Tuesday, June 30, 2009

Be Considerate ကို Considerateကြည့်ခြင်း


       အခုတလော MRT မှာ သတိထားမိတယ်.... Be Considerate! Please give up this seat to those who need it.... S'pore အစိုးရလည်း နည်းနည်းတော့တင်းနေပြီထင်တယ်.....အရင်တုန်းကဆိုရင် Please offer this seat to those who need it more than you do....ဆိုပြီးတော့ ယဉ်ယဉ်ကျေးကျေး ရေးထားတယ်......အခုကတော့ a little bit rough ဖြစ်တယ်.......ပြောလည်းပြောချင်စရာပဲကိုး.....ဒါပေမယ့်တစ်ခုတော့ရှိတယ်...အိုကြီးအိုမ ကလေးသူငယ်တွေကတော့ ဟုတ်ပါပြီ.....ကိုယ်ဝန်ဆောင်သည် ( မကြီးတကြီး ) တွေကို ဘယ်လိုလုပ်မလဲ....တချို့တွေဆို ပုံမှန်ဝနေတာလား? ကိုယ်ဝန်ရှိနေတာလား? ဆိုတာ အတော်ဝေခွဲရခက်ပါတယ်.....သိတဲ့အတိုင်းပဲ..ခုခေတ်မိန်းကလေးတွေက ဗိုက်ဖုံးအင်္ကျီတောင်မချန် ဖက်ရှင်ထွင်ပြီး လိုက်ဝတ်ကြတာကလား... ကိုယ်ကထင်လို့ Offer လုပ်လိုက် သူကမဟုတ်တဲ့အတွက် အကြောက်အကန် Deny လုပ်လိုက် .. အတော်ဒုက္ခတွေ့ပါတယ်.... အားနာဖို့လည်းကောင်းတယ်... ကိုယ်ကသူ့ကို ဗိုက်ကြီးသည်လို့ထင်မိတာကိုး....ဒါ့ကြောင့် ဗိုက်ကြီးသည် ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲဆိုတာ ကျွမ်းကျင်သူများ အကြံဥာဏ်ပေးကြပါကုန်..........။။။

Red Devil

Monday, June 29, 2009

IC Show in Singapore'09


       ဒီမှာနေရတဲ့ ကျွန်တော်တို့တတွေကတော့ ကိုယ့် program နဲ့ကိုယ်ဆိုသလိုမျိုးပဲ .. မနက်ဆို အိပ်ရာထ၊ ပြင်ဆင်၊အလုပ်သွား၊ပြန်လာ ရေချိုး ၊ထမင်းစား၊အိပ် ဒါတွေနဲ့ပဲ Weekdays တွေမှာလုံးပန်းရင်း weekends ရောက်ရင်လည်း တပတ်စာ လျှော်ဖွတ် ၊ ဟိုရှင်းဒီရှင်း လိုတာတွေဝယ်၊ CityHall သွားပြန်လာ၊ တခါတရံ Beer လေးသောက်နဲ့ window shopping နဲ့ discount shopping လေးထွက်နဲ့ပဲ Weekdays ပြန်ရောက်သွားရော ၊ Time is too fast ပဲ။ မော်လမြိုင်တုန်းကလို ညနေဘက်ဆို လေညှင်းခံ လမ်းသလားမယ့် ဆိုင်ကယ်လည်းမရှိ ၊ လဘက်ရည်သောက်ရင်း အာရိုက်မယ့်နေရာလည်း နိတ္တ ၊ ( အဲ PTU မှာတော့ လဖောရိုက်တယ်လို့ခေါ်တယ် - ကျွန်တော်တို့ရဲ့ idoms ပေါ့ ) ၊ အဆောင်နေကျောင်းသားဘ၀တုန်းက မြ၀တီ သိုင်းကားတွေအတူကြည့်၊ပြီးရင် ကိုမိုးကျော်ဆိုင်ကိုပြေးကြတဲ့ ပျော်စရာညတွေကတစ်မျိုး ၊ ချစ်စမ်းပြောင်ရဲ့ Guiter ကိုကလိထိုးသံတွေနဲ့ ညပိုင်းမှာလက်သံပြောင် SBS Brand ကြီးလည်းဟိုတုန်းက တက္ကသိုလ်ညများဆီမှာကျန်ခဲ့တာကတမျိုး ၊ တချို့ဆို ရ နာရီ ကိုးရီးယားကားမှာ အွန်စောလေးကိုသနားလို့ မျက်ရည်လေး စမ်းစမ်း စမ်းစမ်း နဲ့ တကယ်ငိုတဲ့ သူငယ်ချင်း၊ ယောက်ျားကောင်းကြီးတွေတောင် အိမ်ထောင်ကျကုန်ကြပြီလေ ... ဟဲ ( သိချင်ရင်cbox လာခဲ့ပြောပြမယ်)


