Wednesday, June 24, 2009

Palau Ubin သို့တခေါက်


       မှတ်မှတ်ရရ မနှစ် Palau Ubin သွားကြတုန်းက သူငယ်ချင်းအတော်များများပါကြတယ် ၊ ဆုံဖြစ်ခဲ့ကြတဲ့ ပွဲတွေထဲမှာ လူအများဆုံးပဲ ၊ အခြားပွဲအတော်များများက chevas campain ချည်းပဲဆိုတော့ ကျွန်တော်တို့လောက်ပဲရှိတာကိုး ၊ Palau Ubin ကို MRT နဲ့သွားမယ်ဆိုရင် Tampines မှာဆင်း ၊ အဲဒီမှာရှိတဲ့ bus interchange ကနေ ကားထပ်စီးရသေးတယ်၊ ဒီတော့မှ Jetty ကိုရောက်ရင် စက်လှေစီးပြီး ပင်လယ်ခရီးကိုစ ပင်လယ်လေကို တ၀ကြီးရှုတော့ပဲ ၊




       နာရီဝက်လောက်ကြာပြီးရင် ဟိုဘက်ကမ်းကိုရောက်သွားမယ် ၊ တံတားအတိုင်းလျှောက်သွားပြီး တံတားဆုံးတဲ့အခါ ဆိုင်တွေကိုတွေ့ရပြီး ၊ လူတွေတိုးတိုးဝှေ့ဝှေ့ စက်ဘီးငှားကြတာတွေမယ်၊ ကိုယ်လည်းဝင်တိုး ကိုယ်စီးမယ့်စက်ဘီးကို break ကောင်းမကောင်းအရင်စစ် ၊ break မကောင်းလို့ကတော့ အိမ်အပြန်  သွားပြန်ပါလာမှာမဟုတ်ဘူးမှတ်၊ စားသောက်ဆိုင် အပြင်ဆင်တွေကိုတွေ့ရင်တော့ စပြီးခံစားမိတာက ငါစင်ကာပူမရောက်ပဲ ကျေးလက်များရောက်နေသလားလို့ ၊ တကယ့်ကိုတူတယ်ဗျ ၊ မယုံရင်ကြည့် ဒါစင်ကာပူလားလို့ ( အကယ်၍ ဓါတ်ပုံရိုက်ပြီး အိမ်များပို့လိုက်ကတော့ အော် ... စင်ကာပူဆိုတာ ဘီလူးကျွန်းမျိုးလို့များ ပြောမလားပဲ )




       Palau Ubin စက်ဘီးရတာများ ၁ လစာ ချွေးထုတ်ရသလိုပဲ ၊ ခြေဦးတဲ့ရာ လျှောက်စီးတဲ့ ကျွန်တော်တို့အဖွဲ့ကတော့ ဟိုနင်း၊ ဒီနင်းနဲ့ ဗိုက်ဆာရင်စားလိုက် ၊အရိပ်ကောင်းရင်နားလိုက်၊ အိပ်သာတွေရင် အပေါ့ပါးသွားလိုက်နဲ့ ဟုတ်နေတာပဲ ၊ လက်ထဲမှာမြေပုံရတော့လည်း ထို့နည်းတူ မခြားမနားဘူး ၊ Road Map ကြီးကိုကြည့်၊ ဟိုလက်ညှိးထိုး၊ ဒီလက်ညှိးထိုးနဲ့ ပြီးတော့ နင်းချင်တဲ့နေရာ နင်းတော့တာပဲ ။ နောက်ဆုံး မျှော်စင်လို ( ၆ ထပ်လား ၊ ၇ ထပ်လား မမှတ်မိတော့ဘူး ) ရှိတဲ့နေရာရောက်တယ် ၊ အဲဒီကနေ ရေပေါ်ကနေလမ်းလျှောက်လို့ ရတဲ့တံတားကိုရောက် ၊ နောက်ဆုံး ကမ်းနားမှာရှိတဲ့ model အိမ်လေးတဲ့ရောက်ပြီး မိုးမချုပ်မှီ ပြန်လှည့်ကြရတာပေါ့ ၊ ခုတော့လည်း ၁ နှစ်လောက်ကြာသွားပြီး ၊ တချို့က home prison ကျ ၊ တချို့က မြန်မာပြည်ပြန် ၊ တချို့က တချို့နဲ့ .... တချို့ချို့ဖစ်ကြလေသတည်း ။ (စုံးစမ်းခြင်း ... သည်းခံပါ) :P



       အဲတချို့က ကြာဇံကြော် ကိုမစားရသေးပဲနဲ့ " အတော်ကောင်းတယ်ကွ ၊ အတော်ကောင်းတယ်ဟ" ဆိုပဲ ၊ အမှန်လည်း ထိုနေ့က ကြာဇံကြော် တကယ်ကောင်းကြောင်း ကျွန်တော်တို့အားလုံး စားပြီးတော့ ထောက်ခံပေးလိုက်ပါတယ် ...... ကြာဇံကြော် ... အတော်ကောင်းတယ်ကွ

1 comment:

Anonymous said...

အဲဒီမှာ...တောင်ထိပ်စွန်းကမူလေးကနေ...အောက်
ဖက်ကရေပြင်စိမ်းစိမ်းအကျယ်ကြီးကိုကြည့်လို့ရတဲ့ Granite Quarry တစ်ခုလဲရှိတယ်...

