Friday, July 3, 2009

ဟောဒီမှာ အိမ်ဝယ်ကြအုံးမလားဗျို့.....။။။ ( I )

Singapore မှာ နေတာနည်းနည်းကြာလာတဲ့ အခါမှာ လူအများစုကတော့ အိမ်ဝယ်ဖို့အတွက်ကို စဉ်းစားလာကြတာ များပါတယ်....အဲဒီ့အခါမှာ ဘာတွေလုပ်ရမလဲ၊  ဘာတွေပြင်ဆင်ရမလဲ၊  ငွေဘယ်လောက်ရှိရမလဲ၊  ဘယ်တော့ပေးရမလဲ၊  စတဲ့ လဲပေါင်းများစွာကို သိဖို့လိုလာပါတယ်..... ဒါ့ကြောင့် ဒီ post လေးတွေမှာ ကျွန်တော်သိသလောက် ဆောင်ရန်ရှောင်ရန်လေးတွေ၊ သိသင့်သိထိုက်တာလေးတွေကို ဝေမျှပေးပါရစေ..... 
 
 အများစုက HDB Block တွေပဲဝယ်ကြတာဆိုတော့ အဲဒီ့အကြောင်းပဲပြောပါမယ်... အိမ်ဝယ်ဖို့အတွက်ဆို PR နှစ်ယောက်ရှိရပါမယ် (either couple or siblings)... (Singaporean သည် အိမ်ငှါးနေလို့မရပါ... It is a must to buy for Singaporean...ဤကား စကားချပ်)....နောက်တစ်ချက်ကတော့ Agent မှတဆင့်သာဝယ်ခွင့်ရှိပါတယ်... ရောင်းသူဘက်မှလည်း ထိုနည်းလည်းကောင်းပါပဲ....
 
Agent ရွေးချယ်တဲ့အခါမှာလည်း ကိုယ့် Agent က အတွေ့အကြုံရှိရဲ့လား၊ procedure ကို ကျွမ်းကျင်ရဲ့လား၊ စိတ်ရှည်ရဲ့လားဆိုတာ သတိထားဖို့လိုပါတယ်... သူများနိုင်ငံမှာ အိမ်ဝယ်တာဖြစ်တဲ့အတွက် Agent တော်ရင်တော်သလို ကိုယ့်အတွက် comforatable ဖြစ်ပါတယ်... ကဲ..ဟုတ်ပြီ၊ Agent လည်းရပြီ၊  financial လည်း planning လုပ်ပြီးပြီဆိုတော့ (financial planning အကြောင်းကို နောက်ပိုင်းမှာပြောပါမယ်) အိမ်လိုက်ကြည့်ကြရအောင်...
 
့ပထမဦးဆုံးအနေနဲ့ ကိုယ်ကြိုက်တဲ့ location ကိုရွေးသင့်ပါတယ်... ဥပမာ။ Jurong West, Clementi, Bedok, etc..., အထပ်မြင့်ကြိုက်တာလား၊ Car Park နဲ့နီးတာ လိုချင်သလား၊  စသဖြင့်ပေါ့.... ဒီလိုသာမဟုတ်ရင် Agent ခေါ်တဲ့နေရာတွေ အကုန်လိုက်သွား၊ အချိန်ကုန် လူပင်ပန်း၊ နောက်ဆုံးမှာ ကြည့်ရတာများလွန်းလို့ ဟုန်သွားပြီး  ဘာရွေးရမှန်းမသိ ဖြစ်တတ်ပါတယ်... တစ်ကယ်ကောင်းတဲ့အိမ်တွေလည်း လွတ်သွားတတ်ပါတယ်..
 
 အိမ်ကိုကြည့်တဲ့အခါမှာ အရေးကြီးတဲ့အချက်ကတော့ အခန်းဖွဲ့စည်းပုံပါ... Square shape ဖြစ်တဲ့ အခန်းတွေကို ရွေးသင့်ပါတယ်.. Bed rooms, living room တစ်ခန်ခြင်းစီ Square ဖြစ်တာကို ဆိုလိုတာပါ... Rectangular shape ဆိုရင် တတ်နိုင်သလောက်ရှောင်ပါ... အခန်းကို manage လုပ်ရတာခက်ပါတယ်...
 
များသောအားဖြင့် HDB Flat တွေက ၃ မျိုး ရှိပါတယ်... ယေဘုယျအားဖြင့်  65 sq:m ဝန်းကျင်လောက်ဆို 3 rooms flat လို့ ခေါ်ပါတယ်... 2 bed rooms  ပေါ့... ဈေးကွက်မှာ လူကြိုက်နည်းပါတယ်... 90~100 sq:m လောက်ဆို 4 rooms flat လို့ ခေါ်ပါတယ်... 3 bed rooms ပါပါတယ်... 110 sq: m and above ဆိုရင်တော့ 5 rooms flat ပါ.. 3 bed rooms ပါပဲ၊ ဒါပေမယ့် ဧည့်ခန်းက ကျယ်ကျယ်ဝန်းဝန်း ရှိပါတယ်....
 
ဆက်ရန်......။။။
Red Devil

No comments: