Sunday, September 27, 2009

ဖိတ်ခေါ်ဖလား

     ယမန်နေ့ အထူးဖိတ်ခေါ်ဖလား ပြိုင်ပွဲမှာ တက်ရောက်သူများ စုံလင်လှပါသည်၊ တနှစ်ကျော် အတွင်း ပထမဆုံး လူစုံတက်စုံ ပြန်ကစားနိုင်ကြသောကြောင့် ဖြစ်သည်။ ကျင်းပချိန်မှာ အစီစဉ်အတိုင်းသာ စဖြစ်သော်လည်း ပွဲချိန်ပြည့်ကစားရသည့်အပြင် အချိန်ပို ပင်နယ်တီ သုံးသပ်ချက်များကို ဝေေ၀ဆာဆာ Theory နှင့်တကွ ရှင်းရှင်းလင်းလင်း ငြင်းကြသည့်အတွက် ပွဲပြီးချိန်မှာ အတော်စောခဲ့လေသည် ( မှတ်ချက်။ ။ မနက် ၄:၃၀ တိုင် ) ၊ ပွဲချိန်အတွင်း ထူးခြားဖြစ်စဉ် အချို့ကို မှတ်တမ်းတင်ထားရာတွင် .....................

- EPL ပရိတ်သိတ်အချို့မှာ အနိုင်ကြောင့် ပျော်ရွှင်ရသော်လည်း၊ အချို့မှာမူ မပျော်ရွှင်ဖြစ်ခဲ့ရသည်၊

- ပုဇွန်စဉ်းကော နှင့် ကြက်ခြေထောက်စွတ်ပြုတ်တို့မှာ ထို့နေ့အတွက် ပေါ်ပြူလာဖြစ်ခဲ့ပြီး နောက်လာမည့် challenge ..... Green Label Cup အတွက်ပင် sponsor ဘက်မှ ကြိုတင် ကမ်းလှမ်းမှုများ ရှိနေကြောင်း၊

- ပွဲအစတွင် ထူးထူးခြားခြား ခြွေစွာ၍ တပွဲလုံးကို မွှေနှောက်ထိုးဖောက် ထိန်းမရ သိမ်းမရ ဖြစ်နေသော်လည်း အဆိုပါ ကစားသမားမှာ ပွဲချိန်ကြာလာသည်နှင့် အမျှ ခြေကြ၍ စောစီးစွာ အိပ်ပျော်သွားခြင်း ( ရို့ရို့ ၀ှက်စ် စ ၀ှက်စ် ... ထိုကစားသမားအား ဂုဏ်ပြုအပ်ပါသည် )

- အချို့မှာလည်း ပွဲချိန်အတွင်း ပေါ်လွင်စွာ လက်စွမ်းပြလိုက်မိ၍ အနီကပ်နှင့်ပွဲပယ်- ၃ ပွဲ မိသွားပါသည် ( အချို့ကလည်း ရာသက်ပန် banned မည်ဟု သတင်းများ ထွက်ပေါ်လာပါတယ် )

- Soil test - ပိုင်စိုက်ခြင်း - failure analysis ဖြစ်စဉ်အဆင့်ဆင့်ကို failure analysis နှင့်သက်ဆိုင်သည်ဟု ယူဆရသူတဦးအား EC မှလူငယ်တဦးက procedure အတိုင်း ကွက်ကွက်ကွင်းကွင်း ရှင်းပြရာတွင် မှန်ကန်နေသည့်အတွက် RE များမှပင် comment မပေးနိုင် ဖြစ်ခဲ့ပါသည် ( ရှင်းပြရာတွင် လက်ညှိုးထိုးပုံ၊စကားသံအနှိပ်အမြင့်၊အကြည့်၊ ကိုယ်ခန်ဓာ ကစားပုံတို့ဖြင့် အားလုံးမှင်သက် သွားလောက်အောင် အာရုံဖမ်းစားသွားပုံမှာ တကယ်ပင် ချီးကျူးထိုက်ပါသည် )

- အားလပ်ချိန် ၁၅ မိနစ်တွင်အချို့က ကြေငြာ၍ ဆေးများ ခြင်းတောင်းနှင့်ကိုင်၍ လိုက်လိုက် ဝေပေးပါ၏၊ အချို့မှာ ဆေးရရှိသူ စာရင်းမှာပါသော်လည်း တစ်ယောက်သောသူမှာ လက်ဆုပ်လက်ကိုင်မရှိသော်ကြောင့် ကြားနာသူ အဆင့်ဖြင့်သာ ကြေနပ်လိုက်ရသည် ( ထိုသူမှာ ဆေးမရသွားပါ )

-လူသစ်တန်း လူငယ်တဦးမှာကား ပွဲပြီးအောင် မကစားပဲ သုတ်ခြေသင် ကစားကွင်းမှ ထွက်သွားကြောင်း၊ ( အကြောင်းတဆုံတရာ ရှိခြင်းကြောင့်လည်း ဖြစ်နိုင်၏ ထိုသူမှာကား အိမ်အပြန် မုန့်ရသွားသော ကလေးနှယ် ပြုံးပြုံး ... ပြုံးပြုံး နှင့် )

-အချို့မှာ အနှစ်နာခံကာ ၎င်းအိပ်ရာပေါ်တွင် သွားအိပ်ဟု သူငယ်ချင်းတိုင်းကို ပြောလေရာ အပြောခံရသူတိုင်း တကယ်အိပ်ပါက လူ ၅ ယောက်လောက် ထိုအိပ်ယာတွင် အထပ်အိပ်လိုက်ရမည် ဖြစ်သဖြင့် နောက်ဆုံး အတော်မှုတ်တဲ့ မော်တော်ဘုတ် တစီးကိုသာ နေရာပေးလိုက်ရကြောင်း၊

ဤသည်မှာ ဖိတ်ခေါ်ဖလား ထူးခြားဖြစ်စဉ် အကျည်းချုပ်ပင် ဖြစ်ပေတော့သည် ..........................................ကွိ

3 comments:

MMO said...

သူငယ်များအားလုံး အမှတ်တယ ရှိစေရန် .....

ထွန်းနောင်မြင့် said...

ပွဲအစအဆုံး ခြေစွမ်းပြ ကစားခဲ့ကြသော အိမ်ရှင်အသင်းမှ ကြီးနှစ်ကြီး နှင့် ဧည့်အသင်း မှ ချောင်းချောင်း တို့ ပွဲပန်းမှုဒဏ်ကြောင့် sunday တစ်နေ့လုံး အနားယူခဲ့ရကြောင်း သတင်းရရှိ ပြီး အလားတူ ကစားခဲ့ကြသော ဧည့်အသင်း မှ MMO နှင့် ZZM တို့ ကိုတော့ ဆက်သွယ် ၍မရရှိသေးကြောင်း mlm blogspot မှတင်ဆက်သွားပါသည်။ အဆိုပါ ကစားသမား များက နောက်လာမည့် Green Label Challenge Cup တွင်လည်း အစွမ်းပြ ကစားဦး မည် ဟု ပရိသတ်ကြီး ကို ကြိုတင် ကတိ ပေးခဲ့ကြသည်။

Myo Min Oo said...

Mr.Pyaung အဝေးကွင်းသွားကစားမယ် ဆိုရင် ကိုယ့်ဘက်က ခံစစ်လုံအောင် တယောက်ထဲပဲသွားပေါ့ .. နို့မဟုတ်ရင် ....:)