Tuesday, March 8, 2011

နာရီတလုံးရဲ့ ကျီစယ်ခြင်း



ဒီနေ့ Network ဘာသာရပ်၊ ညကတည်းက တညလုံး ကြည့်ထားပြီးတဲ့အတွက် မေးခွန်းဘာပဲလာလာ ဘယ်ကပဲစမ်းစမ်း (ပျော့စိစိ) တန်းဖြေမယ့် စိတ်ကူးတွေနဲ့ . ပိုက်ဆံအိပ်ကို မယူလိုက်ပြီး အထဲကို နည်းနည်းဖြဲကြည့်လိုက်တယ် ၊ ဘာမှမတွေ့ ...၊ နောက်တကန့်ထဲကြည့်လိုက်တော့ "ဟော .. တွေ့ပြီး ..အထဲမှာ  ခြင်္သေ့စိမ်းတကောင်၊  "အိုကေ" ဒီနေ့အတွက်တော့ ပူစရာမလိုတော့၊ ဘေးက ကပ်စားတဲ့သူမရှိရင်ဖြင့် ဒီနေ့ ညစာအဖို့ပါ ဖူလှုံနိုင်တယ် စိတ်ကူးနဲ့ ခပ်သဲ့သဲ့ပြုံးလိုက်မိတယ် ။ Exam ချိန်နီးပြီမို့ ယုံကြည်မှုခြေလှမ်း  လှမ်းရင်းနဲ့ အဆောင်ကနေကော့ကော့လေး ထွက်လာလိုက်တယ် ...မျက်နှာချင်းဆိုင်က little Pig တို့အဆောင်ပေါ့ ။

ဟေ့ "၀ါသကဒ် ပိုင်ပြီးလား၊ Role1 မရရင် အရိုက်ခံရမယ် ဟဲဟဲ" #$sx%&*@aPx ဟု ပီယ၀ါစာလေးနဲ့ နှုတ်ဆက်လိုက်ပြီး ၊ လွယ်အိတ်ကို ဖုန်ခါ၊ မှတ်စုစာအုပ်၊ဘောပင်၊ခဲတံတွေကောက်ထည့်ရင်း. calculator ...calculator မတွေ့၊ သေချာထပ်ရှာတယ်၊ မတွေ့ပြန်  .... အော် ... ရွာထိပ်က အောင်နိုင်ဝင်းတို့ အဆောင်မှာကိုး အမြန်သွားမှ နိ့မဟုတ် ဒီကောင်တွေ ကျောင်းအရင်သွားနှင့်ရင် calculator ယူမရဖြစ်နေအုံးမယ်တွေးရင်း နာရီကိုကောက်ယူ အောင်နိုင်ဝင်းတို့အဆောင်ရှိရာ ရွာထိပ်သို့ နေပူပူ ထုံးဖြူဖြူနဲ့ အပြေးတပိုင်းလမ်းလျှောက်ပြီး calculator ၀င်ယူ exam room ရှိရာသို့ တစောင်းအနေထား (ဘယ်တလှမ်းညာတလှမ်း) ခပ်သွက်သွက်လျှောက်ရင်းနဲ့ ရောက်လာတာပေါ့ ။

ကလင်..ကလင် ....ကတောင်...ကတောင်...နဲ့ ( ဘယ်လိုအသံမျိုးလဲတော့ မမှတ်မိ ) exam ဖြေဖို့အချက်ပေးခေါင်းလောင်းသံ ။ စာမေးပွဲအခန်းထဲဝင် ခုံပေါ်သို့ အသေယာ ကျောက်ချ ထိုင်ချလိုက်တယ် "၀ုန်း" ..... ကတောင် ကတောင်  ( ခေါင်းလောင်းငယ်လေးမြည်သံ ) 
စာပွဲပေါ်က မေးခွန်းစာရွက်ကိုအသာလှန်ပြီး ကြည့်လိုက်တယ် ......... အိုကေ ..ကွက်တိပဲ ၊ အပိုင်ရတာလေး ၂ပုဒ်လောက်တွက်ပြီး နာရီကြည့်လိုက်တော့  "ဟိုက် .... Pagoda Pagoda"  အချိန်က ၁၁နာရိတိတိ ၊ ဖြေရမှာက ၆ပုဒ်၊ နောက်ထပ် ၄ပုဒ်ကျန်တယ် ၁နာရီအတွင်းပြီးမှ အောင်မှာ။ "ဘယ်လိုဖြစ်တာလဲ မြန်လိုက်တဲ့အချိန်"  ငါဟဲ့ယောက်င်္ကျား ...  မာန်သွင်းရင်း အာခေါင်ကိုကြိတ် ... မျက်နှာကို စာရွက်နဲ့အနီးဆုံးပို့ ... ခရားထဲကရေလောင်းချသလို အဆက်မပြတ်ချရေး/ချဖြေလိုက်ပုံများ ...အညာကုန်ရထား ရန်ကုန်သို့ အမြန်ခုတ်မောင်းလာသည့်နှယ် ...မီးခိုး တအူအူ၊ နှခေါင်းတနီနီနဲ့ .... ။

နောက်၁နာရီလောက်အကြာ၊ ၀ူး ......သက်ပြင်းတချက် မာန်ပါပါမှုတ်ထုတ်ရင်း၊ တော်သေးတာပေါ့ အောင်မှတ်ကခိုင်သွားပြီး၊ နာရီကိုကြည့်လိုက်တော့ ၁၂နာရီမတ်တင်း၊ ဘေးဘက်ကို အသာယာကြည့်လိုက်တယ် ... ၀ါးတားတားနဲ့ သူများတွေ ကုန်းရုန်းဖြေနေကြပါလား၊ ဒီကောင်တွေ ဘာတွေဖြေနေကြတာတုန်း ....စဉ်းစားမရ ။ ဒါနဲ့ လက်စလေးသပ်ပြီး ၁၂နာရီခေါင်းလောင်းထိုးမှထွက်မယ်ပေါ့ ၊ နာရီက ၁၂ကျော်လာလည်း ခေါင်းလောင်းက မထိုးသေး၊ ၁၀မိနစ်လည်းမထိုး .... ဒီကျောင်းခေါင်းလောင်း ဘာလို့မထိုးသေးတာလည်း၊  အတွေးနောက်မှာ အမေးပါကပ်လိုက်ရင်း ... " ဆရာမ .... ခေါင်းလောင်းဘာလို့ မထိုးသေးတာလဲ " ...

"ဆက်ဖြေ .....ခုမှ ၁၁နာရီပဲရှိသေးတယ်၊ နောက်၁နာရီလိုသေးတယ်... ကြားလားတဲ့"

 "အချိန်ဆိုတာ ဘ၀မှာ စောလွန်းရင်လည်းမကောင်း၊ နောက်ကျပြန်ရင်လည်း မသင့်တော်၊ သူ့အချိန်၊ သူ့နေရာနဲ့ ထပ်တူ ဘ၀ကိုဖြတ်သန်းနိုင်ကြပါစေ"

2 comments:

Myo Min Oo said...

နာရီပတ်သူနဲ့ နာရီလှည့်သူ ၂ ယောက်အကြောင်း .. အမှတ်တယပေါ့ ..

Mg Maung said...

haahhaaaaaaaaaaaaaaa