Friday, July 31, 2009
ကြေးအိုး ရာဇ၀င်
ဤသို့အခြေနေတွင် ဘကြီးတော် ဆန္ဒကိုဖြည့်ဆည်းပေးရုံမှတပါး အခြားမရှိတော့ပေ၊
ဘကြီးတော်မှာကား ချဉ်ခြင်းဖြစ်သည့်အလျှောက် တိုင်းတပါးတရုတ်ပြည်မှ နာမည်ကြီးဆေးမြစ်များ၊ သစ်ရွက်သစ်ဖုများဖြင့် စီမံချက်ပြုတ်၍ ကြေးအိုးဖြင့်သာ သောက်သုံးရသော စွတ်ပြုတ်ကိုသာ တမ်းတနေလေ၏၊ ဤသို့ဖြင့် ၀န်မင်းများ ခေါင်းခြင်းရိုက် တိုင်ပင်ကြပြီးသကာလ နောက်ဆုံးတွင်တော့ ၂ဘီးတပ် စီးတော်ယဉ်ကို ကျွမ်းကျင်စွာ မောင်းနှင်တတ်သော အတွင်းဝန်ကလေး (သူက အကောင်နည်းနည်းသေးတော့ ၀န်ကြီးရာထူးမရပါ ) နှင့် စားတော်ကဲဝန်ကြီး မောင်မောင်းတို့ ၂ ယောက်အား ဝေးလံခေါင်ဖျားလှသော မြို့ဆီသို့ ကြေးအိုးအ၀ယ်တော် လွှတ်လိုက်လေတော့၏ ၊ ၀န်မင်း ၂ ဦးမှာလည်း အမိန့်တော်ကို ဦးဆွေးဆံမြေ့ သယ်ပိုးမည်ဟု သစ္စာပြုကာ မြို့သို့အသော့နှင့်လေပါတော့တယ် ( ဦးဆွေးဆံမြေ့လွန်းလို့ ၎င်းဝန်ကြီးတဦးမှာ ဆံပင်များပင်ပြောင်နေကြောင်း .. စကားချပ်)
ဆက်ရန် ။ ။ ......
Thursday, July 30, 2009
နည်းနည်းတော့ရယ်ပါ ...
ကလေးတစ်ယောက်က လမ်းပေါ်မှာ ငိုနေသတဲ့၊
အဲဒါကိုတွေ့တဲ့ လူကြီးတစ်ယောက်က " ဘာဖြစ်လို့ ငိုနေတာလဲ ကလေး "
အိမ်မှာသား ဖေဖေနဲ့ မေမေ ရန်ဖြစ်နေလို့ပါတဲ့ .. ကလေးက
လူကြီးက " သြော် ... မငိုပါနဲ့ မင်းအိမ်ကို ဦးဦးပြန်လိုက်ပို့ပေးမယ်၊ မင်းဖေဖေက ဘယ်သူတုန်း " လို့လဲမေးလိုက်ရော ....
သားဖေဖေကလဲ အဲဒါကိုပဲ မေးမေးပြီး မေမေ့ကို ရိုက်နေတာတဲ့ ...... ။ ကလေးက
သတိထား
သားငယ်သည် အမေဖြစ်သူအား ရှေ့ကကြည့်လိုက် နောက်ကကြည့်လိုက် ဘေးတိုက်ကြည့်လိုက်နှင့်
အပြန်ပြန်အလှန်လှန် ကြည့်သည် ၊
ကြာသော် အမေဖြစ်သူ စိတ်မရှည်တော့သည်နှင့် ၊
" ဟဲ့ ကောင်လေး ဘာဖြစ်လို့ ငါ့ကိုဒီလောက်ကြည့်နေတာလဲ "
ဖေဖေက အိမ်က အိမ်ဖော်ကိုပြောတယ်၊
" ငါတို့ နှစ်ယောက် နေတာ ထိုင်တာ သတိထားရမယ်၊ ငါ့မိန်းမရဲ့ နောက်စေ့မှာလည်း မျက်စိပါတယ် " ဆိုလို့တဲ့
ချက်စားလိုက်တော့မယ်
တစ်ခါက လူသားစားတဲ့တောက လူရိုင်းသားအဖဟာ အိမ်မှာချက်ဖို့အသားမရှိတော့တာနဲ့ မြီု့အစွန်နားအထိတက်လာကြတယ် ၊
တွေ့တဲ့သူကိုဖမ်းခေါ်လာပြီး ချက်စားဖို့ပေါ့ ၊
ဒီလိုနဲ့လူအရိပ်အခြေစောင့်နေတုန်း သူတို့နားကိုမိန်းမ ပိန်ပိန်တစ်ယောက် ဖြတ်လာတော့ သားက
" အဖေ ၊ အဲဒီမိန်းမကို ချက်စားရအောင် ဖမ်းသွားမလား " ဆိုတော့ အဖေက " နေဦး ဒီမိန်းမက ပိန်လွန်းတယ်၊ အရိုးကြီးပဲ စားလို့မကောင်းဘူး " နောက်တစ်ယောက် ဆက်စောင့်ကြမယ်တဲ့၊
ခနနေ မိန်းမ၀၀ တစ်ယောက်ဖြတ်လာတော့ သားက
" ဒီတစ်ယောက်က ၀၀တုတ်တုတ်ကြီး စားလို့ကောင်းမယ်၊ ဖမ်းသွားရအောင် " ဆိုတော့ အဖေက
" ဒီတစ်ယောက်က ၀လွန်းတယ် အဆီလည်းများမယ် စားလို့ကောင်းမှာ မဟုတ်ဘူး " တဲ့ ဒီလိုနဲ့ စောင့်ကြည့်နေရင်း ကိုယ်လုံးကိုယ်ထည် လှလှပပ မိန်းမတစ်ယောက်ဖြတ်လာတယ်၊ သားကလည်း " အဖေ ၊ ဒီတစ်ယောက်ဆို အနေတော်ပဲ၊ ပိန်လည်းမပိန် ၀လည်းမ၀ဘူး ၊ ဖမ်းသွားရအောင် " လို့မေးတယ်။
အဖေကလည်း " ဟုတ်တယ်၊ ဒီတစ်ယောက်ကအတော်ပဲ။ ဖမ်းသွားရအောင်၊
အိမ်ရောက်ရင် မင်းအမေကိုချက်စားကြတာပေါ့ သားရယ် " တဲ့ …
Monday, July 27, 2009
ခရီးသည်
အိပ်မက်တွေ တနင့်တပိုးနဲ့
စုန်းစုန်းမြုပ်နေသူပေါ့.......
ဟိုးအဝေးကြီးက လာခဲ့တာပါ
မျှော်လင့်ချက်တွေနဲ့လေ
လမ်းတွေကမဆုံးသေးဘူး........
မရှိသေးတာတွေ ရှာဖွေဖို့
သူ စွန့်ခဲ့တယ်
ရွာကလေးကို
ပြီးတော့ မြို့ကလေးကို...
နောက်...မြို့ကြီးကို....
နောက်ထပ်........နောက်ထပ်......
အင်း မရှိသေးတာတွေလား
ရခဲ့ပါတယ်......ဒါပေမယ့်
ရှိနေတဲ့အရာတွေ ဆုံးရှုံးသွားခဲ့တယ်......
မွန်းကျပ်တယ်
မွန်းကျပ်တယ်
ပြန်ပေးပါလား
ဟို အဝေးကွင်းပြင်ထဲက
လရိပ်ပြာရဲ့ ရင်ငွေ့လှုံခွင့်
.............................
.............................
ခုတော့ မွန်းကျပ်လိုက်တာ......
တကယ်ပြောတာပါ
ဟောဒီ Concrete Jungle ကြီးထဲ
ဘယ်သူပျော်ရဲလဲ.....
လေးဖြူရဲ့ အမဲလိုက်အက
ငါတို့တွေကရော.....ဘာလဲ....
ဟောဒီသံသရာခရီး
မပြီးဆုံးသေးတဲ့ လမ်းတွေလှမ်းဖို့
နေသားတကျ မဲ့နေတဲ့
နှုတ်ခမ်းတွေနဲ့ ပြုံးတက်ဖို့ လေ့ကျင့်ရဦးမယ်.......်
Sunday, July 26, 2009
ခြေဦးတည့်ရာ .. Vivo
Post ကြီးကြီးတွေ ပေးထားတာမှ အိုင်တင်အပြည့်ပဲ ... တယောက်ဆို ရှိသမျှ အိတ်တွေအကုန်ဆွဲထားလေရဲ့ (အော် ..ဘ၀ ဘ၀)
ခန့်ခန့်ကြီးတွေ ပါသလို ၊ အပွင့်တွေလည်း မြိုင်မြိုင်ပေါ့
မုန့်ဝေမယ်ဆိုလို့ မျှော်လင့်ချက်လေးတွေနဲ့ အောက်ကနေပြီး ကြည့်နေကြလိုက်တာ

ခံစားလို့ကောင်းတဲ့ ညပိုင်းအလှ၊ တဖြည်းဖြည်းနိမ့်ဆင်းလာတဲ့ deck အပေါ်ကနေ လမ်းလျှောက်ရတာ တမျိုးတော့အဆန်းသား၊ ရေပြင်ကိုဖြတ်ပြီး တိုက်လာတဲ့လေကလည်း လန်းလန်းဆန်းဆန်းနဲ့ ၊ တချို့တချို့တွေက အိမ်ပြန်မယ်ဆိုပြီး ဂျီကျနေလေရဲ့၊ ထိုနေ့က မထင်မှတ်ပဲ အစီစဉ် ဖြစ်သွားတယ၊် ဒီလိုမျိုး မသွားဖြစ်ကြတာ အတော်ကြာပြီးပေါ့၊ Palau Ubin ပြီးကတည်းကထင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် နောက်တခါ လူစုံပြီး ပျော်ချင်တဲ့ ၃၁ ဒီဇင်ဘာညကိုတော့ အားခဲထားလေရဲ့ ၊ဒီနေ့ကတော့ ကစားမလား နားမလားပေါ့ ၊ တကယ်တော့ ရိုက်လည်းရိုက်၊ နားလည်းနား၊ စားလည်းစားတယ် ။ MMO ရဲ့ Budget လေးတွေလည်း လမကုန်မှီပြောင်သွားတော့သလို ထိုအထဲတွင် စစ်ကူပေးတဲ့သူလည်းရှိပါ၏ ၊ ဤသို့ဖြင့် ရိက္ခာပြတ်တောက်မှုနှင့် ကြုံသွားသော MMO မှာ အကြံကုန်၍ ဂဋ္ဋုန်ဆားချက်ပါတော့သည် ၊စဉ်းစားနေသော schedule မှာ အောက်ပါအတိုင်းဖြစ်၏ ။ လစ်လပ်လျှက် ရှိသော နေရာများအား invitation လုပ်နိုင်ပါသည်။ ဦးရာလူစနစ် .............
26 Sun --> Lunch @ Chaung Chaung's Resident / Dinner @ Mg Mg's Resident
27 Mon --> Awaiting invitation
28 Tue -->Dinner @ BoPhyu's Resident
29 Wed -->Awaiting invitation (whole day)
30 Thu --> Dinner @ BoPhyu's (or) Pyaung Pyaung's Resident
31 Fri --> No more need invitation ( Budget will full again on the day )
Thursday, July 23, 2009
ရင်ခုန်သံ Snap Shot - ၂
"ဟိုက် ... ဗုဒေါ ... ဘယ်လို ... ဘယ်သူက... ဘယ်သူနဲ့ ... ဘယ်လို ... လိုက်ပြေးသွားတာလဲ... " ၊ သူ့မကလည်း ခုထိပေါ်မလာ ၊ ဧကန္တတော့ ........ (အင်း ... သူမကလည်း ဗိုင်းကောင်းကျောက်ဖိလေးပါ-ဒီလိုမျိုးတော့လည်း မလုပ်တန်ရဲ့)၊ သူအိမ်ကလည်း သူတို့ဟာနဲ့သူတို့ရှုပ်နေတော့ ဘယ်သူမှကိုယ့်ကို အရေးတယူ မဧည့်ခံ ၊ ကိုယ့်မှာလဲ သူတို့ရှေ့မှာ ထိုင်ရမလိုလို၊ ထရမလိုလို၊ ပြန်ရင်ပဲကောင်းမလား ဒါမှမဟုတ် ၀င်မေးရင်လည်းမကောင်း .......၎င်းပေါင်း၊ သောင်းခြောက်ထောင်နဲ့ (အော် ... ငါ့အဖြစ်က သေမယ့်အပတ်မှ စစ်ထဲဝင်မိသလိုမျိုးပါတကား) ယူးကျုံးမရ ဖြစ်ရတာကိုပြောပါတယ် အဲဒီတုန်းက ။ တအောင့်လောက်ကြာတော့ အိမ်ရှေ့မှာ "ကလင်...ကလင်" နဲ့စက်ဘီး parking ထိုးသံကြားတော့ ကျွန်တော့်အတွေးတွေ ပြတ်သွားတယ်၊ ကြည့်လိုက်မိတော့ သူမလေ ၊ "ခိုးရာလိုက်တာ သူမဟုတ်မှန်း သေချာသွားပြီး၊ အဘယ့်ဆိုတော့ ခိုးရာလိုက်တဲ့သူက အိမ်ပြန်လာပြီး အ၀တ်လာယူမှာ မဟုတ်တော့ဘူးကိုး" ၊ ဒီလိုနဲ့ သူလည်း အိမ်ထဲဝင်လားပြီး သူအမေကိုတခုခုသွားပြောပြီးတော့မှ "ဟိတ် ... သွားကြမယ်တဲ့" ၊ ကိုယ်လည်း အခုမှပဲ နေသာထိုင်သာရှိသွားတော့တယ် ၊ ဒီလိုနဲ့ ပြည်မြို့အထွက်ဆီသို့ ၂ ယောက်သား ထွက်လာဖြစ်တယ်၊ (တခုပြောရအုံးမယ်၊ ပြည်မြို့အထွက်မှာ ရှုခင်းသာလိုမျိုး ညနေပိုင်း နေအ၀င်ကို ခံစားလို့ရအောင် ကမ်းစပ်နားမှာ Deck အရှည်ကြီးထိုးပေးထားတယ် ၊ ညနေပိုင်းတွေဆို လူအတော်စည်ကြတယ် ၊ မြို့ပေါ်မှာနေတဲ့ သူတချို့တော့ သိကြမှာပါ)၊ အဲဒီဘက်ကို ထွက်လာရင်း နေ၀င်ချိန်တော့ မမှီတော့ဘူး ၊ သူ့အိမ်မှာ အတော်ကြာသွားလို့ မိုးကချုပ် လေတော့ ထိုအနီး သစ်သီးဖျော်ရည်ဆိုင် ကောင်းကောင်းလေးတဆိုင်ဆီပဲ ရောက်သွားတော့တယ်၊
ထုံးစံအတိုင်းပဲ ဘာသောက်မလဲ၊ ဘာစားမလဲ.... အစရှိသည်ဖြင့် မှာရင်း အတွေးမြင် ဖလှယ်ကြ နေ့ခင်းကစကားဆက်ကြရင်း၊ အစောကခိုးရာလိုက်တာက ဘယ်သူလဲလို့ မေးတော့ သူ့အကို တ၀မ်းကွဲပါတဲ့ ၊ ငါကအကြောင်းသွားကြားပေးတာ၊ ဆိုတော့မှာ ခုလုခုလုဖြစ်နေတဲ့ ကိစ္စကြီး ပြေလည်သွားတော့တယ်၊ ဒီလိုနဲ့ စကားတထောက်မှာ "နင့်ကို propose လုပ်ထားတဲ့သူတွေ မရှိဘူးလားပေါ့" ဆိုတော့ ၊ ရှိတယ် နင်တို့ PTU ကတဲ့ (ဟ ၊ PTU ငါ့ကောင်တွေအတော်လေး သွက်ပါလားလို့တောင် တွေးမိသေးတယ်)၊ နောက်တော့မှ သူတို့ပြည်က stage အတူတူတက်တဲ့ သူငယ်ချင်းတွေပါတဲ့၊ "အင်း ... ဒီတော့ နင်က" ဆိုပြီး စကားခင်းပေးလိုက်တော့ "ဒါတွေ မစဉ်းစားသေးပါဘူး၊ အေးဆေးပဲနေမယ်တဲ့"၊ ဒါကြောင့်ပြောတာ နင်က ဗိုင်းကောင်းကျောက်ဖိ ပါတယ်လို့ ၊ နည်းနည်း မြှောက်ပေးလိုက်သေးတယ်၊ ဟဲ...... ၊ အပြန်မှာတော့ အေးအေးဆေးဆေး စက်ဘီးလေးနင်း၊ စကားလေးပြောရင်းပေါ့ ၊ ဗိုလ်ချုပ်ကြေးရုပ် အ၀ိုင်းလဲရောက်ရော ရုတ်တရက် ငှက်ဆိုးထိုးသံလိုလို ၊ အသံတစ်သံက Pyay Star အပေါ်ကနေ "ဟေ့ MMO" တဲ့ ၊ မော့ကြည့်လိုက်တော့ ဘီယာခွက်ကြီးကိုင်ထားတဲ့ ကြွေပြားကုန်သည်ရဲ့ ချစ်မြေးလေးပေါ့ ၊ဒီကောင်ကြီးက ကျွန်တော့်ကို တင်းနေတာ သူ့ကိုအစားမကျွေးခဲ့လို့ .... ဟီးနောက်တာနော်၊ ညကို နှောကုန်းမှာသွားအိပ်မယ်ဆိုပြီး ကျွန်တော့်ကို လိုက်ရှာနေတာ၊ ဒီလိုနဲ့ကျွန်တော်လည်း သူ့ကိုအိမ် အထိလိုက်ပို့ပေးတယ်၊ အပြန်မှာ သူ့တို့ဘက်အခြမ်းက မီးပြတ်တော့ မှောင်မှောင်မဲမဲနဲ့ လမ်းမှာ ဘာမှမမြင်ရဘူး ၊ သူကတော့ ဟုတ်နေတာပဲ အရှေ့က ဟိုကွေ့ဒီရှောင်နဲ့ ၊ ကိုယ်ကတော့ အနောက်ကနေ တဂျိုင့်ဂျိုင့်နဲ့ တဂျိုင့်မှကို မလွတ်ဘူးတော့ ထင်တာပဲ (စက်ဘီးကနေ မြင်းဖြစ်သွားတော့တယ်) ၊ဲဒါရင်ခုန်သံ - Snap shop ရဲ့အဆုံးပိုင်းပေါ့ ။
နောက်တော့ ရန်ကုန်မှာ ပြန်ဆုံတယ် ၊ MC ကသူငယ်ချင်းတွေဆီ သွားလည်ရင် သူ့ဆီလည်း အမြဲလိုလိုရောက်ဖြစ်သလို (တခါတလေများ အမွာအကြောင်းလေးလဲ မေးရင်းပေါ့ - စကားချပ်။ ။ အမွာအကြောင်းက သူငယ်ချင်းတစ်ယောက်အတွက် ကြုံရင်မေးရချင်းဖြစ်ပါတယ် (စုံစမ်းခြင်း ခွင့်မပြုပါ) ၊ သူလည်းမော်လမြိုင်တခေါက် လာလည်တော့ ၊ မော်လမြိုင်မှာတခါ ဆုံကြသေးတာပေါ့ ၊ မထင်မှတ်တဲ့ အဖြစ်ပျက်တခုကနေ သူတို့သူငယ်ချင်းတွေနဲ့ အဆက်သွယ်ပြတ်သွားတာ ခုထိပဲဆိုပါတော့ ၊ သူက ပြည် ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ကျနေပါသတဲ့ ၊ .........................
"ရင်ခုန်သံဆိုတာ မထင်မှတ်တဲ့ နေရာ၊ မထင်မှတ်တဲ့ အချိန်မှာ တခဏလေး ဖြစ်ပေါ်လာတတ်ပေမယ့် ၊ ရင်ခုန်သံတိုင်းဟာလည်း အချစ်မဟုတ်ပါဘူး ။"
Tuesday, July 21, 2009
၁၀စုနှစ် .. "အတွေးပုံရိပ်များ"

၁၀တန်းအောင်တော့ 98' . TU တက်တော့ ၂၀၀၁ ၊ Convo မှာပြန်စုံတာက ၂၀၀၄ ၊ ခုတော့ ၂၀၀၉ ။ ဘာလိုလိုနဲ့ ၁၀ တန်းအောင်တဲ့ အချိန်ကစလို့ ရေတွက်ရစတည်းဆိုရင် ၁၀စုနှစ် ၁ခုကျော်လာကြပြီး။ အပြောင်းလဲတခု ( ဘ၀တဆစ်ချိုးဆိုတာ ၁၀စုနှစ် ၁ခုပဲ လို့ထင်တယ် ) ။ ၁၉၉၈-၂၀၀၈ အချိန်တွေက တဖြည်းဖြည်း ချယ်မှုန်းလာသလို လူတိုင်းရဲ့ဘ၀တွေက အခုချိန်မှာ ရုပ်လုံးပေါ်လာကြတယ် ၊ ၉၈ အောင်စာရင်းထွက်ပြီးတော့ ၃ နှစ်စောင့် ( ဝေလေလေ လုပ်သူလုပ် ၊ Guide သင်တဲ့ သူတွေက Guide ၊ အိမ်စီးပွားရေးမှာ ၀င်ကူသူတွေက ကူ - အမျိုးမျိုးပေါ့ ) ၊ ဒီလိုနဲ့ ၂၀၀၁-၂၀၀၄ မှာ TU ကျောင်းသားဘ၀ကို ပျော်ပျော်ကြီး (အမှတ်တယပေါင်း သောင်းခြောက်ထောင်နဲ့ ) ဖြတ်သန်းလာကြတယ်၊ ထို့တဖန် ကျောင်းပြီးတာနဲ့ အလျှိုလျှို အလုပ်ရှာကြ ၊ နောက်ဆုံး ရန်ကုန်မှာ ပြန်ဆုံကြဖို့ အကြောင်းဖန်လာကြတယ် ၊ ရန်ကုန်ရောက်စတော့ မတွေ့လိုက်နဲ့ တွေ့လိုက်တာနဲ့ လက်ထဲမှာ file တထုပ် ၊ သတင်းစာတအုပ်နဲ့ အလုပ်ရှာကြတာ ၊ လှည်းတန်းက အခါရာပေါ့ ၊ နောက်တော့ စာချိုးက ဒီလိုဖြစ်လာတယ် " လမ်းကြုံရင် ၊ လမ်းဆုံက ဘိုဖြူဆီ ၀င်လှည့်ပါ " ဆိုရလောက်အောင် အနော်ရထာအိမ်ရာက တို့ဘကြီးကတော့ နာမည်ကြီးပြီးရင်းကြီးပေါ့ ၊
လှည်းတန်းမှာ အခရာက တို့၃ယောက် (ကျွန်တော် ၊ ဘကြီး ၊ ချောင်းချောင်း ) Suki ညှပ်/လျှော်/သစ် ဆိုင်ရဲ့ promoter ကြီးတွေဆိုလည်းဟုတ်တယ်၊ ဘာလို့လဲဆိုတော့ လှည်းတန်းလာတဲ့ သူငယ်ချင်းအားလုံးကို .....မင်းဆံပင်တွေရှည်နေပြီး ၊ ညှပ်သွားလိုက်ပါအုံး ၊ ခေါင်းလေးလဲလျှော်လို့ရတယ် ဘာညာ၊ဘာညာပေါ့ ၊ ဘိုကံ၊၀ဏ၊နေလင်း၊ဇီးကွက်ကစလို့ အသိန်း တောင်ပါသေးတယ် ၊ ဒီ၃ယောက်ကတော့ ညတိုင်းလိုလိုစုံဖြစ်ကြတယ် ၊ လက်ဖက်ရည်ဆိုင်ထိုင် အလာဘ သလာဘ အားလူးမီဖုတ်နဲ့ သူငယ်ချင်းတွေရဲ့ information source တခုလို့လည်း ပြောလို့ရတယ် ၊ ကျွန်တော်တို့ဆီ အမြဲတမ်း လာလည်တဲ့သူ တစ်ယောက်ကတော့၊ မြို့ထဲကအပြန် လှည်းတန်းမှာ ၉-နာရီဆို ဂိတ်တထောင့်ဝင်နား ၊ ပြီးမှာနောက်ဆုံးကားနဲ့ အင်းစိန်ပြန်တဲ့ သူငယ်ချင်းဝက် (တခါတရံလူများစုံရင် သူအိမ်မှာ လိုက်အိပ်ကြတဲ့ နေ့တွေလည်းရှိတယ်)၊ သူလည်း suki အကျိုးကျေးဇူးကြောင့် ဆံပင်တွေဆိုမည်းနက် ထူပိန်းနေတာပဲ (မယုံသွားကြည့်-အခု) ၊ တခုရှိသေးတယ် ၀က်ကိုဖုန်းဆက်ရင် သူပြောနေကြစကားကတော့ "ငါလာနေပြီး ၊ အခုကားပေါ်မှာတဲ့" တခါတလေ ကားစီးတာ ၂ ရက်လောက်ကြာတတ်တယ် ၊
ဒီလိုမျိုးပဲ ကျွန်တော်တို့ဆီ အမြဲတန်းလာလည်တယ်ဆိုတဲ့ သူငယ်ချင်း တစ်ယောက်လည်း ရှိသေးတယ် ၊ သူ့ခမျာ ၅နာရီခွဲ၆နာရီ လောက်ဆိုရင် လှည်းတန်းရောက်ရောက်လာတယ် ၊ လာလည်သလိုလို ဘာလိုလိုနဲ့ ခြေယောင်လေးပြပြပြီးတော့ ၇နာရီ ကျော်ရင် သူ့ကိုဆွဲထားလည်းမရတော့ဘူး ၊ သွားစရာရှိတယ်ဆိုဆိုပြီး ပျောက်ပျောက်သွားတာ၊ သူကတော့ ဒိုင်လျှိုလုပ်တာပဲ ၊ ကံဆိုးချင်တော့ ဆုံလိုက်ရင် ပက်ပင်းကြီးပဲ ၊ ဒီရောက်တော့လည်း ပက်ပင်းကြီး တိုးနေတုန်းပဲ (စုံစမ်းခြင်း သည်းခံ) ။ ဒီလိုနဲ့ စတင်ခွဲခွာခြင်းကို လမ်းစလိုက်တာက ငုတ်တုတ် ... ဖောက်ဖျက် (လေယာဉ်စီးပြီး ) ၊ စင်ကာပူရောက်လာတယ် ၊ သူ့နောက်မှာတော့ ချောင်းစောက် ကျောင်းတက်ဖို့ စင်ကာပူရောက်လာပြန်တယ် ၊ (ကျောင်းသွားမတက်ခင် Super 1 မှာ ဘောင်းဘီတထည်ကြိုက်လွန်းလို့ ဈေးကြီးပေးပြီး သူနဲ့ကျွန်တော် သွားဝယ်ကြတာ ၊ရောင်းတဲ့ စာရေးမလေးကတောင် အားနာနေတယ် ၊ ဘာလို့လဲဆိုတော့ ဘောင်းဘီ အပေါ်ကြယ်သီးက တပ်လို့မရလို့ ၊ ဘယ်ရမလဲ ချောင်းချောင်းကလည်း ဒါမှဒါပဲဆိုတော့ ၀ယ်ဖြစ်သွားတယ်၊ ဒီလိုနဲ့ ချောင်းချောင်းတစ်ယောက် လေယာဉ်ပေါ်တက်တော့ ဘောင်းဘီ ကြယ်သီးတလုံး ပြုတ်နေလိမ့်မည်ဟု မှန်းဆရပါကြောင်း .... ၊) ၊ သူနောက်မှာတော့ ကျောင်းထိုင် (ကျိုက်မရောက သူ့ကလေးတွေကို ပြစ်ပြီးတော့ကိုလာတာ - ဟိုမှာ ကလေးတွေကတော့ နှပ်ကလေး တွဲလောင်းနဲ့ပေါ့ ) ၊ ပြီးတော့ ဇီးကွက် ( ၂ ထပ်ကွမ်းပါ-first time တုန်းက မစားလိုက်ရပေမယ့် ၊ ဒုတိယ အကြိမ်ပြန်အထွက်မှာတော့ ကျွန်တော်စားလိုက်ရတယ် ) ၊ ပြီးတော့ တစ်ရွာမပြောင်း အရက်ကောင်းမကောင်း မသိ ထုံးနှလုံးမူပြီး စင်ကာပူအရက်ကို လာသောက်ဖို့ ထွက်လာတာက ကျွန်တော့တို့ရဲ့ ကင်း-မောင်နေလင်းပါ (ည ကင်းနဲ့ မမှာနဲ့အုံး၊ သူက all King (မေဂျာအစုံ)၊
ကျွန်တော်လည်းသူတို့နည်းတူ တက်တယ် ၊ အထက်မြန်မာပြည်ပြောပါတယ်၊ မုံရွာ၊ မန္တလေး ၁နှစ်လောက် အညာသူလေးတွေနဲ့ ( ဘာမှ မဖြစ်ခဲ့ပါဘူး -ဟဲ ) ၊ ရန်ကုန်မှတော့ ဘကြီးတယောက်ကတော့ ဖုန်းကြိုးလေးတွေ ၊ မီးကြိုလေးတွေ ခွေရင်းကျန်ခဲ့လေရဲ့ ၊ ရန်ကုန်မှာ တခါပြန်ဆုံကြတော့ နာမည်ကျော် Cyber City ရဲ့အထွေအထွ မန်နေဂျာလိုလို ဘာလိုလိုနဲ့ပေါ့ ၊ ဘကြီးတို့ ကောင်းစားပုံများ ၊ ဟို ... မောင်လှမျိုး (ချင်းချောင်းချံ) တစ်ယောက်လည်း ပါတယ် ၊ အဲဒီမှာ ပြောင်ပြောင်တယောက် ဘကြီးရဲ့ စောင်မမှုနဲ့ (ပေါ်တော်မူသွားတာ .... အဲ..အဲ) ကျောင်းတက်ဖို့ အကြောင်းဖန်လာရော ... ၊ သူလည်းပဲ အရှေ့နောင်တော်ကြီးတို့ရဲ့ သွားရာလမ်းစဉ်အတိုင်း လိုက်လာတာ ( ဒါတောင် ပျင်းနေမှာကြောက်လို့ ဘကြီး ၊ ချောင်းချောင်း ၊ ဇီးကွက် ၊ ငုတ်တုတ်တို့ပေါင်းပြီးတော့ စနေ၊တနဂ်နွေ ရက်မှားကြတာ - အားလုံးမှန်ကြတယ်ဆိုတာကြီးပဲ ..:P ) ၊ အရင်က ရန်ကုန်မှာလူဆုံရင် စင်ကာပူကသူတွေကို လှမ်းပြီး cheers လုပ်နေကြ ၊ ခုတော့ တစ်ယောက်ပြီး တစ်ယောက်ထွက်လာကြတော့ နောက်ဆုံး ဒီကလူတွေကတောင် လူစုံရင်ပြန်ပြီး cheers လုပ်လာကြတော့တယ် ၊ အဲဒီမှာ ဘကြီးရဲ့စကားတစ်ခွန်းကတော့ မင်းတို့သွားတာ ငါ .....
"၀မ်းနည်း၊၀မ်းသာ" ဖြစ်ရတယ်တဲ့ ၊ ၀မ်းနည်းတာက ပခုံးဖက် အတူသောက်/အန် လာကြတဲ့သူတွေက တယောက်ပြီးတယောက် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ( စင်ကာပူရောက်လာကြတာနော် ) မရှိကြတော့လို့ ၀မ်းနည်းရသလို၊ သူတို့ရဲ့ ရှေ့ခရီး အတွက်စိတ်ချသွားရလို့ ၀မ်းသာတယ်တဲ့ ၊ရန်ကုန်မှာ ရလိုက်ကုန်လိုက်နဲ့ အချိန်တခုကြာလာတော့ ကျွန်တော်လည်း ဆုံးဖြတ်ချက် တခုချပိုင်ပိုင် ချလိုက်တယ် ၊ အဲဒီနှစ်မှာပဲ မောင်မောင်း ၊ လှမျိုးတို့ ကျောင်းတက်ဖို့ ရောက်လာကြပြန်တယ်။
ဒီလိုနဲ့ yangon နဲ့ singapore / singapore နဲ့ yangon အကြား အပြန်လှန်ချိတ်ဆက်ပေးရင်း နောက်ထပ် သူငယ်ချင်းများစွာကိုလည်း စင်ကာပူသွားဖို့ တဖက်တလမ်းက ကူညီပေးခဲ့တဲ့ Cyber City ကဘကြီး နဲ့ Service Plus ကျွန်တော်တို့ ၂ ယောက်လည်း ကိုစော ၊ ကလေး ၊ တာတီး ၊ ဥက္ကာတို့ မတိုင်မှီ အားလုံးသွားရာနောက် ရောက်လာကြတာပေါ့ ၊ ခုလောက်ဆို Cyber City နဲ့ Service Plus ဆိုတာလည်း မရှိတော့ဘူး ၊ ..............ဘာလိုလိုနဲ့ ၁၀ စုနှစ်တခုပြောင်းဖြတ်သန်းလာပြီးနောက် ကျွန်တော်တို့ သူငယ်ချင်းတွေ နေရာ(အဆင့်) တခုရောက်လာကြတယ် အခြေကျစပြုလာတယ် ၊ တချို့တွေဆိုလည်းအခြေကျနေပါပြီး ၊ ခုထိလည်း စုစုစည်းစည်းရှိကြတုန်းပဲ ၊ နောက် ၁၀ စုနှစ်တခုကြာ ၊ နောက်တဆင့်ချိုးမှာ ......................................... ............... ......... .... .... ....... ........ ........လည်း။
မှတ်ချက် ။ ။ သူငယ်ချင်းအားလုံးတွင် မိန်းကလေးသူငယ်ချင်းများလည်းပါ၏ ၊ (သူတို့ထံမှ post များကိုလည်း မျှော်လင့်ပါတယ်-စကားချပ်)
Saturday, July 18, 2009
ဘယ်သွားနေလဲ
အမျိုးသမီးလည်း ရပ်လိုက်ရာ သူမ၏ရှေ့တည့်တည့် လမ်းပေါ်သို့ အုတ်ခဲတစ်လုံး ပြုတ်ကျလာလေသည်။
ပြီးနောက် ဆက်သွားရင်း မီးပျွိုင့်တစ်ခုအရောက် လူကူးမီးစိမ်းနေသည်နှင့် ကူးမည်ပြင်ရာ အသံကိုကြား လိုက်ရပြန်သည်......" မကူးနဲ့ "........
ထိုအချိန်မှာပင် အရက်မူးနေဟန်ရှိသော ကားသမားတစ်ဦး မီးနီကို အရှိန်ပြင်းစွာဖြင့် ဖြတ်မောင်းသွားလေသည်။
အသက်ဘေးမှ သီသီလေး နှစ်ကြိမ်လွတ်လာသော အမျိုးသမီး တုန်တုန်ရင်ရင်ဖြင့် "ရှင် ဘယ်သူလဲ " ဟုမေးလိုက်လေသည်။
"ငါကမင်းရဲ့ ကိုယ်စောင့်နတ်သမီးပဲ " အသံရှင်က ပြန်ဖြေလိုက်ပြီး " မင်းမှာငါ့ကိုမေးစရာတွေရှိ မှာပေါ့ မေးလေ" ဟုပြောလေသည်။
အမျိုးသမီး ရဲ့တုံ့ပြန်စကားကတော့........" သေချာပေါက်မေးချင်တာပေါ့ရှင်..... ကျွန်မမင်္ဂလာဆောင်တဲ့နေ့ကရှင်ဘယ် သွားနေလဲ " တဲ့ဗျာ......
( Reader Digest မှာဖတ်မိတဲ့ ဟာသလေးကို မီးကျိုးမောင်းပျက် ဘာသာပြန်ထားခြင်းပါ။)
ကျွန်ုပ် နှင့် ထူးဆန်းသော ကြော်ငြာ
ထိုသို့စဉ်းစားခန်းဝင်နေရာမှ အိမ်ရှေ့မှ ကားတစ်စီး ထိုးဆိုက်သံကြား လိုက်ရသဖြင့် လှည့် ကြည့်လိုက်ရာ အလွန်တရာမှ ချောမောလှပ လှသောမိန်းမပျိုတစ်ဦး ကနွဲ့ကလျဖြင့် ဆင်းလာ သည်ကိုတွေ့လိုက်ရသည်။ သူမထံမှ လွန်စွာကောင်းမွန်လှသော အင်္ဂလိပ် စကား ဖြင့် " ဆရာပြောင်ကြီး ရှိပါသလား" ဟုမေးမြန်းလေသည်။ ကျွန်ုပ်ကလည်း လွန်စွာအဆင့်အတန်း မြင့်၍ သေသပ်လှသောလေယူလေသိမ်းဖြင့် " ဆရာပြောင်ကြီး ဆိုတာ အကျွန်ုပ်ပေပဲ အိမ်ပေါ်ကိုတက်ပြီး လာရင်းကိစ္စကိုဆိုပါဦး " ဟုဖြေကြား လိုက်ရလေသည်။ ( ဤနေရာတွင် ကျွန်ုပ် နှင့် သူမ တို့ အင်္ဂလိပ် စကားဖြင့် ပြောဆို ကြ သော်လည်း စာဖတ်ပရိသတ် ကြီး မျက်စိမရှုပ်စေရန် မြန်မာ ဘာသာဖြင့်သာ ရေးသားသွား ပါမည်။ )
ကျွန်ုပ်၏ အဖြေစကားကြားပြီးသည်နှင့် လွန်စွာဝမ်းမြောက်သွား သောမျက်နှာဖြင့် အိမ်ပေါ် သို့ ကနွဲ့ကလျ တက်လာချေတော့သည်။ ကျွန်ုပ်ရှေ့ရောက်သည်နှင့် လက်အုပ်ကလေး ချီပြီး " ဆဝါဒီခပ် " ဟုနှုတ်ဆတ်လေ၏။ ထိုအခါမှ ကျွန်ုပ် လည်း ယိုးဒယား မလေးမှန်း ရိပ်မိလေတော့သည်။သူမ။ ။ ဆရာနဲ့တွေ့မှတွေ့ပါ့မလားလို့ စိတ်ပူလာတာ ကိစ္စကလည်း ဆရာနဲ့ တွေ့မှရ မှာဆိုတော့………
ကျွန်ုပ်။ ။ ကဲဆိုပါဦး တကူးတက လာရတဲ့ ကိစ္စက..
မ။ ။ အကြောင်းကတော့ ဆရာ့ ဘလော့ မှာ ကြော်ငြာ တင်ချင်လို့ပါ..
ကျွန်ုပ်၏ ဘလော့ မှာ ကမ္ဘာဝှမ်းလုံး ဖတ်ရှုသူများပြား လှရတကား တစ်နေ့တစ်နေ့ ကြော်ငြာ တင်ချင် သူများဖြင့် ရှုပ်ထွေးနေရချေသည်။
နုပ်။ ။ နို့ ... ဘာ ကြော်ငြာများပါလိမ့်
သူမ ကနွဲ့ကလျ ပြုံးလိုက်ပြီး အိတ်ထဲမှ ဓါတ်ပုံများ ထုတ်ပြီး ကျွန်ုပ်ဆီသို့ကမ်းပေး လိုက်သည်။
ကျွန်ုပ် လည်းလှမ်းယူ၍ ကြည့်လိုက်ရာ လွန်စွာမှ ချောမောကြသော မိန်းမပျိုလေးများ ၏ မလုံ့တလုံ့ post ပေးနေသော ဓါတ်ပုံများ ဖြစ်နေချေသည်တကား။
ကျွန်ုပ်။ ။ ဒါတွေက
သူမ။ ။ ဒီလိုပါ ဆရာ ဒီဓါတ်ပုံတွေက မိန်းကလေးတွေ မဟုတ်ကြပါဘူး ဆရာ..
ကျွန်ုပ်၏ မျက်လုံးအစုံပြူးသွားရပြီး
ဒါ .... ဒါ ဖြင့်…..
သူမက
ဒါ ယောက်ျားလေးတွေပါ ဆရာ
ကျွန်ုပ်။ ။ ဟင်……ဘယ်လို…
သူမ။ ။ ဒီလိုပါ ဆရာ ဒါ ဖြတ်၊ဖောက်၊ချုပ် လို့ခေါ်ပါတယ်၊ ခု ထိုင်း မှာကဒါမျိုးတွေက တအားပဲ ခေတ်စားနေတာလေ အဲဒါ နိုင်ငံတကာသိအောင် ကြော်ငြာချင်လို့ပါ ၊
ဆရာတွေ့တဲ့ ဓါတ်ပုံအတိုင်းပဲလေ ဘယ်လာက်သေသပ်တဲ့ လက်ရာလဲလို့…..
ပြီးတော့…….ကျွန်မလည်း ဒီလိုလုပ်ထားတာပဲလေ……..ဆရာတောင်းသလောက် ကြော်ငြာခပေးပါ့မယ် ဆရာ
"မြတ်စွာဘုရား" ထိုအခါမှ ကျွန်ုပ်၏ ခေါင်းနပန်း ကြီး သွားရပြီး လွန်စွာမှ အံ့သြတကြီး ဖြစ်ရ ချေသည်တကား။
ကျွန်ုပ်မှာ သူမထံမှ ရရှိမည့် ကြော်ငြာခ ငွေကြေး ကိုမက်မောလှသော်လည်း ထိုကဲ့သို့ ကိစ္စ မျိုးမှာ ကျွန်ုပ် ၏မူနှင့် ကိုက်ညီခြင်း မရှိသည့်အပြင် လွန်စွာမှ မြင်ပြင်းကပ်သောကြောင့်
" ဝမ်းနည်းပါတယ်ကွယ် ဆရာ့ ဘလော့ မှာဒါမျိုး လုံးဝမ ကြော်ငြာ နိုင်လို့ပါ " ဟု အပြတ်ငြင်းလိုက်ရချေသည်။
သူမ။ ။ ဆရာရယ် ကြည့်လုပ်ပေးပါဦး၊ ဒီလိုလုပ်တာ နှစ်ဦးနှစ်ဘက် လုံး အကျိုးရှိဖို့ပါ ဆရာရယ်ကြော်ငြာခ ကိုလည်း ငွေကြေးအပြင် ကြိုက်တာထပ်ယူပါဦး ဆရာရယ်..
ကျွန်ုပ်မှာ လက်ဝါးနှစ်ဘက် ကမန်းကတန်း ကာ၍
"အမယ်လေး မလုပ်ပါနဲ့ မလုပ်ပါနဲ့ " ပျာပျာသလဲ တားမြစ်ရချေ သည်။
ကျွန်ုပ်၏ ဘူးဆိုဖရုံ မသီးသည့် မျက်နှာထားကို သဘောပေါက် သွားသည်ထင့် လွန်စွာမှ ငြှိုးငယ်လှသော မျက်နှာထားဖြင့်
" ဆရာရယ် အဲဒီလိုဆိုရင်ဖြင့် တောင်းပန်ပါတယ် ဆရာရယ် ဆရာ့ကိုစော်ကား တယ်လို့ဘွေမယူပါနဲ့ " တောင်းပန်လေသည်။
ကျွန်ုပ်ကလည်း အားနာစွာဖြင့် " ရပါတယ်ကွယ် ဆရာကလူကြီးပဲ ဘွေမယူပါဘူး "
"ဒါဖြင့် ဆရာရယ် ဆရာ့ ဘလော့ မှာဒါမျိုး မ ကြော်ငြာ နိုင်လဲ ကျွန်မကို ဘယ်လိုလုပ်ရ ရင်ကောင်းမယ် ဆိုတာ အကြံလေးများ မ စ ပါ ဆရာရယ် "
ကျွန်ုပ် မှာပင်ကိုယ်စိတ်ရင်း ကောင်းသူတို့ ထုံးစံအတိုင်း အလကား မတ်တင်း စဉ်းစားပေး ရချေသည်။
ထိုအခိုက် ကျွန်ုပ်၏ ဦးဏှောက်အတွင်း မောင်မျိုးမင်း ဆိုသည့် ပုဂ္ဂိုလ် လေးကို သတိရမိ လေသည်။ ဟုတ်သည် ထို မောင်မျိုးမင်း ဆိုသည့် ဘလော့ဂါ လေးမှာ ကျွန်ုပ်လောက် နာမည်ကြီးခြင်း မရှိသေးသော်လည်း လူသစ်တန်းထဲတွင် အတော်ပင် နာမည် ရနေပြီး အတန်အတင့် အောင်မြင်နေသည် ဒါ့အပြင် ထို ပုဂ္ဂိုလ် လေးကလည်း အနှီကဲ့သို့ ထူးထူးဆန်းဆန်း ကိစ္စများ ကို စပ်စုသည့် ဝါသနာ ကြီးသည်ဟု သတင်းပြေးနေသည့်အလျှောက် ……
" အိမ်း ဒါဖြင့်ရင် ဒီလိုလုပ် ကလေးမ "
သူမမျက်နှာ ဝင်းသွားပြီး
" ဟုတ်ကဲ့ ဆရာ "
ကျွန်ုပ်။ ။ မင်း ဆရာမောင်မျိုးမင်း ဆိုတဲ့ ဘလော့ဂါ ဆီသွားပြီး စုံစမ်းကြည့်လိုက် သူလည်းငါ့ လောက်နီးနီး နာမည် ကြီးနေတဲ့ ဘလော့ဂါ ပဲ ရော့ ဟောဒီမှာ သူ့ရဲ့ လိပ်စာ
ကဲ သွားလိုက်ပါဦး ကလေးမ ဆရာလဲ ရေးစရာတွေ ရှိသေးလို့
လွန်စွာမှဝမ်းသာသွားသော မျက်နှာဖြင့်
" ဟုတ်ကဲ့ ဟုတ်ကဲ့ ကျေးဇူး တင်ပါတယ် ဆရာရယ် " ဆိုကာ သေသေချာချာ ထိုင်ကန်တော့ ပြီး ဆင်မယဉ်သာ ခြေလှမ်းများဖြင့်ကဆုန်ဆိုင်း သွားလေတော့ သည်တကား။
စာကြွင်း။ အထက်ပါအဖြစ်အပျက်များ ပြီးနောက် တစ်ပတ်ခန့်အကြာ ကျွန်ုပ် အင်တာနက် လျှောက်ကြည့် နေရင်းမှ မောင်မျိုးမင်း၏ ဘလော့ကို ဝင်ကြည့်မိရာ ဓါတ်ပုံများ ဝေဝေဆာဆာဖြင့် တင်ထားသော ကြော်ငြာများ တွေ့လိုက်ရချေ သည် တကား။ ကြော်ငြာခ မည်မျှနှင့် အဆင်ပြေ သွားပါလိမ့် ဟု ကျွန်ုပ်မုဒိတာ ပွားမိလေတော့၏။
Friday, July 17, 2009
ကိုစောနှင့် စင်ကာပူ အမှတ်တယများ
၂၀၀၈ ၊ မတ်လ ပထမပတ် ၊ စင်ကာပူ တနိုင်ငံလုံး အလုပ်ရှုပ်နေကြသည် ၊ အကြောင်းမှာ PTU မှ စစ်မှုရေးရာ ကျွမ်းကျင်သော ကိုစော တစ်ယောက် လာမည်ဟု သတင်းရ၍ ဖြစ်သည် ၊ ( လေယာဉ်ကွင်း သွားမကြိုချင်ပါက အလုပ်များနေယောင် ဆောင်ခြင်းလည်း ဖြစ်နိုင်သည် ) ၊ နောက်ဆုံးတော့ ကြိုမည့်သူများ အလုပ်များနေသဖြင့် မောင် King မှသွားရောက် ခေါ်ဆောင်ပြီး ၊ Boonlay ရှိ PTU ရိပ်သာတွင် နေရာချထားပေး၏ ၊ ဤသို့ဖြင့် ညပိုင်းတွင် သတင်းစာရှင်းလင်းပွဲဖြင့် တည်ခင်းဧည့်ခံ လေ၏ ၊ ထို press conference တွင် ၎င်းမှာ စင်ကာပူသို့ SilkAir ဖြင့်လာကြောင်း လေယာဉ်မယ်များကလည်း သူ့အပေါ်တာဝန်ကျေကြောင်း နှင့် လေယဉ်ပေါ်တွင် Chicken or Fish - ထမင်းစားမလားဟုတောင် မေးသေးကြောင်း အကျယ်တ၀င့် ရှင်းလင်းပြ၏ ၊ ကျွန်ုပ်တို့တတွေလည်း ပါးစပ်လေး အဟောင်းသာဖြင့် ကိုစောရဲ့ ရှင်းလင်းချက်များကို နားထောင်ပေးကြပါသည် ( အားနာတာလဲ ပါတာကိုး ) ။ ရှင်းလင်းပွဲအပြီး မအိပ်ခင် သူစွဲလာသော Chevas ကို ၂ ပက်လောက်ထည့်ပြီး ဂွက်ခနဲ့မော့လိုက်သည် ၊ ထို့နောက် အပေါ်အကျီလေးချွတ် ၊ ဖျာလေးခင်းပြီး အိပ်ဖို့ပြင်လေ၏ ၊ ခနကြာ ခေါင်းလေးထောင်ပြီး " ဟေ့ဝက် ၊ Aircon နည်းနည်းလျှော့လိုက် အေးတယ်တဲ့ " ၊ မောင်မောင်းနှင့် ကျွန်တော်လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ကျွန်တော်တို့ဘေးနားက မှန်တံခါးလေးကို အသာယာ စွဲပိတ်လိုက်ပါတော့တယ် ၊ အဲဒီညကပေါ့
နောက်တနေ့ ကိုစောစတင် အလုပ်ဝင်ပါတော့တယ် ၊ ညပိုင်းအိမ်ရောက်လို့ တံခါးဝဆိုရင်ပဲ ကိုစောရဲ့ သံစဉ်ကို စတင်ကြားရမှာပါ ၊ အလုပ်ပိုင်ရှင်ကဘယ်လို ၊ HR က Miss Ann နဲ့သူနဲ့ ဆက်ဆံရေး ၊ သူ့ရဲ့ရုံး Director ဂျပန်မာစတာကြီး ၊ Site Manager Jony Ownn ( သူ့ကိုတော့ အုံးသီးလို့ ခေါ်ပါတယ် ) ၊ နောက်ပြီးသူ့ရဲ့ တပည့်လေး မူတူး ...... ဤသို့ဖြင့် ရုံးတီကာကြီး တခုလုံး မျက်စိထဲ ကွင်းကွင်းကွက်ကွက် မြင်အောင် စရှင်းပါတော့တယ် ၊ ........ ထိုသို့ ထိုသို့ တီတီတာတာ ဝေေ၀ဆာဆာ စကားစမြည်ပြောရင်း အိပ်ယာဝင်သွားလေ၏ ၊ ထိုအခါ ကျွန်တော်တို့ တာလီစချိုးတာက ( ဒီနေ့ ၂ ) ၊ ဤသို့ဖြင့် တာလီချိုးသော ဇတ်လမ်းမှာ ၃ ၄ ၅ ဆီသို့ ဆက်တိုက်မှန်မှန်တက်သွားရာ ထိုသတင်းမှာ Hot ဖြစ်လာပါတော့တယ် ၊ ရ-ရက်မြောက်နေ့တွင်မှတော့ ထိုတာလီကျိုးတော့သည် ၊ ( ထိုနေ့က ချောင်းချောင်းတို့အိမ်တွင် အသုတ်စုံလုပ်စားသောနေ့ ၊ ကံဆိုးသော ပြောင်ကြီးသည် ကိုစောရဲ့ Neat,Tidy ,Impress and singapore ခေါင်းစဉ်နဲ့ lecture တောင်မိသွားသေးတယ် ) ၊ ဤနေ့တွင် ကိုစော တာလီမှာ zero ဖြစ်သွားပါတယ် ၊
တနေ့ ကျွန်ုပ်လဲ ပျင်းပျင်းရိရိ ရှိတာနဲ့ ဘောက်ထော်ဘက်လမ်းလျှောက်ထွက် .. အဲ ... ၊ ပျင်းပျင်းရိရိ ရှိတာနဲ့ laptop ကို TV အရှေ့ယူပြီး ၊ TV ကြည့်လိုက်၊ အလုပ်လျှောက်လိုက်နဲ့ အလုပ်ရှုပ်နေလေ၏ ၊ ကိုစောလဲ သူ့တိုင်ပင်နဲ့သူ ကျန်တဲ့သူတွေနဲ့စကားပြောရင်း ခါးအညောင်း၊ ခါးချိုးဖို့ မျက်နှာကဒီဘက်အလှည့် ... ကျွန်တော့်ကိုကြည့်ပြီး ၊ " မင်းကလည်း ကွန်ပျူတာကို အင်တာနက်သုံးနေသလား အောက်မေ့ရတယ် အသည်းအသန်ပဲတဲ့ " ၊ အင် ... ကိုလည်း ဘာပြန်ပြောရမှန်း မသိဖြစ်သွားတယ် ၊ ( အားလုံးက ပြုံးစိစိနဲ့ - ဟုတ်တော့လည်း ဟုတ်သားပဲ ၊ ရန်ကုန်မှာ wireless မှမရှိသေးတာကိုး ) ၊ တရက် ရန်ကုန်ကပါလာသော Dollar တွေသွားလဲတာ ပုံစာမတူတဲ့ ပိုက်ဆံပါလာလို့ အသေချာကြည့်တော့မှ ဘရူနိုင်း ပိုက်ဆံပါ လဲခဲ့တာ သိလိုက်ရတယ် ၊
ဤသို့ City Hall ကိုနေ့တိုင်းသွားတတ်သော ကိုစော တစ်ယောက် ..... ခုတော့ City Hall နဲ့ဝေးရာမှာ အခြေကျနေပြီး ဖြစ်ကြောင်း ...........
