Monday, September 7, 2009

လှူတတ်စေဖို့

      ဒီတလလည်း သူငယ်ချင်းအချို့နဲ့ ဘုန်းကြီးကျောင်းရောက်ဖြစ်ကြတယ်၊ ထုံးစံအတိုင်းပေါ့ လှူဖွယ်ပစ္စည်းဆက်ကပ်တော့ systematically ကျကျအလှူပြုပုံကို တရားလက်ဆောင် ပါးလိုက်ပါတယ်၊ လှူတော့လှူလိုက်တာပဲ .. မိမိပြုလိုက်တဲ့ ဒါနကုသိုလ်အကျိုးပေး အပြည့်ဝရစေရန် ဘယ်လိုမျိုးလှုရမှာလဲ ....

၁။ ယုံကြည်စွာလှူဒါန်းခြင်း
ရတနာသုံးပါး၊ ကံ ကံ၏အကျိုးကို ယုံကြည်စွာဖြင့် လှူဒါန်းရမယ်၊ ဘုရား တရား သံဃာ တို့ရဲ့ဂုဏ်ကျေးဇူးတော်နှင့်တကွ ကံ ကံ၏အကျိုးကို ယုံကြည်သက်ဝင် ခြင်းဖြင့် လှူဒါန်းပါက ဒါနအကျိုးပေးကြောင့် ချမ်းချမ်းသာသာနေနိုင်ရာတွင် ချမ်းသာခြင်းအပြင် အဆင်း၏တင့်တယ်ခြင်းနှင့်ပါ ပြည့်စုံလေသည်၊ ဥပမာဆိုရသော် စာသင်ခန်းတွင် စာသင်ကြားရာ၌ ဒီဆရာ၊ဒီစာချင်း အတူတူ မှန်မှန်ကန်ကန်လေ့လာ သင်ယူသူသာလျှင် ပို၍ထူးချွန်လေ သကဲ့သို့ အလှူကြောင့် ဒါနအကျိုးပေးခြင်းအတူတူ၊ လှူတတ်သောသူသည် ချမ်းသာခြင်းအပြင် အဆင်း၏ တင့်တယ်ခြင်းကိုပါ ရလေသည်၊

၂။ လှူဖွယ်ပစ္စည်းနှင့်လှူဒါန်းသော ပုဂ္ဂိုလ်အား ရိုသေလေးစားမှုရှိခြင်း
မိမိလှူဒါန်းသော လှူဖွယ်ပစ္စည်းနှင့်တကွ လှူဒါန်းလိုက်သော ပုဂ္ဂိုလ်အပေါ်တွင် ရိုသေမှုရှိဖို့လည်း လိုအပ်သည်၊ လှူ လှူပြီးရောထက်စာရင် ရိုရိုသေသေ လှူဒါန်းပါက ဒါနအကျိုးပေးကြောင့် ချမ်းချမ်းသာသာနေနိုင်ရာတွင်လည်း ချမ်းသာခြင်းအပြင် အများသူငှာအပေါ်တွင် သြာဇာရှိစေခြင်းနှင့်ပါ ပြည်စုံလေ၏၊

၃။ ကံလံဒေသန် အလိုက်အလှူပစ္စည်းရွေးခြယ်တတ်ခြင်း
အလှူပြုရာတွင်လည်း အချိန် နေရာ အလိုက် လှူဖွယ်ပစ္စည်း ရွေးခြယ်တတ်ပါက ကံအကျိုးပေးရာတွင်လည်း သူ့နေရာနှင့်သူ ကိုယ်အလိုရှိတဲ့အချိန် ရေကန်အသင့် ကြာအသင့်ဖြင့် စည်းစိမ်ချမ်းသာကို အပြည့်အ၀ ခံစားရလေသည်၊ ငယ်ရွယ်စဉ်တွင် ငယ်ရွယ်သည့်အထိုက်၊ ၀တ်ကောင်းစားတတ်အချိန် ၀တ်နိုင်စားနိုင်သည့်အလျှောက်၊ အသက်ရွယ်အိုမင်းလာပါကလည်း သားသမီး ဆွေမျိုးအထောက်ပံတို့ဖြင့် တရားဖက်၍ မပူမပင် မကြောင့်မကြဖြင့် စံစား ခံစားနိုင်လေ၏၊ မိမိငယ်စဉ်က ချမ်းသာခဲ့သော်လည်း သုံးရန်အရွယ်တွင် စည်းစိမ်နည်းပါ ပြောက်ကွယ်သကဲ့သို့ အိုမင်းသောအခါတွင်လည်း အိုဇာတာ ကောင်းရန် လှူတတ်ဖို့လိုလေသည်၊

၎။ စေတနာပြတ်သားစွာ လှူဒါန်းခြင်း
အလှူပြုပါက လှူဖွယ်ပစ္စည်းတို့အပေါ် စေတနာသုံးတန် ပြတ်သားစွာ လှူတတ်ဖို့လည်းလိုတယ်၊ စေတနာပြတ်သားစွာ လှူခြင်းဖြင့် မိမိ၏ ဒါနကြောင့် ရလာသော စည်းစိမ် ဥစ္စာတို့ကို မိမိကိုယ်တိုင် သုံးဆွဲနိုင်လေသည်၊ သို့မဟုတ်ပါက ချမ်းသာပြည်စုံစွာ နေရသော်လည်း မိမိကိုယ်တိုင်ကမှု မစားရက် မသောက်ရက်နဲ့ နောက်လူအတွက် စည်းစိမ်များကို ချန်ခဲ့ရလေသည်၊ ဒါကြောင့် လှူဒါန်းရာတွင် စေတနာပြတ်သားရမည်၊

၅။ မာနကင်းသော အလှူ
လှူတော့လှူပါ၏၊ ဒီအလှူမျိုး ငါလိုလူမှ လှူနိုင်သည်ဟု သူတပါးကို ထိခိုက်စေသော မာနနှင့် လှူလိုက်သော အလှူမျိုးမှ စင်ကြယ်ရမည်၊ စည်းစိမ်ချမ်းသာ ရရှိပါသော်လည်း အလှူမတတ်ခြင်းကြောင့် ထိုစည်းစိမ်တို့မှာ တချိန် ရေ၊မီး၊မင်း၊သူခိုး၊သားဆိုးသားမိုက် စတဲ့ရန်သူမျိုး ငါးပါးတို့ နှိပ်စက်ဖျက်ဆီးခြင်းတို့ တွေ့ကြုံရနိုင်သည်၊ စင်ကြယ်သော အလှူဖြစ်မှ ခိုင်မြဲသော စည်းစိမ်ချမ်းသာကို ရရှိလေမည်

ဆရာတော်ဟောကြားလိုက်တာလေးပါ၊ လှူတဲ့အခါ ပြီးပြည့်စုံသော အလှူတခုဖြစ်စေဖို့အတွက် မှတ်သားမိသွားတယ်၊ အခြားသူငယ်ချင်းများအတွက် သာဓုခေါ်နိုင်အောင် လက်ဆင့်ကမ်းပေးလိုက်ပါတယ်၊
မမေ့မလျှော့ခြင်းဖြင့် ပြည့်စုံကြပါစေ ..................

3 comments:

MMO said...

ကုသိုလ်များနေတဲ့ သူငယ်ချင်းတယောက်ကတော့ ဘယ်လိုခေါ်ခေါ်မလိုက်ဘူးဆိုတာကြီးပဲ .... ဘာပဲဖြစ်ဖြစ် မင်းအတွက်ငါတို့ သာဓုပိုခေါ်ပေးခဲ့ပါတယ် ..... :P

Mg Maung said...

tar du,............3 times

Unknown said...

thanks for u tar du