Tuesday, May 1, 2007

ဒီနေ့ ၊ တခုခုကိုလုပ်ရတော့မယ် ဆိုတာငါသိလိုက်ရပြီ ။ ဖြစ်လာမည့် အချိန်ကိုစောင့်လို့ မရတော့ဘူး ၊ စောင့်နေတဲ့အချိန် ရောက်ဖို့ဖန်တီးရတော့မယ် ။ ရှေ့မှာဘာဖြစ်လာမယ်ဆိုတာ ငါမမြင်ဘူး ၊ ဘာပဲဖြစ်ဖြစ် ဆက်တိုးရတော့မယ် ။ အချိန်ဆိုတာ ရွေ့နေပြီလေ ။


ဒီတော့ လှေတစင်းပေါ် ၊  တက်တခုကိုင်ပြီး ငါထိုင်ပြီ ၊ လှေကိုခွာဖို့ကြိုးဖြုတ်တယ် ၊ ကမ်းကခွာဖို့ တက်ကိုမှန်မှန်လှော်ပြီ ၊  နောက်ကိုမကြည့်တော့ဘူး ၊ ဘယ်တော့မှ နောက်လှည့်မပြန်ဘူး ။ သွားနေတာ ပင်လယ် ၊ အဆုံးကို ငါမမြင်ရဘူး ၊ ဒါပေမယ့် ရှေဆက်တိုးနေတယ် ၊ တခါတရံ လေပြင်းတွေတိုက်တတ်တယ်လို့ ငါကြာဖူးတယ် ၊ မုန်းတိုင်းတွေလည်း ကြလာနိုင်တယ် ၊ ငါကြားဖူးတာတွေ အခုငါလက်တွေ့မှာ ကြုံလာနိုင်တယ် ။ ခံနိုင်ရည်ရှိဖို့ ပြင်ထားပြီးသား ၊ လှေတစင်း ၊ တက်တခုနဲ့  ငါရှေ့ဆက်မယ် ။ လှေခွက်ချည်းကျန် အလံမလဲ ၊ တက်ကျိုးခဲ့ရင် လက်နဲ့လှော်မယ် ။ ရှေ့မှာကမ်းရှိမယ်ဆိုတာ ငါသိပြီးသား ။ .....................................................


 


 

1 comment:

Anonymous said...

well.. it's like I knew!