Monday, August 31, 2009

Blog Day ( 31-August )

Blog Day 2009


What is BlogDay?
BlogDay was created with the belief that bloggers should have one day dedicated to getting to know other bloggers from other countries and areas of interest. On that day Bloggers will recommend other blogs to their blog visitors.
With the goal in mind, on this day every blogger will post a recommendation of 5 new blogs. This way, all blog readers will find themselves leaping around and discovering new, previously unknown blogs.

BlogDay initiator Nir Ofir ရဲ့ 31 ရယ် 08 ကို ပေါင်းထားတဲ့ 3108 (blog) ဆိုတဲ့ အဆိုပြုချက်လေးကနေ ယနေ့ Blog Day ၅နှစ်တိုင်ခဲ့ပါပြီး ။ ...........

Friday, August 28, 2009

ဒီစာကို မဖတ်ပါနဲ့

      ဒီစာကို မဖတ်ပါနဲ့။ ကျနော်ပြောမယ်။ ဒီစာကို မဖတ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဒီစာကို ဖတ်လို့ ခင်ဗျားအတွက် ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး။ တကယ် အကျိုးမရှိလို့ မဖတ်ရဆိုပြီး ခေါင်းစဉ် တပ်ထားတာပေါ့။ ခင်ဗျား ဆက်ဖတ်တာဟာ ခင်ဗျားရဲ့ ရွေးချယ်ပိုင်ခွင့်ပါ။ တားမြစ်လို့ မရပါဘူး။ ဒါပေမယ့် လုံးဝ မဖတ်ဖို့ ကျနော် ပြောချင်ပါတယ်။ ပြောနေရင်းနဲ့တောင် ခင်ဗျား ဆက်ဖက်နေသေးတယ်နော်။ ကျနော်က ခင်ဗျား အတွက် ပြောနေတာပါ။ ခင်ဗျား ဒါကို နားမထောင်ဘဲ ဆက်ဖတ်နေတာ ခင်ဗျားအတွက် အကျိုး လုံးဝ မရှိလို့ပါ။ အခုတောင် ခင်ဗျား ဖတ်လာတာ စာကြောင်းရေ တော်တော်များလာပြီ။ ကျနော်က ခင်ဗျား အကျိုးကို ရှေးရှူပြီး မဖတ်စေချင်တာပါ။ ဆက်မဖတ်နဲ့တော့နော်။ လုံးဝကို အကျိုး မရှိဘူး။ အကျိုး လုံးဝလုံးဝ မရှိပါ။ အကျိုးမရှိတာကို မြန်မာလို ဒီထက်ရှင်းအောင် ကျနော် ပြောမပြတတ်တော့ဘူး။ အလားတူဘဲ .. မဖတ်ပါနဲ့ကိုလည်း ဒီထက်ရှင်းအောင် မြန်မာလို ရှင်းမပြတတ်ဘူး။ ဒီတော့ ရှင်းရှင်းပြောမယ်။ ဆက်မဖတ်နဲ့။ ပြောနေရင်းနဲ့တောင် ခင်ဗျားဖတ်လာတာ များသထက် များလာပြီ။ ကျနော် ဘယ်လိုပြောရမလဲဗျာ၊ မဖတ်ပါနဲ့။ ဟုတ်ပြီလား၊ မဖတ်နဲ့တော့။ ဒီစာထဲမှာ ဘာမှပါမှာ မဟုတ်လို့ မဖတ်နဲ့လို့ ပြောနေရတာပေါ့ဗျာ။ လူ့စိတ်ကလည်း အခက်သား၊ မဖတ်ပါနဲ့ဆို တိုးလို့ဖတ်ချင်တယ်။ ခင်ဗျား တိုးလို့ဖတ်လေ၊ ကျနော်က မဖတ်ဖို့ တားမြစ်ရလေဘဲဗျာ။ မဖတ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ မဖတ်စေချင်လို့ပါ။ အခုပြောရင်းနဲ့ စာတောင်တော်တော် ရှည်သွားပြီ။ ဒါပါဘဲခင်ဗျာ

တိုက်နီကြီးနှင့် ဘုံကြိုးပြတ်သော ညတည - ၁

      "ဟေ့ မင်းတို့အဆောင်က အေးဆေးပဲလား” တဲ့

      ဤမေးခွန်းကို အဆောင်ပြောင်းကာစ အဆောင်သစ်မှာအဆင်ပြေလားထက် အမေးခံရဆုံးသော မေးခွန်းတခုဖြစ်လာ၏၊ သူငယ်ချင်းတွေသာမက အပြင်လူတွေပါ စကားစပ်မိရင် ထိုအကြောင်းရာ ရောက်သွားတတ်သည်၊ “အေးဆေးပါပဲ အဆင်ပြေပါတယ်” လို့ပဲဖြေလိုက်မိတယ်၊ ဟုတ်ပါတယ် ကျွန်တော့်အတွက်အဆင်ပြေတာကိုး၊ ထိုအဆောင်သည်ကား ပြည်မြို့၏ အထင်ကရ အဖြစ်ဆုံးသော တိုက်နီကြီး ( PTU ကျောင်းသားများ သီးသန့် ) အဆောင်ပင် ဖြစ်လေတော့သည်၊