ဓါတ်ပုံ မောင်နေလင်း(BE/ရှောက်ပေါင်း) ... မေတ္တာဖြင့် ကူညီသည် ၊
အမှတ်တယအဖြစ် မောင်မျိုးမင်း
သူငယ်ချင်းများ နဲ့ ထူးခြားမှူ
မျက်နှာချင်းဆိုင်အဆောင်က ကောင်မလေးတွေ ရေချိုးချိန်ဆိုရင် အော်ကြီးဟစ်ကျယ် ဘုရားရှိခိုးတတ်သော၊ မော်လမြိုင်မှပြန်လာတိုင်း လမ်းဟိုဘက်ခြမ်းက အဆောင်သူလေးဆီကို လက်ဆောင်ပစ္စည်း အပြေးအလွှားသွားပေးတတ်သော အသံသြဇာနဲ့ပြည့်စုံတဲ့ သူငယ်ချင်း ကျောင်းထိုင်......သန်းအေးစိုး။ ရွာမှာဆိုတော့ ရေချိုးတာက အိမ်ရှေ့က ကပြင်လေးမှာပါ၊ သူ့ရဲ့ဘုရားခန်းကလည်း ဝရန်တာလို နေရာမျိုးမှာပါ။ စဉ်းစားကြည့်ပေါ့။
Thursday, July 16, 2009
ကျွန်တော်နှင့် ၀ိုးတိုးဝါးတား အိပ်မက်များ - အပိုင်း(၁)
ဒီနေရာမှာ မမေ့နိုင်စရာအဖြစ်လေးတစ်ခုကို ပြောပြပါဦးမည်။ ၈လေးလုံး အရေးအခင်းပြီးနောက် နေရာဒေသတော်တော်များများမှာ လုယက်မုများ ဓါပြတိုက်မှုများ၊ သူပုန်ထမှုများကိုကာကွယ်ရန်ကိုယ်ထူကိုယ်ထ လုံခြုရေးယူခဲ့ကြရသည်။ အဲဒီကာလတစ်ခုသောညတစ်ညမှာ ကျွန်တော်တို့မောင်နှစ်မ သုံးယောက်၇ွာလယ်က ကုန်စုံဆိုင်ကြီးဆီသို့ TVကြည့်ရန်သွားကြပါသည်။ (ရွာမှာ၁လုံးတည်းသော အဖြူအမည်းTVလေးဖြစ်ပါသည်) အချိန်က ည၈နာရီကျော်စ၊လရောင်ကဝိုးတိဝါးတား၊ ကျွန်တော်တို့စကားလေးတပြောပြောနဲ့ လျှောက်လာရင်း ကုန်စုံဆိုင်၏ အိမ်ရိပ်ကို နင်းမိတယ်ဆိုရင်ဘဲ အထဲမှာဆူဆူညံညံအသံ တချို့ကိုကြားလိုက်ရသည်။ ကျွန်တော်တို့လည်း အထဲကိုမဝင်သေးပဲ အပြင်ကနေချောင်းကြည့်လိုက်တော့ သေနတ်တွေကိုင်ထားတဲ့ လူတစ်ချို့က အိမ်ရှင်တွေကိုအော်ဟစ်အမိန့်ပေးနေတာကို တွေ့လိုက်ရပါတယ်၊ ကိုကြီးက ဟေ့ ဓါးပြတိုက်နေတာကွ။ လာ လာ ပြန်ကြရအောင် ဆိုပြီ အိမ်ကို ပြန်ပြေးခဲ့ကြပါတော့တယ်။ အိမ်ကိုရောက်ရုံလေးတင်ရှိသေးတယ် ဓါးပြတွေက သေနတ် တဒိုင်းဒိုင်းနဲ့တရွာလုံးကို ခြောက်လှန့်လိုက်ပါတယ်။ ရွာသားတွေလည်း ကြောက်လန့်ပြီး အော်သူအော်၊ ပြေးသူပြေး လို့ဆူညံပွတ်လောရို်က်သွားပါတော့တယ်။ လုံခြုံရေးတာဝန်ယူထားတဲ့ ရွာသားတချို့ကလည်း ဓါးပြ ဓါးပြ ဝိုင်း ... ဝိုင်း ..... လို့အော်ပြီး ဓါပြတွေကိုပြန်လှန့်ပါတယ်၊ ဓါးပြတွေလည်အသံကြားတဲ့နေရကိုပြန်ပစ်ပါတယ်၊ အဲဒီလိုအော်လိုက် ပြန်ပစ်လိုက်နဲ့ အတော်ကိုသွေးပျက်စရာပါ၊
ကျွန်တော်တို့မိသားစုလည်း ရွာရဲ့တစ်ခုတည်းသောအားကိုးရာလွတ်မြောက်နယ်မြေ ရှိရာ ရွာဦးဘုန်းကြီးကျောင်းဆီကို ထွက်ပြေးခဲကြပါတယ်၊ ( ရွာဦကျောင်းဆရာတော်က ကျွန်တော်တို့နယ်တဝိုက်မှာ အတော်လေး၊ သြာဇာကြီးမားပါတယ်၊ လူဆိုးရော လူကောင်းပါဆရာတော်ကို ကြည်ညိုလေးစားကြောက်ရွံ့ကြတော့ ရွာဦးကျောင်းဟာ အားလုံးအတွက်လွတ်မြောက်နယ်မြေပါ )
ကျွန်တော်တို့နဲ့အတူ ကျွန်တော့်အကြီးမိသားစုလည်း ရွာဦးကျောင်း ကိုထွက်ပြေးတဲ့ အထဲပါပါတယ်၊ အားလုံးဟာအတော်လေး သွေးပျက်ကြောက်လန့် နေကြပါပြီ၊ ဘုန်းကြီးကျေင်းရောက်တော့ဆရာတော်က ကျွန်တော်တို့တစ်စုကို သူ့အခန်းမှာခဏနေရာချပေးပါသည်၊ ပြီတော့အဖြစ်ပျက်ကို အမေ့အားမေးပါတယ်၊ အမေလည်း ဆရာတော်ကို ဦးချကန်တော့ပြီး သူသိသလောက်ပြန်လည် လျှောက်တင်ပါတယ်၊ ပထမဆရာတော်လည်း စိတ်ဝင်တစား နားထောင်ပါတယ်၊ နားထောင်ရင်းနားထောင်ရင်း ဆရာတော့်မျက်နာနီလာပြီး စိတ်ဆိုးလာပါတော့သည် ၊ ခနကြာတော့ အမေ့ကို ဒီလိုမိန့်ပါသည်
" အေ.... ပြောလည်းပြောပေါ့ ဒကာမရယ် အောက်ကိုလည်းငုံ့ကြည့်ပါဦး"''' ဒီတော့မှအမေလည်းသတိဝင်လာပြီး အောက်ကိုငုံ့ကြည်လိုက်တော့''အောင်မလေး...... ကျွန်တော့်အမေ ဘာလုပ်ထားတယ်ထင်ပါသလဲ ၊ ဆရာတော်ရဲ့ခေါင်အုံးပေါ်မှာ တက်ထိုင်ထားတယ်ခင်ဗျာ ၊ .................
Dream Hill
Tuesday, July 14, 2009
Monday, July 13, 2009
တစ်ခါက.......သို့။
Red Devil
Sunday, July 12, 2009
Weddings of Friends .... 4.Feb.2009
Comment မှာဝင်ပြီး ဆုတောင်းပေးလိုက်ရအောင် ........
Saturday, July 11, 2009
အရက်သမား အမှားအခါခါ-၂ (သို့) King တို့၏မာယာ
ထိုအခန်းက ပုဂ္ဂုလ်ကလည်း ထိုစဉ်က Archi family ထောင်မယ်လို့ တခါတရံ ကျွေးကြော်တတ်သေးတယ် ။ သူ့မှာ ဂစ်တာနဲ့ Archi ကိုသာစိတ်ဝင် တစားလုပ်တတ်တဲ့သူမျိုး (ခုတော့ နောက်တခုပါ တိုးလာတယ်) ၊ ၃-တန်းစတက် ကတည်းကနေ နေ့စဉ် project ကြီးတွေ ဆွဲဆွဲနေတာ ၊ (တရက် ဘာဘူကြီးက အဲဒီ project ကြီးယူလာပြလို့ကြည့်လိုက်တာ ... အားပါးပါး နည်းနည်းနောနော project လားပဲ စက်ဝိုင်းကြီးတွေမှ ၀ိုင်းနေအောင်ဆွဲထားတာဗျာ၊ ထောင့်မှန်စတုဂံတောင်ပါသေး) ၊ အဲလိုမျိုးကြိုးစားတော့ ကျွန်တော်တို့ကလည်း တညီတညွတ်တည်း Archi Roll 1 ကတော့ မောင်မောင်း ကလွဲရင် ဘယ်သူမှ မဖြစ်နိုင်တော့ဘူးဆိုပြီး ထင်ကြေးပေးကြတာပေါ့ ၊ မောင်မောင်းကလည်း သူ မဖြစ်နိုင်ကြောင်း အများနဲ့ယှဉ်ရမို့လို့ Roll 1 ရဖို့မလွယ်ကြောင်း ၊ (Archi မှာ ထိုစဉ်က စုစုပေါင်း လူ၅ယောက်ရှိပါတယ် ၊ စကားချပ်) ........... အဲဒီလိုနဲ့ ငြင်းနေလိုက်တာ နောက်ဆုံး လက်ဝါးချင်းရိုက် ဈေးတည့်သွားတာက Roll-1 မရခဲ့ရင် မောင်မောင်း စားချင်တာကို ထင်ကြေးပေးကြတဲ့လူတွေ အားလုံးကျွေးမယ် ၊ Roll-1 ရရင်လည်း မောင်မောင်းကို ထိုသူတွေက ဂုဏ်ပြုမယ် (စရိတ်က သူခံ) ဆိုပြီးတော့ ...။ ( ဈေးတော့တည့်သွားပြီး ) ဒီလိုနဲ့ ၃-တန်း စာမေးပွဲတွေပြီးလို့ အိမ်ပြန်၊ အောင်စာရင်းထွက်တော့ Archi Roll 1 ကမောင်မောင်းဗျား ။။။
ကဲ.. စောင့်နေတဲ့ တနေ့တော့ ရောက်ပြီး ၊ ပွဲတောင်းနေတဲ့ ပရိသတ်ကြီးကလည်း မနည်းပါဘူး လူစုံပဲ ၊ ထိုလူစုံတွေအထဲ ဟိုဘက်ရွာ-လက်ခုပ်ပင် မှာပြီး ဂုဏ်သတင်းကြီးတဲ့မောင်ကင်းလည်း ပါလာတာပေါ့၊ (Kingရေ ဖွပြီးနော် :P) ၊ အတန်းချိန်လွှတ်တော့ Express ကြီးစီးပြီး ၊ ပြည်မြို့အလယ် ဗိုလ်ချုပ်ကြေးရုပ်မှာဆင်း ၊ ရွေးတဲ့ဆိုင်က တကယ်ဖြုံမယ့် "ဒဂုံ" Beer ဆိုင်ဖြစ်ပါတယ်၊ ဆိုင်ထဲရောက်တော့ ၀ိုင်းတွေဆက်၊ ခုံတွေဆွဲ၊ လွယ်အိတ်တွေစုံပုံနဲ့ တက်ညီလက်ညီလုပ်အားပေးလိုက်တာ ၅ မိနစ်အတွင်း သောက်ရန်အသင့် ဖြစ်သွားကြတယ်၊ ဒီလိုနဲ့ အမြည်းတွေလည်းမှာ စုံစုံလင်လင်ပေါ့၊ (Roll-1 ကိုဂုဏ်ပြုတဲ့ပွဲက အမြည်းမစုံ မပြည့်စုံရင် ဘယ်တင့်တယ်ပါ့မလဲ .. မဟုတ်ဘူးလား)၊ ဘီယာတွေဆို ၁ခွက်ပြီး၁ခွက် ၊ ၁ဂျားပြီး၁ဂျား ဂုဏ်ပြုကြတာမှ သောက်သောက်လဲပဲ၊ ဒီလိုနဲ့ အရှိန်လေးလည်းရ စကားလေးလဲပြောရင်း ညိမ့်ညိမ့်လေးစီးမြောလာကြာတာ ဘီယာတန်ခိုးလေးပြလာပါတော့တယ် ၊ (ဘီယာဆိုတဲ့သဘောက သောက်ပြီးရင် ပေါက်ရင်ပေါက် ၊ မပေါက်ရင်မှောက်ဆိုတော့) တစ်ယောက်ပြီးတစ်ယောက် ထထပေါက်ကြတာပေါ့ ၊ အဲဒီလိုနဲ့ King အလှည့်ရောက်လာပါကော ...... ၊ king လည်းအများနည်းတူ သွားပေါက်တာပေါ့ ၊ အားလုံးကလည်း ကိုယ့်အရှိန်လေးနဲ့ကိုယ်ဆိုတော့ အဖော်မလိုက်သွားကြဘူး ၊ ခနနေ ....
ဘိုင်း ဆိုတဲ့အသံကြားလို့ လှည့်ကြည့်လိုက်တော့ အားလားလား ... King ကပက်လက်ကြီး (လိပ်တွေလိုတော့ ယက်ကန်ယက်ကန် မဟုတ်ဘူး) ငြိမ်နေတာမှ လှုပ်ကိုမလှုပ်တော့တာ ၊ သူကျတဲ့ နေရာကလည်း သံပန်တံလင်း၊ အနှိမ့်မြင့်ကလည်းမညီ ( မညီဘူးဆိုတာက ခေါင်းကအမြင့်ပိုင်းမှာ ၊ ဥပမာ မွေ့ရာ၊ခေါင်းအုံးနဲ့ အိပ်သလိုမျိုး ကွက်တိပဲ ) ၊ ဘယ်အချိန်ပြန်ထမလဲလို့ ကြည့်နေကြတာ ၁မိနစ်၊ ၂မိနစ်၊ ၃မိနစ် လောက်ကြာလည်းပြန်မထတော့ အားလုံးစိတ်ပူပြီး ၊ အပြေးတပိုင်း သွားထူကြတာ (အဲဒီမှာလည်း အားလုံးကတက်ညီလက်ညီပဲ ၊ ထူတဲ့သူကသွားထူ၊ ကားသွားတားတဲ့သူက အပြင်ထွက်ပြီးကားရှာမယ်လုပ်၊ အထုပ်ဝယ်တဲ့သူက ပြေးဝယ်နေပြီး - ပတ်တီးထုပ်ကိုပြောပါတယ်) ၊ King အနားလဲရောက် သွားထူတဲ့သူတွေ မြင်လိုက်တဲ့မြင်ကွင်းကတော့ဗျာ ၊ King အရှေ့တည့်တည့်ကြီး မှာ အမကြီး ၂ ယောက် ၊ ထမီရင်ရှားနဲ့ ဟိုဒင်း၊ဟိုဒင်း ....... ရေချိုးနေတဲ့ မြင်ကွင်းပါပဲ ၊ King ကလည်း ခန့်ခန့်ကြီးနဲ့ စန့်စန့်ကြီး ကြည့်နေတာလား ၊ ဘာလားဆိုတာတော့ ... ကာယကံရင် King မှတပါး ကျွန်တော်တို့လည်း မပြောတတ်တော့ကြောင်းပါ ၊ တခုတော့ရှိတယ် အပြန်မှာ King က သူတကယ်ကို မူးသွားတာပါလို့ အတင်းဝန်ခံသွားပါတယ်ခင်ဗျား .....၊
ဤသို့ဖြင့် အရက်သမား အမှားအခါခါလား ၊ King တို့၏ မာယာလား ၊ ဆိုတဲ့အတွေးက ကျွန်တော်တို့ ကျောင်းသားဘ၀ရဲ့ အမှတ်တယနေ့စွဲများ အဖြင့်ထင်ကျန်နေရင်း .....၊
လေးစားစွာဖြင့် မောင်မျိုးမင်း
Myanmar National league ( Final )
ဒီမနက် night shift ကပြန်တော့ မြန်မာ league ကြည့်ဖြစ်တယ်၊ Yangon နဲ့ Yadanapon ရဲ့ final ပွဲ၊ တဘက် ၂-၂ သရေကျတော့ ပင်နယ်တီအဆုံးဖြတ်နဲ့ ပြီးသွားတယ် ၊ High Light ပြန်ကြည့်တော့ သွင်းသွားတဲ့ ၄ ဂိုးစလုံးက တကယ်အဆင့်မြင့်မြင့် ကန်သွားတာပဲ ၊ ရန်ကုန်ကသွင်းသွားတဲ့ ၁ ဂိုးဆိုရင် premier အဆင့်ရှိတယ် ၊ ကန်သွားတာ မြန်မာမှ ဟုတ်ပါရဲ့လားလို့တောင် ပြန်ကြည့်မိတဲ့အထိ ကောင်းပါ့ ၊ ပင်နင်တီကန်ချက်တွေကလည်း အပေါ်ဒေါင့် ကြီးပဲ ကန်တာ၊ ဘာပဲပြောပြော Myanmar league အောင်မြင်ပါတယ် ၊ အားလုံးကောင်းပါတယ် ၊ တခုလေးပဲ.. ပွဲအစဆုံး ဘာမှမသိပဲ မိုက်ခွက်ကိုင်ပြီး ဘာတွေအော်နေမှန်းမသိပါဘူး ၊ ဂိုးဝင်သွားတဲ့ သဘောရှိတာတို့ ၊ ဟိုး ပင်နင်တီကန်တာများပြောပါတယ် ၊... အောင်အောင်ဦးရဲ့ ညာဘက်ကနေ လှလှပပ ၀င်သွားတာတဲ့ ၊ ဟိုက ကန်သွားတာက ဘယ် ။။။။ ( အဲဒီလောက်ကို တလွဲပြောတာ )
ပင်နင်တီကိုတော့ youtube မှာ Yangon FC final လို့သာ ရှာကြည့်လိုက်တော့ ....
Friday, July 10, 2009
နောက်ထပ် ယားတစ်ယား....

မျိုးမင်းဦးက Wikimapia ဆိုမှ ကျွန်တော်လည်း ယား တစ် ယားကိုသတိရ သွားတယ်။ မျိုးမင်းဦး ရဲ့ wikimapia ထက် ပိုစိတ်ဝင်စားစရာ ကောင်း လိမ့်မယ်။ ဟဲ ဟဲ.....
Chickipedia လို့ ခေါ်တယ်။ ကမ္ဘာကျော် အမျိုးသမီးတွေရော ကမ္ဘာမကျော်တွေရော ရဲ့ အကြောင်း စုံ ရှာဖွေပြုစုပေး ထားတဲ့ site ပါ။ အမျိုးသမီး စွယ်စုံကျမ်း ခေါ်ရမလား ပဲ။ (http://www.mademan.com/chickipedia/index.php/Main_Page)
ကဲ သွားပြီးတော့ အားပေးလိုက်ကြပါဦး.....
ု
Thursday, July 9, 2009
Sakura က Buffet
ဒီတလကတော့ Sakura Buffet (Clementi ) မှာသွားကြိတ်ကြတယ် ၊ ဆိုင်ရဲ့ ရှုခင်းနဲ့နေရာကမဆိုးဘူး ၊ Sakura ဆိုတော့ sushi ကို အဓိကစားချင်သူတွေ အတွက်တော့ လုံးဝ ကွက်တိပဲ ၊ ဒုတိယ အထပ်မှာက sushi နဲ့ ပထမအထပ်မှာက ပုံမှန် buffet အတိုင်း ၊ စာတေးကင် ၊ ဟင်းချို နဲ့ အခြား European food တွေ အစုံရတယ် ၊ အကြိုက်ဆုံးကတော့ စော်လမွန်ငါးပဲ ၊ နောက်ပြီး sushi အတွက် seafood တွေကို အညှီလုံးဝမရှိအောင် လုပ်ထားတာကိုတွေ့ရတယ် ၊ Crab တွေအပြင် ၊ ရေဘ၀ဲသေးသေးလေးတွေလည်း ရတော့ အတော်လေးစုံတယ်လို့ ပြောရမယ် ၊ အဲဒီနေရာမှာ လူအတိုးဆုံးပဲ ၊ အအေးအစုံ ကြိုက်သလောက်သောက် ၊ ( များများလည်းပေါက် ) ၊ Desert က cake နဲ့ ရေခဲမှုန့်၊ အပေါ်ထပ်ပြေးလိုက် ၊ အောက်ထပ်ဆင်းလိုက်နဲ့တော့ ဟုတ်နေတာပဲ ( ဗိုက်လည်းချောင်တယ်လေ ) ၊ စားပြီးရင် လေညှင်းခံဖို့ West coast ကို ၅ မိနစ်လောက် လျှောက်လိုက်ရင် ရောက်သွားလိမ့်မယ် ၊ ကမ်းစပ်မှာထိုင် ဟိုအငေး၊ ဒီငေး ( အတွဲ ) ၊ ဟိုချောင်း ဒီချောင်းလုပ်ပြီး ပြန်ကြတာပေါ့ ။
စကားမစပ် MMO တို့ထောနေတယ်လို့ မထင်နဲ့အုံး ၊ တရက်၁ကျပ်လေးစုပြီး ၊ ၁လမှ၁ခါတည်း သွားစားရတာပါ ၊ ဒီတပတ် ၁ ယောက်တော့ တိုးလာတယ် ၊၊ နောက်လအတွက် ဆိုင်ရွေးရင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး Evey body welcome နော် ။
MMO
Wikimapia
Wikipedia ကိုတော့ လူတိုင်းကြားဖူးမှာပါ ၊ လူတိုင်းပါဝင်ရေးသားနိုင်တဲ့ စွယ်စုံကျမ်းပါ ၊ ဟိုးအရင်တုန်းက ပညာရှင်များက ၀ိုင်းဝန်း စုတုပြုပြီး စွယ်စုံကျမ်းနေနဲ့ ထုတ်ဝေခဲ့ကြတာပါ ၊ ကမ္ဘာနေရာအသီးသီးမှာ စွယ်စုံကျမ်း အမျိုးမျိုးက သူ့နေရာနဲ့သူ အများပြားပေါ်ထွက်လာကြတယ် ၊ အဲဒီထဲမှာ Encyclopedia Britannica က ၁၉ရာစုလောက်မှာ အအောင်မြင်ဆုံး စွယ်စုံကျမ်းတခုအနေနဲ့ သမိုင်းတစ်ခေတ်ကို ထူလိုက်နိုင်တယ် ၊ ဒီလိုနဲ့ ၂၀ ရာစုအရောက် computer နည်းပညာတွေထွန်းကားလာတဲ့ အချိန်မှာ စွယ်စုံးကျမ်းတွေဟာ CD-ROM ပေါ်ရောက်လာကြတယ် ၊ Digitizing ဖြစ်လာကြတယ် ဆိုရမယ် ၊ အလွယ်တကူ clone လုပ်နိုင်ခြင်း ၊ low costs and high distribution စတဲ့ အားသာချက်တွေက စာရွက်ပေါ်အခြေခံတဲ့ စွယ်စုံကျမ်းတွေကို နောက်ကောက်ချ ထားလိုက်တယ် ၊ အထင်ရှားဆုံးကတော့ Microsoft ကထုတ်တဲ့ Encyclopedia Encarta ဆိုတာပဲ ၊ ဒီလိုနဲ့ပဲ ၂၁ ရာစုအရောက် Internet တွေလျှင်မြန်စွာ တိုးတက်လာခြင်းကတစ်ကြောင်း ၊ Internet က Digitizing , cloning တို့အပြင် converging ပါလုပ်ပေးနိုင်တဲ့ အားသာချက်ကနေ Wikipedia ဆိုတဲ့ စွယ်စုံကျမ်းက ခုချိန်မှာ လူတိုင်းရဲ့ လက်စွဲဖြစ်နေပါပြီး ၊ wiki = " Everyone can edit " လို့ဆိုကြတယ် ၊ Hawaiian စကားလုံးက ဆင်းသက်လာပြီး လျှင်မြန်ခြင်းလို့ အဓိပါယ်ရတယ် ။
Google Earth ကိုလည်း လူတိုင်းသိကြမှာပါ ၊ Satellite map တွေကို ကျွန်တော်တို့ရဲ့ ရှေ့မှောက်ပို့ပေးလိုက်တဲ့ အံဖွယ်နည်းပညာတခုလေ ၊ ဂျိန်းစဘွန်း ဆန်ဆန် Mouse တစ်ချက်ကစားလိုက်ရုံနဲ့ ကမ္ကာကြီးရဲ့ ကြိုက်တဲ့နေရာ ကိုသွားကြည့်နိုင်ပြီးလေ ။ အချိန်တိုလေးအတွင်း ရှိသမျှ Map တွေထဲမှာအောင်မြင်ဆုံးဖြစ်လာပြီး ခုဆို Google Moon , Mars , Sky ဆိုပြီး Universe ကိုပါ ကြည့်နိုင်တဲ့ အတွက် လူတန်းးစားမရွေး ဗေဒင်ဆရာ ၊ နက္ခတ် ပါမကျန် Google မှ Google ပေါ့ ။ Google Earth ကဘာလို့ ဒီလောက်တောင် စုံနေတာတုန်း .............. ? သူ့ကို အဓိက ကျောက်ထောက်ထားပေးတာလည်း ဇတ်လိုက်ကျော် wiki ပေါ့ ၊ wikipedia တော့မဟုတ်ဘူး ၊ wikimapia ပါ ၊ (ယားတွေက အရမ်းများလို့ ရေးရင်းတောင် ယားချင်သလိုလိုနဲ့ :P ) ၊ www.wikipedia.org မှာ ကိုယ့်အိမ် ၊ ကိုယ့်လမ်း ၊ ကိုယ့်ကျောင်းတွေ ရှာပြီး label တတ်ပေးလို့ရတော့ ၊ အချိန်နဲ့အမျှ Google အတွက် content တွေရပြီးရင်းရနေတာပေါ့ ၊ ကျွန်တော်တို့ အတွက်လည်း အသုံးဝင်သလို ၊ ကမ္ဘာကြီးကိုလည်း ကူညီရာ ရောက်တယ် ၊ တို့ မော်လမြိုင်ရဲ့ Trade Mark တွေတောင် အတော်စုံနေပြီး ၊ လိုတာလေးတွေလည်း wikipedia.org မှာ ၀င်ပြီး ဆွမ်းကြီးလောင်းလိုက်ကြ စို့လား ၊ ( အပျင်းပြေပေါ့ )
MMO
Wednesday, July 8, 2009
တောက်တိုမယ်ရ ရောက်တတ်ရာရာ ပေါတောတော
991 MS နဲ့ ဇီးကွက်

ဟိုး....လွန်ခဲ့လေသော ၆နှစ် ၊ ဗာရဏသီ " ပြည် " ၊ PTU ကျောင်းတော်မှာ ပညာရည်နို့လာရောက် သောက်စို့ကြသော အနယ်နယ် အရပ်ရပ်က ပညာရှာ ( ကြင်ရာရှာ ) သူများဖြင့် ၊ ပျော်စရာတခွင် ပြဲပြဲစင်အောင် ပျော်ကြ ၊ ပါးကြ ၊ သောက်ကြ ၊ မှောက်ကြ နဲ့ စည်ကားလျှက်ရှိသော အချိန်ပေတည်း ၊ ထိုကဲ့သို့ စည်ကားလှစွာသော အရပ်တွင် ပညာရှာရန် အလို့ငှာ အောက်ပြည်အောက်ရွာမှ လူငယ်၊လူရွယ်တစု ( ကျွန်ုပ် ) တို့သည်လည်း ရည်မှန်းချက်ကိုယ်စီ ပုခုံးထမ်းကာ Sun Moon Express ကြီးစီး၍ PTU အနီး နှောကုန်းရွာတွင် စတည်းချလေ၏ ။
ပညာသင်ရသော ကာလမှာ နွေမိုးဆောင်းကဲ့သို့ပင် semester တခုကို ၄လခန့် ကြာမြင့်လေ၏ ၊ ပထမ၊ ဒုတိယလတွေကို စုပေါင်းတွက်ချက်ခြင်း (အတွက်ချက်ပေါင်း သောင်းခြောက်ထောင်ကိုပြောပါတယ် .. ရှမ်း၊ ကိုးမှီး၊ ၂၁အပေါင်းအနှတ် အစုံအလင်ပါတယ် ) ၊ ဒီ့အပြင် ဟိုဟိုဒီဒီ သဝေထိုးလူပျိုလှည့်ခြင်း၊ စာကလွဲရင်အပြင် ဗဟုသုတများရှာမှီးခြင်း ......... ဤကဲ့သို ဖြတ်သန်းလာပြီးသကာလ ကျန်တဲ့ ၂ လမှာတော့ လက်နက်အသင့်၊ ကျည်ကပ်အသင့် အချိန်မလွန်ခင် ဖြည့်ရပါတော့တယ် ၊ ( စာမရှိစာကူး ၊ မသိရင်လိုက်ရှင်း ၊ အချိန်မရလို့ကတော့ နောက်ဆုံးပေါ်ခေတ်မှီ ဖိုတိုစတက် ကြီးနဲ့ပါ အသည်းအသန်ကူးကြတာ ) ။ ထိုသို့သော အချိန်ကာလ အရောက် ၊ နွေခေါင်ခေါင် နေခင်းကြောင်တောင် တနေ့မှာ ......................
