Friday, October 2, 2009

ဘကြီးနှင့်မောင်မောင်း၏ ဆုံမှတ်များ - ၂

     ကျောင်းပြီးကြတော့ မောင်မောင်းလည်း ရန်ကုန်မှာ အရင်အတိုင်း ဘကြီးဆီလာရောက် ပညာဆည်းပူးဆဲ၊ ဘကြီးဆိုတာကလည်း သီအိုရီ၊ ဟန်ပန်အမူအရာ သရုပ်ပြချက်ကို အက်ရှင်နှင့်တကွ တလွဲပြောတတ်လေရာ မောင်မောင်းအဖို့မှာတော့ ရေငတ်တုန်းရေတွင်းထဲကျ ဆိုသလိုမျိုး (တနည်းဆိုသော် .... သွားရည်လေး တမျှားမျှား ပါးစပ်လေး အဟောင်းသား) ဖြင့်တခါတရံ လာရောက်ပညာဆည်းပူးတတ်လေရာ နောက်ဆုံး ကွန်ပျူတာနည်းပညာနှင့် ဆိုင်သော ကိစ္စများပါ ရှိလာလေတော့သည်၊ ထိုအချိန်က Memory Stick ခေါ် Thumb drive များမှာ ခေတ်စား သလောက် ဈေးမှာလည်း အလွန်တရာမှကြီးလေ၏၊ ၂၀၀၄ ပတ်ဝန်းကျင်က 128MB stick တချောင်ပင်လည်း ၈သောင်းကျပ် အထိဈေးရှိလေသည်၊

     အကျွန်ုပ်သည်လည်း 256MB ကို ကျပ် ၃ သောင်းနှင့်ပင် ၂ကြိမ်တိုင်တိုင် ၀ယ်ခဲ့ဖူးသည်၊ ဒီလိုနဲ့ တနေ့ Cyber City မှ Service Engineer မောင်နိုင်လင်းဆိုသူထံမှ 512MB stick တချောင်းကို ဈေးသက်သက်သာသာ ရမည်ဟု ပြောလာလေသည်၊ ထိုအဆိုကို အအိုကို အပျိုဟု အများထင်သွားလောက်အောင် စကားအခါရာ တတ်ကျွမ်းလှသော မောင်လှမျိုး(ချွတ်ချုံချ) မှလည်း ၀င်ရောက်ထောက်ခံပေးလေရာ ကျွန်ုပ်လည်း ငါ့သူငယ်ချင်းတွေ ငါ့ကိုမစ ပြီးလို့အထင်ရောက်သွား မတတ်ဖြစ်ပြီး ၀ယ်ယူရန် ငွေအသပြာစုလေတော့သည်၊ ' အိုရော့ အရင်ယူထားလိုက် ငွေနောက်မပေး ပစ္စည်းက ပြတ်တော့မယ် ' ဟုဆိုလေရာ 512MB ကိုငွေ 25000 နှင့်ယူဖြစ်သွားလေ၏၊ ပစ္စည်းနဲ့ဈေး စိတ်ချရလားမေးတော့ ' အို ... ဟေ့ကောင် .... ငါလုပ်ပါ့မလားကွ ' ဆိုတာနဲ့တင် ကျေနပ်သွားလေသည်။ ထိုအချိန် မောင်မောင်းမှာ ရန်ကုန်လူကုံတန်များသာကိုင်နိုင်သော 4GB Toshiba stick တချောင်းရှိလေရာ အများမျက်စိကျစရာ ဖြစ်နေသည်မှာ မဆန်းလှပေ၊ လုပ်ငန်းသုံး အရေးကြီးတစုံတရာ Data အများပြား Backup / installation လုပ်မည်ဆိုပါက 4GB မှာ အတော်အသုံးဝင်သည်ဟု ဆို၍ရလောက်မည်၊

