Tuesday, April 6, 2010

Weddings of Friend's 20-Mar-2010




ဆရာဆွေရဲ့ စနေနေ့မှာ မင်္ဂလာဆောင်မယ် ... ပေါ့ဗျာ

Monday, February 8, 2010

ဒေါ်လာ လဲမလား

      ရန်ကုန်မှာရှိစဉ် Service Plus မှာတုန်းက တခါတရံ ရုံးကခိုင်းလို့ အစိမ်းတွေ သွားရောင်းဖူးတယ်၊ ရောင်းပြီးဆိုတော့လည်း ဟိုကပေးတဲ့ဈေးအတိုင်းပဲ ယူရတာ၊ ညီလေး ဒေါ်လာက နဲနဲနွမ်းတယ်၊ အတန်ကြီးဆိုရင်တော့ ဈေးအကောင်းသား၊ အကြွေတွေကများတော့ ဈေးနဲမယ်နော် .. တဲ့ ။ ဟုတ်ကဲ့ ဘယ်တတ်နိုင်မလဲ၊ ရတဲ့ဈေးနဲ့ရောင်းပေါ့၊ ဆူးလေနားမှာသွားရောင်းရင်တော့ သတိသာထား ကိုယ့်လူ ။ ဈေးကတော့ ပိုပေးသရောင် သရောင်နဲ့ ကိုယ့်ဆီကဖြောင်ဖို့များတယ်၊ သူတို့အကွက် အမြင့်သား၊ ကိုယ်က ဒေါ်လာပေးရင် သူတို့က ထောင်တန်ပြန်ပေးမယ်၊ သူတို့ပေးတဲ့ အထုပ်ထဲမှာ ထောင်တန်တွေကို အလယ်လောက်နားမှာ ခေါက်ချိုးထည့်ထားတာ၊ များများလဲရင် ပိုလုပ်လို့ကောင်းလေပဲ၊ သေချာစစ်မယ် ဆိုရင်လည်း .. အကို ရဲတွေလာနေပြီး၊ မြန်မြန်စစ် ...မြန်မြန်စစ်... ပြေးပြေး ဆိုပြီးအလျှိုလျှိုထွက်သွားလိုက်တာ ကိုယ်တယောက်ထဲဆိုရင် ရွာလည်ပြီးသာမှတ် ( ရန်ကုန်မြို့လယ်မှာ ) ၊ စင်းဒေါ်လာလဲမယ်ဆို ပိုဆိုးသေး၊ ၀ယ်လက်ရှားတော့ ဈေးကပိုနှိမ် ... ဒီကလူကလည်း မျက်ဖြူဆိုက်တော့ ဆရာတွေက သိပ်ကြိုက်ပဲ။ အဲ .. ရှိသေးတယ် စင်းဒေါ်လာ ၅၀ ကမြန်မာပြည်မှာ အကြွေတဲ့၊ ကဲမှတ်ပြီးလား။ နောက်တခါ စင်းကိုမြန်မာပြည် ပြန်လဲရင် ၁၀၀၀ တန်သာယူသွားဗျို့ ။

Friday, January 1, 2010

၃၁ ဒီဇင်ဘာည ***

ခရီးစတော့


ဒီလမ်းလေးအတိုင်း


အထုပ်ကိုယ်စီနဲ့ တက်လိုက်ကြတော့


ဒီနေရာရောက်လာတာပေါ့


မောင် King ရဲ့ စတိုင် (စတင်ခြင်း)
- ကာယကံရှင်မှ တရက်၂ ခါ တောင်းဆိုမှုအရ delete လိုက်ပါ၏


ပျော်ရွှင်ပြုံးပျော် သရုပ်ဖော်


Happy New Year - 2010 ( အမြင့်ဆုံးတနေရာမှ )


Faber Point


မာကျူရီ မီးလုံးများအောက်


အနာဂတ်ရဲ့ လူပျိုလောင်း


ဘကြီးနဲ့ ရောင်းရင်းများ


My friends


Status Of Liberty - ( စင်ကာပူ )


      ပထမဆုံး အပြင်မှာဆုံဖြစ်ကြတဲ့ တညပါ၊ လူမစုံတော့ နဲနဲနဲ့ ကျဲကျဲဝိုင်းရတာပေါ့၊ လာချင်ပေမယ့်လည်း မလာနိုင်တဲ့သူတွေရှိသလို၊ တကယ်မလာတဲ့သူတွေလည်း မရောက်လာကြပါဘူး၊ ၀တ္တုရားမပျက် ဖုန်းဆက်တဲ့ သူငယ်ချင်းများလည်းရှိတော့လည်း စည်ကားသလိုပါပဲ၊ ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ နောက်တကြိမ်ဆုံကြဖို့ အကြောင်းတရားတခုက တစုံတယောက်က သူရဲ့ anniversary ကို Faber Point မှာကျင်းပ ၊ henderson wave ပေါ်မှာမီးဖိုပြီး BBQ လုပ်မယ်ဆိုတဲ့ အကြောင်း ........ သတင်းကောင်းပါးအပ်ပါတယ် ။
All of my friends , Happy New Year to you .
photo : mg nay lynn (help with drunk)

Friday, December 18, 2009

Bye Bye ' 2009



ဒီဇင်ဘာ
         အချိန်တွေဟောင်းသွားဖို့ နင်အမြဲရောက်လာတယ် ။
         အသစ်အသစ်တွေ ဖြစ်တည်ဖို့ အချက်ပေးသံလား ၊
         တနှစ်တာရဲ့ နှုတ်ဆက်ခြင်းလား ...၊
         အေးမြနေတဲ့ အငွေ့သက်တွေရဲ့အောက်
         ငါ့ကို တက်မက်စေတဲ့သူတယောက် ဖြစ်စေခဲ့ဖူးတယ် ။
         မြူခိုးတွေဝေ ... နေရောင်ကို ကာလကာချပြီး
         ဖြန့်ကျက်နေတဲ့ နင့်မနက်ခင်းတွေက
         ငါ့ကို ဖမ်းစားနိုင်တဲ့ ဆောင်းနံနက်ခင်းတွေပေါ့ ။
         ခေါက်သိမ်းထားတဲ့ အနွေးထည်ကို ပြန်ရှာရင်း
         နင့်ကိုအံတုဖို့ ငါလည်း ကြိုးစားမိလေရဲ့၊
         စောင်အထပ်ထပ် ခြုံထားပေမယ့် လိုအပ်ရင်
         လုံချည်ကို စစ်ကူခေါ် ခြုံကွေးခဲ့ရတဲ့
         ဆောင်းအိပ်မက်ရှည် ညတွေကိုငါလွမ်းတယ်၊
         ဆောင်းမရှိတဲ့ည၊ ကြယ်မရှိတဲ့ကောင်းကင်
         အချိန်ရှားတဲ့နေရာတခု ကနေပြီး
         နင့်ကိုငါတမ်းတနေမိတယ် ။
         အချိန်တန်တော့ နင့်ရင်ခွင်ဆီကို ငါ ....
         ပြန်လာပျော်မှာပါ ... ဒီဇင်ဘာ ။ ( တနေ့နေ့ပေါ့ )


      New Year ညတွေကို အမှတ်တယနဲ့ ကုန်ဆုံးခဲ့တဲ့ နှစ်တွေရှိသလို ၊ အမှတ်တမဲ့ အိပ်နေခဲ့တဲ့ ညတွေလည်း ရှိခဲ့မှာပေါ့၊ ဘာလိုလိုနဲ့ ၁၀စုနှစ် ၁ခုလည်း ကူးပြောင်းတော့မှာ ဖြစ်သလို၊ အချိန်ရထားလည်း နောက်ထပ်ဘူတာတခု ကိုခုတ်မောင်းဖို့ တာစူနေပြီလေ၊ ငါတို့ပျော်ခဲ့ကြဖူးတဲ့ ဟိုးတချိန်က ညမွှေးပန်းလူငယ်လေးများရဲ့ New Year ကိုဖြတ်သန်းခဲ့ကြတာလေးတွေ သတိရကြရင် ဒီ 2009 မှာငါတို့ ပြန်ဆုံကြဖို့၊ တချိန်က ရှဲရှဲတောက် ကျော်ကြားခဲ့တဲ့ Guitar ချစ်စမ်းပြောင်ရဲ့ သံစဉ်တွေနဲ့အတူ ၃၁ဒီဇင်ဘာည , 2009 မှာ tick ပေးကြစို့လား ။

Wednesday, December 16, 2009

တတ်နိုင်သလောက်နဲ့တင် မလုံလောက်ပါ

အမေရိကန် Seattle က နာမည်ကြီး ဘုရားကျောင်းတစ်ခုမှာ လူအများ
လေးစားကြည်ညိုတဲ့ Dell Taylorဆိုတဲ့ ဖာသာတစ်ဦးရှိတယ်။ တစ်နေ့မှာ
ဘုရားကျောင်းက ကျောင်းသားတွေကို ဖာသာက ပုံပြင်တစ်ပုဒ်ပြောပြခဲ့တယ်။

ပုံပြင်က တစ်ခုသောဆောင်းရာသီမှာ မုဆိုးတစ်ဦးက အမဲလိုက်ခွေးနဲ့
တောလိုက်ထွက်ခဲ့တယ်။ တောအုပ်တစ်နေရာမှာ ယုန်တစ်ကောင်ကိုတွေ့တာနဲ့ မုဆိုးက
သေနတ်နဲ့ပစ်လိုက်တာ ပေါင်ကိုမှန်သွားပေမယ့် ယုန်ထွက်ပြေးသွားခဲ့တယ်။
အမဲလိုက်ခွေးက ဒဏ်ရာရတဲ့ယုန်ကို လိုက်ခဲ့ပေမယ့် မမိခဲ့ဘူး။ ဒါကိုမုဆိုးက
ခွေးကို အသုံးမကျတဲ့ခွေး၊ ဒဏ်ရာရတဲ့ ယုန်ကိုတောင်
အမီမလိုက်နိုင်တဲ့ခွေးဆိုပြီး အပြစ်တင်ခဲ့တယ်။

သခင်ရဲ့ အပြစ်စကားကို ကြားတော့ ခွေးက တတ်နိုင်သလောက်ကြိုးစားခဲ့တာတောင်
အပြစ်တင်ခံရတယ်ဆိုပြီး စိတ်မကောင်းခဲ့ဘူး။

သေနတ်ဒဏ်ရာနဲ့ ထွက်ပြေးခဲ့တဲ့ ယုန်ကို အပေါင်းဖော်တွေ တွေ့တော့ တအံ့တသြ
ဝိုင်းမေးကြတယ်။

"ဒဏ်ရာရနေတာတောင် ဒီလောက်ဒေါသကြီးတဲ့ ခွေးလက်ထဲကနေ ဘယ်လို လွတ်ခဲ့သလဲ?"

"ခွေးက တတ်နိုင်သလောက် ပြေးတယ်။ ကျွန်တော်က အစွမ်းကုန်အားသုံးပြီး
ပြေးခဲ့တယ်။ ကျွန်တော့်ကို သူမမိခဲ့လို့ အဆူအဆဲပဲ ခံရမယ်။ တကယ်လို့
ကျွန်တော်သာ အားကုန်မပြေးခဲ့ရင် အသက်တောင် ရှင်နိုင်တော့မှာမဟုတ်ဘူး"

ပုံပြောပြီးတာနဲ့ ဖာသာ Taylor က အတန်းအားလုံးကို Matthew Bible
ကျမ်းစာထဲက အခန်း ၅ မှ ၇ ထိ အလွတ်ဆိုနိုင်သူကို Seattle က Space Needle
မှာ ညစာစားပွဲ ကျင်းပပေးမယ်လို့ ပြောခဲ့တယ်။

Matthew Bible ကျမ်းစာရဲ့ အခန်း ၅ ကနေ အခန်း ၇ထိက စာလုံးပေါင်း
သောင်းဂဏန်းထိရှိပြီး ရွတ်ဆိုရတာလည်း အင်မတန်ခက်ပါတယ်။ ကျမ်းစာတွေကို
အလွတ်ရဖို့ဆိုတာ အလွန်ခက်ခဲပေမယ့် ငွေကုန်ကြေးကျမလိုဘဲ တက်ရောက်ခွင့်ရတဲ့
ညစာစားပွဲကို လူတိုင်းတက်ရောက်ချင်ခဲ့ကြတယ်။ ဒါပေမယ့် လူတော်တော်များများ
နောက်ဆုတ် လက်လွတ်ခဲ့ကြပါတယ်။

ဒီလိုနဲ့ ရက်မကြာခင်မှာ (၁၁)နှစ်အရွယ်ရှိတဲ့ သင်တန်းသားတစ်ဦးက
ဖာသာရှေ့မှာ ရင်ကော့ပြီး ကျမ်းစာအားလုံးကို တစ်လုံးမကျန် အမှားအယွင်းမရှိ
အလွတ်ရွတ်ဆိုနိုင်ခဲ့တယ်။ အရွယ်ရောက်သူတောင် အလွတ်ဆိုဖို့ ခက်ခဲတဲ့စာကို
ကလေးငယ်တစ်ယောက် ဆိုနိုင်ခဲ့တဲ့အတွက် ဖာသာအရမ်း အံ့သြခဲ့မိတယ်။ လူငယ်ရဲ့
မှတ်ဥာဏ်ကောင်းတဲ့ ဦးနှောက်ကို ချီးကျူးမိတဲ့အပြင် ကလေးငယ်ကို ဖာသာ
တအံ့တသြမေးခဲ့တယ်။

"ဒီလောက်ရှည်တဲ့ စာတွေကို ဘယ်လိုအလွတ်ဆိုနိုင်ခဲ့သလဲ?"

"ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်"လို့ လူငယ်က မဆိုင်းမတွ ပြန်ဖြေခဲ့တယ်။

နောင်(၁၆)နှစ်မှာ အဲဒီကလေးငယ်ဟာ ကမ္ဘာကျော် Softwareကုမ္ပဏီပိုင်ရှင်တစ်ဦး
ဖြစ်လာခဲ့တယ်။ အဲဒီကလေးငယ်က Bill Gates ပဲဖြစ်ပါတယ်။

လူတိုင်းမှာ ဖြစ်နိုင်၊ လုပ်နိုင်တဲ့ စွမ်းအား(Potential)တွေ ရှိကြတယ်။
စိတ်ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်အရ သာမန်လူတစ်ဦးဟာ သူ့ရဲ့ဖြစ်နိုင်၊
လုပ်နိုင်တဲ့စွမ်းအင်ကို ၂ ကနေ ၈ အထိပဲ အသုံးပြုကြတယ်။ အက်ဒီဆင်လို
သိပ္ပံပညာရှင်တစ်ဦးတောင် ၁၂ထိပဲ အသုံးပြုခဲ့တယ်။ တကယ်လို့ လူတစ်ဦးရဲ့
လုပ်နိုင်တဲ့စွမ်းအင်က ၅ဝထိအသုံးပြုခဲ့ရင် အဲဒီလူဟာ
ဖတ်စာအုပ်အအုပ်(၄ဝဝ)ကို အလွတ်ဆိုနိုင်သလို တက္ကသိုလ်ပေါင်းများစွာကိုလည်း
တက်ရောက်နိုင်ပါတယ်။ နောက်ပြီး ဘာသာစကား (၂ဝ)မျိုးလောက်
တတ်နိုင်ပါသေးတယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့ လုပ်နိုင်တဲ့စွမ်းအင်(၉ဝ)က အိပ်မောကျနေတဲ့
အနေအထားမှာ ရှိနေပါတယ်။ သူတစ်ပါးထက် ထူးချွန်ချင်တယ်၊ ဖောက်ထွက်ချင်တယ်၊
ထီထွင်ချင်တယ်ဆိုရင် တတ်နိုင်သလောက်နဲ့ မလုံလောက်သေးပါဘူး။
အစွမ်းကုန်ကြိုးစားဖို့လည်း လိုပါသေးတယ်။

မူရင်း --- 尽力而为还不够
မှတ်ချက် ။ forward mail မှတဆင့်