       အစောက စကားကိုပြန်ဆက်တာပေါ့ ၊ singapore ရဲ့မြို့ပြ လူနေမှုစရိုက်မှာ စီးမြောနေတဲ့ ကျွန်တော်တို့အတွက် သက်ြန်ကတမျိုး ၊ IC Show တွေက ၁နှစ် ၊ တကြိမ် မရိုးနိုင်ဆိုသလို ၁နှစ်၁ခေါက်တော့ ရောက်ပြန်သပေါ့ ၊ မနှစ်က IC show ကိုကြည့်ဖြစ်တယ် ၊ ကျွန်တော့် ဘ၀ရဲ့ ပထမဆုံး live show ကြည့်ဖူးခြင်းပါ ၊ ဟိုမှာလုပ်တဲ့ show တွေဆို သွားရင်သွား ၊ရန်ပွဲကြားတော့ မညှပ်စေနဲ့လို့ ပြောစမှတ်လောက်အောင် ဂရုစိုက်ရတယ် ။ singapore မှာက မြန်မာတွေရန်မဖြစ်ကြဖူး ( အပြစ်ကြီးလို့) ၊ နောက်ပြီး sorry / excuse me ဆိုတဲ့ စကားလုံး ၂ မျိုးကို ကျွမ်းကျင်စွာ အသုံးပြုနိုင်တာကြောင့်လည်း ပါတာပေါ့ ၊ ဒီတော့ show တွေကြည့်ရတာစိတ်ချမ်းသာရသလို ၊ sound system ၊ lighting effect တွေကို အသုံးပြုတတ်ပုံ ( မီးနဲ့ရေကို ဘယ်လိုကောင်းကောင်း အသုံးချရမလဲပဲ စဉ်းစားနေလားမသိဘူး :P ) ၊ IC performance ရဲ့ခေါ်ဆောင်ရာနောက် VIP တန်းမှာ စတယ်ကြီးတွေနဲ့ ထိုင်ကြည့်နေတဲ့ မမတွေတောင် အာဇာနည်ရဲ့ (ဖြတ်) အလှည့်လည်းရောက်ရော အားလုံးပဲ ခုံမှာတောင်မထိုင်တော့ဘူး ၊ အာဇာနည်ကလည်း တော်ပါတယ် ၊ အရှေ့ကပရိသတ်ပါလာတော့ ဟိုးအနောက်စင်ပေါ်က ပရိတ်တွေကြတော့ ....... အဲဒီသီချင်းရဲ့ အလယ်တထောက်အနားမှာ အနောက်ကလူတွေ အဆင်သင့်ဖြစ်ပြီးလားတဲ့ လူတွေကလည်း ဖြစ်ပြီ ၊ ဖြစ်ပြီ ဆိုတော့မှ အရှေ့ထွက်လာပြီး အားပါးတရ၊ " ညာ............ချစ်သူဆိုတာ အိနြေ္ဒတွေနဲ့ ဆက်ယုံနေရင် ညာနေမယ် နင်ငါ့ကိုဖြတ် " (ဘာဖြတ်မှာလဲတော့ မသိဘူးပေါ့နော်) ၊ အဲဒီနောက်မှာတော့ မျိုးကြီး ၊ အငဲတို့ ၊ အဲခုတော့ သူတို့ပြီးရင် ကိုလေးဖြူရဲ့အလှည့်ပေါ့ ၊ နောက်ဆုံး "ခင်ဗျားတို့ စင်ကာပူက ၁၁နာ၇ီ ကျော်ရင်မီးဖြတ်မှာတဲ့ကျွန်တော်တို့ ဆက်ဆိုချင်လည်းမရတော့ဘူး " လို့ ကိုကြီးအငဲရဲ့ စကားနဲ့ အတူ ၊ ပွဲအပြီးအားလုံးရဲ့ လွတ်လပ်နေတဲ့ စိတ်တွေကို တွေလိုက်ရတယ် ( ကျွန်တော်အပါဝင်ပေါ့ )

Here we go

Dear All readers,
 
Let me introduce myself to you all. I am the one who is called Chaung Chaung (or) Chaung Saut (or) Hein Zaw Latt. I am also one of SPS music members. But here I want the name of author to be Red Devil.........
 
