Monday, August 31, 2009

Blog Day ( 31-August )

Blog Day 2009


What is BlogDay?
BlogDay was created with the belief that bloggers should have one day dedicated to getting to know other bloggers from other countries and areas of interest. On that day Bloggers will recommend other blogs to their blog visitors.
With the goal in mind, on this day every blogger will post a recommendation of 5 new blogs. This way, all blog readers will find themselves leaping around and discovering new, previously unknown blogs.

BlogDay initiator Nir Ofir ရဲ့ 31 ရယ် 08 ကို ပေါင်းထားတဲ့ 3108 (blog) ဆိုတဲ့ အဆိုပြုချက်လေးကနေ ယနေ့ Blog Day ၅နှစ်တိုင်ခဲ့ပါပြီး ။ ...........

Friday, August 28, 2009

ဒီစာကို မဖတ်ပါနဲ့

      ဒီစာကို မဖတ်ပါနဲ့။ ကျနော်ပြောမယ်။ ဒီစာကို မဖတ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဒီစာကို ဖတ်လို့ ခင်ဗျားအတွက် ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး။ တကယ် အကျိုးမရှိလို့ မဖတ်ရဆိုပြီး ခေါင်းစဉ် တပ်ထားတာပေါ့။ ခင်ဗျား ဆက်ဖတ်တာဟာ ခင်ဗျားရဲ့ ရွေးချယ်ပိုင်ခွင့်ပါ။ တားမြစ်လို့ မရပါဘူး။ ဒါပေမယ့် လုံးဝ မဖတ်ဖို့ ကျနော် ပြောချင်ပါတယ်။ ပြောနေရင်းနဲ့တောင် ခင်ဗျား ဆက်ဖက်နေသေးတယ်နော်။ ကျနော်က ခင်ဗျား အတွက် ပြောနေတာပါ။ ခင်ဗျား ဒါကို နားမထောင်ဘဲ ဆက်ဖတ်နေတာ ခင်ဗျားအတွက် အကျိုး လုံးဝ မရှိလို့ပါ။ အခုတောင် ခင်ဗျား ဖတ်လာတာ စာကြောင်းရေ တော်တော်များလာပြီ။ ကျနော်က ခင်ဗျား အကျိုးကို ရှေးရှူပြီး မဖတ်စေချင်တာပါ။ ဆက်မဖတ်နဲ့တော့နော်။ လုံးဝကို အကျိုး မရှိဘူး။ အကျိုး လုံးဝလုံးဝ မရှိပါ။ အကျိုးမရှိတာကို မြန်မာလို ဒီထက်ရှင်းအောင် ကျနော် ပြောမပြတတ်တော့ဘူး။ အလားတူဘဲ .. မဖတ်ပါနဲ့ကိုလည်း ဒီထက်ရှင်းအောင် မြန်မာလို ရှင်းမပြတတ်ဘူး။ ဒီတော့ ရှင်းရှင်းပြောမယ်။ ဆက်မဖတ်နဲ့။ ပြောနေရင်းနဲ့တောင် ခင်ဗျားဖတ်လာတာ များသထက် များလာပြီ။ ကျနော် ဘယ်လိုပြောရမလဲဗျာ၊ မဖတ်ပါနဲ့။ ဟုတ်ပြီလား၊ မဖတ်နဲ့တော့။ ဒီစာထဲမှာ ဘာမှပါမှာ မဟုတ်လို့ မဖတ်နဲ့လို့ ပြောနေရတာပေါ့ဗျာ။ လူ့စိတ်ကလည်း အခက်သား၊ မဖတ်ပါနဲ့ဆို တိုးလို့ဖတ်ချင်တယ်။ ခင်ဗျား တိုးလို့ဖတ်လေ၊ ကျနော်က မဖတ်ဖို့ တားမြစ်ရလေဘဲဗျာ။ မဖတ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ မဖတ်စေချင်လို့ပါ။ အခုပြောရင်းနဲ့ စာတောင်တော်တော် ရှည်သွားပြီ။ ဒါပါဘဲခင်ဗျာ

တိုက်နီကြီးနှင့် ဘုံကြိုးပြတ်သော ညတည - ၁

      "ဟေ့ မင်းတို့အဆောင်က အေးဆေးပဲလား” တဲ့

      ဤမေးခွန်းကို အဆောင်ပြောင်းကာစ အဆောင်သစ်မှာအဆင်ပြေလားထက် အမေးခံရဆုံးသော မေးခွန်းတခုဖြစ်လာ၏၊ သူငယ်ချင်းတွေသာမက အပြင်လူတွေပါ စကားစပ်မိရင် ထိုအကြောင်းရာ ရောက်သွားတတ်သည်၊ “အေးဆေးပါပဲ အဆင်ပြေပါတယ်” လို့ပဲဖြေလိုက်မိတယ်၊ ဟုတ်ပါတယ် ကျွန်တော့်အတွက်အဆင်ပြေတာကိုး၊ ထိုအဆောင်သည်ကား ပြည်မြို့၏ အထင်ကရ အဖြစ်ဆုံးသော တိုက်နီကြီး ( PTU ကျောင်းသားများ သီးသန့် ) အဆောင်ပင် ဖြစ်လေတော့သည်၊

      အဆိုပါတိုက်နီကြီးကား ပြည်မြို့၏ အချမ်းသာဆုံး စာရင်းဝင်သူငှေးကြီးဦးဝင်းမြ ပိုင်ဆိုင်သောဂေဟာ ဖြစ်သလို သူငှေးကြီးဦးဝင်းမြမှာလည်း ပြည်မြို့ရွှေဆံတော်ဘုရားဒါယိကာ သူငှေးတစ်ယောက်၊ ဆန်စက်၊ ဆီစက်များအပြင် လယ်ခြံမြေမှာမြောက်များစွာ ပိုင်ဆိုင်သကဲသို့ ထိုခေတ်အစိုးရနှင့်လည်း ဆွေမျိုးအရင်း တော်စပ်လေရာ ၎င်းနေထိုင်ခဲ့လေသော ထိုတိုက်နီကြီးမှာ ပြည်မြို့တွင် ကျော်ကြားလှပေသည်။ အနောက်တိုင်း ဗိသုကာအတိုင်း ခမ်းနားစွာသော အိမ်ကြီးရခိုင်ကို အနီရောင်အုတ်ချပ်များဖြင့် တည်ဆောက်ထားခြင်းဖြစ်ရာ ဆေးသုတ်စရာမလိုပဲ တိုက်ကြီးမှာ အနီရောင်သန်းနေလေ၏၊ တိုက်ကြီးနဲ့လိုက်ဖက်စွာ ခြံဝင်းမှာလည်း လမ်းကြားလေးအတိုင်း ရှည်မြောစွာရှိလေ၏၊ ဤသို့အစဉ်ဆက်နေထိုင်လာကြလေရာ နောက်ဆုံးသူငှေးကြီး၏ ချွေးမနှင့်မြေး၎ယောက်သာ ကျန်ရှိလေတော့သည်၊ သားယောက်ျားလေးများ ဖြစ်ကြသည့်အလျှောက် ရှေးအရှိန်ဝါဖြင့် စိတ်ထင်တိုင်းကြဲပြီး နေထိုင်ကြသဖြင့် သား၃ယောက်မှာ လောက၏ သားကောင်ဖြစ် ငယ်ရွယ်အချိန်မှာပင် ဘ၀ဇတ်ပြီးဆုံးခဲ့လေ၏၊ နောက်ဆုံး သားအငယ်ဆုံး (ကျွန်တော်တို့အရွယ်) နှင့်သာ ထိုအန်တီကြီးမှာ ဘ၀ကို ရှေ့ဆက်ရလေတော့သည်၊ အိမ်ကြီးကို PTU အဆောင်လုပ်ပြီး၊ ခြံဝင်းထဲတွင် ကားဝပ်ရှော့၊ လက်ဘ္ဘရည်ဆိုင်၊ တက္ကသိုလ်ကျုရှင်ပြသော နေရာ အစရှိသည်ဖြင့် ခြံ၏နောက်ပိုင်းတွင် နေရာချပေးပြီး ၎င်းတို့မှရရှိသော အဖိုးခဖြင့်သာ ဆက်လက်ရှင်သန်နေကြ၏၊ ထိုအန်တီကြီးမှာ သားများကို ချစ်သည့်အလျှောက် ကျွန်တော်တို့ အပေါ်တွင်လည်း သူ့သားအရင်းများကဲ့သို့ပင် ပြောဆိုဆက်ဆံ နေလေတော့သည်။

