Monday, June 29, 2009

IC Show in Singapore'09


       ဒီမှာနေရတဲ့ ကျွန်တော်တို့တတွေကတော့ ကိုယ့် program နဲ့ကိုယ်ဆိုသလိုမျိုးပဲ .. မနက်ဆို အိပ်ရာထ၊ ပြင်ဆင်၊အလုပ်သွား၊ပြန်လာ ရေချိုး ၊ထမင်းစား၊အိပ် ဒါတွေနဲ့ပဲ Weekdays တွေမှာလုံးပန်းရင်း weekends ရောက်ရင်လည်း တပတ်စာ လျှော်ဖွတ် ၊ ဟိုရှင်းဒီရှင်း လိုတာတွေဝယ်၊ CityHall သွားပြန်လာ၊ တခါတရံ Beer လေးသောက်နဲ့ window shopping နဲ့ discount shopping လေးထွက်နဲ့ပဲ Weekdays ပြန်ရောက်သွားရော ၊ Time is too fast ပဲ။ မော်လမြိုင်တုန်းကလို ညနေဘက်ဆို လေညှင်းခံ လမ်းသလားမယ့် ဆိုင်ကယ်လည်းမရှိ ၊ လဘက်ရည်သောက်ရင်း အာရိုက်မယ့်နေရာလည်း နိတ္တ ၊ ( အဲ PTU မှာတော့ လဖောရိုက်တယ်လို့ခေါ်တယ် - ကျွန်တော်တို့ရဲ့ idoms ပေါ့ ) ၊ အဆောင်နေကျောင်းသားဘ၀တုန်းက မြ၀တီ သိုင်းကားတွေအတူကြည့်၊ပြီးရင် ကိုမိုးကျော်ဆိုင်ကိုပြေးကြတဲ့ ပျော်စရာညတွေကတစ်မျိုး ၊ ချစ်စမ်းပြောင်ရဲ့ Guiter ကိုကလိထိုးသံတွေနဲ့ ညပိုင်းမှာလက်သံပြောင် SBS Brand ကြီးလည်းဟိုတုန်းက တက္ကသိုလ်ညများဆီမှာကျန်ခဲ့တာကတမျိုး ၊ တချို့ဆို ရ နာရီ ကိုးရီးယားကားမှာ အွန်စောလေးကိုသနားလို့ မျက်ရည်လေး စမ်းစမ်း စမ်းစမ်း နဲ့ တကယ်ငိုတဲ့ သူငယ်ချင်း၊ ယောက်ျားကောင်းကြီးတွေတောင် အိမ်ထောင်ကျကုန်ကြပြီလေ ... ဟဲ ( သိချင်ရင်cbox လာခဲ့ပြောပြမယ်)


       အစောက စကားကိုပြန်ဆက်တာပေါ့ ၊ singapore ရဲ့မြို့ပြ လူနေမှုစရိုက်မှာ စီးမြောနေတဲ့ ကျွန်တော်တို့အတွက် သက်ြန်ကတမျိုး ၊ IC Show တွေက ၁နှစ် ၊ တကြိမ် မရိုးနိုင်ဆိုသလို ၁နှစ်၁ခေါက်တော့ ရောက်ပြန်သပေါ့ ၊ မနှစ်က IC show ကိုကြည့်ဖြစ်တယ် ၊ ကျွန်တော့် ဘ၀ရဲ့ ပထမဆုံး live show ကြည့်ဖူးခြင်းပါ ၊ ဟိုမှာလုပ်တဲ့ show တွေဆို သွားရင်သွား ၊ရန်ပွဲကြားတော့ မညှပ်စေနဲ့လို့ ပြောစမှတ်လောက်အောင် ဂရုစိုက်ရတယ် ။ singapore မှာက မြန်မာတွေရန်မဖြစ်ကြဖူး ( အပြစ်ကြီးလို့) ၊ နောက်ပြီး sorry / excuse me ဆိုတဲ့ စကားလုံး ၂ မျိုးကို ကျွမ်းကျင်စွာ အသုံးပြုနိုင်တာကြောင့်လည်း ပါတာပေါ့ ၊ ဒီတော့ show တွေကြည့်ရတာစိတ်ချမ်းသာရသလို ၊ sound system ၊ lighting effect တွေကို အသုံးပြုတတ်ပုံ ( မီးနဲ့ရေကို ဘယ်လိုကောင်းကောင်း အသုံးချရမလဲပဲ စဉ်းစားနေလားမသိဘူး :P ) ၊ IC performance ရဲ့ခေါ်ဆောင်ရာနောက် VIP တန်းမှာ စတယ်ကြီးတွေနဲ့ ထိုင်ကြည့်နေတဲ့ မမတွေတောင် အာဇာနည်ရဲ့ (ဖြတ်) အလှည့်လည်းရောက်ရော အားလုံးပဲ ခုံမှာတောင်မထိုင်တော့ဘူး ၊ အာဇာနည်ကလည်း တော်ပါတယ် ၊ အရှေ့ကပရိသတ်ပါလာတော့ ဟိုးအနောက်စင်ပေါ်က ပရိတ်တွေကြတော့ ....... အဲဒီသီချင်းရဲ့ အလယ်တထောက်အနားမှာ အနောက်ကလူတွေ အဆင်သင့်ဖြစ်ပြီးလားတဲ့ လူတွေကလည်း ဖြစ်ပြီ ၊ ဖြစ်ပြီ ဆိုတော့မှ အရှေ့ထွက်လာပြီး အားပါးတရ၊ " ညာ............ချစ်သူဆိုတာ အိနြေ္ဒတွေနဲ့ ဆက်ယုံနေရင် ညာနေမယ် နင်ငါ့ကိုဖြတ် " (ဘာဖြတ်မှာလဲတော့ မသိဘူးပေါ့နော်) ၊ အဲဒီနောက်မှာတော့ မျိုးကြီး ၊ အငဲတို့ ၊ အဲခုတော့ သူတို့ပြီးရင် ကိုလေးဖြူရဲ့အလှည့်ပေါ့ ၊ နောက်ဆုံး "ခင်ဗျားတို့ စင်ကာပူက ၁၁နာ၇ီ ကျော်ရင်မီးဖြတ်မှာတဲ့ကျွန်တော်တို့ ဆက်ဆိုချင်လည်းမရတော့ဘူး " လို့ ကိုကြီးအငဲရဲ့ စကားနဲ့ အတူ ၊ ပွဲအပြီးအားလုံးရဲ့ လွတ်လပ်နေတဲ့ စိတ်တွေကို တွေလိုက်ရတယ် ( ကျွန်တော်အပါဝင်ပေါ့ )

No comments: