Friday, June 1, 2007

ကမ္ဘာ .... ကမ္ဘာ .....ဟိုးအဝေး ၊ အဝေးဆုံးပြေးသွား



ဖတ်မိ ဖတ်ရာကို စုတုပြုထားတာပါ ။

ကမ္ဘာကျော်သွားသော အပိုင်းစလေးများ

၁။ မနက်ဖြန် လုပ်လို့ဖြစ်သော အလုပ်များကို ဒီနေ့ဘယ်တော့မှ မလုပ်ပါနဲ့ ။


၂။ နေမင်းကြီးသည် အရှေ့ဘက်မှ ၀င်လာ၍ အနောက်ဘက်မှ ပြန်ထွက်သွား၏ ။


၃။ အရိပ်ပြသော် အကောင်မမြင် ၊ ( ချင်ယောင်ဆောင်နေပါ ) ၊ အကောင်ပြမှ ပိုက်၍ပြေးပါ ။


၎။ ရှေ့တိုးမည့် ဆင်နောက်တလှမ်း ဆုတ်တတ်၏ ၊ သို့သော် အနောက်မှာ မြောင်းရှိ ၊ မရှိတော့ အရင်ကြည့်ပါ ။


၅။ ၀ိရိယကို အလွန်အကျွံ စိုက်မထုတ်ပါနှင့် ၊ ၀ိရိယလွန် ကျွန်ဖြစ်တတ်၏ ။


၆။ အမြင်မကျယ်ပါစေနှင့် ၊ အမြင်ကျယ်က မျက်စိညောင်း၏ 


၇။ ကိုယ့်လမ်းကိုယ်မထွင်ပါနှင့် ၊ တောရှင်းရတာအန္တရာယ်များ၏