Saturday, October 10, 2009

Green Label Cup '09


      မကြာမှီ အားလုံးစောင့်မျှော်နေတဲ့ Challenging Cup ရာသီရောက်တော့မှာ ဖြစ်ပါတယ်၊ ကျောင်းတုန်းက ရှောက်ပေါင်းနဲ့ စတင်ခဲ့တာဖြင့် ခုဆိုရင် Red-Black-Chivas မှသည် Green အဆင့်သို့ တဖြည်းဖြည်း ရောက်ရှိလို့ လာပြီဖြစ်သည်၊ ကျောင်းပြီးလျှင် အနိမ့်ဆုံး Grand ရွှေပတ်တို့လောက်သာ မှန်းထားသော်လည်း ရာထားချက်ကို ကျော်လွန်ကာ အဆင့်မြင့်တန်းသို့ အချိန်တိုအတွင်း ရောက်လာသည်မှာ လွန်စွာဖြင့် နှစ်ထောင်းအားရဖွယ် ကောင်းလှပါသည်၊ ထိုပွဲ၏ ထူးခြားချက်များကတော့

- အိမ်ကွင်း နုတ်ဆက်ပွဲ ဖြစ်သည့်အလျှောက် ဧည့်ပရိတ်သတ်များ စုံလင်ခြင်း၊
- စားသောက်ဖွယ်ရာများမှာလည်း ထို့နည်း၎င်းပင် အမျိုးစား စုံလင်နိုင်ခြင်း၊
- ကမ္ဘာ့ အဆင့်မှီ ပညာတတ်များ ချက်ပြုတ်သော ကြက်ခြေထောက်စွတ်ပြုတ် ၂ အိုး၊ ပုဇွန်စင်းကော များဖြင့် ထပ်မံအားဖြည့်ထားဖွယ် ရှိကြောင်း၊
- Chelsea .. Arsenal .. ManU ပွဲများကို၃၂" LCD ဖြင့်ပြသမည်ဖြစ်ကြောင်း ၊
- ပြီးခဲ့သောပွဲ၌ အိမ်ကွင်းတွင် ဘက်တန်းပေါက်သွားသော ကစားသမားကတော့ ဒီတပတ် အဝေးကွင်းအတွက် ဘက်တန်းကိုလုံအောင် အကောင်းဆုံး ပြင်ဆင်ထားပြီး ဖြစ်ကြောင်း၊
- စတင်ချိန်မှာ 17ရက် စနေ ညနေ ၇ နာရီ နောက်ပိုင်းဖြစ်ပြီး၊ time limit မှာ ၀ ဖြစ်၍ ၊ Co-Sponsor အခြေနေအရ Topup အစီစဉ်များလည်း ရှိနိုင်ကြောင်း ၊
- Main Sponsor မှ အစီစဉ်ဖြစ်မြောက်ကြောင်းကို sms ဖြင့် ဆက်လက်ဖိတ်ကြားမည်ဖြစ်ကြောင်းနှင့်၊ လာရောက်သူများမှာ ကွင်းအ၀င်ပေါက်တွင် အဆိုပါ sms ပြရန်လိုအပ်မည် ဖြစ်ကြောင်း၊
- အချိန်နှင့် တပြေးညီ သတင်းများရယူရန် blogger များလည်း အဆိုပါပွဲသို့ တက်ရောက်ဖွယ်ရှိနေကြောင်း သိရပါတယ်။


မှတ်ချက် ။ ။ သွားလာရေးအဆင်ပြေစေရန် Cab Taxi များညလုံးပေါက် ပြေးဆွဲသွားမှာ ဖြစ်ပါတယ်၊

No comments: