Tuesday, March 8, 2011

နာရီတလုံးရဲ့ ကျီစယ်ခြင်း



ဒီနေ့ Network ဘာသာရပ်၊ ညကတည်းက တညလုံး ကြည့်ထားပြီးတဲ့အတွက် မေးခွန်းဘာပဲလာလာ ဘယ်ကပဲစမ်းစမ်း (ပျော့စိစိ) တန်းဖြေမယ့် စိတ်ကူးတွေနဲ့ . ပိုက်ဆံအိပ်ကို မယူလိုက်ပြီး အထဲကို နည်းနည်းဖြဲကြည့်လိုက်တယ် ၊ ဘာမှမတွေ့ ...၊ နောက်တကန့်ထဲကြည့်လိုက်တော့ "ဟော .. တွေ့ပြီး ..အထဲမှာ  ခြင်္သေ့စိမ်းတကောင်၊  "အိုကေ" ဒီနေ့အတွက်တော့ ပူစရာမလိုတော့၊ ဘေးက ကပ်စားတဲ့သူမရှိရင်ဖြင့် ဒီနေ့ ညစာအဖို့ပါ ဖူလှုံနိုင်တယ် စိတ်ကူးနဲ့ ခပ်သဲ့သဲ့ပြုံးလိုက်မိတယ် ။ Exam ချိန်နီးပြီမို့ ယုံကြည်မှုခြေလှမ်း  လှမ်းရင်းနဲ့ အဆောင်ကနေကော့ကော့လေး ထွက်လာလိုက်တယ် ...မျက်နှာချင်းဆိုင်က little Pig တို့အဆောင်ပေါ့ ။

ဟေ့ "၀ါသကဒ် ပိုင်ပြီးလား၊ Role1 မရရင် အရိုက်ခံရမယ် ဟဲဟဲ" #$sx%&*@aPx ဟု ပီယ၀ါစာလေးနဲ့ နှုတ်ဆက်လိုက်ပြီး ၊ လွယ်အိတ်ကို ဖုန်ခါ၊ မှတ်စုစာအုပ်၊ဘောပင်၊ခဲတံတွေကောက်ထည့်ရင်း. calculator ...calculator မတွေ့၊ သေချာထပ်ရှာတယ်၊ မတွေ့ပြန်  .... အော် ... ရွာထိပ်က အောင်နိုင်ဝင်းတို့ အဆောင်မှာကိုး အမြန်သွားမှ နိ့မဟုတ် ဒီကောင်တွေ ကျောင်းအရင်သွားနှင့်ရင် calculator ယူမရဖြစ်နေအုံးမယ်တွေးရင်း နာရီကိုကောက်ယူ အောင်နိုင်ဝင်းတို့အဆောင်ရှိရာ ရွာထိပ်သို့ နေပူပူ ထုံးဖြူဖြူနဲ့ အပြေးတပိုင်းလမ်းလျှောက်ပြီး calculator ၀င်ယူ exam room ရှိရာသို့ တစောင်းအနေထား (ဘယ်တလှမ်းညာတလှမ်း) ခပ်သွက်သွက်လျှောက်ရင်းနဲ့ ရောက်လာတာပေါ့ ။

ကလင်..ကလင် ....ကတောင်...ကတောင်...နဲ့ ( ဘယ်လိုအသံမျိုးလဲတော့ မမှတ်မိ ) exam ဖြေဖို့အချက်ပေးခေါင်းလောင်းသံ ။ စာမေးပွဲအခန်းထဲဝင် ခုံပေါ်သို့ အသေယာ ကျောက်ချ ထိုင်ချလိုက်တယ် "၀ုန်း" ..... ကတောင် ကတောင်  ( ခေါင်းလောင်းငယ်လေးမြည်သံ ) 
စာပွဲပေါ်က မေးခွန်းစာရွက်ကိုအသာလှန်ပြီး ကြည့်လိုက်တယ် ......... အိုကေ ..ကွက်တိပဲ ၊ အပိုင်ရတာလေး ၂ပုဒ်လောက်တွက်ပြီး နာရီကြည့်လိုက်တော့  "ဟိုက် .... Pagoda Pagoda"  အချိန်က ၁၁နာရိတိတိ ၊ ဖြေရမှာက ၆ပုဒ်၊ နောက်ထပ် ၄ပုဒ်ကျန်တယ် ၁နာရီအတွင်းပြီးမှ အောင်မှာ။ "ဘယ်လိုဖြစ်တာလဲ မြန်လိုက်တဲ့အချိန်"  ငါဟဲ့ယောက်င်္ကျား ...  မာန်သွင်းရင်း အာခေါင်ကိုကြိတ် ... မျက်နှာကို စာရွက်နဲ့အနီးဆုံးပို့ ... ခရားထဲကရေလောင်းချသလို အဆက်မပြတ်ချရေး/ချဖြေလိုက်ပုံများ ...အညာကုန်ရထား ရန်ကုန်သို့ အမြန်ခုတ်မောင်းလာသည့်နှယ် ...မီးခိုး တအူအူ၊ နှခေါင်းတနီနီနဲ့ .... ။

နောက်၁နာရီလောက်အကြာ၊ ၀ူး ......သက်ပြင်းတချက် မာန်ပါပါမှုတ်ထုတ်ရင်း၊ တော်သေးတာပေါ့ အောင်မှတ်ကခိုင်သွားပြီး၊ နာရီကိုကြည့်လိုက်တော့ ၁၂နာရီမတ်တင်း၊ ဘေးဘက်ကို အသာယာကြည့်လိုက်တယ် ... ၀ါးတားတားနဲ့ သူများတွေ ကုန်းရုန်းဖြေနေကြပါလား၊ ဒီကောင်တွေ ဘာတွေဖြေနေကြတာတုန်း ....စဉ်းစားမရ ။ ဒါနဲ့ လက်စလေးသပ်ပြီး ၁၂နာရီခေါင်းလောင်းထိုးမှထွက်မယ်ပေါ့ ၊ နာရီက ၁၂ကျော်လာလည်း ခေါင်းလောင်းက မထိုးသေး၊ ၁၀မိနစ်လည်းမထိုး .... ဒီကျောင်းခေါင်းလောင်း ဘာလို့မထိုးသေးတာလည်း၊  အတွေးနောက်မှာ အမေးပါကပ်လိုက်ရင်း ... " ဆရာမ .... ခေါင်းလောင်းဘာလို့ မထိုးသေးတာလဲ " ...

"ဆက်ဖြေ .....ခုမှ ၁၁နာရီပဲရှိသေးတယ်၊ နောက်၁နာရီလိုသေးတယ်... ကြားလားတဲ့"

 "အချိန်ဆိုတာ ဘ၀မှာ စောလွန်းရင်လည်းမကောင်း၊ နောက်ကျပြန်ရင်လည်း မသင့်တော်၊ သူ့အချိန်၊ သူ့နေရာနဲ့ ထပ်တူ ဘ၀ကိုဖြတ်သန်းနိုင်ကြပါစေ"

Sunday, March 6, 2011

iPhone4 ရဲ့အေးချမ်းမေ


Iphone4 ရဲ့ Design ကလူအတော်များများကို စွဲမက်စေလောက်တယ် ..


အရှေ့နဲ့အနောက် ၂ ဘက်လုံးကို Engineered Glass နဲ့ညှပ်ပြီး Design လုပ်ထားတဲ့အတွက် compact ဖြစ်စေသလို၊ Helicopter မှာသုံးတဲ့ material နဲ့အမျိုးစားတူတဲ့အတွက် သာမန် plastic များထက် အဆ၂၀လောက်တော့မာတာပေါ့ .






 
Quote:
စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်က သိုလှောင်နိုင်မှုပမာဏ ဘယ်လောက်ရှိလဲဆိုတာကို iphone4 ရဲ့ အိမ်ခွံပေါ်မှာရေးမထားဘူးလေ
ကျွန်တော်တို့ မျှော်လင့်ခဲ့တာက 32GB ရှိတဲ့ iphone 4 ကပေးထားတဲ့ ဂတိအတိုင်းတည်ဖို့ရာ 32GB ရှိရမယ်လေ
ကံမကောင်းစွာဘဲသူ့မှာ 29.06GB ဘဲရှိပါတယ်
ပေးထားတဲ့အချက်အလက်များအရ 301MB ပမာဏရှိတဲ့အချို့ data တွေက memory ထဲမှာရှိနှင့်နေပါပြီ ဆိုတော့ အသုံးပြုသူအတွက် နေရာလွတ်အနေနဲ့ 28.77 GB ဘဲကျန်ပါတယ်
OS အနေနဲ့ အသစ်ဖြစ်တဲ့ iPhone OS 4, build 8A293 ကိုကြိုတင်သွင်းပြီးသားပါလာပါတယ်
IPhone4 ရဲ့ model ကA1332 ဖြစ်ပြီး စိတ်ဝင်စားစရာကiPad 3G ရဲ့ model ဖြစ်တဲ့A1337 အောက်ငယ်နေတာပါ။
ဒီပုံမှာ ပါတဲ့အတိုင်း မူလီလေး၂လုံးကို ဖြုတ်လိုက်ရင် ရတယ်ဆိုပေမယ့် . Iphone4 ရဲ့ second Generation မှာ မူလီလေးတွေကို apple က star ပုံစံပြောင်းလိုက်တဲ့အတွက် ခုလိုမျိုးဖြုတ်ရလွယ်တော့မှာ မဟုတ်ပါဘူး၊ နောက်ပိုင်းဖုန်းအသစ်လုပ်တဲ့လူတွေ သတိထားကြည့်မယ်ဆိုရင် မူလီလေးတွေ မတူတာ တွေ့ရလိမ့်မယ် ..







Quote:
iPhone 3G နဲ့3GS တွေလိုပါဘဲ ငွေရောင် Phillips #00 screw နှစ်ခုကဖုန်းရဲ့အောက်ခြေမှာပါပါတယ်
3G 3GS တို့နဲ့ design ကွဲပြားသွားတာက screw တွေကိုဖွင့်လိုက်ရင် အရှေ့ဖက်မျက်နှာပြင် မပွင့်ဘဲ အနောက်ဘက်ကအဖုံး ပွင့်သွားတာပါ၊
ဒီ design ရဲ့ရလာဒ်က အနောက်ဘက်အခြမ်းကို လွယ်ကူစွာလဲလှယ်နိုင်စေပေမည့် iPhone4 ရဲ့အရှေ့ဘက်အပိုင်းကို အစားထိုးရာမှာ စိန်ခေါ်မှုဖြစ်စေပါတယ်။









Quote:
အနောက်အဖုံးကိုဖွင့်လိုက်တော့ ကြည့်ပျော်ရှုပျော်ရှိတဲ့ iPhone4 ရဲ့အတွင်းပိုင်း ကိုတွေရပါတယ်၊
အတွင်းပိုင်းမှာကြီးစိုးထားတာက အားအင်ပေးတဲ့ Battery ဘဲပေါ့
115.2 x 58.6 x 9.3 mm ထုထည်ရှိတဲ့ iPhone4 ရဲ့အတွင်းပိုင်းမှာ သူ့နေရာလေးက ကန့်ကန့်သတ်သတ် ရှိနေပါတယ်









Quote:
အနောက်ဖက်အပိုင်းကို ဖြုတ်လိုက်တာနဲ့ဘဲ Battery ကိုလွယ်ကူစွာဖြုတ်နိုင်ခဲ့ပါတယ်၊
3.7V 1420 mAh Li-Polymer အမျိုးအစား Battery က3G မှာ 7 နာရီနဲ့ 2Gမှာ 14 နာရီ စကားပြောချိန်ရစေပါတယ်၊
Battery connector ကတော့ 3Gတို့ 3GS တို့မှာရှိတာနဲ့မတူကွဲပြားပါတယ်၊ Logic board နဲ့ Battery ကိုခဲနဲ့ မဆက်သွယ်ထားပါဘူး၊ ဒါက iPhone4 မှာ Battery ကိုအလွယ်တစ်ကူလဲလှယ်လို့ ရနိုင်စေပါမယ်၊ Battery ဆွဲဖြုတ်တဲ့ ပလပ်စတစ်ချောင်းလေးပေါ်မှာ "Authorized Service Provider Only" လို့ရေးထားပါတယ်။









Quote:
iPhone4 အတွင်းပိုင်းနဲ့ကျွန်တော်တို့ ကြားမှာ EMI ကာကွယ်တဲ့အပြား မရှိပါဘူး
အဓိကကျတဲ့ connectors တွေကိုဖော်ထုတ်ဖို့ screw လေးခုကိုဖယ်ထုတ်လိုက်မှဘဲ EMI ကာကွယ်တဲ့ အပြား ကပေါ်လာပါတယ်

EMI က Electromagnetic Interference ပါ၊ အတွင်းမှာရှိနေတဲ့ electronic device အချင်းချင်း အနှောင့်ယှက်မဖြစ်စေအောင် လုပ်ပေးထားတယ် ..





