Saturday, October 3, 2009

ငါတို့ရူးလိမ့်မယ်

အားကစား ရုပ်သံလိုင်း ၃ခုကို ပြသခွင့် စွန့်လွှတ်ရတော့မယ့် Starhub

စင်္ကာပူ (အောက်တိုဘာ ၁) - စင်္ကာပူတွင် အားကစား ရုပ်သံလိုင်းများ ပြသလျက် ရှိသည့် Starhub ကုမ္ပဏီသည် လာမည့် ၂၀၁၀ ခုနှစ် နှစ်လယ်မှ စ၍ လက်ရှိ ပြသနေသည့် ESPN, Star Sports နှင့် Star Cricket ရုပ်သံလိုင်းများကို ပြသနိုင်တော့မည် မဟုတ်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန် ကြေညာခဲ့သည်။

၂၀၁၀-၁၁၊ ၂၀၁၁-၁၂ နှင့် ၂၀၁၂-၁၃ ဘောလုံး ရာသီ ၃ ခု စလုံးအတွက် အင်္ဂလန်ပရီးပီးယားလိဂ် ပွဲစဉ်များအား ပြသခွင့်အား SingTel ကုမ္ပဏီမှ ရရှိသွားပြီး နောက်ဝယ် Starhub အနေဖြင့် ထိုကြေညာချက်အား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ၂၀၀၉-၁၀ ဘောလုံးရာသီ အတွက် အင်္ဂလန်ပရီးပီယားလိဂ်ပွဲစဉ်များအား ပြသခွင့်ကို Starhub က ရရှိထားပြီး ၎င်းမှာ ၂၀၁၀ ခုနှစ် မေလ၌ ကုန်ဆုံးမည် ဖြစ်သည်။

Starhub မှနေ၍ အားကစား ရုပ်သံလိုင်းများသာမက ပညာရေး၊ ဖျော်ဖြေရေး၊ ဇာတ်လမ်းတွဲများ စသည့် ရုပ်သံလိုင်းပေါင်း ၁၃၀ ကျော်ကို ပြသလျက် ရှိသည်။

Source : CNA
Credit : www.Thanlwin.com

1 comment:

ထွန်းနောင်မြင့် said...

ဟုတ်တယ်ကွ နောက် season ကျရင် တစ်ခါ singtel ယူဦး နောက် တစ်ခါ starhub ယူဦးနဲ့.........:(