ဤသို့ဖြင့် PTU ကျောင်းသားများဖြင့် ပျော်ပါးစည်ကားလျှက်ရှိသော တိုက်နီကြီးမှာ ဘာမှမဖြစ်သရောင်နှယ် အေးဆေးစွာရှိနေသော်လည်း ကျွန်တော်တို့ နောက်ဆုံးနှစ် ရောက်ချိန်တွင်ကား .............

Thursday, August 27, 2009

"One of the NTU's Convocation"


NTU convocation : အခန်းနားမစမှီ ၁နာရီစာလောက် projector နဲ့ ပြောချင်၊ ပေးချင် တဲ့ message တွေကိုပြထားပေးတယ်၊ အခန်းနား စတော့ နိဒန်းစကားပြောတယ်၊ projector တွေနဲ့ live ပြထားပေးတယ်၊ သက်ဆိုင်ရာ department ကဆရာတဦးဦးက မှာတမ်းချွေတယ်၊ ပြီးတော့ ဘွဲ့လက်မှတ်အပ်နှင်း .... ကျောင်းသားထဲမှ တဦးက အားလုံးကိုယ်စားစကားပြော၊ အခမ်းနားသိမ်းတယ် Buffet စားပြီး အိမ်ပြန်တယ် ။

NUS convocation : အခန်းနားမစမှီ ၁နာရီစာလောက် projector နဲ့ ပြောချင်၊ ပေးချင် တဲ့ message တွေကိုပြထားပေးတယ်၊ အခန်းနားစတာနဲ့ ဘွဲ့လက်မှတ်စပေးတယ်၊ ကျောင်းသားတစ်ယောက်ချင်း ဘွဲ့ယူစဉ် projector မှာနာမည်နဲ့တကွ ဖော်ပြပေးတယ်၊ ကျောင်းသားထဲမှ တဦးက အားလုံးကိုယ်စား စကားထွက်ပြောပြီး၊ အခန်းနားသိမ်းတော့ အပေါ်ကနေ ပူဖောင်းနဲ့ ရွှေရောင်ကြိုးတွေ ကြလာတယ်၊ ဘော်လုံးဖောက်သံတွေနဲ့ ခမ်းမတခုလုံး စိတ်လွတ်ကိုယ်လွတ်ပျော်နေတဲ့ မြင်ကွင်းကို ခံစားလို့ရတယ်၊ ထုံးစံအတိုင်း နောက်ဆုံး Buffet နဲ့ပိတ်တယ် ။

Tuesday, August 25, 2009

Saturday, August 22, 2009

သူတို့ကတော့ OK လို့မေးတာလား !!!

ကျွန်တော် ပုံပြင်လေးတစ်ပုဒ်ပြောပြချင်ပါတယ် အားလုံးသိပြီးသား ပုံပြင်လေးပါပဲ ဒါပေမယ့် နောက်ဆက်တွဲလေးပေါ့ဗျာ ဖတ်ကြည့်ပေးပါဦး။

      ကျွန်တော်ရဲ့ဇာတ်လိုက်ကြီးကတော့ မူလတန်းဖတ်စာထဲက မြစ်စောင့်နတ်နဲ့တွေ့ပြီး ရွှေပုစိန်၊ငွေပုစိန်တွေ ရခဲ့တဲ့ရိုးသားတဲ့သစ်ခုတ်သမားလေးပေါ့ဗျာ၊ နည်းနည်းလောက်တော့ပြန်နွေးပေးပါ့မယ်။သစ်ခုတ်သမားလေးဟာ သစ်ပင်ကိုခုတ်ရင်းနဲ့သူ့ရဲ့ သံပုစိန်ဟာ လက်ကလွတ်ပြီး မြစ်ထဲကျသွားရောဗျာ၊ ဒါနဲ့စိတ်ပျက်စွာနဲ့ထိုင်ငိုနေပါလေရဲ့၊ အဲဒါနဲ့မြစ်စောင့်နတ်က ကိုယ်ထင်ပြပြီးတော့ရွှေပုစိန်ကို ပြပြီး သင့်ပုစိန်က ဒါလားလို့မေးတာတော့ သိတယ်မဟုတ်လား ဇာတ်လိုက်ကရိုးသားတယ်လေ ဒီတော့ နိုးပါပေါ့။နောက်တစ်ခါ ငွေပုစိန်ကိုပြတော့လည်းကိုယ့်ဆရာက နိုးပဲလေ။သံပုစိန် ကိုပြမှပဲ ကျွန်တော့်ပုစိန်ပါဆိုတော့ မြစ်စောင့်နတ်ကြီးက သဘောတွေကျ ဆုတွေချပေါ့ဗျာ၊ ဒါနဲ့ပဲ ကိုယ့်ဆရာသစ်ခုတ်သမားလေးက ထောလာတယ် ဆိုပါတော့။ ဒါကအားလုံးသိပြီးသားပါ၊ ဒါပေမယ့် နောက်ဆက်တွဲလေးက ဒီမှာစတာပေါ့၊
      အဲဒီသစ်ခုတ်သမားလေးဟာ တစ်နေ့မှာတော့သူ့ရဲ့ချစ်လှစွာသော မဟေသီလေးနဲ့ပေါ့ဗျာ အဲဒီမြစ်ကြီးကို ဖြတ်ဖို့အကြောင်းဖန်လာတယ်လေ ဒါနဲ့ဖြတ်နေတဲ့အချိန်မှာပဲသူလေဒီက ခြေချော်ပြီး စုန်းစုန်း မြုတ်သွားပါလေရောဗျာ။ဒီတစ်ခါလည်းကိုယ့်ဆရာကထိုင်ငိုပြန်ရောပေါ့။ အရင်ထက်နှစ်ဆပေါ့(ငိုတာကိုပြောတာပါ)
သိတယ်မဟုတ်လား ဒီတစ်ခါကLadyဆိုတော့။ဒါနဲ့ပဲမြစ်စောင့်နတ်ကြီးက ပေါ်လာပါလေရောဗျာ။ ထုံးစံအတိုင်းပေါ့ မိန်းမတစ်ယောက်ကိုပြပြီး ဒါမင်းရဲ့မိန်းမလားပေါ့။မြစ်စောင့်နတ်ကပြရင်အကောင်းဆုံးကစပြတာဆိုတော့ သူပြတဲ့မိန်းမက အရမ်းချောအရမ်းလှဆိုပဲ၊ ဒါပေမယ့်ကျွန်တော်ထင်ပါတယ် ကျွန်တော်အရမ်းကြိုက်တဲ့ ကိုးရီးယားမင်းသမီးလေး "ဟာဂျီဝန်"လောက်တော့မချောလောက်ပါဘူး။
       အဲ.....ဒီတခေါက်တော့မောင်မင်းကြီးသားက တန်းကိုခေါင်းညိတ် တော့တာပါပဲဗျာ အဲဒါသူ့မိန်းမပါပေါ့။ ဒါပေမယ့်မြစ်စောင့်နတ်ကလည်း ခေသူမှမဟုတ်တာဒီတော့သစ်ခုတ်သမားကို စွတ်ကော
တော့တာပေါ့၊ ဒါမင်းရဲ့မိန်းမမဟုတ်ပဲ ဘာကြောင့်ညာပြောတာလည်းပေါ့၊ အဲဒီမှာ ကျွန်တော့ဇာတ်လိုက်ကြီးက ဘာပြန်ပြောသလည်းဆိုတော့  "ကျွန်တော်လိမ်မိပါတယ်ပေါ့၊ ဒါပေမယ့် ဘာဖြစ်လို့လိမ်ရသလည်းဆိုတော့ ဒါကိုသူ့မိန်းမ မဟုတ်ပါဘူးဆိုရင် မြစ်စောင့်နတ်ကြီးက နောက်တယောက်ထပ်ပြမယ်လေ၊ ဒါလည်းမဟုတ်ဘူးလို့ ပြောရဦးမှာပဲ၊ ပြီးမှသူ့မိန်းမကိုပြမယ်။ အဲဒီတော့မှသူက ဟုတ်တယ်ဆိုရင်မောင်မင်းကရိုးသားတယ်ပေါ့ ဒီတော့ ထုံးစံအတိုင်းဆုချမှာပဲဆိုတော့ သူမိန်းမ ၃ ယောက်ကိုလုပ်မကျွှေးနိုင်လို့ လိမ်ရခြင်းဖြစ်ပါတယ် " လို့မြစ်စောင့်နတ်ကြီးကိုပြန်ပြောတော့ မြစ်စောင့်နတ်ကြီးလည်း ဘာပြောရမှန်းကိုမသိအောင် ငုတ်တုတ် မေ့သွားတော့တာပေါ့၊ ဒီပုံပြင်လေးက ဟာသဆိုပေမယ့် စဉ်းစားစရာတော့ အများကြီးရပါတယ်၊
      ဘာဖြစ်လို့လည်းဆိုတော့ ဒီပုံပြင်လေး ကျွန်တော်ရေးနေတုန်းမှာပဲ ဘကြီးနဲ့အာကုတ်က လာပြီးမေးပါတယ်၊ အဲဒီမြစ်က ဘယ်နားမှာလည်းတဲ့၊ သူတို့ဘာဖြစ်လို့ မေးလည်းဆိုတာတော့ ကျွန်တော်စဉ်းစားလို့ မတတ်ဘူး၊ ဒီတော့အားလုံး ၀ိုင်းစဉ်းစား ပေးပါ၊ သူတို့ဘာလုပ်ဖို့မေးလည်းဆိုတာကို.............

ကျွန်ုပ်နှင့်ဘလော့ဂါများ

တစ်နေ့သ၌ကျွန်ူပ်သည် ညကများသွားခြင်းကြောင့် (စာရေးများသွားခြင်း ) နေမြင့်မှအိပ်ရာမှ ထရလေသည်။ မျက်နှာသစ်ပြီးနောက် လမ်းထိပ်ရှိ ကာကာဆိုင်သို့ထွက်ခဲ့လေတော့သည်။ လက္ဘက်ရည်တစ်ခွက်နှင့် ပဲပြုတ်နံပြား တို့ကိုနံနက်စာ အဖြစ်စားသုံးပြီး သတင်းစာတစ်စောင်ဖတ်နေလေသည်။ ထိုစဉ် ကျွန်ူပ်နှင့် သိကျွမ်းနေသော ရပ်ကွက်ထဲမှ သူငယ်တစ်ယောက် အလွန်တရာမှ ညှိုးငယ်သော မျက်နှာနှင့် ရောက်လာပြီး ကျွန်ူပ်ထိုင်နေသော စားပွဲတွင်ဝင် ထိုင်လိုက်လေသည်။ ထိုသူငယ်ကား ဘောလုံးကစားခြင်းကို လွန်စွာမှ ဝါသနာထုံလှပြီး နိုင်ငံခြား တိုင်းပြည်မှ ဘောလုံးပွဲများကို မလွတ်တမ်းကြည့်၍ လောင်းကစားလုပ်လေ့ ရှိသူလည်းဖြစ်လေသည်။

ကျွန်ူပ်။ ။ အိုင်ဆေး မောင်ရင် မသာမယာနဲ့ ဘယ်လိုဖြစ်လာတာလဲ။ ကြည့်ရပုံက မဟုတ်မှလွဲရော ညကဘောပွဲရှုံးလာပြီမှတ်တယ်။
သူငယ်။ ။ ဟုတ်လိုက်လေဗျာ....ညက ကျွန်တော့် မန်ယူဘက်ကခုန်ချလိုက်တာလေ ကုန်ပါလေရောဗျာ တော်တော်အသုံးမကျတာဗျာ...ဟိုဘက်အသင်းက ဒီနှစ်မှတန်းတက်လာတာဗျ။ အဲဒါနဲ့ မနက်စာဖိုးတောင် ပြောင်ပါလေရောဗျာ။
ကျွန်ူပ်။ ။ ကဲပါ မောင်ရင်ရယ် ကျွန်ူပ်ပဲ မောင်ရင်အတွက် ဒကာခံပါ့မယ် ကြိုက်တာသာ မှာလိုက်ပါ။