     တနေ့ထိုအသုံးဝင်လှသော 4GB မှာ ဘကြီးလက်ထဲသို့ တခနမျှရောက်သွားလေသည်၊ မောင်မောင်းမှာလည်း ရှေးကသင်ခန်းစာများ ကျေညက်သွားလေရာ ထို 4GB ကိုဂရုစိုက်ဖို့ ဘကြီးအား အာပေါက်မတတ် အတန်တန်မှာ၏၊ ဘကြီးကလည်း ' ယောက်ဖ ......... ငါလုပ်ပါ့မလားကွ ' နဲ့တင် မောင်မောင်းလည်း ကျေနပ်သွားလေ၏၊ တပတ်ခန့်ကြာသော ဘကြီးနှင့်ပြန်ဆုံရာ ' ငါ့ stick ဆိုတော့ ဘကြီးက ဟန်ပါပါဖြင့် stick ကိုဟန်ပါပါဖြင့် မြှောက်ပြပြီး ဒီမှာယောက်ဖရှိတယ် နောက်ပတ် ပြန်ပေးမယ် ' ဆိုတော့ ဘကြီးအတော်တိုးတက်လာတာပဲ ဟုမောင်မောင်းစိတ်ထဲက ကောက်ချက်ချလိုက်မိလေ၏၊ ဤသို့ဖြင့် တကယ်ပြန်ပေးရန် မောင်မောင်းနှင့်ပြန်ဆုံရာတွင်တော့ ............. ဘယ်လိုပြောရမှာတုန်း ဓါတ်ပြားဟောင်းလေးအတိုင်း " ဘကြီးမည်သို့လုပ်လိုက်သည်မသိ မရှိ " ယောက်ဖ ငါ...သေချာသိမ်းထားတယ်ကွ၊ ပြန်ပေးခါနီးမှကွာ ၊ စိတ်မကောင်းမဖြစ်နဲ့ ငါပြန်ပေးမယ်ဆိုတော့ ၊ မောင်မောင်းကဘယ်ရတော့မလဲ ဒီတခေါက်၊ သောကတွေ ရင်ဝယ်ပိုက် ခေါင်းစိုက်ခါ သူ အိမ်ပြန် ငိုခဲ့ရပါတော့သည် ( ကျောင်းတုန်းကလို ရေချိုးခန်း သွားသွား မငိုတော့ပါ )၊

     တနေ့စင်ကာပူ၏ နွေကလည်း MRT စီးပါကာ အေးပြီး ၊ လမ်းဖြတ်ပါ ပူပြင်းတတ်သော အလေ့ရှိသည့်အလျောက် ၊ ဘကြီးမှာလည်း လျှောက်စရာရှိသော အလုပ်များလျှောက်ပြီး အေးအေးလူလူ မောင်မောင်းဆီ သူလာမည့် အကြောင်းဖုန်းဆက်ထားလိုက်တယ်၊ မောင်မောင်းမှာလည်း ဘကြီးလာမည်ဆို၍ ရှုပ်ပွနေသော ထူးထူးဆန်းဆန်းပစ္စည်းများသိမ်းပြီး သကာလ အေးအေးဆေးဆေး စောင့်ကြိုနေလေတော့သည်၊ ဘကြီးရောက်လာပြီး အာလာဘ သလာဘပြော မျက်စိအဝှေ့ သော့နှင့်အတူချိတ်ထားသော Device လေးတခုကို သွားတွေ့လေသည်၊ " ယောက်ဖ ဒါဘာလေးလဲကွ " ပေါက်သည့်နှဖူး မထူးတော့ ဆိုသလို Ibanking လုပ်ရာတွင်သုံးသော ပစ္စည်းဖြစ်ကြောင်း ၊ ATM စက်သွားစရာမလို online မှပင်ငွေလွဲပင် လုပ်လို့ရသည်ဆိုတဲ့ အကြောင်း ပြည့်ပြည့်စုံစုံ ရှင်းပြလေရာ ၀ါသနာပါသည့်အလျှောက် ဘကြီးမှာလုံးဝ စိတ်ဝင်စားသွားလေတော့သည်၊ ' ဒါကဘာလို့ နှိပ်ရာတာလဲ .. နှိပ်လိုက်ရင်ပေါ်တဲ့ ဂဏန်းက ၆လုံး ဒါက Login လုပ်တဲ့အခါ ဘယ်လိုဆက်စပ်နေလဲ၊ serial အလိုက်ပေါ်လာတာလား၊ ကျော်သွားရင်ရော ဘာဖြစ်နိုင်မလဲ ဆိုတဲ့ အတွေးပေါင်း ကုဋ္ဋေကဋ္ဋာ ကွန့်မြူးနေလေတော့ အဲဒီတွင် " ယောက်ဖ မင်း account ငါ့ကိုခနပေး ငါစမ်းကြည့်မယ် " ဆိုတော့ ... မချစ်သော်လည်း အောင့်ကာနမ်း၊ မနမ်းသော်လည်း ပင်ကာရှု ရိုရိုသေသေ နှမြောအကြည့်နဲ့ ကမ်းပေးလိုက်တော့သည်၊ နောက်တရက်တွင်ကား Bank မှ၎င်း ibanking account အား banned လိုက်လေတော့၏၊

