Monday, August 3, 2009

..........တမ်းချင်း





မလိမ်မိုးမလိမ်မာ အရွယ်ထဲက
ပျိုးထောင်ခဲ့ရတာပါ......

ဘယ်တော့များမှ ပွင့်မှာလဲ
စံပယ်ရေ
မင်းရနံ့လေးထဲ
ယစ်ယစ်မူးမူးနဲ့ ပျော်ဝင်ချင်လို့ပါ........

ခုများတော့........
မျှော်လင့်ချက်တွေသာ
အို အို လာတယ်
ငါ့စံပယ်ကတော့
ငြိမ်ချက်သားကောင်းနေတုန်း..............

3 comments:

MMO said...

စာဆို .... အမည်မသိ ဆြာယာပြောင်
ကဗျာအမျိုးစား .... အင်းဝခေတ် မော်ဒန်ပိုစ့်
==========================

Hein Z L (Red Devil) said...

သဲသဲရဲ့ နာမည်အရင်းက စံပယ်တဲ့လား????? ဒါမှမဟုတ်!!!!!

Myo Min Oo said...

aww... ကဲ ၊
စံပယ်ဆိုမှာတော့ စံပယ်လို့မှတ်ကရော ..... ကျန်တာက Chevas သောက်ပြီးမှ ဆက်မေးကြတာပေါ့ ။ ဟဲ