အမေရိကန် Seattle က နာမည်ကြီး ဘုရားကျောင်းတစ်ခုမှာ လူအများ
လေးစားကြည်ညိုတဲ့ Dell Taylorဆိုတဲ့ ဖာသာတစ်ဦးရှိတယ်။ တစ်နေ့မှာ
ဘုရားကျောင်းက ကျောင်းသားတွေကို ဖာသာက ပုံပြင်တစ်ပုဒ်ပြောပြခဲ့တယ်။
ပုံပြင်က တစ်ခုသောဆောင်းရာသီမှာ မုဆိုးတစ်ဦးက အမဲလိုက်ခွေးနဲ့
တောလိုက်ထွက်ခဲ့တယ်။ တောအုပ်တစ်နေရာမှာ ယုန်တစ်ကောင်ကိုတွေ့တာနဲ့ မုဆိုးက
သေနတ်နဲ့ပစ်လိုက်တာ ပေါင်ကိုမှန်သွားပေမယ့် ယုန်ထွက်ပြေးသွားခဲ့တယ်။
အမဲလိုက်ခွေးက ဒဏ်ရာရတဲ့ယုန်ကို လိုက်ခဲ့ပေမယ့် မမိခဲ့ဘူး။ ဒါကိုမုဆိုးက
ခွေးကို အသုံးမကျတဲ့ခွေး၊ ဒဏ်ရာရတဲ့ ယုန်ကိုတောင်
အမီမလိုက်နိုင်တဲ့ခွေးဆိုပြီး အပြစ်တင်ခဲ့တယ်။
သခင်ရဲ့ အပြစ်စကားကို ကြားတော့ ခွေးက တတ်နိုင်သလောက်ကြိုးစားခဲ့တာတောင်
အပြစ်တင်ခံရတယ်ဆိုပြီး စိတ်မကောင်းခဲ့ဘူး။
သေနတ်ဒဏ်ရာနဲ့ ထွက်ပြေးခဲ့တဲ့ ယုန်ကို အပေါင်းဖော်တွေ တွေ့တော့ တအံ့တသြ
ဝိုင်းမေးကြတယ်။
"ဒဏ်ရာရနေတာတောင် ဒီလောက်ဒေါသကြီးတဲ့ ခွေးလက်ထဲကနေ ဘယ်လို လွတ်ခဲ့သလဲ?"
"ခွေးက တတ်နိုင်သလောက် ပြေးတယ်။ ကျွန်တော်က အစွမ်းကုန်အားသုံးပြီး
ပြေးခဲ့တယ်။ ကျွန်တော့်ကို သူမမိခဲ့လို့ အဆူအဆဲပဲ ခံရမယ်။ တကယ်လို့
ကျွန်တော်သာ အားကုန်မပြေးခဲ့ရင် အသက်တောင် ရှင်နိုင်တော့မှာမဟုတ်ဘူး"
ပုံပြောပြီးတာနဲ့ ဖာသာ Taylor က အတန်းအားလုံးကို Matthew Bible
ကျမ်းစာထဲက အခန်း ၅ မှ ၇ ထိ အလွတ်ဆိုနိုင်သူကို Seattle က Space Needle
မှာ ညစာစားပွဲ ကျင်းပပေးမယ်လို့ ပြောခဲ့တယ်။
Matthew Bible ကျမ်းစာရဲ့ အခန်း ၅ ကနေ အခန်း ၇ထိက စာလုံးပေါင်း
သောင်းဂဏန်းထိရှိပြီး ရွတ်ဆိုရတာလည်း အင်မတန်ခက်ပါတယ်။ ကျမ်းစာတွေကို
အလွတ်ရဖို့ဆိုတာ အလွန်ခက်ခဲပေမယ့် ငွေကုန်ကြေးကျမလိုဘဲ တက်ရောက်ခွင့်ရတဲ့
ညစာစားပွဲကို လူတိုင်းတက်ရောက်ချင်ခဲ့ကြတယ်။ ဒါပေမယ့် လူတော်တော်များများ
နောက်ဆုတ် လက်လွတ်ခဲ့ကြပါတယ်။
