Friday, October 9, 2009

ပစ်ချခံထားရသော.........

သမိုင်းက ခါးသီးစွာ
ဒဏ်ရာ ဝဲဂယက်ထဲ ပစ်ချခဲ့…….

စွန့်မှစားရတာတဲ့…
စွန့် ခဲ့ကြပြီးပြီပဲ
ဘယ်တော့များမှ…………

နာကြည်းစွာ…
ခါးသီးစွာ….
ခံပြင်းစွာ…..
မယုံမရှိနဲ့ ဒါ ဒီနေ့ငါတို့ဘဝပဲ……

ဦးနှောက် ယိုစီးမှု
လုပ်အား ယိုစီးမှု
………စီးမှု….
………………………
မဝေးချင် ပေမယ့်
ပြေးမှဖြစ်တော့ မှာမို့ စီးခဲ့ကြတာပါ……..

ဘယ်နှယ့်မေးပါလိမ့်..
လွမ်းတာပေါ့ဗျာ
ဇာတိမြေကို လွမ်းတယ်….
အမေ့အိမ်ကို လွမ်းတယ်…..
တမာရနံ့ကို လွမ်းတယ်……
ဆားနံ့သင်းတဲ့ပင်လယ်လေ လွမ်းတယ်…..
ဆီးနှင်းပွင့် လွမ်းတယ်……
အို……………လွမ်းတယ်……………………………..

စောစောထ အလုပ်သွား
အလုပ်ပြန် အိပ်ရာဝင်
ဒါငါတို့ ရဲ့ သင်ပုန်းကြီးဖတ်စာ…….

“သူတို့ပြန်လာကြ မှာပါ” တဲ့
ဒါပေါ့
ပြန်လာကြမှာပေါ့
ဒါပေမယ့်
ဘယ် မနက်ဖြန် မှာလဲ………..

မဖြစ်သေးတာပဲ ရှိတာ တဲ့……
မဖြစ်နိုင်တာ မရှိဘူး တဲ့…….
ဒီတော့
မနက်ဖြန် အိမ်ပြန်နိုင်အောင်
ဒီနေ့ ကြေငြာချက် တစ်စောင်လောက် ထုတ်လိုက်ကြဦးစို့………

1 comment:

MMO said...

Bravooo ၊
မနက်ဖြန်အိမ်ပြန်နိုင်အောင် .....