

ခေါ .... ခလူး Zzz....

အရို့ ၀ိုင်းနေပါကောလား

သေချာကြည့်ထားမှ

ရှေ့ကကြည့်၊ဘေးကကြည့်ဆိုတော့ ရှက်တာပေါ့

ခေါင်းတိုက်မှာ စိုးလို့ထိုင်နေတာကွ



ဟိုတနေ့က သူငယ်ချင်းတယောက် forward လုပ်ပေးလိုက်တဲ့ Gtalk Dictionary Bot ကိုစမ်းကြည့်တာ အတော်လေးဟုတ်နေတာပဲ ၊တဘက်က Gtalk လည်းသုံး ၊ dictionary လည်းတခါတည်း ကြည့်လို့ရတော့ အတော်အဆင်ပြေသွားသလို မြန်လည်းအတော်မြန်တယ် ၊ Myanmar mmgeeks အဖွဲ့ကလုပ်ထားတာပါ ၊ ပထမဆုံး Gtalk မှာ ဒီ address ကို add လိုက်ပါ ၊ en2mm3@mmgeeks.org (or ) en2mm4@mmgeeks.org . Add လုပ်ပြီးသွားလို့ online ဖြစ်လာရင် Chatting လုပ်သလိုပဲ သိချင်တဲ့ စကားသာရိုက်လိုက် ၊ ဥပမာ Hi လို့ပဲ ရိုက်ကြည့်ပါအုံး ( ကြိုက်သွားမယ် ၊ မကြိုက်ရင်တော့ ရိုက်သွားလိုက် :P ) သူက မြန်မာလိုမရှိရင်တော့ English ကိုတိုက်ရိုက်ပြန်ပေးလိမ့်မယ် ။ ကိုယ်လိုရင်သုံး ၊ သူလိုရင်လည်း ကိုယ်က add englishword wordcategory myanmarword သုံးပြီးလိုတာတွေထပ်ထည့်ပေးလို့ရတယ်၊ Wiki တို့လိုပေါ့ ၊ .....
ထပ်ပြီးတော့ စိတ်ဝင်စားရင် ဒီ link တွေမှာဆက်ကြည့်လို့ ရတယ်
mmgeek form
ှုIT men Blog
ရှေးက ချမ်းသာကြွယ်ဝတဲ့ သူကြွယ်သူဌေးကြီးတစ်ယောက်မှာ သား (၃) ယောက်ထွန်းကားလေသတဲ့ ၊ အရွယ်ရောက် အချိန်တန်တော့ တနေ့မှာ သူဌေးကြီးဟာ သား (၃) ယောက်ကိုခေါ်ပြီး ၊ တယောက်စီကို အသပြာ (၁၀၀) ပေးလိုက်တယ် ။ ပြီးတော့ သူ့မှာရှိတဲ့ဂိုဒေါင်ကြီး (၃) လုံးကို လက်ညိုးထိုးပြီး ဒီဂိုဒေါင်ကြီးကို တရက်အတွင်း အပြည့်ဖြည့်ဖို့မှာကြားသတဲ့ ။ ငွေအနည်းဆုံးနဲ့ ဂိုဒေါင်အပြည့်ဖြည့်နိုင်တဲ့ သူကိုသူ့ပိုင်ဆိုင်တဲ့ စည်းစိမ်တ၀က်ခွဲပေးမယ်လို့ဆိုသတဲ့ ။ ဒီတော့သား (၃) ယောက်က ငွေယူပြီး အဖေမှာတဲ့ အတိုင်းဆောက်ရွက်ဖို့ ထွက်သွားကြတယ် ။
ကဲ ပုံပြင်နားထောင်တဲ့ သူတွေရော .....ဂိုဒေါင်ကြီးပြည့်သွားအောင် ဘယ်လိုလုပ်ကြမလဲ ။ ( ဆက်ကြည့်ရအောင် )
သားကြီးက - ဈေးထဲ ၊ ရွာထဲ ကအမှိုက်ပုံတွေကိုရှာပြီ ၊ သူများတွေစွန့်ပစ်ထားတဲ့ အမှိုက်တွေကိုလိုက်စု ၊ လူတွေနဲ့သယ်ပြီး ဂိုဒေါင်ထဲကိုဖြည့်သတဲ့ ။ ဒီလိုနဲ့ ဂိုဒေါင်ကြီးတခုလုံးကိုပြည့်တဲ့ အထိဆိုပါတော့ ၊ အမှိုက်တွေကို အလားကားရပြိး သယ်ဆောင်ခကိုသာ အနည်းငယ်ပဲ ပေးရတဲ့အတွက် ဂိုဒေါင်ကြီးပြည့်ပြီး ပိုက်ဆံလည်း ပိုတာပေါ့ ။
သားလတ်က - ရပ်ထဲ၊ရွာထဲမှာ ပိတ်နေတဲ့ ရေမြောင်းတွေကို လိုက်ဖော်သတဲ့ ၊ ရလာတဲ့မြေကြီးတွေကို လူတွေနဲ့သယ်ပြီး ဂိုဒေါင်ထဲကို ဖြည့်သတဲ့ ။ ဒီလိုပဲ သဲတွေကိုအလားကားရပြီ သယ်ဆောင်ခကို အနည်းငယ်ပဲပေးရတဲ့ အတွက် ဂိုဒေါင်ကြီးပြည့်သွားတဲ့ အခါ သားလတ်မှာလည်း ပိုက်ဆံတွေလည်း ပိုသေးတယ်ပေါ့ ။
သားငယ်က - ဘာမှရည်ရည်ရာရာမလုပ်ပဲ သူ့အကိုတွေအလုပ်-လုပ်ချိန်မှာ အေးဆေးပဲနေလေသတဲ့ ၊ အချိန်တန်လို့ သူဌေးကြီးလာကြည့်တဲ့ အချိန်မှ မီးခွက်တခုယူသွားပြီး ဂိုဒေါင်ထဲမှာ သွားထွန်းလိုက်တဲ့အခါ ဂိုဒေါင်တစ်ခုလုံး မီးရောင်နဲ့ထိန်းလင်းသွားတယ် ။
နောက်ဆုံးတော့ သူဌေးကြီးကသူပိုင်တဲ့ စည်းစိမ်အားလုံးကို (၃) ပုံ-ပုံပြီး အညီမျှခွဲပေးလိုက်တယ် ။ သားကြီး ၊ သားလတ်ရဲ့ လုပ်ဆောင်ချက်က အများကိုအကျိုးပြုသလို ပြောတဲ့အတိုင်း မဆုတ်မနစ် ကြိုးစားတဲ့ အတွက်ပေါ့ ။ သားငယ်ကတော့ ဖြတ်ထိုးဥာဏ်နဲ့စဉ်းစားပြီးလုပ်ဆောင်တဲ့ အတွက်ပေါ့ ။
ဒီလိုပဲ .... လောကကြီးမှာ အလုပ်ကို ကြိုးစားသူ နဲ့ အလုပ်ကို ပါးနှပ်စွာ လုပ်သူတွေရှိကြတယ် ။ Work Hard နဲ့ Work Smart ဆိုရင် ကျွန်တော်တို့ ဘာကိုရွေးကြမလဲ ။