ဒီလိုနဲ့ ရက်မကြာခင်မှာ (၁၁)နှစ်အရွယ်ရှိတဲ့ သင်တန်းသားတစ်ဦးက
ဖာသာရှေ့မှာ ရင်ကော့ပြီး ကျမ်းစာအားလုံးကို တစ်လုံးမကျန် အမှားအယွင်းမရှိ
အလွတ်ရွတ်ဆိုနိုင်ခဲ့တယ်။ အရွယ်ရောက်သူတောင် အလွတ်ဆိုဖို့ ခက်ခဲတဲ့စာကို
ကလေးငယ်တစ်ယောက် ဆိုနိုင်ခဲ့တဲ့အတွက် ဖာသာအရမ်း အံ့သြခဲ့မိတယ်။ လူငယ်ရဲ့
မှတ်ဥာဏ်ကောင်းတဲ့ ဦးနှောက်ကို ချီးကျူးမိတဲ့အပြင် ကလေးငယ်ကို ဖာသာ
တအံ့တသြမေးခဲ့တယ်။
"ဒီလောက်ရှည်တဲ့ စာတွေကို ဘယ်လိုအလွတ်ဆိုနိုင်ခဲ့သလဲ?"
"ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်"လို့ လူငယ်က မဆိုင်းမတွ ပြန်ဖြေခဲ့တယ်။
နောင်(၁၆)နှစ်မှာ အဲဒီကလေးငယ်ဟာ ကမ္ဘာကျော် Softwareကုမ္ပဏီပိုင်ရှင်တစ်ဦး
ဖြစ်လာခဲ့တယ်။ အဲဒီကလေးငယ်က Bill Gates ပဲဖြစ်ပါတယ်။
လူတိုင်းမှာ ဖြစ်နိုင်၊ လုပ်နိုင်တဲ့ စွမ်းအား(Potential)တွေ ရှိကြတယ်။
စိတ်ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်အရ သာမန်လူတစ်ဦးဟာ သူ့ရဲ့ဖြစ်နိုင်၊
လုပ်နိုင်တဲ့စွမ်းအင်ကို ၂ ကနေ ၈ အထိပဲ အသုံးပြုကြတယ်။ အက်ဒီဆင်လို
သိပ္ပံပညာရှင်တစ်ဦးတောင် ၁၂ထိပဲ အသုံးပြုခဲ့တယ်။ တကယ်လို့ လူတစ်ဦးရဲ့
လုပ်နိုင်တဲ့စွမ်းအင်က ၅ဝထိအသုံးပြုခဲ့ရင် အဲဒီလူဟာ
ဖတ်စာအုပ်အအုပ်(၄ဝဝ)ကို အလွတ်ဆိုနိုင်သလို တက္ကသိုလ်ပေါင်းများစွာကိုလည်း
တက်ရောက်နိုင်ပါတယ်။ နောက်ပြီး ဘာသာစကား (၂ဝ)မျိုးလောက်
တတ်နိုင်ပါသေးတယ်။
ဒါကြောင့် ကျွန်တော်တို့ရဲ့ လုပ်နိုင်တဲ့စွမ်းအင်(၉ဝ)က အိပ်မောကျနေတဲ့
အနေအထားမှာ ရှိနေပါတယ်။ သူတစ်ပါးထက် ထူးချွန်ချင်တယ်၊ ဖောက်ထွက်ချင်တယ်၊
ထီထွင်ချင်တယ်ဆိုရင် တတ်နိုင်သလောက်နဲ့ မလုံလောက်သေးပါဘူး။
အစွမ်းကုန်ကြိုးစားဖို့လည်း လိုပါသေးတယ်။
မူရင်း --- 尽力而为还不够
မှတ်ချက် ။ forward mail မှတဆင့်
Showing posts with label ဖတ်မိဖတ်ရာ. Show all posts