သူလည်း လက္ဘက်ရည်နှင့် မုန့်များမှာယူပြီး စားသောက်ရင်း စကားစမည် ပြောကြလေသည်။
ကျွန်ူပ်။ ။ နို့ မောင်ရင်ဘောလုံးကို ဒီလောက်တောင်ဝါသနာ ပါနေတာ ဘာဖြစ်လို့ကိုယ်တိုင် ဘောလုံးသမား မလုပ်တာလဲ။
သူငယ်။ ။ ဘယ်နှယ့်ပြောပါ့လိမ့် ဆရာသမားရယ် ကန်ပါရောလား ကျွန်တော် အရင်ကအဆင့်မြင့်တန်း ကလပ်အချို့မှာတောင် ကစားဖူးသေးတာ။
ကျွန်ူပ်။ ။ ဪဒါနဲ့ဘယ်လိုကြောင့်...
သူငယ်။ ။ ဒီလိုဗျ..ကျွန်တော်ကနဲနဲ လူချကစားတက်တယ်....ပြီးတော့မျက်စိကလည်း သိပ်မကောင်းလှဘူး...
သူငယ်။ ။ ဆိုင်တာကဒီလို...မျက်စိသိပ်မကောင်းတော့ ဒိုင်လူကြီး ကို တဘက်ကစားသမား ထင်ပြီးချမိပါလေရော ဒီတော့ ခဏခဏ အပြစ်ပေးခံရပါလေရော....ကြာတော့ဘယ်ကလပ်မှ ကျွန်တော့်ကို မခေါ်ရဲကြတော့ဘူးလေ.......
ကျွန်ူပ်။ ။ ဪ ဒီလိုလား......နို့ တခြားစီးပွားရေး တခုခု လုပ်လေကွာ....မင်းလည်း ပညာတက်တစ်ယောက်ပဲဟာ

သူငယ်။ ။ ကျွန်တော်ကလည်း ကျွန်တော်ဘဲဗျ....ကိုယ်ဝါသနာပါရာ လေးပဲလုပ်ချင်တာ.....

ကျွန်ူပ်။ ။ ဒီလိုလား ဒါဖြင့် မောင်ရင် အဲဒီဘောလုံးအပြင် ဘာတွေများ ဝါသနာပါသေးလဲကွယ့်

သူငယ်။ ။ စာလေးဘာလေး တော့ ရေးချင်သား ဆရာသမား လိုမျိုးလေ...ဒါပေမယ့် ကျွန်တော့်ကို လမ်းလေး ဘာလေး ညွှန်မယ့် သူလဲ မရှိတော့ မလွယ်လှပါဘူးဗျာ..

ကျွန်ူပ်။ ။ ဟား မောင်ရင်ကသာ ကြိုးစားရင် ကူညီမယ့်လူ အလိုလိုပေါ်လာ မှာပါကွာ...

သူငယ်။ ။ ဘယ်ကဘယ်လို ပေါ်လာမှာလဲဗျ မလွယ်ပါဘူးဗျာ....

ကျွန်ူပ်။ ။ဒီလိုကွယ့် ကျွန်ူပ်စဉ်းစားမိတာလေးက......မင်းကျွန်ူပ်နဲ့လာနေ...မင်းစားဝတ်နေရေး ငါ့တာဝန်ထား မင်းကိုငါ ကောင်းကောင်းကူညီ လမ်းညွှန်ပေးမယ်.....မင်းသိတယ့်အတိုင်း ငါက တစ်ယောက်ထဲ သမား စာရေးဖို့ ပဲ လုံးပမ်းနေတော့ စားရေးသောက်ရေး ကအစ မလွယ်လှဘူး..မင်းလာမယ်ဆိုရင်တော့ နှစ်ယောက်စလုံး အဆင်ပြေဖို့ပဲ ဘယ်လိုလဲ....တစ်ခုတော့ ရှိတယ် မင်းလောင်းကစား ကိုတော့စွန့်ရလိမ့်မယ်ဘောပွဲတော့ ကြည့်လို့ရပါတယ်.....မင်းစဉ်းစား........

ထိုသူငယ်လည်း အတန်ကြာစဉ်းစားပြီးနောက်

ဟုတ်ကဲ့.....ကျွန်တော်လိုက်နေမယ်ဗျာ.... ဆရာသမား စကားနားထောင်ပြီး ကြိုးစားပါ့မယ်

ထိုသို့ဖြင့် အဆိုပါ သူငယ်တစ်ယောက် ကျွန်ုပ် အိမ်တွင် နေထိုင်ပြီး ကျွန်ုပ်အား ဝတ်ကြီးဝတ်ငယ် ပြုစုရင်း စာပေရေးရာ များအပတ်တကုတ် ကြိုးစားနေလေတော့သည်။

..........

...........

...............................

အချိန်စက်ဝိုင်း သည်လည်း မနားတမ်း လည်ပတ်ပြီး သုံးနှစ်သုံးမိုး မျှကြာခဲ့လေပြီ။ အထက်တွင်ပြောခဲ့သော သူငယ်သည်လည်း ကျွန်ုပ်၏ လမ်းညွှန်မှုနှင့် သူ၏ ဝါသနာ၊ ပါရမီ၊ ကြိုးစားမှု တို့ကြောင့် အတော်ပင် အောင်မြင် နေလေ ပြီတကား။ ကျွန်ုပ်မှာ သူ၏အောင်မြင်မှု များကြောင့် ပီတိများဝေဖြာနေမိ တော့သည်တကား။

အဆိုပါ သူငယ်သည်ကား ယနေ့ နှုတ်ခမ်းနီ မလေးများ၏ အသဲစွဲ ဘလော့ဂါ " RED DEVIL" ပင်ဖြစ်ချေတော့သည်။

Hello frd's : Coffee Time


      Morning frds , ကြုံတုန်း ကော်ဖီပူပူလေး သောက်သွားပါအုံး၊ ဒီမှာတခွက် ပိုမှာထားတယ်၊ ဟဲ ... ဘာရယ်လို့တော့မဟုတ်ဘူး၊ မနေ့က မန်ယူပရိသတ် တယောက်ရယ်၊ စင်ကာပူက ဒူးရင်းသီး theater အတိုင်း မြန်မာပြည်အတွက် ပိန္နဲသီးပုံ theater တခုဒီဇိုင်းထုတ်ဖို့ idea ရှိတဲ့ Architect တယောက်ရယ၊် ၃ယောက်သား စကားစမြည်ပြောရင်း၊ ပညာရပ်ကလွဲရင် အခြားအကြောင်းရာ တွေအားလူးဖုတ်ကြတာပေါ့။ ထမင်းက စားပြီးသား ဆိုတော့ ကော်ဖီ ၂ ခွက်ပဲမှာလိုက်တယ်၊ ကော်ဖီရောက်လာတော့ အပေါ်ကအတိုင်းပဲဗျို့ cute သွားဖြစ်နေတော့ ဓါတ်ပုံရိုက်ဖြစ်သွားတာ၊ မတို့ရက်မထိရက်နဲ့ ဇတ်လမ်းက ဘယ်လိုမွှေပြီး ဘယ်လို စသောက်ရမလဲ၊ ဒါလည်းအခြေတင် ဆွေးနွေးလိုက်သေး၊ ဒီလိုနဲ့ မသောက်ရက်နိုင် တမြိုင်မြိုင် ဆိုညားလဲ ကုန်အောင်သောက်ပြီး သကာလ ခွက်အတွင်းဘက် ကိုကြည့်လိုက်တော့ ...... အလှဲ့ တယ်ဟုတ်ပါလား ၊ အောက်ကပုံအတိုင်း ပုံလေးတွေ ပေါ်လာရောပဲ ။ အစကတော့ အမှုမဲ့ အမှတ်မဲ့နဲ့ သေချာကြည့်မိတော့ ခွက်တခွက်စီမှာပါတဲ့ ပုံလေးတွေကလည်း မတူကြပါလား၊ အစောပိုင်းက ကော်ဖီကပြည့်နေတော့ ပုံတွေမမြင်ရဘူး၊ နည်းနည်းကုန်ခါနီးလေ ပုံကတပုံထွက်လာလေပဲ ၊ နောက်ဆုံးတော့ ........... ဒီလိုလေးပေါ့ ....

