Monday, October 26, 2009

g talk မှမြန်မာနိုင်ငံကို sms ပို့ချင်သောသူများအတွက်

Gtalk ကတော့ မြန်မာနိုင်ငံကို ဖုန်း Message ပို့ရတာ တော်တော်အဆင်ပြေတယ်ဗျ။
ကျွန်တော်တော့ အဲဒီက ပို့ကြည့်ကြည့်တယ် လွယ်လည်းလွယ်တယ်။
၁၀မီနစ်လောက်ကြာရင်တော့ စောင့်ရတယ်။
ပို့ချင်တဲ့ လူများ အောက်က သေသေချာချာဖတ်ပါ။

အရင်းဆုံး ကိုယ့် Gtalk မှာ gtalk@etmsms.com လို့ invite(add) လုပ်လိုက်ပါ။
အဲဒါဆိုရင် online ရောက်လာပါလိမ့်မယ်။



gtalk message box ထဲမှာ( sms 09+++++++ hello nay kg lar ) အဲလိုမျိုး ရိုက်ရပါတယ်။
sms နဲ့ ဖုန်းနံပတ်အကြားမှာ Spacebar ခံရပါတယ်။
ဖုန်းနံပတ်နဲ့ hello အကြားမှာ Spacebar ခံရပါတယ်။
ဒါဆိုရင် အဆင်ပြေမယ် ထင်ပါတယ်။
လုပ်ကြည့်ကြည့်ပါ။
country code တွေ ခံစရာမလိုပါဘူး။
095217892 ဆိုတာနဲ့ရပါပြီး။
ကျွန်တော်အခုရေးလိုက်သော ဖုန်းနံပတ်များမှာ စိတ်ကူးထဲက ပေါ်လာတဲ့ ဖုန်နံပါတ်တွေပါ။ တစ်ကယ်လို့ တိုက်ဆိုင်းပြီး ဖုန်းနံပတ်တူနေတာများရှိရင် ခွင့်လွတ်ပါ။ နိုင်ငံခြားရောက်နေသူများ အားလုံးအတွက် ရည်ရွယ်ပြီး ဒီပို့လေး တင်ဖြစ်သွားတာပါ။

Wednesday, October 21, 2009

မိန်းမနှင့် အားကစား

မိန်းမနှင့် အားကစားမှာ ခွဲခြား၍ မရပေ ။ အဘယ့်ကြောင့်ဆိုသော်

အသက် 15 & 20 ကြား ၊ ဘောလုံး 22 ယောက် ၀ိုင်းလုကြသည် ။
အသက်20 & 25 ကြား ၊ ဘတ်စကတ်ဘော 12 ယောက်ဝိုင်းလုသည် ။
အသက် 25 & 30 ကြား ၊ စားပွဲတင် တင်းနစ် 2 ယောက်သာကျန်တော့သည်၊ ဟိုဖက်ပုတ်လိုက် ဒီဖက်ပုတ်လိုက်နှင့် ။
အသက် 30 & over ၊ ဂေါက်သီး ဝေးသထက်ဝေးအောင် ရိုက်ထုတ်ကြတော့သည်။

Tuesday, October 20, 2009

အနေအထိုင်များမတတ်လေတော့................

















ကျနော်ဆိုတဲ့ကောင်က တကယ့်ကို အနေအထိုင်မတက်တဲ့ကောင်ပါဗျာ(ဒါကိုတချို့ တချို့သောသူတွေ)သိပြီးသားပါ။မသိသေးတဲ့သူတွေကိုလည်းပြောပြချင်ပါတယ်ဗျာ။ကျနော် ဘယ်လောက်တောင်အနေအထိုင်မတက်သလဲဆိုရင်........
ပြီးခဲ့တဲ့လလောက်ကပေါ့ဗျာ အလုပ်ပိတ်တဲ့နေ့တိုင်းသွားတက်တဲ့ သူငယ်ချင်းတွေအိမ်ကိုလည်း သွားချင်စိတ်ကမရှိ အပူဒဏ်ကလည်းပြင်းတော့ အပြင်ကိုလည်းမထွက်ချင် အခန်းအောင်းပြီးစာဖတ်နေတော့လည်း ပျင်းတဲ့စိတ်ကမပျောက် ဘာလုပ်ရမှန်းကိုမသိဖြစ်နေပါတယ်။
အဲဒီအချိန်မှာပဲ ကျနော်တို့ရဲ့ ရွှေတွေစုစည်းရာ Panasula Plaza ရဲ့ သာယာစိုပြေရေး ကော်မတီဥက္ကဋ္ဌ ဆီကနေသူ့ရဲ့ဋ္ဌာနေကို အလည်ခေါ်တဲ့ စာရတော့ သူရုံးထိုင်တဲ့ဆီကိုရောက်သွားလေရဲ့။ထုံးစံအတိုင်း လက်ဘက်ရည်လေးသောက် ဟိုအကြောင်းဒီအကြောင်းလေးတွေပြောနေရင်း Lap top အကြောင်းကိုရောက်သွားလေရဲ့၊ ဒါနဲ့ပဲသူက ပိုက်ဆံမရှိလည်း Lap top လိုချင်ရင်အခုဝယ်လို့ရတယ်ဆိုတာနဲ့ပဲ သူနဲ့ကျနော်နဲ့ ဘယ်နေရာမှာပေါချောင်ကောင်းလေး ရမလည်းပေါ့ လိုက်ရှာတာ တနေ့ကိုကုန်ပါရောဗျာ။
ဒီအကြောင်းကို ကျနော့်ရဲ့ချစ်လှစွာသောသူငယ်ချင်း Blogger တယောက်ကသိတော့ ကျနော့ကို အရမ်း ဂရုဏာ ဖြစ်ပြီး သူကိုယ်တိုင် Suntac City ရဲ့ IT ပြပွဲမှာ ၂ရက်တိတိ အမျိုးအစားများစွာကို Researchလုပ်ပြီးဝယ်ထားတဲ့ Lap top ကိုစွန့်ကြဲလိုက်ပါလေရောဗျာ။
ကျနော်ကလည်း Lap top ကြီးရတော့ သိတယ်မဟုတ်လား မျောက်လက်ထဲမီးခြစ်ရသလိုဖြစ်နေတာပေါ့။တချိန်လုံး ဟိုဟာကလိလိုက် ဒီဟာကလိလိုက်ပေါ့ဗျာ။
ဒီလိုနဲ့ပြီးခဲ့တဲ့စနေနေ့က သူငယ်ချင်းတယောက် Sponsor ပေးတဲ့ Green Label Cup မှာ စားကြသောက်ကြ စကားပြောကြရင်း ကျနော့်ချစ်သူငယ်ချင်း ကျနော့်ကျေးဇူးရှင် Blogger ရဲ့နုပျိုစဉ်အခါက ရိုက်ကူးထားတဲ့ ဓာတ်ပုံတပုံကို မထင်မှတ်ပဲ ကောက်ရပါလေရောဗျာ(သှူ့ဆီမှာလည်း ဒီဓာတ်ပုံက ပျောက်ဆုံးနေပါတယ်)။အဲဒါနဲ့ ဒီဓာတ်ပုံလေးက ကျနော့် Phone ထဲမှာရှိနေတာပေါ့။အဲဒါနဲ့ သူနဲ့ကျနော် တူတူပြန်ကြတော့သူကအဲဒီပုံကို သူလည်းသိမ်းထားဖို့ကျနော့်ကို ပို့ခိုင်းပါရောဗျာ။သူ့ရဲ့ Phone နဲ့ ကျနော့်ရဲ့ Phone ကလည်း Blue tooth နဲ့ပို့မရဖြစ်နေတော့ အိမ်ရောက်ရင် Mail ကနေပို့လိုက်မယ်ပေါ့ဗျာ။အိမ်ရောက်တော့ကျနော်က Mail နဲ့ပို့ရင်မရောက်မှာစိုးတာနဲ့ပဲ သူ့ရဲ့ Blog ကနေပို့လိုက်မိတယ်ဗျာ (အမှန်ကတော့သူ့ဆီပို့ပေးတာသက်သက်ပါ၊တကယ့်ကိုစေတနာအရင်းခံလေးနဲ့ပါ၊ဟဲဟဲ)ဒါပေမယ့်ကျနော်မေ့သွားတာက သူ့ Blog က၀င်ကြည့်သူတွေအရမ်းများတဲ့ Blog ဆိုတာကိုပါ။အဲဒီမှာပဲ ၀င်ကြည့်သူတွေက Comment လေးတွေရေးခဲ့ကြတော့ ကျနော့်ချစ်သူငယ်ချင်းလေးက ဘယ်လောက်ချစ်ခင်သူတွေများလည်းဆိုတာ သိရတော့ ကျနော်လည်း သူ့အတွက်အရမ်းကိုပီတိဖြစ်ရတာပေါ့။
ဒါပေမယ့်ဗျာ သူကအရမ်းရှက်တက်တော့ ကျနော့်ကိုစိတ်မဆိုးပေမယ့် စိတ်ဆိုးချင်ယောင်ဆောင်ပြီး ကျနော့်ကို Korea ဇာတ်ညွှန်းတွေငိုရလောက်အောင် အပိုင်း(၃)ပိုင်းခွဲထားတဲ့ သတိပေးစာကို Blog ပေါ်မှာတင်ဖို့စီစဉ်ထားကြောင်း Mail ကနေ ပြောလေရဲ့။ဒါနဲ့ပဲ ကျနော်ရဲ့ချစ်သူငယ်ချင်း Blogger ကို ကျနော်ပြန်ချော့ရတော့တာပေါ့ဗျာ။သူကျေနပ်အောင် Mc Donald မှာလိုက်ကျွှေးပါ့မယ်လို့ ကတိပေးလိုက်ရလေရဲ့။
တွေ့တယ်မဟုတ်လား ကျနော်ဘယ်လောက်ထိအနေအထိုင်မတက်သလည်းဆိုရင်........
:P

Monday, October 19, 2009

အကြံပိုင်လိုက်ပုံများ

       အဘွားအို တယောက်ကားကို အရှိန်ပျင်းစွာဖြင့် မောင်းနှင်လေရာ သတ်မှတ်မိုင်နှုန်းကျော်လွန်သွားသဖြင့် အနောက်မှ ရဲကားလိုက်လေတော့၏၊ တခနအကြာ ရဲကားမှီလာ၍ အချက်ပြသော အဘွားအိုမှာ ကားကို လမ်းဘေးနားထိုးရပ်ပေးလိုက်သည် ။ ရဲမှာ ထိုကားနားသို့ ရောက်လာသောအခါ အဘွားအိုက

အဘွား။ ဘာကိစ္စများပါလိမ့် officer !
officer ။ သတ်မှတ်မိုင်နှုန်းထက် ကျော်သွားလို့၊
အဘွား။ အော် ဟုတ်ပါပြီး၊
officer ။ license လေးတစိတ်လောက် ပြပါ ၊
အဘွား။ ဟုတ်ပြချင်ပါတယ်၊ ဒါပေမယ့် အဲဒီတခုက မရှိတော့ဘူး၊
officer ။ ဘာဖြစ်လို့လဲ၊
အဘွား။ လွန်ခဲ့သော ၃ နှစ်ကတည်းက မူးပြီးကားမောင်းရင်းနဲ့ ပျောက်သွားတာ၊
officer ။ ဒါဆိုလည်း Wheel Tax license တော့ရှိမှာပေါ့၊
အဘွား။ ဟာ အဲဒါမှ ဒုက္ခ ...
officer ။ ဘာဖြစ်ပြန်လို့လဲ၊
အဘွား။ ဒီကားက ခိုးလာတာကွဲ့၊
officer ။ ဘာ ခိုးလာတယ် ???
အဘွား။ ဟုတ်ပါတယ် ၊ ကားပိုင်ရှင်ကို သတ်ပြီး ကားနောက်ခန်းမှာ ထုပ်ခဲ့တာ ၊ အဲဒါတော့ ပြနိုင်ပါတယ် ။

Officer ကအဘွားအိုနားကနေ ချက်ချင်းနောက်ဆုတ်လိုက်တယ် ၊ ပြီးတော့ သူကားရှိရာသွားပြီး စခန်းကို သတင်းပို့လိုက်လေ၏၊ ၅မိနစ်မျှကြာသော အခါ အခြားရဲကား ၃ စီးရောက်လာပြီး အဘွားအိုကားကို ၀ိုင်းလိုက်လေတော့သည် ။ ၎င်းတို့ထဲမှ ခေါင်းဆောင်ဟု ထင်ရသူက အဘွားထံသို့သွားကာ

officer ။ အဘွားကားပေါ်က ခနဆင်းပေးပါ၊
အဘိုးအိုလည်း ကားတံခါးဖွင့်ကာ ဆင်းလာလေတော့သည်၊
အဘွား။ ဘာများဖြစ်လို့ပါလဲ၊
officer ။ ခုနက officer က ခင်ဗျား ကားပိုင်ရှင်ကိုသတ်ပြီး ကားခိုးလာတယ်လို့ပြောတယ်၊
အဘွား။ လူသတ်လာတယ် ... ဟုတ်လား၊
officer ။ ကားနောက်ခန်းကို ဖွင့်ပေးပါ၊
အဘွားအိုလည်း ပြောသည့်အတိုင်း ကားနောက်ခန်းကို ဖွင့်ပြလေရာ မည်သည့်အရာမှ မရှိပဲ ပြောင်သလင်းခါနေ၏၊
officer ။ ဒါအဘွားကားလား၊
အဘွား။ ဟုတ်ပါတယ် ၊ ဒီမှာ Wheel Tax license ကြည့်ပါဆရာ - ဟုဆိုကာ ကားအတွင်းမှ ထုတ်ပေးလိုက်လေသည်၊
officer ။ ကျွန်တော့် officer က ခင်ဗျားမှာ ကားလိုင်စင်လည်း မရှိဘူးပြောတယ်၊ အဲဒါဟုတ်လား၊
အဘွား။ အိုမဟုတ်တာ ၊ အဘွားအိုက ရေရွတ်ပြီး ပိုက်ဆံအိတ်အတွင်းမှ ယာဉ်မောင်း license ထုတ်ပေးလိုက်လေ၏
အဆိုပါ officer လည်း license ကိုသေချာကြည့်ရာ အားလုံး အမှန်တွေပဲ တွေ့လိုက်ရတော့ ခေါင်းရှုပ်သွားလေတော့သည်၊
officer ။ ကျေးဇူးတင်ပါတယ်၊ အစောက ယာဉ်ထိန်းပြောတော့ အဘွားကလိုင်စင်လည်းမရှိ၊ လူသတ်ပြီး ကားခိုးလာတယ်ဆိုလို့
အဘွား။ အို ဆိုးလိုက်တာကွယ်၊ ဒါဆို အဲဒီလူလိမ်က ငါကားအရှိန်ကျော်မောင်းတယ် လို့လည်း ပြောအုံးမှာပဲ

Important to have friends



Online Cartoon များ