      အဆိုပါတိုက်နီကြီးကား ပြည်မြို့၏ အချမ်းသာဆုံး စာရင်းဝင်သူငှေးကြီးဦးဝင်းမြ ပိုင်ဆိုင်သောဂေဟာ ဖြစ်သလို သူငှေးကြီးဦးဝင်းမြမှာလည်း ပြည်မြို့ရွှေဆံတော်ဘုရားဒါယိကာ သူငှေးတစ်ယောက်၊ ဆန်စက်၊ ဆီစက်များအပြင် လယ်ခြံမြေမှာမြောက်များစွာ ပိုင်ဆိုင်သကဲသို့ ထိုခေတ်အစိုးရနှင့်လည်း ဆွေမျိုးအရင်း တော်စပ်လေရာ ၎င်းနေထိုင်ခဲ့လေသော ထိုတိုက်နီကြီးမှာ ပြည်မြို့တွင် ကျော်ကြားလှပေသည်။ အနောက်တိုင်း ဗိသုကာအတိုင်း ခမ်းနားစွာသော အိမ်ကြီးရခိုင်ကို အနီရောင်အုတ်ချပ်များဖြင့် တည်ဆောက်ထားခြင်းဖြစ်ရာ ဆေးသုတ်စရာမလိုပဲ တိုက်ကြီးမှာ အနီရောင်သန်းနေလေ၏၊ တိုက်ကြီးနဲ့လိုက်ဖက်စွာ ခြံဝင်းမှာလည်း လမ်းကြားလေးအတိုင်း ရှည်မြောစွာရှိလေ၏၊ ဤသို့အစဉ်ဆက်နေထိုင်လာကြလေရာ နောက်ဆုံးသူငှေးကြီး၏ ချွေးမနှင့်မြေး၎ယောက်သာ ကျန်ရှိလေတော့သည်၊ သားယောက်ျားလေးများ ဖြစ်ကြသည့်အလျှောက် ရှေးအရှိန်ဝါဖြင့် စိတ်ထင်တိုင်းကြဲပြီး နေထိုင်ကြသဖြင့် သား၃ယောက်မှာ လောက၏ သားကောင်ဖြစ် ငယ်ရွယ်အချိန်မှာပင် ဘ၀ဇတ်ပြီးဆုံးခဲ့လေ၏၊ နောက်ဆုံး သားအငယ်ဆုံး (ကျွန်တော်တို့အရွယ်) နှင့်သာ ထိုအန်တီကြီးမှာ ဘ၀ကို ရှေ့ဆက်ရလေတော့သည်၊ အိမ်ကြီးကို PTU အဆောင်လုပ်ပြီး၊ ခြံဝင်းထဲတွင် ကားဝပ်ရှော့၊ လက်ဘ္ဘရည်ဆိုင်၊ တက္ကသိုလ်ကျုရှင်ပြသော နေရာ အစရှိသည်ဖြင့် ခြံ၏နောက်ပိုင်းတွင် နေရာချပေးပြီး ၎င်းတို့မှရရှိသော အဖိုးခဖြင့်သာ ဆက်လက်ရှင်သန်နေကြ၏၊ ထိုအန်တီကြီးမှာ သားများကို ချစ်သည့်အလျှောက် ကျွန်တော်တို့ အပေါ်တွင်လည်း သူ့သားအရင်းများကဲ့သို့ပင် ပြောဆိုဆက်ဆံ နေလေတော့သည်။

ဤသို့ဖြင့် PTU ကျောင်းသားများဖြင့် ပျော်ပါးစည်ကားလျှက်ရှိသော တိုက်နီကြီးမှာ ဘာမှမဖြစ်သရောင်နှယ် အေးဆေးစွာရှိနေသော်လည်း ကျွန်တော်တို့ နောက်ဆုံးနှစ် ရောက်ချိန်တွင်ကား .............

Thursday, August 27, 2009

"One of the NTU's Convocation"


NTU convocation : အခန်းနားမစမှီ ၁နာရီစာလောက် projector နဲ့ ပြောချင်၊ ပေးချင် တဲ့ message တွေကိုပြထားပေးတယ်၊ အခန်းနား စတော့ နိဒန်းစကားပြောတယ်၊ projector တွေနဲ့ live ပြထားပေးတယ်၊ သက်ဆိုင်ရာ department ကဆရာတဦးဦးက မှာတမ်းချွေတယ်၊ ပြီးတော့ ဘွဲ့လက်မှတ်အပ်နှင်း .... ကျောင်းသားထဲမှ တဦးက အားလုံးကိုယ်စားစကားပြော၊ အခမ်းနားသိမ်းတယ် Buffet စားပြီး အိမ်ပြန်တယ် ။

NUS convocation : အခန်းနားမစမှီ ၁နာရီစာလောက် projector နဲ့ ပြောချင်၊ ပေးချင် တဲ့ message တွေကိုပြထားပေးတယ်၊ အခန်းနားစတာနဲ့ ဘွဲ့လက်မှတ်စပေးတယ်၊ ကျောင်းသားတစ်ယောက်ချင်း ဘွဲ့ယူစဉ် projector မှာနာမည်နဲ့တကွ ဖော်ပြပေးတယ်၊ ကျောင်းသားထဲမှ တဦးက အားလုံးကိုယ်စား စကားထွက်ပြောပြီး၊ အခန်းနားသိမ်းတော့ အပေါ်ကနေ ပူဖောင်းနဲ့ ရွှေရောင်ကြိုးတွေ ကြလာတယ်၊ ဘော်လုံးဖောက်သံတွေနဲ့ ခမ်းမတခုလုံး စိတ်လွတ်ကိုယ်လွတ်ပျော်နေတဲ့ မြင်ကွင်းကို ခံစားလို့ရတယ်၊ ထုံးစံအတိုင်း နောက်ဆုံး Buffet နဲ့ပိတ်တယ် ။

Tuesday, August 25, 2009