"ကော်ဖီတခွက် + တယောက်သောသူနဲ့ အတူသောက်ခဲ့မယ်ဆိုရင် = သင်ပျော်နေမှာ
ကော်ဖီတခွက် + သင်ပျော်နေရင် = coffee အတွက်ပေးရတဲ့အချိန်က မတန်ဘူးလား ..."

Wednesday, August 19, 2009

သူငယ်ချင်းများနဲ့ EPL


      အားလုံးမျှော်နေတဲ့ Premier League လည်းပြန်စပြီးဆိုတော့ MMO တို့သူငယ်ချင်းတွေလည်း တွေ့လိုက်ရင် စကားနိုင်လုရင်း ပျင်းတယ်ရှိတော့မှာ မဟုတ်ဘူး၊ အားလုံးနီးပါးကလည်း ကိုယ့်အသင်းနဲ့ကိုယ့်ပရိသတ်ဆိုတော့ ဟင်းဟင်း .... ဘယ်ပြောကောင်းမလဲ ။ University student life မှာထဲက အားပေးလာကြတာ ကျောင်းပြီးတော့လည်း ထိုနည်းလည်းကောင်းပဲ၊ Sat / Sun များရောက်ရင် စိတ်ကအလိုလိုကို ပျော်နေတတ်တာ၊ ဘော်ပွဲကြည့်ရမှာကိုး။ အဲလိုမျိုးတွေပေါ့ ၊ တခါတရံများ ပွဲချိန်စောရင် Beer Station လေးကို အပြေးလွှား စောစောသွား ဘီယာတခွက်၊ ကစွန်းပလိန်းတပွဲ ဗန်းပြပြီး အားပေးလာကြတာ။ မြ၀တီကပြရင်လည်း မလွတ်တမ်းပဲ၊ ခုဒီမှာဆိုတော့ အေးအေးဆေးဆေးနဲ့ အိမ်မှာကို ထိုင်ကြည့်လို့ရပြီး၊ ဟိုပြေး ဒီပြေး လည်းလုပ်စရာမလို၊ မီးလာပါစေလို့ ဆုတောင်းရတဲ့ ဒုက္ခမှလည်း ကင်းဝေးသွားပြီး ( တကယ်နော် .. ဘော်ပွဲဝါသနာရှင်တွေရဲ့ ဘ၀က တခါတရံ သနားဖို့တောင်ကောင်းသေး ) ။
      အားလုံးသိကြတဲ့အတိုင်း သရဲနီတွေဘက်က ချောင်းချောင်း၊ဘကြီး၊မင်းသူ၊ဆရာဆွေ (ခုတလော တရှောင်ရှောင်နဲ့ )၊ သဲသဲ တို့လိုအမာခံ ပရိသတ်တွေ ။ တပွဲထိုးဆိုရင် ဘယ်လိုမျိုးပဲကန်ကန် မဖြစ်ဖြစ်အောင်လုပ်တတ်တဲ့ ကြိုးကြာတွေ ဘက်ကတော့ King နဲ့ အာကုတ်၊ တဒိုင်းဒိုင်းနဲ့ ရာသီအစမှာ အပီပြင် ဖောက်ပြနေတာတော့ ဆရာပြောင်ရဲ့ အမြောက်ကြီးတွေပါပဲ၊ အရင်ဆုံးဂိုးပေးပြီးမှာ နောက်ကလိုက်လိုက်သွင်းနေတဲ့ MMO ရဲ့ခြသေ့်တွေကလည်း ကံကောင်းဖို့လိုနေတယ်။ အဲဒီနှစ်မှာ ထူးထူးခြားခြားဆိုလို့ Anti မန်ယူ တစ်ယောက်တိုးလာလေရဲ့၊ မန်ယူဘာနဲ့ကန်ကန် တဘက်အသင်းကို အားပေးတာ၊ သူကတော့ မျက်နှာစိမ်းဆိုပေမယ့် အရှေ့ကနေ message တွေကို သတိထားပြီးပို့တတ်အောင် ကျွန်တော်တို့ကို ရှေ့ဆောင်လမ်းပြ ပညာပေးသွားတဲ့ ဇော်ဇော်မျိုး ( xxxxxx ဘာတူရင် စားတယ်ဆိုပဲ ) ။
ကဲဗျာ .... ကိုယ့်လူတို့လည်း sat / sun ဆိုရင် TV ရှေ့ရောက်နေလောက်ပါပြီး၊

"ပွဲကောင်းတွေရှိရင် Chevas ထောင်ပြီး တပွဲတလမ်းလောက် အကဲစမ်းကြအုံးမလား ... ရာသီကုန်ရင် ချန်ပီယံ ဘယ်သူလဲပေါ့ ...."

Saturday, August 15, 2009

ဖုန်းပြောရင်


      စင်ကာပူမှာဆိုတော့ ဖုန်းနဲ့ပါစပ်နဲ့ ကပြတ်တယ်တော့ ဘယ်ရှိပါ့မလဲ၊ mobile က လွှတ်လိုက်တဲ့ microwave က ဦးနှောက်မှာရှိနေတဲ့ blood vessel တွေကိုသွားထိခိုက် ပျက်စီးစေတယ်၊ မပြောမဖြစ်ပြောရတော့လည်း ညာဘက်ကပြောမယ့်အစား ဘယ်ဘက်ကိုပြောင်းပြီးပြော၊ :)

Monday, August 10, 2009

ကြေးအိုး ရာဇ၀င် - ၂

ဘကြီးတော်မကျန်းမာ၊ ကြေးအိုးစားချင်သော အာသီသဖြစ်
ကျေးရွာမှဝန်ကြီး ၂ ပါး မြို့တက်၊ ကြေးအိုးအ၀ယ်တော် စေလွှတ် .....