Honestly speaking, I don't have much knowledge about Computer. A few years ago, I didn't know how to type, I didn't know how to surf internet, I didn't know how to use email........
 
In fact, I am trying to download Myanmar Font from Zawgyi, but I don't know which is the easiest one for me. It seems I can't get it without someone's help.......
 
Here one question... How come you was able to apply NTU via internet and got offer without knowledge of computer? The answer is somebody who is called Myo Min Oo (or) ... ... ...(or) ... ... ... (or) ... ... ... help me to do it....... For those who want to know about the dots, you may call me at 9028 9990. Those are 2nd, 3rd, and so on ..... names of MMO. Am I right, my friend? I really thank you.
 
I requested him to put more links such as sharing movies (N16) he he.. it's a joke, sharing novels, music, whatsoever.....So that this blog can attract more visitors. I think I will be here almost everday from now on..I would like to read whatever people write. Then I urge those who still remember our school lives, pls do write....
 
Have a good day!!!
 
Red Devil
 

Mail to Blogger ကိုစမ်းသပ်ခြင်း

သူငယ်ချင်းတွေက blog မှာ post တွေတင်လို့ရလားမေးတော့ ၊ အလွယ်ဆုံးတင်လို့ရနိုင်တဲ့ mail to blogger ကိုစမ်းကြည့်တာ ၊အဆင်ပြေပါတယ် ၊ Post တွေတင်မယ်ဆို ဒီ address အတိုင်း mail ပို့လိုက်ရုံပဲ ၊ လိုတဲ့ setting တွေကို နည်းနည်းပါးပါး adjust လုပ်ပေးမယ် ၊ walonelay9.mlmfriends@blogger.com . photo တွေကိုလည်း attach လုပ်ပြီးတင်ကြည့်လို့ရတယ် .... အခုဒီ post ကို email ကတဆင့်တင်လိုက်ကြည့်တာ ၊ အိုကေပါတယ် ၊ ကိုယ့်ရဲ့ mail အောက်မှာ nick လေးတော့ထည့်ပေးဖို့မမေ့နဲ့ ။

Sunday, June 28, 2009

GTalk သုံးရင်း ၊ အသုံးလည်းဝင်မည့် Dictionary Bot များ

     ဟိုတနေ့က သူငယ်ချင်းတယောက် forward လုပ်ပေးလိုက်တဲ့ Gtalk Dictionary Bot ကိုစမ်းကြည့်တာ အတော်လေးဟုတ်နေတာပဲ ၊တဘက်က Gtalk လည်းသုံး ၊ dictionary လည်းတခါတည်း ကြည့်လို့ရတော့ အတော်အဆင်ပြေသွားသလို မြန်လည်းအတော်မြန်တယ် ၊ Myanmar mmgeeks အဖွဲ့ကလုပ်ထားတာပါ ၊ ပထမဆုံး Gtalk မှာ ဒီ address ကို add လိုက်ပါ ၊ en2mm3@mmgeeks.org (or ) en2mm4@mmgeeks.org . Add လုပ်ပြီးသွားလို့ online ဖြစ်လာရင် Chatting လုပ်သလိုပဲ သိချင်တဲ့ စကားသာရိုက်လိုက် ၊ ဥပမာ Hi လို့ပဲ ရိုက်ကြည့်ပါအုံး ( ကြိုက်သွားမယ် ၊ မကြိုက်ရင်တော့ ရိုက်သွားလိုက် :P ) သူက မြန်မာလိုမရှိရင်တော့ English ကိုတိုက်ရိုက်ပြန်ပေးလိမ့်မယ် ။ ကိုယ်လိုရင်သုံး ၊ သူလိုရင်လည်း ကိုယ်က add englishword wordcategory myanmarword သုံးပြီးလိုတာတွေထပ်ထည့်ပေးလို့ရတယ်၊ Wiki တို့လိုပေါ့ ၊ .....

ထပ်ပြီးတော့ စိတ်ဝင်စားရင် ဒီ link တွေမှာဆက်ကြည့်လို့ ရတယ်

mmgeek form
IT men Blog

Wednesday, June 24, 2009

Palau Ubin သို့တခေါက်


       မှတ်မှတ်ရရ မနှစ် Palau Ubin သွားကြတုန်းက သူငယ်ချင်းအတော်များများပါကြတယ် ၊ ဆုံဖြစ်ခဲ့ကြတဲ့ ပွဲတွေထဲမှာ လူအများဆုံးပဲ ၊ အခြားပွဲအတော်များများက chevas campain ချည်းပဲဆိုတော့ ကျွန်တော်တို့လောက်ပဲရှိတာကိုး ၊ Palau Ubin ကို MRT နဲ့သွားမယ်ဆိုရင် Tampines မှာဆင်း ၊ အဲဒီမှာရှိတဲ့ bus interchange ကနေ ကားထပ်စီးရသေးတယ်၊ ဒီတော့မှ Jetty ကိုရောက်ရင် စက်လှေစီးပြီး ပင်လယ်ခရီးကိုစ ပင်လယ်လေကို တ၀ကြီးရှုတော့ပဲ ၊




       နာရီဝက်လောက်ကြာပြီးရင် ဟိုဘက်ကမ်းကိုရောက်သွားမယ် ၊ တံတားအတိုင်းလျှောက်သွားပြီး တံတားဆုံးတဲ့အခါ ဆိုင်တွေကိုတွေ့ရပြီး ၊ လူတွေတိုးတိုးဝှေ့ဝှေ့ စက်ဘီးငှားကြတာတွေမယ်၊ ကိုယ်လည်းဝင်တိုး ကိုယ်စီးမယ့်စက်ဘီးကို break ကောင်းမကောင်းအရင်စစ် ၊ break မကောင်းလို့ကတော့ အိမ်အပြန်  သွားပြန်ပါလာမှာမဟုတ်ဘူးမှတ်၊ စားသောက်ဆိုင် အပြင်ဆင်တွေကိုတွေ့ရင်တော့ စပြီးခံစားမိတာက ငါစင်ကာပူမရောက်ပဲ ကျေးလက်များရောက်နေသလားလို့ ၊ တကယ့်ကိုတူတယ်ဗျ ၊ မယုံရင်ကြည့် ဒါစင်ကာပူလားလို့ ( အကယ်၍ ဓါတ်ပုံရိုက်ပြီး အိမ်များပို့လိုက်ကတော့ အော် ... စင်ကာပူဆိုတာ ဘီလူးကျွန်းမျိုးလို့များ ပြောမလားပဲ )




       Palau Ubin စက်ဘီးရတာများ ၁ လစာ ချွေးထုတ်ရသလိုပဲ ၊ ခြေဦးတဲ့ရာ လျှောက်စီးတဲ့ ကျွန်တော်တို့အဖွဲ့ကတော့ ဟိုနင်း၊ ဒီနင်းနဲ့ ဗိုက်ဆာရင်စားလိုက် ၊အရိပ်ကောင်းရင်နားလိုက်၊ အိပ်သာတွေရင် အပေါ့ပါးသွားလိုက်နဲ့ ဟုတ်နေတာပဲ ၊ လက်ထဲမှာမြေပုံရတော့လည်း ထို့နည်းတူ မခြားမနားဘူး ၊ Road Map ကြီးကိုကြည့်၊ ဟိုလက်ညှိးထိုး၊ ဒီလက်ညှိးထိုးနဲ့ ပြီးတော့ နင်းချင်တဲ့နေရာ နင်းတော့တာပဲ ။ နောက်ဆုံး မျှော်စင်လို ( ၆ ထပ်လား ၊ ၇ ထပ်လား မမှတ်မိတော့ဘူး ) ရှိတဲ့နေရာရောက်တယ် ၊ အဲဒီကနေ ရေပေါ်ကနေလမ်းလျှောက်လို့ ရတဲ့တံတားကိုရောက် ၊ နောက်ဆုံး ကမ်းနားမှာရှိတဲ့ model အိမ်လေးတဲ့ရောက်ပြီး မိုးမချုပ်မှီ ပြန်လှည့်ကြရတာပေါ့ ၊ ခုတော့လည်း ၁ နှစ်လောက်ကြာသွားပြီး ၊ တချို့က home prison ကျ ၊ တချို့က မြန်မာပြည်ပြန် ၊ တချို့က တချို့နဲ့ .... တချို့ချို့ဖစ်ကြလေသတည်း ။ (စုံးစမ်းခြင်း ... သည်းခံပါ) :P



       အဲတချို့က ကြာဇံကြော် ကိုမစားရသေးပဲနဲ့ " အတော်ကောင်းတယ်ကွ ၊ အတော်ကောင်းတယ်ဟ" ဆိုပဲ ၊ အမှန်လည်း ထိုနေ့က ကြာဇံကြော် တကယ်ကောင်းကြောင်း ကျွန်တော်တို့အားလုံး စားပြီးတော့ ထောက်ခံပေးလိုက်ပါတယ် ...... ကြာဇံကြော် ... အတော်ကောင်းတယ်ကွ

GST Claim အုံးမလား ...


အားလုံးသိကြတဲ့ အတိုင်းဒီမှာ ဘာဝယ်ဝယ် GST အတွက် 7% ထည့်တွက်ကြတာ ၊ ဟိုနေရာပါ ဒီနေရာပါနဲ့ GST ပြန် claim ဖို့ကလည်း ထင်သလောက်မလွယ်ပါဘူး ။ ရန်ကုန်က visit pass နဲ့လာတဲ့သူကို ရှာရသေးတယ်။ ပြီးခဲ့တဲ့လက camera ( prosumer ) တလုံးဝယ်ဖြစ်သွားတယ်။ ဘာရယ်တော့မဟုတ်ဘူး .... ဒါနဲ့ GST လေးများပြန် ရရင် အကောင်းသာဆိုပြီး ကြံရတာပေါ့ ။ အရင်က camera အသေးတလုံးဝယ်ဖူးတာရှိတယ် ။ ပြီးခဲ့တဲ့ သူငယ်ချင်းတစ်ယောက် မဂ်လာဆောင်မှာ ဓါတ်ပုံရိုက်ပေးတော့ ကိုယ့်လက်က camera ကိုဘယ်သူမှမကြည့်ဘူး ၊ ကိုယ့်ဘေးကိုပဲကြည့်နေကြတာ ... ကျွန်တော်လည်းသတိထားမိတော့ ဘေးကလူ camera က DSL ကိုး ၊ ဒါ့အပြင် ပြောင်းကကြီးကြီး ( Zoom ) တပ်ထားတော့ ပိုဆိုးတာပေါ့ ။ (မယုံရင် သက်သေ photo တွေရှိတယ် .. ပြရမလားပဲ)


ဒီလိုနဲ့.... DSL camera ကိုမှမ၀ယ်နိုင်တော့ DSL လည်းမကျ ၊ point and shoot ထက်လည်း နည်းနည်းပိုသာတဲ့ prosumer တလုံးဝယ်ဖြစ်သွားတယ် ။ သူ့မှာလည်း Manual / S / A / P priority တွေပါတော့ သိသလောက် ကလိလို့ တော့ရတယ် ။ ဒါနဲ့ပဲ GST ပြန်ရမလားဆိုပြီး ၊ ကြံရတာပေါ့ ၊ ပြောသာပြောရတယ် GST claim တာကလည်း ထင်သလောက် မလွယ်ပါဘူး ၊ checkin မ၀င်ခင် GST Claim တဲ့ counter ဆီသွား ၊ လိုတာလေးတွေဖြည့် ၊ GST Boucher မှာ PP ,Name , လိုတာလေးတွေဖြည့်ပြီး approve သွားလုပ်ရတယ် ။ အဲ.. လိုအပ်ရင်ပစ္စည်းပါ ပြရတယ် ။ အဲဒီက approve ဖြစ်ရင် ပိုက်ဆံချက်ချင်း ရပြီလို့တော့ မထင်နဲ့ ၊ ပစ္စည်းတွေ check in လုပ်ပြီး Immigration ကိုဖြတ်ပြီးမှ GST claim မဲ့ counter ကိုရှာရသေးတယ် ၊ ဒီတော့မှ GST ကိုပြန်ထုတ်ရတာ ... ဒါနဲ့မပြီးသေးဘူးနော် . Claim တဲ့ amount များလို့ကတော့ address သာပေးခဲ့ cheque ပို့ပေးမယ်တဲ့ ... ကဲမှတ်ရောလား ၊

Monday, June 22, 2009

ကွက်လပ် _______ တစ်ခုကို ပြန်လည်အသက်သွင်းခြင်း

Blog .. Blog နဲ့ မရေးဖြစ်တာ အတော်ကြာသွားပြီး ၊ ၁နှစ်ခွဲ လောက်တောင် ရှိမလားပဲ .. ခုတော့လည်း အသစ်ကနေပြန်စရမှာပေါ့ ၊ လေ့လာရင်း ဖတ်သား မှတ်သားရင်း ဟိုကကူး ၊ ဒီကကူး လုပ်အုံးမှာ .. ( ဟဲ ) ၊ သူငယ်ချင်းအားလုံးအတွက်လည်း အမှတ်တရ နေရာလေးတစ်ခု ဖြစ်လိမ့်မယ်လို့ထင်ပါတယ် ။ ဘာပဲပြောပြော ... ဘာမှမပြောတာ အကောင်းဆုံး ၊ .... ဆိုတဲ့အတိုင်း အိပ်တော့မယ် ။ နက်ဖြန်မနက်ခင်းကို ... အိပ်မက်ရင်းနဲ့ ။