ တမျိုးတော့အဆန်းသား၊ ရေပြင်ကိုဖြတ်ပြီး တိုက်လာတဲ့လေကလည်း လန်းလန်းဆန်းဆန်းနဲ့ ၊ တချို့တချို့တွေက အိမ်ပြန်မယ်ဆိုပြီး ဂျီကျနေလေရဲ့၊ ထိုနေ့က မထင်မှတ်ပဲ အစီစဉ် ဖြစ်သွားတယ၊် ဒီလိုမျိုး မသွားဖြစ်ကြတာ အတော်ကြာပြီးပေါ့၊ Palau Ubin ပြီးကတည်းကထင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် နောက်တခါ လူစုံပြီး ပျော်ချင်တဲ့ ၃၁ ဒီဇင်ဘာညကိုတော့ အားခဲထားလေရဲ့ ၊ဒီနေ့ကတော့ ကစားမလား နားမလားပေါ့ ၊ တကယ်တော့ ရိုက်လည်းရိုက်၊ နားလည်းနား၊ စားလည်းစားတယ် ။ MMO ရဲ့ Budget လေးတွေလည်း လမကုန်မှီပြောင်သွားတော့သလို ထိုအထဲတွင် စစ်ကူပေးတဲ့သူလည်းရှိပါ၏ ၊ ဤသို့ဖြင့် ရိက္ခာပြတ်တောက်မှုနှင့် ကြုံသွားသော MMO မှာ အကြံကုန်၍ ဂဋ္ဋုန်ဆားချက်ပါတော့သည် ၊စဉ်းစားနေသော schedule မှာ အောက်ပါအတိုင်းဖြစ်၏ ။ လစ်လပ်လျှက် ရှိသော နေရာများအား invitation လုပ်နိုင်ပါသည်။ ဦးရာလူစနစ် .............

26 Sun --> Lunch @ Chaung Chaung's Resident / Dinner @ Mg Mg's Resident
27 Mon --> Awaiting invitation
28 Tue -->Dinner @ BoPhyu's Resident
29 Wed -->Awaiting invitation (whole day)
30 Thu --> Dinner @ BoPhyu's (or) Pyaung Pyaung's Resident
31 Fri --> No more need invitation ( Budget will full again on the day )