Sunday, June 28, 2009

GTalk သုံးရင်း ၊ အသုံးလည်းဝင်မည့် Dictionary Bot များ

     ဟိုတနေ့က သူငယ်ချင်းတယောက် forward လုပ်ပေးလိုက်တဲ့ Gtalk Dictionary Bot ကိုစမ်းကြည့်တာ အတော်လေးဟုတ်နေတာပဲ ၊တဘက်က Gtalk လည်းသုံး ၊ dictionary လည်းတခါတည်း ကြည့်လို့ရတော့ အတော်အဆင်ပြေသွားသလို မြန်လည်းအတော်မြန်တယ် ၊ Myanmar mmgeeks အဖွဲ့ကလုပ်ထားတာပါ ၊ ပထမဆုံး Gtalk မှာ ဒီ address ကို add လိုက်ပါ ၊ en2mm3@mmgeeks.org (or ) en2mm4@mmgeeks.org . Add လုပ်ပြီးသွားလို့ online ဖြစ်လာရင် Chatting လုပ်သလိုပဲ သိချင်တဲ့ စကားသာရိုက်လိုက် ၊ ဥပမာ Hi လို့ပဲ ရိုက်ကြည့်ပါအုံး ( ကြိုက်သွားမယ် ၊ မကြိုက်ရင်တော့ ရိုက်သွားလိုက် :P ) သူက မြန်မာလိုမရှိရင်တော့ English ကိုတိုက်ရိုက်ပြန်ပေးလိမ့်မယ် ။ ကိုယ်လိုရင်သုံး ၊ သူလိုရင်လည်း ကိုယ်က add englishword wordcategory myanmarword သုံးပြီးလိုတာတွေထပ်ထည့်ပေးလို့ရတယ်၊ Wiki တို့လိုပေါ့ ၊ .....

ထပ်ပြီးတော့ စိတ်ဝင်စားရင် ဒီ link တွေမှာဆက်ကြည့်လို့ ရတယ်

mmgeek form
IT men Blog

No comments: