ဘာလိုလိုနဲ့ ဘလော့ပေါ်ကနေပျောက်နေတာ တော်တော်ကြာ သွားပေါ့။ ကျွန်တော်တို့လည်း ဖိတ်ခေါ်ဖလား ကန်ပြီး တော်တော်ပင်ပန်းသွားပြီ (ပွဲကစားချိန် ရှည်တာကိုး )။ ထားပါလေ ဒီတစ်ခါပြောချင်တာ ကတော့ website လေး တစ်ခုကိုညွှန်းချင်လို့ ။ အဲဒီနေရာ မှာ မြန်မာစာအုပ် တော်တော်များများ ရှိတယ် English စာအုပ် တွေလည်း ရှိတယ် Engineering စာအုပ်တွေရော ပဲ။ တော်တော်လည်း စုံတယ် ပြီးတော့ စာအုပ်တွေကို သူ့ server ပေါ်မှာပဲ တင်ထားတော့ down load လည်း လွယ်တယ်။ ဒီနေရာ ကိုသွားလိုက်ပါ member တော့ လုပ်ရပါမယ် ပြီးရင်တော့ ကြိုက်တာ dwonload ပြီး ဖတ်ပေတော့ ဗျို့.......
P.S...... MMO ရေ link လေးချိတ်လိုက်ရင် ကောင်းမယ်ထင်ရဲ့..
Monday, September 28, 2009
Sunday, September 27, 2009
ဖိတ်ခေါ်ဖလား
ယမန်နေ့ အထူးဖိတ်ခေါ်ဖလား ပြိုင်ပွဲမှာ တက်ရောက်သူများ စုံလင်လှပါသည်၊ တနှစ်ကျော် အတွင်း ပထမဆုံး လူစုံတက်စုံ ပြန်ကစားနိုင်ကြသောကြောင့် ဖြစ်သည်။ ကျင်းပချိန်မှာ အစီစဉ်အတိုင်းသာ စဖြစ်သော်လည်း ပွဲချိန်ပြည့်ကစားရသည့်အပြင် အချိန်ပို ပင်နယ်တီ သုံးသပ်ချက်များကို ဝေေ၀ဆာဆာ Theory နှင့်တကွ ရှင်းရှင်းလင်းလင်း ငြင်းကြသည့်အတွက် ပွဲပြီးချိန်မှာ အတော်စောခဲ့လေသည် ( မှတ်ချက်။ ။ မနက် ၄:၃၀ တိုင် ) ၊ ပွဲချိန်အတွင်း ထူးခြားဖြစ်စဉ် အချို့ကို မှတ်တမ်းတင်ထားရာတွင် .....................
- EPL ပရိတ်သိတ်အချို့မှာ အနိုင်ကြောင့် ပျော်ရွှင်ရသော်လည်း၊ အချို့မှာမူ မပျော်ရွှင်ဖြစ်ခဲ့ရသည်၊
- ပုဇွန်စဉ်းကော နှင့် ကြက်ခြေထောက်စွတ်ပြုတ်တို့မှာ ထို့နေ့အတွက် ပေါ်ပြူလာဖြစ်ခဲ့ပြီး နောက်လာမည့် challenge ..... Green Label Cup အတွက်ပင် sponsor ဘက်မှ ကြိုတင် ကမ်းလှမ်းမှုများ ရှိနေကြောင်း၊
- ပွဲအစတွင် ထူးထူးခြားခြား ခြွေစွာ၍ တပွဲလုံးကို မွှေနှောက်ထိုးဖောက် ထိန်းမရ သိမ်းမရ ဖြစ်နေသော်လည်း အဆိုပါ ကစားသမားမှာ ပွဲချိန်ကြာလာသည်နှင့် အမျှ ခြေကြ၍ စောစီးစွာ အိပ်ပျော်သွားခြင်း ( ရို့ရို့ ၀ှက်စ် စ ၀ှက်စ် ... ထိုကစားသမားအား ဂုဏ်ပြုအပ်ပါသည် )
- အချို့မှာလည်း ပွဲချိန်အတွင်း ပေါ်လွင်စွာ လက်စွမ်းပြလိုက်မိ၍ အနီကပ်နှင့်ပွဲပယ်- ၃ ပွဲ မိသွားပါသည် ( အချို့ကလည်း ရာသက်ပန် banned မည်ဟု သတင်းများ ထွက်ပေါ်လာပါတယ် )
- Soil test - ပိုင်စိုက်ခြင်း - failure analysis ဖြစ်စဉ်အဆင့်ဆင့်ကို failure analysis နှင့်သက်ဆိုင်သည်ဟု ယူဆရသူတဦးအား EC မှလူငယ်တဦးက procedure အတိုင်း ကွက်ကွက်ကွင်းကွင်း ရှင်းပြရာတွင် မှန်ကန်နေသည့်အတွက် RE များမှပင် comment မပေးနိုင် ဖြစ်ခဲ့ပါသည် ( ရှင်းပြရာတွင် လက်ညှိုးထိုးပုံ၊စကားသံအနှိပ်အမြင့်၊အကြည့်၊ ကိုယ်ခန်ဓာ ကစားပုံတို့ဖြင့် အားလုံးမှင်သက် သွားလောက်အောင် အာရုံဖမ်းစားသွားပုံမှာ တကယ်ပင် ချီးကျူးထိုက်ပါသည် )
- အားလပ်ချိန် ၁၅ မိနစ်တွင်အချို့က ကြေငြာ၍ ဆေးများ ခြင်းတောင်းနှင့်ကိုင်၍ လိုက်လိုက် ဝေပေးပါ၏၊ အချို့မှာ ဆေးရရှိသူ စာရင်းမှာပါသော်လည်း တစ်ယောက်သောသူမှာ လက်ဆုပ်လက်ကိုင်မရှိသော်ကြောင့် ကြားနာသူ အဆင့်ဖြင့်သာ ကြေနပ်လိုက်ရသည် ( ထိုသူမှာ ဆေးမရသွားပါ )
-လူသစ်တန်း လူငယ်တဦးမှာကား ပွဲပြီးအောင် မကစားပဲ သုတ်ခြေသင် ကစားကွင်းမှ ထွက်သွားကြောင်း၊ ( အကြောင်းတဆုံတရာ ရှိခြင်းကြောင့်လည်း ဖြစ်နိုင်၏ ထိုသူမှာကား အိမ်အပြန် မုန့်ရသွားသော ကလေးနှယ် ပြုံးပြုံး ... ပြုံးပြုံး နှင့် )
-အချို့မှာ အနှစ်နာခံကာ ၎င်းအိပ်ရာပေါ်တွင် သွားအိပ်ဟု သူငယ်ချင်းတိုင်းကို ပြောလေရာ အပြောခံရသူတိုင်း တကယ်အိပ်ပါက လူ ၅ ယောက်လောက် ထိုအိပ်ယာတွင် အထပ်အိပ်လိုက်ရမည် ဖြစ်သဖြင့် နောက်ဆုံး အတော်မှုတ်တဲ့ မော်တော်ဘုတ် တစီးကိုသာ နေရာပေးလိုက်ရကြောင်း၊
ဤသည်မှာ ဖိတ်ခေါ်ဖလား ထူးခြားဖြစ်စဉ် အကျည်းချုပ်ပင် ဖြစ်ပေတော့သည် ..........................................ကွိ

Labels:
မှတ်တမ်း
Friday, September 25, 2009
လက်ထပ်လက်စွပ်နဲ့ ယုံတမ်းစကား
လက်ထပ်လက်စွပ်ကို ဘာကြောင့်များ လက်သကြွယ်မှာ ၀တ်ရတာလဲ၊ လက်သကြွယ်မှာ လက်စွပ်လေးဝတ်ထားတာတွေ့ရင် စေ့စပ်ပြီးသား ဒါမှမဟုတ် လက်ထပ်ပြီးသားဆိုတာတော့ မှန်းလို့ရတယ်၊ လက်ချောင်း ၅ ချောင်းအထဲမှာမှ ဘာလို့ ထိုလက်ချောင်းမှာပဲ ၀တ်ရတာလဲ၊ တခြားတနေရာမှာရော ၀တ်လို့မတင့်တယ်ဘူးလားလို့ တွေးကြည့်မိရဲ့လား၊ ????? ........ စဉ်းစားလို့မရရင် ယုံတမ်းစကား တခုပြောပြမယ်၊
အရင်ဆုံး လက်ချောင်းလေးတွေကို ၂ ပိုင်း-ပိုင်းလိုက်မယ် ( မလှန့်သွားနဲ့အုံး ) ဆိုလိုတာက လက်ခလယ်ကို မူတည်ပြီး အုပ်စု ၂ခုခွဲလိုက်မယ်၊ အောက်ကပုံအတိုင်း လက်၂ ဖက်ကို ပူးကပ်လိုက်ရုံပဲ

- အဲလိုမျိုးဖြစ်သွားပြီးဆိုရင် အရင်ဆုံး လက်မ၂ခု ပူးထားတာကို ခွာကြည့်လိုက်၊ ကပ်လိုက်ခွာလိုက် လုပ်လို့ရတယ်နော်၊ ပြီးရင်တော့ အပေါ်ကအတိုင်း ပြန်ကပ်ထားလိုက်၊ လက်မက အရင်ဆုံးလာတဲ့အတွက် ကိုယ့်မိဘကို ကိုယ်စားပြုတယ်
- လက်မပြီးရင် လက်ညှိုးကို ခွာကြည့်လိုက်၊ ကပ်လိုက်ခွာလိုက် လုပ်လို့ရတယ်နော်၊ ပြီးရင် အရင်ပုံစံအတိုင်း ပြန်ကပ်ထားလိုက်၊ လက်မပြီးရင် ဒုတိယလာတဲ့ လက်ညှိုးက မောင်နှမသားချင်းတွေ အတွက် ကိုယ်စားပြုတယ်
- လက်သကြွယ်ကို ခနကျော်လိုက် ( သူက အိမ်ထောင်ဘက်ကို ကိုယ်စားပြုတယ် )
- နောက်ဆုံးကျန်တဲ့ လက်သန်းတွေကို အပေါ်ကအတိုင်း ခွာကြည့်ပါအုံး ရတယ်နော်၊ နောက်ဆုံးမှ လာတဲ့ လက်သန်းက သားသမီးတွေကို ကိုယ်စားပြုတယ်၊
- အားလုံးခွာလို့ရရင် ခုနက ကျော်ခဲ့တဲ့ လက်သကြွယ်ကို ဖြည်းဖြည်း ခွာကြည့်၊ ရလား ..... မရရင် အတင်းခွကြည့် ........ မရဘူးမဟုတ်လား၊ သူကကိုယ့်အိမ်ထောင်ဖက်လေ၊
လက်မဖြစ်တဲ့ မိဘက ကိုယ့်ကိုဘ၀ထဲကနေ အစောဆုံးထွက်ခွာသွားနိုင်တဲ့ သူဖြစ်တယ်၊
လက်ညှိုးဖြစ်တဲ့ မောင်နှမတွေကလဲ အချိန်တန်ခဲ့ရင် ကိုယ်လမ်း ကိုယ်ရွေးသွားကြမယ့် သူတွေဖြစ်တယ်၊
ကိုယ့်ရဲ့ သားသမီးတွေကလည်း သူတို့တတွေ အိမ်ထောင်ကျသွားခဲ့ရင် အခြေနေအချိန်ခါအလိုက် ခွဲခွာသွားကြမယ့် သူတွေပဲ၊
ဒီတော့ ကိုယ့်ဘေးမှာ တသက်လုံး မခွဲမခွာ ရိုးမြေကျ သက်တဆုံးတိုင် ရှိနေမယ့် အိမ်ထောင်ဖက် နေရာအတွက် လက်ထပ်လက်စွပ်ကို ခွာလို့မရနိုင်တဲ့ လက်သူကြွယ်အတွက် နေရာပေးရင် လွန်နိုင်မလား ......................................... ၊ ယုံတမ်းစကား ပဲဆိုပါတော့
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
အမေရိကားရှိ တက္ကသိုလ်တစ်ခုမှာ ဖြစ်ပျက်ခဲ့တယ်လို့ ဖတ်ရဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။
တစ်ခါက တက္ကသိုလ်တခုတွင် ကျောင်းဆင်းခါနီး ဆရာက ....
“ကစားနည်းတခု ကစားရအောင်..ဆရာနဲ့အတူ ဘယ်သူပါဦးမလဲ” ကျောင်းသူတဦး ထရပ်ပြီး စတိတ်စင်ပေါ် တက်လိုက်သည်။
ဆရာက “သင်ပုန်းပေါ်မှာ ကိုယ့်နဲ့အရင်းနှီးဆုံး လူ(၂၀)ဦးရဲ့ နာမည်ကို ရေးလိုက်ပါ”
သူမက ဆရာပြောသည့်အတိုင်း အိမ်နီးချင်း၊ သူငယ်ချင်း၊ ဆွေမျိုးသားချင်း၊ မိသားစု နာမည်များကို ရေးချလိုက်သည်။
ထို့နောက် ဆရာက “အဲဒီ နာမည်တွေထဲက မရှိလဲဖြစ်တယ်၊ မလိုအပ်ဘူးလို့ ထင်တဲ့ နာမည်ကို ဖျက်လိုက်ပါ”
အိမ်နီးချင်းတစ်ယောက်၏ နာမည်ကို သူမ ဖျက်လိုက်သည်။
“ နောက်တစ်ယောက် ထပ်ဖျက်လိုက်ပါဦး”
သူငယ်ချင်းတစ်ယောက်၏ နာမည်ကို ဖျက်လိုက်ပြန်သည်။
ဆရာပြောတိုင်း သူမက တစ်ယောက်ပြီးတစ်ယောက် ဖျက်လိုက်နှင့် နောက်ဆုံး သင်ပုန်းပေါ်တွင် လူသုံးဦးသာ ကျန်ခဲ့သည်။ ထိုသူများမှာ မိဘ၊ လင်ယောက်ျားနှင့် သားသမီးဖြစ်သည်။ ကျောင်းသားများ အားလုံး စိတ်ဝင်တစား သင်ပုန်းကိုသာ စူးစိုက်ကြည့်နေကြသည်။ စာသင်ခန်း တစ်ခုလုံးမှာ တိတ်ဆိတ်နေပြီး ကစားနည်း တစ်ခု ကစားနေတာနှင့်ပင် မတူတော့ပေ။ ဆရာက တည်ငြိမ်သော အသံဖြင့် နာမည်တစ်ခု ထပ်ဖျက်ခိုင်းပြန်သည်။ သူမမှာ အရွေးရခက်သောဟန်ဖြင့် အကြာကြီး စဉ်းစားပြီးမှ မိဘ ဆိုသည့် နာမည်ကို ကြက်ခြေခတ် ဖျက်ချလိုက်သည်။
“နောက်တယောက် ထပ်ဖျက်လိုက်” ဘေးမှ ဆရာ၏ အသံက ထပ်မံ ထွက်လာပြန်သည်။ ဒီတစ်ခေါက် သူမဖျက်ချဖို့ လက်မြှောက်ရာတွင်ပင် အင်အားကုန်ခမ်း နေဟန်တူသည်။ လက်ကို ဖြေးဖြေးချင်း မြှောက်ပြီး သားသမီးဆိုသည့် နာမည်ကို ဖျက်ချသည်နှင့် တစ်ပြိုက်နက် စိတ်ထိခိုက်သော အသံဖြင့် ချုံးပွဲချ ငိုကြွေးလေတော့သည်။ ဆရာက သူမအား နှစ်သိမ့်ပြီး....
“ကိုယ့်ရဲ့ အလိုအပ်ဆုံးနဲ့ အရင်းဆုံးလူဟာ မိဘနဲ့ သားသမီး ဖြစ်သင့်ပါတယ်။ မိဘက ကိုယ့်ကို ကြီးပြင်းလာတဲ့အထိ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ သားသမီးက ကိုယ့်ဝမ်းနဲ့ လွယ်ပြီး မွေးထားရတဲ့ သူတွေဖြစ်တယ်။ သူတို့က အစား ပြန်မရနိုင်တဲ့ လူတွေဖြစ်တယ်။ လင်ယောက်ျားက နောက်တစ်ယောက် ထပ်ယူလို့ရပါလျှက်နဲ့ ဘာဖြစ်လို့မဖျက်ဘဲ ချန်ထားခဲ့ရသလဲ” ဟုမေးလေသည်။ ကျောင်းသားများကလည်း သူမ၏ အဖြေကို စိတ်ဝင်တစား စောင့်မျှော်နေကြသည်။
သူမက ...“အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားတဲ့အမျှ မိဘတွေက ကျွန်မကို ထားပြီး အရင် ထွက်သွားကြလိမ့်မယ်။ သား သမီးတွေကလဲ ကြီးပြင်းလာရင် ကျွန်မကို ခွဲပြီး သွားကြလိမ့်မယ်။ အဲဒီ အချိန်မှာ ကျွန်မ ဘေးမှာ တသက်လုံး ကူညီ ဖေးမမဲ့ သူဟာ ကျွန်မခင်ပွန်းသာ ဖြစ်ပါတော့မယ်။ ဒါကြောင့်သူ့ကို မဖျက်ဘဲ ချန်ထားခဲ့ရခြင်း ဖြစ်တယ်” ဟု တည်ငြိမ်စွာ ပြန်ဖြေလေသည်။
ဘ၀မှာ အလိုအပ်ဆုံးလူဟာ ဘယ်သူဖြစ်နိုင်မလဲ...?
ပြည့်ပြည့်စုံစုံ ခံစားလို့ရအောင် 99SaNay ရဲ့ Post တခုကိုပါ တင်ပေးလိုက်တယ် ၊ (Thursday, January 18, 2007)

စိတ်ကူးချိုချို
Tuesday, September 22, 2009
Monday, September 21, 2009
Labrador Park - 20Sep'09
Ready To Go Now !!!

လမ်းခရီး တနေရာ ( လမ်းစမှားခြင်း )

စစ်လက်ကျန် ၃ကောင် ... အဲ ၃ ယောက်

လက်နက်အပြည့်ဖြင့် အလံဖြူပြလိုက်ခြင်း

ငါးမျှားချင်လည်း ရတယ်

ဟိုဘက်ကမ်းကကျွန်းလေး

စားဖို့အသင့်နေရာယူ

မိုင်ဖေးဘရိတ်

NoeNoe ရဲ့လက်ရာ

ရှက်လို့လားမသိ မျက်လွှာချထားလေရဲ့ (ZeZe ရဲ့ snapshot)

အားလုံးပေါင်း ၁၃ ယောက်

တောလမ်းတနေရာတွင်

12 pounder အမြှောက်နဲ့လူ 12 ယောက်

လူပျိုနှင့် အိမ်ထောင်သည် များရောနှောနေပုံ

စားပြီးသောက်ပြီး လေညှင်းခံခြင်း
we really need wine at that time ;P

ZeZe တို့ကောင်းမှုနဲ့ Townace

ထိုနေ့က ရွှေအများဆုံး ဖြစ်သွားတဲ့ .. Hendenson Wave

Pig ပြောသလိုကစားထာတဲ့ Hendenson Wave

လူစုံတက်စုံ ( except me )

Hendenson Wave မှအပြန်

ညပိုင်း Hendenson Wave ရဲ့အလှ

အားလုံးရဲ့ အိမ်အပြန်ကို စောင့်နေသူတစ်ယောက်

ခရီးသွားမှတ်တမ်း
Subscribe to:
Comments (Atom)