Showing posts with label ဖတ်မိဖတ်ရာ. Show all posts
Wednesday, December 16, 2009
Friday, July 3, 2009
ဘော်အေးတိုက်ပွဲ
အချိန်ကား ၂၀၀၄ မတ်လ ၊ သမိုင်းတလျှောက်အထူးခြားဆုံး စစ်ပွဲဖြစ်မယ့် အီရတ်စစ်ပွဲကို အားလုံးကစောင့်ကြည့်နေချိန်၊ စစ်ပွဲအနံ့ရတာနဲ့ ကမ္ဘာအရပ်ရပ်က မီဒီယာတွေကလည်း ဘဂ္ဂဒက်ကို စုပြုံရောက်နေကြတယ်၊ ဘဂ္ဂဒက်က ထိုပုဂ္ဂိုလ်ကလည်း "ဆာဒင်ကို ဘာထင်သလဲ" လို့ကြွေးကြော်နေတာ၊ တဖက်ကလဲ "ပါဝဲ ဘာလဲသိစေရမယ်" လို့ကြုံးဝါးနေသလို၊ ဟိုတယောက်ကလည်း "ဘွတ်ဆို ဖရုံမသီးဘူး" ဆိုတဲ့ လူစားမျိုးကိုး၊ ဒီတော့ တကယ်ဆော်ကြတော့မယ် ဆိုတာခန့်မှန်းလို့ရတာပေါ့၊ တကယ်စစ်ဖြစ်တော့ မီဒီယာသမားတွေ အဖို့ပွဲတော်ကြီးအတိုင်းပဲ စစ်သားတွေက သေနတ်ကိုင်သလို၊ သူတို့ကလည်း ကင်မရာကြီး တကိုင်ကိုင်နဲ့ တပျော်တပါးကို ရိုက်နေကြတာ စစ်ကားရိုက်သလားလို့ ထင်ရတယ်။
မီဒီယာတွေမျက်ခြည်မပြတ် စောင့်ကြည့်နေတဲ့ကြားက တိုက်ရတော့ လေယဉ်တင် သဘောင်္မှာလည်း သူတို့ပါတယ်၊ စစ်ကားတွေနဲ့လည်း ကပ်လိုက်လာတာတွေ ရှိသလို၊ မြို့လမ်းတွေမှာ အသင့်စောင့်ပြီး တိုက်ပွဲကြားထဲမှာ မကြောက်မလန့်ပြေးလွား သတင်းယူနိုင်ကြသည်၊ တခါတလေများ ကင်မရာရှေ့မှာ သတင်းကြေငြာနေစဉ် ဗုံးကျလို့ ပြေးရင်ဇက်ပုသွားတာတွေတောင် အတိုင်းသားမြင်ရတယ်၊ တချို့တွေဆို စစ်သားတွေကို စည်းရုံးပြီး အမြောက်နဲ့ကင်မရာပါ ကပ်ချည်ထားတော့ အမြောက်ဦးတည်ရာ အတိုင်းပစ်မှတ်တွေ ထိတဲ့မြင်ကွင်းကို မိမိရရကို ရိုက်နိုင်ကြတယ်၊ အဲ ဘသားချောတွေက စစ်ပွဲကြားညှပ်လို့ သေပြေးရှင်ပြေး ပြေးရတာတောင် ကင်မရာကို ပခုံးပြောင်းပြန်ထမ်းပြီး ပြေးတာ၊ စစ်ပွဲမြင်ကွင်းကို ရသလောက်ယူလိုက်ကြသေးတာလေ ၊ ဒီတော့ အမေရိကန်တွေအဖို့ အီရတ်ကိုတိုက်နိုင်သော်ငြားလည်း၊ တကယ်တမ်းအောင်ပွဲခံသွားတာက သတင်းမီဒီယာတွေ ဖြစ်နေတာ။