ဤအဖြစ်များဖြစ်ပြီးနောက် ... ဘကြီးမှာလည်း Ibanking Device လေးတခုရှိသွားလေ၏၊ သို့သော် ၎င်း Device လေးအား အရင်တိုင်း ဆက်လက်စမ်းသပ်တော့မည်လောဟု တစုံတယောက်မှာ ထိုမေးခွန်းကို စိတ်ဝင်တစား ရှိလေသည်...... စာရေးသူမှာကား ဘကြီးထံမှ Device လေးကောင်းမွန်စွာ အလုပ်-လုပ်နေသေးကြောင်းသာ သိရှိလိုက်ရပါတော့သည် ။

4 comments:

MMO said...

ဒီရောက်မှ ဘကြီးဖွင့်ပြောတာ ၅၀၀၀ အမြတ်တင်ပြီး ရိုက်ထည့်လိုက်တာတဲ့ ၊ 25% မြတ်တာ နည်းနည်းနောနောလား ၊ ဘာပဲပြောပြော အဲဒီ stick ကအတော်အကြမ်းခံနိုင်တယ် ၊ အောက်လည်း ပြုတ်ကျဖူးတယ်၊ မိုးရေလဲဆိုဖူးတယ်၊ ဘာဆို ဘာမှ မဖြစ်ဘူး ၊ ဒီလိုနဲ့ပဲ " မင်းကို ... ငါလုပ်ပါ့ ... မလား " ဆိုတာလေးတော့ အမြဲတမ်းအမှတ်တယ ဖြစ်သွားလို့ ရင်တွင်းဖြစ်ကနေ published လုပ်ဖြစ်သွားတယ်၊
( အမှတ်တယပေါ့ကွာ )

ထွန်းနောင်မြင့် said...

သယ်ရင်း MMO စာရေးတာ ကောင်းတယ်။ ငါလည်းမနေနိုင်လွန်းလို့ ရှည်လိုက်ဦးမယ်။ အမှတ်တရ ဆိုတာ ရ နဲ့ ရ တာ ယ နဲ့ မဟုတ်ဘူး။ ဆရာလုပ်တာ လို့ မယူဆစေချင်ဘူး။ အမှတ်တရ ပေါ့။

Myo Min Oo said...

အေး .. ငါလည်း တွေ့ဖန်များတော့ အမှတ်တရလား ၊ အမှတ်တယလား တောင်ခပ်မေ့မေ့ရယ်၊ ခုခေတ်ကလည်း သိတယ်မဟုတ်လား ... ငါစောင့်နေတရ် ၊ ကျွန်တော်တရ် ...တရ်တွေကို စတိုင်လုပ်ပြီးရေးနေကြတာ၊ ( ငါကတော့ အမှတ်တမဲ့ပေါ့ကွာ ) .. Thz

ထွန်းနောင်မြင့် said...

ဟုတ်တယ်ကွ အဲဒီလို စတိုင်လုပ်ရေးတာတွေကြောင့် မျက်စိနောက်နေတာ