Quote:
logic board ကို EMI ကာကွယ်တဲ့အပြားနဲ့ wires ကြိုးတွေရဲ့အောက်မှာ သေသေချာချာ မြှုပ်နှံထားပါတယ်၊
256 MB RAM နဲ့လာတဲ့ iPhone 3GS နဲ့ iPad တို့နဲ့ မတူတာက iPhone4 မှာ 512 MBနဲ့ပါ
RAM တိုးလာတော့ cached data တွေကိုပိုများများလက္ခံနိုင်စေပြီး သုံးဆွဲရာမှာ လျှင်မြန်စေပါတယ်






Quote:
ထောင့်မှာပုန်းနေတာက ကောင်းကောင်းတုန်ခါနိုင်တဲ့iPhone4 ရဲ့ တုန်ခါနိုင်တဲ့motor ဘဲပေါ့



Quote:
Logic board ပေါ်မှာရှိတဲ့ connector တွေအများကြီးထဲက တစ်ခုကို ဖြုတ်နေပုံပါ၊
သုံးစွဲမှုရလာဒ်အရ ဖုန်းရဲ့ညာဘက်အခြမ်းက သိသိသာသာ ပိုပူနွေးပါတယ် ဒါကLogic board ဟာဖုန်းရဲ့ ညာဘက်အခြမ်းမှာ ရှိတယ်ဆိုတာ သိသာစေပါတယ်






Quote:
အနောက်မျက်နှာစာမှာပါတဲ့ iPhone4 ရဲ့အလှတစ်ခုဖြစ်တဲ့ 720p video ကို 30 FPS နဲ့ရသော၊ tapလုပ်ပြီး focus ဖမ်းယူနိုင်သော၊ 5MP camera ဖြစ်ပါတယ် နောက်ပြီး LED flashပါ၊
ဒါက 3GS မှာတွေ့နိုင်တဲ့ 3.2 MP camera ကိုကြီးမားစွာ အဆင့် မြှင့်တင်ထားခြင်းပါ







Quote:
ဖုန်းရဲ့အောက်ပိုင်းမှာရှိတဲ့ အောက်ပိုင်းantenna/speaker အစိတ်အပိုင်း ကိုဖြုတ်ထုတ်နေပုံပါ
အဆင့်မြှင့်တင်ခဲ့တဲ့ အသံပိုင်းဆိုင်ရာအခန်း အထောက်အကူနဲ့ iPhone4 ကထွက်တဲ့ အသံတွေကို ရှင်းလင်းပြတ်သား စေပါတယ်
(ဒီအိမ်ခွံထဲမှာရှိတဲ့ speaker ကထွက်တဲ့ သီချင်းသံအပြင် speakerphone ကပြောဆိုသံတွေ အပါအဝင်ဖြစ်ပါတယ်)
ကျိုးလွယ်တဲ့ ကလစ်လေးငါးခု( 5-point Torx bits) ကို Apple ကခိုင်မာအောင် မလုပ်ခဲ့ပါဘူး






Quote:
Logic board ကိုဖြုတ်လိုက်တာပါ
ပုံမှန်မဟုတ်တဲ့ အသွင်သဏ္ဌာန်နဲ့သေးသေးလေးဖြစ်တဲ့ logic board က ဖုန်းတစ်ခုမှာ ဘယ်လောက် ကုန်ကျစရိတ်များစေသလဲကို ပြပါတယ်



Quote:
ဘယ်အရာက ဉာဏ်ကြီးကျယ်တဲ့ လုပ်ဆောင်မှုကို ဖော်ပြနိုင်မလဲ stainless steel ရဲ့ အတွင်းပိုင်း ကိုယ်ထည် ထဲကို UMTS, GSM, GPS, Wi-Fi, and Bluetooth စသည်တို့ရဲ့ antenna တွေကို Apple ကပေါင်းထည့်ခဲ့တယ်လေ
ရည်ရွည်ချက်နှစ်ခုရှိတဲ့ stainless steel အတွင်းပိုင်းကိုယ်ထည်/antenna က ကြီးမားတဲ့ပြစ်ချက်နှစ်ခုရှိတဲ့ အရင် iPhone version တွေနဲ့ ဆက်နွှယ်ပါတယ် (ဖုန်းပြောနေရင်း ကျသွားတာ နဲ့ လိုင်းဖမ်းယူမှုအားနဲခြင်း)
တကယ့် signal ရဲ့ strength ဘယ်လိုဘဲရှိပါစေ signal အရည်အသွေးအကောင်းဆုံးဖြစ်ဖို့ နှောက်ယှက်မှုအနဲဆုံးရှိအောင် ဒါမှမဟုတ် ပြွတ်ကြပ်မှုနဲတဲ့ မည်သည့် network band ကိုမဆိုအသုံးပြုနိုင်အောင် Apple ကနောက်တစ်ဆင့်တက်ပြီး ဖုန်းကို ညှိယူခဲ့ပါတယ၊် ဒီအချက်က လှုပ်လီလှုပ်လဲ့ AT&T's network ပေါ်မှာ ဖုန်းရဲ့ရေရှည်စွမ်းဆောင် နိုင်စွမ်းကို တိုးတက်လာစေပါမယ်


Quote:
EMIအကာအကွယ်ပြားကို ဖယ်ထုတ်လိုက်ရင် မြင်တွေ့ရပုံပါ၊
Samsung ထုတ် A4 processor ကအဓိကကျတဲ့ အစိတ်အပိုင်းဖြစ်ပြီး ဖုန်းရဲ့ တွက်ချက်မှုစွမ်းရည်ကိုပေးပါတယ်၊
3GS မှာသုံးခဲ့တဲ့ Samsung S5PC100 ARM A8 600 MHz CPU အစား 1 GHz ARM Cortex A8 core ကိုအသုံးပြုထားပါတယ်၊ သူ့ညီအကိုရင်း iPad နဲ့အများကြီးဆင်ပါတယ်
Samsung Wave S8500 smartphone မှာလဲ Cortex A8 core ကိုအသုံးပြုထားပါတယ်
A4 package အပြင် AGD1 ကတော့ ဝင်ရိုးသုံးခုပါ gyroscope ဖြစ်ပြီး အဲဒါကို ST Micro က Apple အတွက်ထုတ်ပေးခဲ့တယ်လို့ ယုံကြည်ရပါတယ်၊
၎င်း package ပေါ်မှာ အမှတ်အသားပြုထားတဲ့ L3G4200D ကဈေးကွက်မှာ လောလောဆယ် မတွေ့နိုင်သေးပါဘူး
ဈေးကွက်ဝင်မည့် ဒီ gyroscope version ကလဲထွက်လာတော့မှာပါ Appleကရှေ့ဦးယူသုံးခဲ့တာဖြစ်ပါတယ်



UTAC ရဲ့ထမင်းရှင်တွေဖြစ်တဲ့ Broadcom နဲ့ STmicro ကထုတ်တဲ့ chip တွေကို iphone 4 မှာတွေ့ရသဗျ ...




Quote:
Wi-Fi, Bluetooth, နဲ့ GPS တွေအားလုံးကို Broadcom ကထောက်ပံ့ပေးတာဖြစ်ပြီး board ရဲ့အရှေ့ခြမ်း EMI အကာအကွယ်ပြားတွေရဲ့ အောက်မှာရှိပါတယ်၊
Broadcom BCM4329FKUBG 802.11n with Bluetooth 2.1 + EDR and FM receiver.
Broadcom BCM4750IUB8 single-chip GPS receiver.






Quote:
နောက်တစ်ခုအနေနဲ့ ဒုတိယမြောက် microphone ကိုတွေ့နိုင်ပါတယ် အဲဒါက ပါတ်ဝန်းကျင် နှောက်ယှက်သံတွေကို ဖြတ်တောက်ပေးပြီး ဖုန်းပြောစဉ် အသံအရည်အသွေးကို တိုးတက်စေပါတယ်


Quote:
iPhone အရှေ့မျက်နှာစာမှာပါတဲ့VGA camera ပါ
ဖုန်းရဲ့အနောက်မှာရှိတဲ့ 5MP camera က video recording ကိုကောင်းကောင်းလုပ်နိုင်သလို ဒီ camera သေးသေးလေးကလဲ Apple ရဲ့ Face time ကိုအသုံးချပြီး mobile to mobile video calls လုပ်နိုင်ပါတယ်






Quote:
လွယ်လွယ်ကူကူဘဲ အရှေ့ပိုင်းဘောင်ကို ဖြုတ်ထုတ်နိုင်ခဲ့ပါတယ်
stainless steel ကိုယ်ထည်ကတော့ gadget အင်ဂျင်နီယာပိုင်းမှာ အံ့သြဖွယ်ရလာဒ် တစ်ခုဘဲဖြစ်ပါတယ်






Quote:
Corning Gorilla မှန်အမျိုးအစားနဲ့ အရှေ့ပိုင်းကို တည်ဆောက်ထားပါတယ်
ဓာတုဗေဒနည်းနဲ့ ပြုပြင်ထားတဲ့ alkali-aluminosilicate မှန်ပြားပါးပါးလေးက ပလပ်စတစ်ထက် အဆ နှစ်ဆယ် ပိုတောင့်ပြီး အဆသုံးဆယ် ပိုမာကြောပါတယ်
ion-exchange chemical strengthening ဖြစ်စဉ်နဲ့ ပိုတောင့်တင်းလာတဲ့ Gorilla မှန်အမျိုးအစားကို ဖုန်းရဲ့အရှေ့မျက်နှာစာမှာအသုံးပြုထားတဲ့ အကျိုးကျေးဇူးအနေနဲ့ ပွန်းတီးမှုဒါဏ်ကို ပိုခံနိုင်ပါတယ်
LCD အတွက် LED Backlight ကိုအသုံးပြုပါတယ်
LCD panel ကို မှန်၊ digitizer တို့တွေနဲ့သေချာမြဲမြန်စွာကော်ကပ်ထားပါတယ် ဆိုတော့ မှန်ပြားလေးကွဲသွားရင် မှန်ပြားအပြင် digitizer, နဲ့ LCD တို့ကိုပါ unit တစ်ခုအနေနဲ့ အစားထိုးပေးရပါမယ်




Quote:
Surprisingly, the electronic home button switch is attached directly to the home button itself.





Quote:
အဓိက microphone နဲ့30-pin dock connector တို့ကို ဖုန်းရဲ့ အောက်ခြေမှာဘဲ တွေ့ရမှာပါ




Quote:
Google ရဲ့ဖုန်းတစ်ခုဖြစ်တဲ့ Nexus One ရဲ့ခြေရာကိုလိုက်ပြီး iPhone က microphone နှစ်ခုပါတဲ့စနစ်ကိုအသုံးပြုထားပါတယ်၊ အသံအရည်အသွေးမြှင့်တင်ဖို့နဲ့ နောက်ကွယ်/ပါတ်ဝန်းကျင်က နှောက်ယှက်သံတွေကို ဖျောက်ဖို့ပါ၊
စိတ်ဝင်စားဖို့ကောင်းတာက ဒီ microphone နှစ်ခုက ဖုန်းရဲ့ အစွန်းတစ်ဖက်တစ်ချက်ဆီမှာပါ ဖုန်းရဲ့ထိပ်ပိုင်းမှာရှိတဲ့ microphone က ပါတ်ဝန်းကျင်နှောက်ယှက်သံကို အတွင်းပိုင်းမှာရှိတဲ့ circuit အကူအညီနဲ့ ဖမ်းယူပြီး လေ့လာခွဲခြမ်းပါမယ်၊
နောက် အဓိကmicrophone ကဝင်လာတဲ့ အသုံးပြု သူအသံကလွဲလို့ အခြားနှောက်ယှက်သံကို ချေဖျက်ပါမယ်



Quote:
As always, we provide each device with a fitting final layout shot that it so greatly deserves.

TEARDOWN by iFixit: The free repair manual

EDIT:

VIDEO TEARDOWN by tech restore


Credit to ifixit.net & sinfuliphone