သူတို့ကလည်း သတင်းတွေကို စိတ်ဝင်စားအောင် ဝေေ၀ဆာဆာကြီး ဖော်ပြနိုင်တယ်၊ အရေးကြီးတဲ့နေရာ တခုခုဒုံးကျည်ထိမှန်ရင် ဘော်လုံးပွဲက ဂိုးဝင်သွားသလိုမျိုး နေရာစုံ၊ ပတ်လည်ရိုက်ချက်တွေ၊ slow motion တွေနဲ့ကိုရိုက်ပြနိုင်ကြတာ၊ ဆက်သွယ်ရေး နည်းပညာတွေကလည်း အရမ်းတိုးတက်လားတော့ စစ်ပွဲကို ဘော်လုံးပွဲလိုမျိုး တိုက်ရိုက်ထုတ်လွင့်ပေးနိုင်ကြပြီး၊ ရုပ်မြင်သံကြားပရိတ်သတ်တွေကလည်း ဘီယာလေးစုပ် ၊ စီးကရက်လေးဖွာရင်း အချိန့်နဲ့ တပြေးညီ အားပေးလာနိုင်တာကြတာပေါ့၊ သတင်းတင်ဆက်ပုံ ကောင်းလွန်းသောကြောင့် စစ်ပွဲသတင်းတွေကပဲ အနုပညာမြောက် ဖြစ်ရပ်မှန် live show ဖျော်ဖြေရေး ဆန်လာတော့မှာလား ၊ ဘော်လုံးပွဲ ဆန်ဆန်ဖြစ်လာတော့မှာလား ဆိုတာကတော ...
ဟုတ်ကဲ့ပါခင်ဗျာ ..... ရာသီဥတုကတော့ စစ်သားတွေအကြိုက်ပေါ့ ခင်ဗျာ၊ စောစောက မိုးဖွဲဖွဲရွာထားပေးမယ့် အခုတော့ ကောင်းကွင်တခွင်လုံး ကြည်ကြည်လင်လင် ဖြစ်လာပါပြီ၊ စစ်ပွဲ ၀ါသနာရှင်များ မြင်ကြတဲ့အတိုင်းပဲ မြောက်ဘက်စစ်မျက်နှာပြင်ကနေ ၃-၅-၂ ပုံစံ အုပ်စုဖွဲ့ပျံသန်းလာတာကတော့ အမေရိကန်တိုက်လေယဉ်များ ဖြစ်ပါတယ်၊ တောင်ဘက်စစ်ပွဲ ဧရိယာအတွင်းကနေ လေယာဉ်ပစ် အမြောက်များနှင့် အသင့်စောင့်ဆိုင်းနေတာကတော့ အစွန်းရောက် စစ်သွေးကြွများဖြစ်ပါတယ်၊ ဒီလိုအခြေနေမျိုးက အလွန်သတိထားရမယ်ခင်ဗျ၊ ပလိန်းမာကင် လို့ခေါ်တဲ့ လေယာဉ်တစင်းချင်းကို အသေချာ စောင့်ကြည့်ဖို့လိုပါတယ်၊ ဒီလိုနဲ့ စစ်ပွဲကာလမှာ ပထမပိုင်း ၄၅ရက် ၊ ၁၅ရက်နား နဲ့ ဒုတိယပိုင်း ၄၅ရက် ဆက်တိုက်ရပါတယ် ၊ နှစ်ဘက်စစ် ချိန်ခွင်လျှာမျှနေရင်ဖြင့် အချိန်ပို ၁၅ရက်စီထပ်တိုက်ခွင့်ရှိပါတယ် ၊ ဒီလိုမှ အရှုံးအနိုင်မပေါ်ရင်ဖြင့် မိဘပြည်သူများ စောင့်စားနေတဲ့ ပင်နယ်တီဒုံးကျည် ၅လုံးစီ အပြန်လှန်ပစ်ခတ်ကြရလေသည် ။
**ဆရာမင်းလူရဲ့ နှလုံးသား ၃၈၀မှ မှတ်မိသမျှ ပြန်လည်မျှဝေ လိုက်ခြင်းဖြစ်ပါတယ်**

Labels:
ဖတ်မိဖတ်ရာ
Subscribe to:
Posts (Atom)