Saturday, August 22, 2009

ကျွန်ုပ်နှင့်ဘလော့ဂါများ

တစ်နေ့သ၌ကျွန်ူပ်သည် ညကများသွားခြင်းကြောင့် (စာရေးများသွားခြင်း ) နေမြင့်မှအိပ်ရာမှ ထရလေသည်။ မျက်နှာသစ်ပြီးနောက် လမ်းထိပ်ရှိ ကာကာဆိုင်သို့ထွက်ခဲ့လေတော့သည်။ လက္ဘက်ရည်တစ်ခွက်နှင့် ပဲပြုတ်နံပြား တို့ကိုနံနက်စာ အဖြစ်စားသုံးပြီး သတင်းစာတစ်စောင်ဖတ်နေလေသည်။ ထိုစဉ် ကျွန်ူပ်နှင့် သိကျွမ်းနေသော ရပ်ကွက်ထဲမှ သူငယ်တစ်ယောက် အလွန်တရာမှ ညှိုးငယ်သော မျက်နှာနှင့် ရောက်လာပြီး ကျွန်ူပ်ထိုင်နေသော စားပွဲတွင်ဝင် ထိုင်လိုက်လေသည်။ ထိုသူငယ်ကား ဘောလုံးကစားခြင်းကို လွန်စွာမှ ဝါသနာထုံလှပြီး နိုင်ငံခြား တိုင်းပြည်မှ ဘောလုံးပွဲများကို မလွတ်တမ်းကြည့်၍ လောင်းကစားလုပ်လေ့ ရှိသူလည်းဖြစ်လေသည်။

ကျွန်ူပ်။ ။ အိုင်ဆေး မောင်ရင် မသာမယာနဲ့ ဘယ်လိုဖြစ်လာတာလဲ။ ကြည့်ရပုံက မဟုတ်မှလွဲရော ညကဘောပွဲရှုံးလာပြီမှတ်တယ်။
သူငယ်။ ။ ဟုတ်လိုက်လေဗျာ....ညက ကျွန်တော့် မန်ယူဘက်ကခုန်ချလိုက်တာလေ ကုန်ပါလေရောဗျာ တော်တော်အသုံးမကျတာဗျာ...ဟိုဘက်အသင်းက ဒီနှစ်မှတန်းတက်လာတာဗျ။ အဲဒါနဲ့ မနက်စာဖိုးတောင် ပြောင်ပါလေရောဗျာ။
ကျွန်ူပ်။ ။ ကဲပါ မောင်ရင်ရယ် ကျွန်ူပ်ပဲ မောင်ရင်အတွက် ဒကာခံပါ့မယ် ကြိုက်တာသာ မှာလိုက်ပါ။

သူလည်း လက္ဘက်ရည်နှင့် မုန့်များမှာယူပြီး စားသောက်ရင်း စကားစမည် ပြောကြလေသည်။
ကျွန်ူပ်။ ။ နို့ မောင်ရင်ဘောလုံးကို ဒီလောက်တောင်ဝါသနာ ပါနေတာ ဘာဖြစ်လို့ကိုယ်တိုင် ဘောလုံးသမား မလုပ်တာလဲ။
သူငယ်။ ။ ဘယ်နှယ့်ပြောပါ့လိမ့် ဆရာသမားရယ် ကန်ပါရောလား ကျွန်တော် အရင်ကအဆင့်မြင့်တန်း ကလပ်အချို့မှာတောင် ကစားဖူးသေးတာ။
ကျွန်ူပ်။ ။ ဪဒါနဲ့ဘယ်လိုကြောင့်...
သူငယ်။ ။ ဒီလိုဗျ..ကျွန်တော်ကနဲနဲ လူချကစားတက်တယ်....ပြီးတော့မျက်စိကလည်း သိပ်မကောင်းလှဘူး...
သူငယ်။ ။ ဆိုင်တာကဒီလို...မျက်စိသိပ်မကောင်းတော့ ဒိုင်လူကြီး ကို တဘက်ကစားသမား ထင်ပြီးချမိပါလေရော ဒီတော့ ခဏခဏ အပြစ်ပေးခံရပါလေရော....ကြာတော့ဘယ်ကလပ်မှ ကျွန်တော့်ကို မခေါ်ရဲကြတော့ဘူးလေ.......
ကျွန်ူပ်။ ။ ဪ ဒီလိုလား......နို့ တခြားစီးပွားရေး တခုခု လုပ်လေကွာ....မင်းလည်း ပညာတက်တစ်ယောက်ပဲဟာ

သူငယ်။ ။ ကျွန်တော်ကလည်း ကျွန်တော်ဘဲဗျ....ကိုယ်ဝါသနာပါရာ လေးပဲလုပ်ချင်တာ.....

ကျွန်ူပ်။ ။ ဒီလိုလား ဒါဖြင့် မောင်ရင် အဲဒီဘောလုံးအပြင် ဘာတွေများ ဝါသနာပါသေးလဲကွယ့်

သူငယ်။ ။ စာလေးဘာလေး တော့ ရေးချင်သား ဆရာသမား လိုမျိုးလေ...ဒါပေမယ့် ကျွန်တော့်ကို လမ်းလေး ဘာလေး ညွှန်မယ့် သူလဲ မရှိတော့ မလွယ်လှပါဘူးဗျာ..

ကျွန်ူပ်။ ။ ဟား မောင်ရင်ကသာ ကြိုးစားရင် ကူညီမယ့်လူ အလိုလိုပေါ်လာ မှာပါကွာ...

သူငယ်။ ။ ဘယ်ကဘယ်လို ပေါ်လာမှာလဲဗျ မလွယ်ပါဘူးဗျာ....

ကျွန်ူပ်။ ။ဒီလိုကွယ့် ကျွန်ူပ်စဉ်းစားမိတာလေးက......မင်းကျွန်ူပ်နဲ့လာနေ...မင်းစားဝတ်နေရေး ငါ့တာဝန်ထား မင်းကိုငါ ကောင်းကောင်းကူညီ လမ်းညွှန်ပေးမယ်.....မင်းသိတယ့်အတိုင်း ငါက တစ်ယောက်ထဲ သမား စာရေးဖို့ ပဲ လုံးပမ်းနေတော့ စားရေးသောက်ရေး ကအစ မလွယ်လှဘူး..မင်းလာမယ်ဆိုရင်တော့ နှစ်ယောက်စလုံး အဆင်ပြေဖို့ပဲ ဘယ်လိုလဲ....တစ်ခုတော့ ရှိတယ် မင်းလောင်းကစား ကိုတော့စွန့်ရလိမ့်မယ်ဘောပွဲတော့ ကြည့်လို့ရပါတယ်.....မင်းစဉ်းစား........

ထိုသူငယ်လည်း အတန်ကြာစဉ်းစားပြီးနောက်

ဟုတ်ကဲ့.....ကျွန်တော်လိုက်နေမယ်ဗျာ.... ဆရာသမား စကားနားထောင်ပြီး ကြိုးစားပါ့မယ်

ထိုသို့ဖြင့် အဆိုပါ သူငယ်တစ်ယောက် ကျွန်ုပ် အိမ်တွင် နေထိုင်ပြီး ကျွန်ုပ်အား ဝတ်ကြီးဝတ်ငယ် ပြုစုရင်း စာပေရေးရာ များအပတ်တကုတ် ကြိုးစားနေလေတော့သည်။

..........

...........

...............................

အချိန်စက်ဝိုင်း သည်လည်း မနားတမ်း လည်ပတ်ပြီး သုံးနှစ်သုံးမိုး မျှကြာခဲ့လေပြီ။ အထက်တွင်ပြောခဲ့သော သူငယ်သည်လည်း ကျွန်ုပ်၏ လမ်းညွှန်မှုနှင့် သူ၏ ဝါသနာ၊ ပါရမီ၊ ကြိုးစားမှု တို့ကြောင့် အတော်ပင် အောင်မြင် နေလေ ပြီတကား။ ကျွန်ုပ်မှာ သူ၏အောင်မြင်မှု များကြောင့် ပီတိများဝေဖြာနေမိ တော့သည်တကား။

အဆိုပါ သူငယ်သည်ကား ယနေ့ နှုတ်ခမ်းနီ မလေးများ၏ အသဲစွဲ ဘလော့ဂါ " RED DEVIL" ပင်ဖြစ်ချေတော့သည်။

5 comments:

MMO said...

အင်း ... ဒီဆရာလည်း blog အသွားအလာအရ စာပေသမားလို့သာ သိရတာ၊ မနေ့ ညကများ စောစောစီးစီး ပုလင်းထောင်နေတာ ( ABC + Tiger ) .

MMO said...

နှုတ်ခမ်းနီ မလေးများ၏ အသဲစွဲ ဘလော့ဂါ တစ်ယောက် Blog လောက ကနေ ပျောက်ချက်သားကောင်းနေတယ်၊ ခုန်ချပြန်ပြီးနဲ့တူတယ်။ ( ဒီတခေါက် ခုန်ချတာ အခြေနေကောင်းတယ် )

Hein Z L (Red Devil) said...

ဟေ့ကောင်.. ငါ့အကြောင်း မဟုတ်တာလျှောက်ပြောနေတယ်... နေနှင့်အုံးပေါ့ကွာ...

Myo Min Oo said...

(ABC + Tiger) ပလောင်ထင်း .. ပုလင်းထောင်နေတာ .....ဆြာပြောင်ကိုပြောတာနော်၊ ..... :) :)

Hein Z L (Red Devil) said...

ABC Stout...ခွန်အားဖြိုးမောက်...လေကွာ...
သိတယ်မဟုတ်လား..ပြောင်ကြီးကွ..တစ်ကြီးတည်းရှိတယ်...ညှင်းညှင်းညှင်း...