ွှTomb Raider ထဲက Lara Croft လို တောင်ကြိုတောင်ကြားလေးတွေကနေတက်ရတယ်...

ချစ်သူတွေအတွက်ဆို...သိပ်ကြည်နူးစရာကောင်းတဲ့
နေရာလေးပေါ့....

Chek Jawa ဖက်ကိုသွားမယ်ဆိုပါစို့..မနက် ရး၃၀-၈း၀၀ နာရီလောက်အရောက်သွားခဲ့မယ်ဆို...
Low Tide ဖြစ်ချိန်မှာပေါ်လာတတ်တဲ့....
Jelly Fish, နဲ့အကောင်ပလောင်လေးတွေ မျိုးစုံကိုလည်းတွေ့ရဦးမှာ...

Chek Jawa ရေအောက်မှာနေနေကြတဲ့ အကောင်ပလောင်လေးတွေကိုသဘာဝအတိုင်း
ကာကွယ်ပေးနေတဲ့ သဲသောင်ကုန်းလေး
တွေကိုလည်းသတိထားကြည့်ရင်တွေ့ဦးမှာ....

အကောင်းဆုံးကတော့ ၀ိုင်ကောင်းကောင်းရယ်...၀ိုင်
ဖန်ခွက်လေးတွေပါယူသွားပြီး Chek Jawa က ရေပေါ်လျှောက်လမ်းလေးမှာ...သူငယ်ချင်းတွေနဲ့
Toast လုပ်ရင်းစကားပြောရရင်....(အိုး...သိပ်ကောင်းသွားမှာပေါ့....)
ပြီးတော့...မင်းတို့ကိုငါသိပ်ချစ်တယ်လို့...လို့
အားလုံးကြားအောင်..ပြောလိုက်ရရင်...
(သိပ်ပျော်စရာကောင်းသွားမှာပေါ့)

ရေပေါ်လျှောက်လမ်းလေးမှာ..အောက်ကိုငုံကြည့်လို့
ရတဲ့အပေါက်လိုဟာလေးတွေက....အဲဒီရေအောက်
မှာနေကြတဲ့ အကောင်လေးတွေရယ်...အပင်လေး
တွေရယ်ကို နေရောင်ရပြီး...သူတို့လေးတွေကို
နွေးထွေးနေအောင်လုပ်ပေးထားတဲ့စနစ်လေးပေါ့....

တံတားပေါ်မှာ...သူငယ်ချင်းတွေအားလုံးလက်တွေ
တွဲပြီးပြိုင်တူခုန်နေတဲ့ဓာတ်ပုံတွေလဲရိုက်ဦးပေါ့...

လမ်းမှာတွေ့တဲ့...မလေးအဘွားအိုတွေကို....
"တာရီမကာဆေး" လို့နှုတ်ဆက်လိုက်ပါဦးလေ...

လမ်းပျောက်နေတဲ့...စက်ဘီးစီးတဲ့သူတွေကို...
ငါတို့အဖွဲ့နဲ့လိုက်ခဲ့ပေါ့ဆိုပြီးခေါ်သွားမယ်ပေါ့...

စက်ဘီးငှားတဲ့နေရာတွေက...အအေးတွေ..စားစရာ
တွေမ၀ယ်သွားပဲ...လမ်းမှာတွေ့တဲ့...ယာတဲလေး
တွေကရောင်းတဲ့...ရေနဲ့အအေးကို...အားပေးရင်း
သူတို့ကို Support လုပ်မယ်လေ....

ကံကောင်းရင်..ယာတဲလေးတစ်ခုမှာ...Ubin ဇာတိ...တောဝက်အိုကြီးတစ်ကောင်ကိုလဲတွေ့နိုင်
သေးတယ်...

ဝယ်လာတဲ့..စပျစ်သီးနဲ့လိမ္မော်သီးတွေကို...စက်ဘီး
စီးလို့ပင်ပန်းရင်...နားကြတဲ့နေရာလေးတွေမှာ...
စားကြမယ်လေ...

နေ့လည်စားရင်ဆိုင်တွေကလူပြည့်တတ်လို့...စက်ဘီး
ငှားပြီးထဲကနေ့လည်စာစားဖို့မှာထာခဲ့မယ်ဆို...

အပြန်လမ်းမှာ....Ferry Boat လေးပေါ်မှာ...
င်္Ferry မောင်းသမားကြီး အတွက်ခရီးသည်တွေဆီက
ငွေတွေကူကောက်ပေးလိုက်ဦးမယ်...


မျိုးမင်းဦးရဲ့ Background Music လေးကိုနားထောင်ရင်း...စိတ်တွေက Romance ဖြစ်လာတာနဲ့ရေးလိုက်တာ....

မျိုးမင်းဦး(ညီ)နဲ့ညီ့ချစ်သူကို...အခုရေးထားခဲ့သလို
ကြည်နူစရာတွေနဲ့တွဲပြီးမြင်ချင်မိတယ်...

မျိုးမင်းဦး(ညီ)နဲ့ညီ့ချစ်သူတို့...ဒီစာလေးကို
ဖတ်မိပါစေ...