      ဤသို့ဖြင့် ၀န်ကြီး၂ပါးလည်း တအိမ်ဝင်၊ တအိမ်ထွက်ဖြင့် အလှူလိုက်ခံလိုက်လေရာ အတော်တန်ကြာသော်အခါ ငွေအသပြာ အသင့်သင့်ရလာသဖြင့် အလှူခံခြင်းမှ ရပ်ဆိုင်းပြီး၊ ထိုစဉ်က တရုတ်အစားစာများတွင် အတော်တန် နာမည်ကြီးလှသော မူစတာဖာဘာဘူကြီး ဆိုင်သို့ ပခုံးဖက် ၀င်သွားလေတော့သည်၊ တအောင့်ကြာလေသော် သွားကြားထိုးတံ ကိုယ်စီနှင့် ၀န်ကြီး၂ပါး ပြန်ထွက်လာလေ၏၊ လက်ထဲတွင်ကား အငွေ့တထောင်းထောင်းနဲ့ ပူပူနွေးနွေး ကြေးအိုး တအိုးကို အိုးလည်ပင်း၌ ကြိုးတန်းလန်းနှင့် အခန့်သား ဆွဲလာလေသတည်း၊ အပြန်လမ်းတွင်ကား ။။။။။

ဝန်ကြီး ။ ဟဲ့ ၀န်ကလေး သင့်စီးတော်ယာဉ်ကလည်း တယ်နှေးတကိုး ၊ ရွာအရောက်နောက်ကျလို့ နေအုံးမယ်၊

ဝန်ကလေး ။ အို .. ၀န်မင်းကလည်း ၊ ဒီလောက်ဇက်ကုန်ဖွင့်မောင်းနေတာ အချိန်တန်တော့ ရောက်မှာပေါ့ ၊

ဝန်ကြီး ။ အချိန့်လင့်သွားလိမ့်မယ် ၀န်ကလေး ၊ ဒါဆို အကျွန်ုပ်မောင်းမယ် အသင်အနောက်ကနေလေတော့၊ (၀န်ကြီးကလည်း ထိုစဉ်က ရွာ F1 ပြိုင်ပွဲတွင် ဒုတိယနေရာဖြင့် ပန်းဝင်ခဲ့သဖြင့် စိတ်ကြီးဝင်နေချိန် ၊ ထိုစဉ်တုန်းကသူ့အရှေ့က ပန်းဝင်တာဆိုလို့ နွားလှည်းပဲရှိတာ ၊ သူကဒုတိယပေါ့)

ဝန်ကလေး ။ မလုပ်နဲ့ဝန်ကြီး မလုပ်နဲ့ ၊ အသင့်အကြောင်း အကျွန်ုပ်ကောင်းကောင်းသိလေတယ်၊ ရွာလည်းရောက်ရလေအောင်၊ ကြေးအိုးလည်း မအေးသွားလေအောင် ဒီလိုလုပ်ကွဲ့

ဝန်ကြီး ။ အိမ်း .. လုပ်စမ်းပါအုံး မောင်ရင့်နည်းလမ်းလေး ၊

ဝန်ကလေး ။ နွေလမ်းမကလည်း ပူတယ် မဟုတ်လား ၊ ဒီတော့ ၀န်မင်း ကြေးအိုးကို ကြိုးစရှည်ရှည်နဲ့ မြေပြင်အထက် တလက်မအကွာကနေ လမ်းတလျှောက်ဆွဲခဲ့ချေ၊ အကျွန်ုပ်ရှေ့က မောင်းလိမ့်မယ် ၊

ဝန်ကြီး ။ တယ်ကောင်းတဲ့ ဥာဏ်ပဲ ၊ ဒါဆို ဘကြီးတော် ရှေ့မှောက်ပူပူဆက်သနိုင်တယ်ဆိုရင် မျက်နှာလည်းရပေတာပေါ့ .. ကောင်းပါ့ ၀န်ကလေး ၊ အသင့်သဘောအတိုင်းသာရှိစေလေတော့ ၊ ဘကြီးတော်လည်း မျှော်နေရော့မယ် ... မြန်မြန်မောင်း

      ထိုအချိန်တွင်ကား ဘကြီးတော်မှာ ကုတင်ညောင်စောင်းတွင် အသာယာ လှဲလှောင်းနေလေ၏၊ မျက်လုံးစုံ မှိတ်ထားသော်လည်း ရွာဝင်လမ်းဆီသို့ နားရွက်လေးလှည့်ထားလေသည်၊ ဘကြီးတော်အဆောင်မှ ၀န်ကြီးဖိုးထောင်နှင့် စားဖိုမှုးကြီး အာကုတ်တို့မှာလည်း ဘကြီးတော်အပါး ငြိမ်သက်စွာ ခစားနေလေသည်၊ ထိုအချိန် ရွာဝင်လမ်းစီမှ စက်တပ်ယာဉ်အသံကြားသည်နှင့် ၎င်းတို့ ၂ဦးမှာ ခေါင်းလေးထောင်လာပြီး နားလည်စွာဖြင့် အဆောင်အောက်သို့ ဆင်းသွားကြလေတော့သည်၊ ဘကြီးတော်မှာကား ငြိမ်သက်စွာ လှဲလှောင်းနေရာမှ တစုံတရာကို စဉ်းစားမိဟန် ... ခေါင်းလေး တညိမ့်ညိမ့်ဖြင့် နှတ်ခမ်းအစုံအား ၃ရက်လ ခုံးမျက်စနှယ် ကွေးညွှတ်စွာ ပြုံးလိုက်လေတော့သည်။ ကြေးအိုးအ၀ယ်တော်များ ပြန်ရောက်လာလေပြီး၊ ၀န်မင်းမောင်မောင်းမှာ ကြေးအိုးပူပူကိုဆွဲလျှက် ဘကြီးတော်အဆောင်သို့ ကူးလာလေသောအခါ အောက်တွင် အသင့်စောင့်နေသော ၀န်ကြီးဖိုးထောင်နှင့် စားဖိုမှုးကြီး အာကုတ်တို့မှ ဘကြီးတော်အနားယူနေသဖြင့် နောက်မှ အခစားဝင်ရန်ပြောကြားပြီး ဘကြီးတော် အာသီသရှိသော ကြေးအိုးကိုကား နောက်ဖေးမီးဖိုချောင်တွင် သွားထားကာ မောင်မောင်း အဆောင်သို့ ၄င်းတို့ ၃ဦးသား ထွက်သွားကြလေ၏၊

မီးဖိုချောင်ထဲမှာကား .................
      လှုပ်လှုပ်၊ လှုပ်လှုပ် ဘောင်ဘင်သံနဲ့အတူ ကြေးအိုးအောက်ပိုင်းမှ ခြေထောက်နဲ့တူသော ရှည်မျှောမျှော အရာ၂ခု တဖြည်းဖြည်း ထွက်လာပြီး နောက်ဆုံးတွင်ကား ခြေထောက်ကဲ့သို့ အဖျားတွင် အခက်၅ခု ပါလာလေသည်၊ တဖန်ကိုယ်ထည်ပိုင်းမှလည်း လက်သဏန်ထွက်လာလေရာ အဖျားတွင်အခက်၅ခုလည်း ပါလာသည်၊ ထိုအခါ ရုပ်လုံးပေါ်လာသော ကြေးအိုးမှာစားပွဲပေါ်မှာ ခုန်ဆင်းလာလေတော့သည်၊ လူအရိပ်အခြေကို အကဲခေတ်လိုက်ကြည့်တယ်၊ အားလုံးတိတ်ဆိတ်နေ၏၊ထရံသို့ ကျောကပ်ကာ တရွေ့ရွေ့ဖြင့် နောက်ဖေးအပေါက်သို့ချည်းကပ်သွားတယ်၊ မည်သူတဦးတယောက်မှ ထိုကြေးအိုး၏ အပြုမူကို သတိမပြုမိ၊ နောက်ဖေးပေါက်မှတဆင့် ကြေးအိုးမှာ အဆောင်ဘေးဘက်သို့ရောက်သွားလေတော့သည်၊ ထိုအချိန်တွင် ပင်ပန်းနေသော ၀န်ကြီးမောင်မောင်းမှာ အ၀တ်တော်လဲနေရာမှ နောက်သို့အလှည့် အဖြူရောင် အရိပ်တခုလှစ်ခနဲ့ အဖြတ် ...... ဤတွင် ၀န်ကြီးမှာအတော် အံ့အားသင့်သွားတယ်၊သူတသက်နဲ့တကိုယ် အဖြူရောင် အရိပ်ကိုသူမတွေ့ဖူးချေ၊ အပြင်သို့ ဒရောသောပါး ပုဆိုးစကိုင်ကာ အဆောင်ဝပြေးထွက်ကြည့်တော့ ၊ " ဟင် ကြေးအိုးကြီး လှမ်းလျှောက်နေပါလား၊ တစ်ဂျား၊တဂျား ငါလည်းမမူးသေးပါဘူး၊ ဘယ်နဲ့ဒီကြေးအိုးက ခြေထောက်ပေါက် လမ်းထွက်လျှောက်နေတာတုန်း၊" အာမေဒိတ်အသံနဲ့အတူ .... ကြေးအိုး၊ကြေးအိုး လို့အော်တော့ အနီးနားရှိနေကြတဲ့ ၀န်မင်းများလည်း အသံကြားရာထွက်ကြည့်ကြပြီး ထိုထူးဆန်းသော အချင်းရာကို မြင်သောအခါ သူတို့လည်း တပြိုင်နက်ထဲ သံကုန်ဟစ်ခေါ်ကြလေသည်၊ ထို ဘသားချောကြေးအိုးမှာ နောက်သို့ပင်လှည့်မကြည့်ပဲ ဖနှောက်နဲ့တင်ပါး တသားထဲကြအောင် ရွာမြောက်ပိုင်းသို့ ထွက်ပြေးလေတော့ .................................. ။

"ကြေးအိုးစားချင်သော ဘကြီးတော် ၊၂ဘီးတပ်ယာဉ်မောင်းသူ ၀န်ကလေး၊ ကြေးအိုးအ၀ယ်တော် မောင်မောင်း ကြံဖော်ကြံဖက် ၃ ဦးသား အနက်တွင်မှ ကံကွက်ကြား၍ ငမိုက်သားကြေးအိုး နင်ချည်းပဲ သေလေတော့ ................................

ဇီးကွက် + ဗျိုင်း တို့အိမ်တက်ပွဲ 10-Aug-09

အားရပါးရစားနေကြပုံ


ဖုန်းညွန့်ဟန် ရဲ့ ၃ ပန်းကန်မြောက်

စားပြီးသွားကြသူများနဲ့ နောက်မှာစောင့်နေကြသူများ

အိမ်ရှင်လင်မယားမှာ အလုပ်ရှုပ်နေပါနေသဖြင့် ၎င်းတို့ကိုယ်စားပုံများဖြင့်သာ ကျေနပ်ပါရန် ......
လေးစားစွာဖြင့် ဇီးကွက် + ဗျိုင်း

Friday, August 7, 2009

ချမ်းသာနည်း


       မနေ့ညနေပိုင်း Sembawang ဘုန်းကြီးကျောင်းရောက်ဖြစ်တယ်၊ တလတခေါက်ပုံမှန်ဆိုပေမယ့် ဒီတခေါက်က သူငယ်ချင်းအချို့လည်း ပါကြတယ်၊ ဆရာတော်က စင်ကာပူဘာလို့လာကြသလဲလို့ ကျွန်တော်တို့ကို စမ်းစစ်ကြည့်တော့ ချမ်းသာချင်ကြတယ်လို့ အဖြေထွက်လာပါတယ်၊ ချမ်းသာချင်တယ်ဆိုတာက ငွေတခုတည်းပြောတာ မဟုတ်ဘူး၊ ပညာအရသော်လည်းကောင်း ၊ လူမှုအဆင့်တန်းအရသော်လည်းကောင်း ၊စီးပွားရေးအရသော်လည်းကောင်းပေါ့၊ တို့အားလုံးချစ်တဲ့ သက်မဲ့ရေမြေတောတောင်၊ သက်ရှိ မိဘဆွေမျိုးတွေနဲ့ ခွဲခွာပြီး ရောက်လာကြတာ .... တခုခုချမ်းသာရာ ရှာမလို့ ( ရေကြည်ရာ၊ မျက်နုရာလို့လည်း ပြောလို့ရပါတယ် ) အကယ်လို့အထက်ပါ အကြောင်းနဲ့ မညီညွတ်ခဲ့ဘူးဆိုရင် ကျွန်ုပ်တို့ ဘာလို့စွန့်ပြီး စင်ကာပူကိုရောက်လာ သလဲလို့သာ ပြန်စမ်းစစ်ကြည့်ရမယ် .........
ချမ်းသာချင်လို့ပေါ့ ........... ၊ ဒီတော့ ဆရာတော်က ဘုရားရှင်ဟောကြားခဲ့တဲ့ ချမ်းသာချင်းတရားပေးပါတယ်၊

၁ ။ ကျန်းမာရမယ်
ပိုက်ဆံတွေ အများကြီးရှာပြီး ကိုယ်မကျန်းမာရင် ဘယ်လိုသုံးမှာတုန်း ၊ ရောဂါအတွက်နဲ့ ကိုယ့်စည်းစိမ်ကို ကိုယ်မခံစားနိုင်ဘူး၊ ကျန်းမာတဲ့နေရာမှာ စိတ်လည်းကျန်းမာရမယ် ၊ ရူးရူးသွပ်သွပ် အစွန်းရောက်နေရင်လည်း ဥစ္စာဓနတွေကို ဘယ်လိုစီမံနိုင်မှာလဲ၊ ဒီတော့ ချမ်းသာဖို့ဆိုရင် ကိုယ်ရော စိတ်ပါ ကျန်းမာရမယ် ။
၂ ။ ကိုယ်ကျင့်တရား စောင့်ထိန်းရမယ်
ပုထုဇဉ်လူသားတွေအဖို့ အခြေခံ ငါးပါးသီလတော့ လုံသင့်ပါတယ်၊ ကိုယ့်အသက် သူများသတ်မှာကို ဘယ်သူမှမကြိုက်သလို သူများအသက်ကိုသတ်ရင် သူတို့လည်းဘယ်ကြိုက်ပါ့မလဲ၊ ဒီလိုမျိုး ဂရုဏထားပြီး မိမိစိတ်နဲ့ယှဉ်သွားရင် ခိုးခြင်း၊ သူတပါးသားမယား ပြစ်မှားခြင်း၊ သူတပါးအကျိုးပျက်အောင် မုသားသုံးခြင်းတို့ကို စောင့်ထိန်းလာနိုင်မှာပေါ့၊ သူရာမေတိယ ကတော့ အလွန်အကျွံလူမှန်းမသိ သူမှန်းမသိမလုပ်အောင် မမှီဝဲလေနဲ့ ၊ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုမထိန်းနိုင်တော့ အထက်က ကံလေးပါးကို ကျုးလွန်နိုင်ခြေ ပိုများတတ်လို့ ၊ ဒီတော့ အခြေခံအားဖြင့် ငါးပါးသီလတော့ လုံပါစေ ။
၃ ။ သူကြီးမိဘ ဆိုဆုံးမစကားကို မပစ်ပယ်နဲ့
ခုခေတ်လူငယ်တွေနဲ့ ရှေးလူကြီးတွေကြားမှာ နည်းပညာဆိုတဲ့ Gap တခုကိုအခွင့်ကောင်းယူပြီး " .....တို့က ဘာသိလိုလဲ့လို ပြန်မပြောဆိုလေနဲ့" ၊ ကိုယ်သိတာတွေ သူတို့မသိသလို ၊ ကိုယ်မသိတဲ့ ဘ၀သင်ခန်းစာတွေလည်း သူတို့မှာ အများကြီးရှိတာကိုး၊ ဒီတော့ သက်ကြီးသူမတွေရဲ့ ဆိုဆုံးမစကားကို နားလည်လက်ခံပေးပါ ။
၎ ။ စိတ်ဓါတ်မကျနဲ့
ကိုယ်ဖြစ်ချင်တာ မဖြစ်ရင်၊ ဖြစ်သလိုသာနေမယ်လို့ ဘ၀ကိုမခံယူပါနဲ့၊ ရ ခါလဲရင် ၈ ခါပြန်ထနိုင်အောင် ကြိုးစားပါ၊ မဆုတ်နစ်သော ဇွဲလုံ့လရှိပါစေ ။
၅ ။ အမြင်ကျယ်ကျယ်ထားပါ
အောင်မြင်ချမ်းသာချင်တဲ့ သူတယောက်က ဗဟုသုတပြည့်ဖို့ လိုပါတယ်၊ Continuous learning ခေတ်ထဲမှာ စဉ်ဆက်မပြတ် လေ့လာပါ၊ ရှာဖွေပါ၊ သုံးသတ်နိုင်ခြင်းဖြင့် ပြည့်စုံပါ ။
၆ ။ အကောင်းမြင်တတ်ပါစေ
ဖြစ်သမျှအကြောင်း အကောင်းကြီးပဲလို့မှတ်ပါ၊ ဖြစ်လာတာတွေကို အပြစ်မတင်နဲ့ ကောင်းသောစိတ်နဲ့ ယှဉ်ပြီး မြင်တတ်အောင်ကျင့်ပါ၊ ဘ၀က ကိုယ့်ကို သံပရာသီးတလုံးပေးရင် ကိုယ်က သံပရာရေ ပြောင်းလဲဖို့ အကောင်းမြင်တတ်ပါစေ ။

သူငယ်ချင်းအားလုံး သာဓုခေါ်နိုင်အောင်လို့ မျှဝေပေးလိုက်ပါတယ် ။

Wednesday, August 5, 2009

သံသရာ

December ၁ ရက်နေ့ ကောင်းကင်ပြာပြာကြီးရဲ့အောက်မှာ အမွဲဇယားကို စတင်ခဲ့ ၊
အဲဒီနေ့က အပူးမထွက်ပါ ။
December ၈ ရက် နှလုံးသားကို ဓါတ်လိုက်ပြီး .... တလုံးပဲလွဲသွားတယ် ။
April ၁၀ ရက် ကျွန်တော့်မွေးဂဏန်းလေး ထွက်သွားတယ် ၊ အို ... အို ... အရူးမူးပဲ ။
May လ ၂၃ ဘ၀တခုလုံး တွက်စားတော့မယ်လို့ လေထဲတိုက်အိမ်ဆောက်ခဲ့ဖူးတာပဲ ... ပျော်မြူးခဲ့ ။
တညလုံးမအိပ်ပဲ ၂ လုံးတွက်ခဲ့ ၊ တဘ၀လုံးဆိတ်သုန်း မွဲရောပဲ ။
ပေးလိုက်ရတာ ဆွဲကြိုးနဲ့ ၊ ပြန်ရလိုက်တာ အကြွေးဇယားတခု ။
October ၁၆ ရက် ပျော်ရွင်ရတဲ့ နေ့တွေရှိသလို ၊ ထမင်းတွေလည်း ငတ်ခဲ့ ။
ပြန်ပေါက်လိုက် ၊ ပါသွားလိုက်နဲ့ အကြွေးနွံထဲ နစ်ခဲ့ ။
February ၉ ရက် ကျွန်တော့်ဘ၀ကွဲပျက် ...................................................... ။

Monday, August 3, 2009

..........တမ်းချင်း





မလိမ်မိုးမလိမ်မာ အရွယ်ထဲက
ပျိုးထောင်ခဲ့ရတာပါ......

ဘယ်တော့များမှ ပွင့်မှာလဲ
စံပယ်ရေ
မင်းရနံ့လေးထဲ
ယစ်ယစ်မူးမူးနဲ့ ပျော်ဝင်ချင်လို့ပါ........

ခုများတော့........
မျှော်လင့်ချက်တွေသာ
အို အို လာတယ်
ငါ့စံပယ်ကတော့
ငြိမ်ချက်သားကောင်းနေတုန်း..............

Sunday, August 2, 2009

စကားပြောသော ပုံတချို့

ဘ၀ဆိုတာတိုက်ပွဲ ၊ ဘယ်တော့မှ အရှုံးမပေးနဲ့

Internet ခေတ်ကြီးထဲမှာဆိုတော့

Team Work ၊ Supervisor တို့ရဲ့ အရေးပါပုံ

အချစ်နှင့် သူ၏ဒသနများ

တရားခံဘယ်သူလဲပြော

Saturday, August 1, 2009

Weddings of Friends .... 21.Dec.2008




Comment မှာဝင်ပြီး ဆုတောင်းပေးလိုက်ရအောင် ........
Cbox အောက်နားက wedding label ကို Click လိုက်ပါ ၊
သူငယ်ချင်းအတွက် ဒီတနေရာတည်းကနေ ဆုတောင်းပေးနိုင်ပါတယ် ၊