လူငယ် ၂ ယောက် ချွေးတလုံးလုံးနဲ့ သည်းသည်းမည်းမည်း စာအုပ်တအုပ်ကို ကြည့်လိုက် တွက်လိုက်နဲ့ အလုပ်ရှုပ်နေပုံများ ကျီး၂ကောင် အစာလုနေလား ထင်ရတယ် ၊ စာအုပ်က ဟိုရောက်လိုက် ၊ ဒီဘက်ရောက်လိုက်နဲ့ ၊ တစ်ယောက်သော လူငယ်ကတော့ ဇီးကွက်လို့ ချစ်စနိုးအမည်တွင်တဲ့ ညဘက်အလုပ်အရမ်းကြိုးစားတဲ့ သူရွယ်ဖြစ်ပါတယ် ၊ စာအုပ်ပိုင်ရှင် လူရွယ်ကတော့ ဟိုး အရင် .. ရှေး ဘိုးဘီဘင် လက်ထက်ကတည်းက မြန်မာဘုရင်တွေ ကျောက်ထက် အက္ခရာတင်ရန် အသုံးပြုတဲ့ ကျောက်ပြား အမျိုးမျိုးတို့ကို အင်လုပ်ပြီး export သွင်းလာတဲ့ အိန္ဒိယကုန်သည်ကြီး၏ ချစ်မြေးလေး ဆာဒူးကြီး .. အဲ... ဘာဘူကြီး ပဲဖြစ်ပါတယ်။
ထိုလူရွယ် ၂ ယောက်တွက်နေတာကတော့ ၊ ၃ တန်းမှာ နာမည်ကြီးလှတဲ့ 302 ပေါ့ ၊ (302 တွက်ရင် နေ့ခင်းကိုရှောင် ၊ မရှောင်ရင် ခေါင်းပါပြောင်လိမ့်မယ် လို့လဲ ဟိုးတုန်းက နာမည်ကကြီးသပါ့ - သင်တာ တစ်မျိုး ၊ မေးတာတခြား ၊ ဖြေတာတလွဲ ဖြစ်လွန်းလို့ နာမည်ကြီးတာ ) ၊ ထိုစဉ်ကလည်း သပ်သပ်ရပ်ရပ် နဲ့ ပုစ္ဆာအစုံလင်တွက်ထားတဲ့ စာအုပ်ကလည်း ဘာဘူကြီး ဆီမှာ ရှိတယ် ဆိုတော့ သူချည်းအားကိုးရတာပေါ့ ၊ တွက်နေတာက ဖော်လရစီးရီးအခန်း ( အလွယ်ဆုံးအခန်းပဲ 302 မှာ ၊ စကားချပ် ) ဆိုတော့ အီကြာကွေးကလည်း အတော်ရှည်တယ် ၊ စာကြောင်း ၂ ကြောင်းလောက်တော့ ရှိတယ်ထင်တယ် equation တခါခါချရေးရင် ပြောတာ၊ ဘာဘူကြီးက ရှင်းပြလိုက် ၊ ဇီးကွက်က နားထောင်လိုက်နဲ့ အတော်ကြာတော့ ဇီးကွက်က " မင်း equation ကလည်းအတော်ရှည်တာပဲ ၊ calculator နဲ့တွက်ရင် ရမလားတဲ့ " ၊ သိတယ်ဟုတ် ဘာဘူးကြီးတို့က ကြပ်ရမယ်ဆိုရင် ၂ ယောက်မရှိဘူး ၊ ... ဒီတော့က မင်းမှာ 991MS ရှိတယ်မဟုတ်လား ၊ သွားယူလိုက်တဲ့ ၊ .... ( MS ကနောက်ဆုံးပေါ်လေ 3 unknown 3 equation ၊ Matrix တွေပါ တွက်လို့ရတော့ နာမည်ကြီးနေတာ )
အဲဒီမှာ ဇီးကွက်ခမျှာပျော်သွားရှာတာပေါ့ ၊ ဒီလောက်အပင်ပန်းခံစရာမလိုဘူး calculator ရှိသားပဲ ၊ ကြိုမပြောဘူးလို့ မြည်တွန်ပြီး ၊ ရေသည်ယော်ကျားက မိန်းမယူတော့မှာမို့လို့ နန်းအုပ်ရိုးကြား ဖွက်ထားတဲ့ ၄ပဲ အသပြာ အပြေးလွား သွားယူသလိုမျိုး ၊ နေပူပူ ဖုန်တထောင်းထောင်းထနေတဲ့ ပြည်နွေနေ့ခင်းကို အန်တု တောင်ပံပြင်းပြင်းခတ်လို့ သူ့အဆောင်ကို အပြေးသွားယူတာ ။ ထိုအချိန် PTU လသာပြတင်းပေါက်ကနေ ကျောင်းသူ /သားတွေ အခြေနေကို မှန်ပြောင်းနဲ့ ချောင်းချောင်းနေတဲ့ မြင်ကွင်းမှာ ရုတ်တရက် ဇီးကွက်ပြေးလာတာမြင်လိုက်တဲ့ ပါချုပ်ကြီး ဦးကျော်ဆန်းက ဘေးနားမှာရှိတဲ့ မော်ကွန်းထိန်းကိုလှည့်ပြီး -" ဟဲ့ ..ငါ့မြင်ကွင်း၊ မှန်ပြောင်းအောက် နေပူပူမှာ ငါ့ကျောင်းသားတစ်ယောက် ပျော်ရွှင်မြူးတူးပြီး ခုန်ပေါက်ပြေးနေတာဖြင့် ဖိနပ်တော့ ငါတွေ့လိုက်တယ်၊ လုံချည် ပါမပါတော့ မသေချာဘူး ၊ သွားကြည့်စမ်း ငါရင်တွေ တုန်လှပြီး (ကျုံ့သွားမှာဆိုးလို့) " ဆိုပြီး အမိန့်ရှိသတဲ့ ၊
ဒီလို့နဲ့ ကွမ်းယာ မညက်တညက်အချိန်မှာ ဇီးကွက်ဆိုတဲ့ လုလင်ပြန်ရောက်လာတယ် ၊လက်ထဲမှာ 991MS ကြီးတကိုင်ကိုင်နဲ့ ၊ ဒီလိုနဲ့ ဆက်တွက်ကြရော ၊ ဘာဘူကလည်း တကြောင်းချင်း အသေချာရှင်းရင်းနဲ့ ၀ါးဝါးချတယ် ၊ ဇီးဇီးကလည်း ခေါင်းလေးတညိမ့်ညိမ့်နဲ့ ဘာမှမသိဘူး ၊ ( ဒီအရပ်နဲ့ ဒီဇတ်နဲ့ အဟုတ်ကြီးကို လိုက်ကိုလိုက်တယ် - ကိုမျိုးကြီးတောင်သိတယ် ) ၊ သူ့ခမျှာ calculator လေးတပြင်ပြင်နဲ့ ဘယ်အချိန်နှိပ်ရမယ်ဆိုပြီး စောင့်နေလေရဲ့ ၊ ဒါနဲ့ တွက်တာက ပြီးတော့မယ် ၊ သွားယူလာတဲ့ calculator ကိုမနှိပ်ရသေးတော့ နည်းနည်းတင်းလာတယ်နဲ့ တူတယ် ၊ သူလည်းမစောင့်နိုင်လို့ " မင်းဟာက ဘယ်တော့မှာ နှိပ်ရမှာလဲ " ဆိုတော့ ဘာဘူကြီးက မျက်မှန်အောက်ကနေ ဇီးဇီးကို ခပ်ရို့ရို့ကြည့်ပြီး " ဟဲ 991 MS ကိုငါမကိုင်ဖူးလို့ ၊ မင်းမှာရှိတယ်ဆိုလို့ ငါကြည့်မလို့တဲ့ " ၊ .... အဲဒီလို ၊ အဲဒီလို ( ကျွန်တော်တို့ သူငယ်ချင်းတွေက )
Tuesday, July 7, 2009
(အငှါး) ရင်ခုန်သံ Snap Shot
MMO ရဲ့ Snap Shot ကိုဖတ်ပြီးတော့ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ကျွန်တော့်ကို ရင်ဖွင့်ဖူးတဲ့ အကြောင်းလေးကို သွားသတိရမိပါတယ်......
ကြာတော့ ကြာခဲ့ပါပြီ....................သူငယ်ချင်းနာမည်ကို Rooney လို့ပဲဆိုပါစို့... သူ့ရဲ့သူငဃ်ချင်း ကောင်မလေးကိုတော့ Collin လို့ပဲထားလိုက်ရအောင်.... Rooney ကလည်း ကျွန်တော့်လို Man Utd crazy ပဲဗျ.. (ဤကား စကားချပ်).... သူတို့ချင်းက တက်ရောက်တဲ့တက္ကသိုလ်ချင်းလည်းတူပါတယ်.... Collin ဘက်ကတော့ ဘယ်လိုလဲမသိပါ.. Rooney ကတော့ Collin အပေါ်မှာ ဆန်းပြားတဲ့စိတ်ရှိပါတယ်... အတော်တော့ ခင်ခင်မင်မင်ရှိကြတယ်ပေါ့ဗျာ...
ဟောဒီမှာ အိမ်ဝယ်ကြအုံးမလားဗျို့.....။။။ ( I I )
Okay... စိတ်ကြိုက်အိမ်တွေ့ပြီဆိုရင် ပထမဦးစွာ Owner & Buyer တို့က Option To Purchase (OTP) ဆိုတဲ့ စာချုပ်လေးကို ချုပ်ရပါတယ်... ဒီနေရာမှာ Agent ရဲ့ အရေးကြီးမှုလာပါပြီ... OTP ချုပ်တဲ့အခါမှာ ကျွန်တော်တို့ (Buyer)က S$ 1000.00 ကို Deposit အနေနဲ့ ပေးရပါတယ်... မပေးခင်မှာ Agent က Both Owners ရဲ့ IC ကိုတောင်းပြီးတော့ သက်ဆိုင်ရာ Government Agency Website မှာ Owner တွေဟာ Bankrupt ဖြစ်နေမနေ ကိုစစ်ရပါတယ်... တကယ်လို့ Owner က Bankrupt ဖြစ်နေမယ်ဆိုရင် HDB မှ ဤအိမ်ကို အရောင်းအဝယ်လုပ်ဖို့ Approval မပေးပါ... အဒီမှာ ကိုယ်က S$ 1000 ပေးပြီးသား ဆိုရင် ပြန်တောင်းဖို့ ခက်ပါပြီ... Owner က Bankrupt ဖြစ်ပြီးသားဆိုတော့ ဘာကိုမှဂရုစိုက်လိမ့်မယ် မဟုတ်ပါ... တရားစွဲရင်တော့ ပြန်ရပါတယ်... အဲ...ဒါပေမယ့် ရှေ့နေစရိတ်ကိုကြည့်ပါ... S$ 15000 ကျသင့်ပါမယ်... အဲဒီတော့ 14000 ထပ်စိုက်ရမယ့်အတူတူ 1000 အဆုံးခံလိုက်တာက များပါတယ်... တကယ့်အဖြစ်အပျက်တွေပါ...
မကြာမှီ .... မျှော်
- အရက်သမား အမှားအခါခါ-၂ (သို့) king တို့၏ မာယာ ၊
- 991MS နဲ့ ဇီးကွက် ၊
- စင်ကာပူရောက် ကိုစော အမှတ်တယများ၊
Monday, July 6, 2009
စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ



Einstein ရဲ့ lecture

-တွေ့တယ်မှတ်လား ၊ အိုင်းစတိုင်းကြီးက ဆုံးမသွားတာလေ ၊
-ပျင်းနေတယ်ဆိုရင် စမ်းကြည့်လိုက် ... အများကြီးရှိသေးတယ် ။
- ဒီမှာ Hetemeel.com
Saturday, July 4, 2009
You Tube ကနေ MP3 သီချင်းပြောင်းရအောင်….
http://www.video2mp3.net
ဒီ Converter လေး ကို ကိုချမ်းမြစိုး ဘလော့ (http://cmsmdy.blogspot.com) ကနေ ရှာတွေ့ခဲ့တာပါ။ သူငယ်ချင်း တွေ အတွက်မျှဝေ ပေးလိုက်တာပါ။ ကျေးဇူးတင်ချင်ရင်တော့ ပထမ တင် ပေးခဲ့တဲ့ ကိုချမ်းမြစိုး ကိုပဲ ကျေးဇူးတင်လိုက်ကြပါ။
ထွန်းနောင်မြင့်
Friday, July 3, 2009
ရင်ခုန်သံ Snap Shot - ၁
ထိုနေ့က စားမေးပွဲနောက်ဆုံးနေ့ ၊ အဲဒီစာမေးပွဲပြီးရင် အိမ်ပြန်ရတော့မယ်လေ ၊ ၂ နှစ်တာပျော်ခဲ့တဲ့ ပြည်မြို့ကြီး၊ န၀ဒေးတံတား၊ SothernStar ၊ ပေါက်ခေါင်း၊ ပေါင်းတလည် ၊ နှောကုန်း ၊ လက်ခုပ်ပင် နဲ့ PTU ကျောင်းတော်ကြီး စသည် စသည် .... တို့ကို နှုတ်ဆက်ချိန်ပေါ့ ။ ကျွန်တော့်အတွက်တော့ ဒါ့အပြင် နုတ်ဆက်စရာရှိအချို့လည်း ကျန်သေးတယ်၊ မြောက်ဥက္ကာလာသွားရင်း ခင်ခဲ့တဲ့ ပြည်က သူငယ်ချင်းတယောက်ပေါ့ ၊ ( ရန်ကုန်က ကျွန်တော့် သူငယ်ချင်း လာတုန်းက သူအိမ်မှာ ထမင်းစားဖိတ်တော့ သွားစားထားတာ ၊ ဒါ့အပြင် အပြင်မှာလိုက်ကျွေးတော့လည်း ပါသေးတာကိုး ) မပြန်ခင် နှတ်ဆက်ရင်း တခုခုလိုက်ကျွေးမယ်ပေါ့ ... ဒါနဲ့ စာမေးပွဲပြီး အဆောင်ရောက်တာနဲ့ စက်ဘီးလေး စီးပြီးထွက်ခဲ့တယ် ၊ မိုးကလည်း ခပ်အုံ့အုံ့ဆိုတော့ စက်ဘီးစီးရတာ သက်သက်သာသာ ရှိပါ့ ၊ သူ့အိမ်ရှေ့ရောက်လို့ အသံပြုလိုက်တော့ ၀တ္တုစာအုပ်လေးကိုင်ပြီး ထွက်လာတယ်။
ညနေတခုခုလိုက်ကျွေးမလို့ အဲဒါလာပြောတာ ဆိုတော့ သူက " အေး..အေး ..အထဲဝင်ထိုင်အုံးလေ " တဲ့ ၊ ( မှန်တာပေါ့ အထဲဝင်ပြီးတော့ မတ်တပ်ရပ်နေရင် ဘယ်သင့်တော်ပါ့မလဲ ၊ ထိုင်ရမှာပေါ့ ) ၊ ဒီလိုနဲ့ စက်ဘီးကို ခြံထဲထည့် ၊ ထိုင်ခုံမှာထိုင်ရင်း (သူက ကျွန်တော့အရှေ့တည့်တည့် ခပ်လှမ်းလှမ်းမှာထိုင်တယ် ) အလာဘ သလာဘ ပြောဖြစ်တယ် " အေးငါကတော့ ကျောင်းသားဝတ် ကျွတ်ပြီးကွ ၊ နင်ကတော့ ကျောင်းပြန်ဖွင့်ရင် final မှာအသေရုန်းရမယ် .. ဘာညာ .. ဘာညာပေါ့ ၊ အဲဒီကနေစကားစလိုက်တာ ၁၀တန်းအထိကို နောက်ပြန်ရောက်သွားတယ် ၊ လေပေးဖြောင့်တာ ၊ လေပေးဖြောင့်တာ ၊ အမှန်တကယ် သူနဲ့ ကျွန်တော်က သိပ်လည်းမရင်းနှီးဘူး ၊ ဒါပေမယ့် သူကလည်း ကျွန်တော်ပြောသမျှ ထောက်ခံ ၊ သူ့တုန်းကဆိုလဲ အဲသလိုပဲတဲ့ ( အပီပြင်ကို ထောက်ခံပေးတာ ၊ တချို့အဖြစ်ပျက်တွေကလည်း တိုက်ဆိုင်နေတာလည်းပါတယ် ) ၊ ဒါနဲ့ပဲ စောစောက အုံ့နေတယ်မိုးက လေပြင်းပြင်းနဲ့ စရွာတာပဲ ၊ ( ပြည်မိုးကသိတယ်မဟုတ်လား၊ ရွာရင်လည်း ခနပဲ .. တခါတလေတော့ အပီသည်းတာ ) ၊ ထိုနေ့ကတော့ တကယ်ရွာတဲ့မိုးပဲ ၊အဲဒါနဲ့ တံခါးထပိတ်ကြတယ်၊ သူက ဒီနေ့ငါ့အဖွား ရိပ်သာသွားတော့ အပေါ်မှာ တံခါးတွေ သွားပိတ်လိုက်အုံးမယ် အိမ်ပေါ်မှာလူမရှိလို့တဲ့ ၊ သူထသွားတယ်။ ( အော် .. ဒါဆို သူတယောက်ထဲပေါ့ ၊ အင်း ခုငါလည်း ထိုင်နေတော့ ၂ ယောက်ပေါ့ .. ၁+၁ က ၂ မဟုတ်လား ) ၊ သူလည်းတံခါးပိတ်ပြီးပြန်လာတော့ မိုးဆည်းရင် ငါလည်း ပြန်တော့မယ်ပေါ့ဆိုတဲ့ အတွေးနဲ့ ထိုင်ရင်း စကားဆက်ကြတာပေါ့ ၊ ဖြစ်ချင်တော့ မိုးကလည်း မဆည်းတဲ့ အပြင် လေကပါ အတော်ပြင်းတော့ အထဲကိုမိုးကပက်တယ်၊ နောက်ဆုံး ရှိသမျှအိမ်တံခါးကို လိုက်ပိတ်ရတဲ့အပြင် အိမ်ရှေ့တံခါးမပါ နည်းနည်းစိနေရပြီး ၊ အဲဒီမှာပဲ ...
တံခါးအကုန်လုံးပိတ်တော့ မှောင်လို့ဖွင့်ထားပါတယ် ဆိုတဲ့မီးက ရုတ်တရက် ဖြတ်ခနဲ့ ပိတ်ကရော ၊ " ဟိုက်သွားပြီး " ဘာမှမမြင်ရတော့ဘူး ၊ မိုးကအေးပေမယ့် အဲဒီ တဒ်ဂ လေးမှာ တကိုယ်လုံးနွေးသွားတယ် ၊ သူ့ဆီကလည်း ဘာစကားသံမှ ထွက်မလာတော့ဘူး ၊ သံစဉ်တွေ ပျောက်သွားတယ်၊ သေချာတာကတော့ ဒိတ်ဒိတ်..ဒိတ်ဒိတ် ပဲ၊ ရှိတာလည်း ၂ယောက်ထဲ ( မိန်းကလေးတယောက် ယောက်ျားလေးတယောက် ၊ မိုးကသည်း ၊ မီးကပျက် ၊ အိမ်ကြီးထဲ ) ၊ ...... အမှောင်ထဲက သူ့ကိုကြည့်လိုက်မိတယ် ၊ တကယ်လှတဲ့ မိန်းခလေးတယောက် ၊ သူ့ရဲ့ရိုးသားပွင့်လင်းတဲ့ စရိုက်က ကျွန်တော့် စိတ်ကို လွမ်းထားတယ် ၊ ဒါပေမယ့် အဲဒီလို မျှော်လင့်မထားပဲ ရောက်လာတဲ့ ရင်ခုန်သံက ဟိုးတချိန် ၅ နှစ်လောက်မှာ ကျန်ခဲ့ပြီးလေ ။ သူနဲ့ ရန်ကုန်မှာ ပြန်ဆုံဖြစ်သေးပါတယ် ။ နောက်မှသိရတာ တခုက ကျွန်တော်နဲ့ အတွေးခေါ်၊အယူဆ အတော်များများတူနေတဲ့ သူက ကျွန်တော်နဲ့ ၁နှစ်၊ ၁လ၊ ၁ရက်၊ ထဲ မွေးရက်တူ လူ ၂ ယောက်ဖြစ်နေတယ်ဆိုတာကိုပဲ .........
ဟောဒီမှာ အိမ်ဝယ်ကြအုံးမလားဗျို့.....။။။ ( I )
ဘော်အေးတိုက်ပွဲ
မီဒီယာတွေမျက်ခြည်မပြတ် စောင့်ကြည့်နေတဲ့ကြားက တိုက်ရတော့ လေယဉ်တင် သဘောင်္မှာလည်း သူတို့ပါတယ်၊ စစ်ကားတွေနဲ့လည်း ကပ်လိုက်လာတာတွေ ရှိသလို၊ မြို့လမ်းတွေမှာ အသင့်စောင့်ပြီး တိုက်ပွဲကြားထဲမှာ မကြောက်မလန့်ပြေးလွား သတင်းယူနိုင်ကြသည်၊ တခါတလေများ ကင်မရာရှေ့မှာ သတင်းကြေငြာနေစဉ် ဗုံးကျလို့ ပြေးရင်ဇက်ပုသွားတာတွေတောင် အတိုင်းသားမြင်ရတယ်၊ တချို့တွေဆို စစ်သားတွေကို စည်းရုံးပြီး အမြောက်နဲ့ကင်မရာပါ ကပ်ချည်ထားတော့ အမြောက်ဦးတည်ရာ အတိုင်းပစ်မှတ်တွေ ထိတဲ့မြင်ကွင်းကို မိမိရရကို ရိုက်နိုင်ကြတယ်၊ အဲ ဘသားချောတွေက စစ်ပွဲကြားညှပ်လို့ သေပြေးရှင်ပြေး ပြေးရတာတောင် ကင်မရာကို ပခုံးပြောင်းပြန်ထမ်းပြီး ပြေးတာ၊ စစ်ပွဲမြင်ကွင်းကို ရသလောက်ယူလိုက်ကြသေးတာလေ ၊ ဒီတော့ အမေရိကန်တွေအဖို့ အီရတ်ကိုတိုက်နိုင်သော်ငြားလည်း၊ တကယ်တမ်းအောင်ပွဲခံသွားတာက သတင်းမီဒီယာတွေ ဖြစ်နေတာ။
သူတို့ကလည်း သတင်းတွေကို စိတ်ဝင်စားအောင် ဝေေ၀ဆာဆာကြီး ဖော်ပြနိုင်တယ်၊ အရေးကြီးတဲ့နေရာ တခုခုဒုံးကျည်ထိမှန်ရင် ဘော်လုံးပွဲက ဂိုးဝင်သွားသလိုမျိုး နေရာစုံ၊ ပတ်လည်ရိုက်ချက်တွေ၊ slow motion တွေနဲ့ကိုရိုက်ပြနိုင်ကြတာ၊ ဆက်သွယ်ရေး နည်းပညာတွေကလည်း အရမ်းတိုးတက်လားတော့ စစ်ပွဲကို ဘော်လုံးပွဲလိုမျိုး တိုက်ရိုက်ထုတ်လွင့်ပေးနိုင်ကြပြီး၊ ရုပ်မြင်သံကြားပရိတ်သတ်တွေကလည်း ဘီယာလေးစုပ် ၊ စီးကရက်လေးဖွာရင်း အချိန့်နဲ့ တပြေးညီ အားပေးလာနိုင်တာကြတာပေါ့၊ သတင်းတင်ဆက်ပုံ ကောင်းလွန်းသောကြောင့် စစ်ပွဲသတင်းတွေကပဲ အနုပညာမြောက် ဖြစ်ရပ်မှန် live show ဖျော်ဖြေရေး ဆန်လာတော့မှာလား ၊ ဘော်လုံးပွဲ ဆန်ဆန်ဖြစ်လာတော့မှာလား ဆိုတာကတော ...
ဟုတ်ကဲ့ပါခင်ဗျာ ..... ရာသီဥတုကတော့ စစ်သားတွေအကြိုက်ပေါ့ ခင်ဗျာ၊ စောစောက မိုးဖွဲဖွဲရွာထားပေးမယ့် အခုတော့ ကောင်းကွင်တခွင်လုံး ကြည်ကြည်လင်လင် ဖြစ်လာပါပြီ၊ စစ်ပွဲ ၀ါသနာရှင်များ မြင်ကြတဲ့အတိုင်းပဲ မြောက်ဘက်စစ်မျက်နှာပြင်ကနေ ၃-၅-၂ ပုံစံ အုပ်စုဖွဲ့ပျံသန်းလာတာကတော့ အမေရိကန်တိုက်လေယဉ်များ ဖြစ်ပါတယ်၊ တောင်ဘက်စစ်ပွဲ ဧရိယာအတွင်းကနေ လေယာဉ်ပစ် အမြောက်များနှင့် အသင့်စောင့်ဆိုင်းနေတာကတော့ အစွန်းရောက် စစ်သွေးကြွများဖြစ်ပါတယ်၊ ဒီလိုအခြေနေမျိုးက အလွန်သတိထားရမယ်ခင်ဗျ၊ ပလိန်းမာကင် လို့ခေါ်တဲ့ လေယာဉ်တစင်းချင်းကို အသေချာ စောင့်ကြည့်ဖို့လိုပါတယ်၊ ဒီလိုနဲ့ စစ်ပွဲကာလမှာ ပထမပိုင်း ၄၅ရက် ၊ ၁၅ရက်နား နဲ့ ဒုတိယပိုင်း ၄၅ရက် ဆက်တိုက်ရပါတယ် ၊ နှစ်ဘက်စစ် ချိန်ခွင်လျှာမျှနေရင်ဖြင့် အချိန်ပို ၁၅ရက်စီထပ်တိုက်ခွင့်ရှိပါတယ် ၊ ဒီလိုမှ အရှုံးအနိုင်မပေါ်ရင်ဖြင့် မိဘပြည်သူများ စောင့်စားနေတဲ့ ပင်နယ်တီဒုံးကျည် ၅လုံးစီ အပြန်လှန်ပစ်ခတ်ကြရလေသည် ။
**ဆရာမင်းလူရဲ့ နှလုံးသား ၃၈၀မှ မှတ်မိသမျှ ပြန်လည်မျှဝေ လိုက်ခြင်းဖြစ်ပါတယ်**
ခေါင်းနည်းနည်း စားကြည့်ရအောင်
(i) ကိုယ်ကြိုက်ရာ number ကိုစိတ်ထဲက အရင်မှတ်လိုက် ( ပြီးပြီးလား )
(ii) မှတ်လိုက်တဲ့ number က 2 digit ဖြစ်ရမယ် ရွေးပြီးရင် ပေါင်းလိုက်
eg . if u choose 35 , when u add the digit 3+5 = 8
(iii) ဒီတော့ orginal number ထဲက ပေါင်းထားတဲ့ ရလဒ်ကို နှတ်လိုက်
eg . 35 - 8 = 27 ရတယ်ဆိုပါတော့
(iv) အဲဒီ 27 ဘေးက ရာသီခွင်ကို ကြည့်စိတ်ထဲမှာ မှတ်ထားပြီး ၊ အပေါ်က Magic Green Ball လေးကို နှိပ်လိုက်ဗျာ ...
link ကဒီမှာ http://www.realmagic.net/dp/1-1.htm
ကြိုက်သွားရင်တော့ .... ပြုံးမနေနဲ့ ..... အဖြေပါရှာကြည့် .... Engineer brain တွေပဲ ရမှာပါ ...
Thursday, July 2, 2009
သူငယ်ချင်းများ နှင့် COMPUTER
ထားပါလေ ဒါကသိပ်တော့အရေးမကြီးပါဘူးပြောချင်တာက ဒီလို Blog ရေးဖြစ်ဖို့ဆိုတာ ကျွန်တော့် အတွက်တော့ အိပ်မက်လိုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူငယ်ချင်း Red Devil ပြောသလိုပါပဲ ကျွန်တော်က Computer နဲ့ သိပ်မရင်းနှီးဘူးလေ။ မှတ်မှတ်ရရ Computer ကိုစပြီး ထိတွေ့ဘူးတာ PTU ၅ တန်း၊ ၆ တန်း မှပါ။ အဲဒီတုန်းက Computer အခန်းသော့ကို EC ကျောင်းသားတွေ ကိုင်ရတာဆိုတော့ ည ည ဆို Computer အခန်းထဲရောက် ရောက်နေတတ်လို့ပါ။ အဲဒီတုန်းကတော့ Computer ဆိုတာ Video,VCD ကြည့်ဖို့နဲ့ သီချင်း နားထောင်ဖို့လောက်ပဲ သိတာလေ။ ပြောရဦးမယ် ကျွန်တော့် ရဲ့ Computer လက်ဦးဆရာက ဘကြီးပါ။ နောက် MMO ရောပေါ့ ဒါပေမယ့် Computer ကို တကယ်စိတ်ဝင်စားအောင် လုပ်ပေးတာက သူတို့မဟုတ်ပါဘူး မောင်လှမျိုး (ချွတ်ချုံကျ) ဆိုတဲ့ သူငယ်ချင်း ပါ။ အဲဒီတုန်းက သူ့ကိုတွေ့ရင် နေကောင်းလား၊ စားပြီးပြီလား လို့ နှူတ်ဆက် ကြတာ မဟုတ်ဘူး…'ဟေ့ကောင် အသစ်တွေရှိသေးလား' လို့နှူတ်ဆက်ကြတာ၊
ကဲ……. ကြုံလို့ပြောရဦးမယ် သူငယ်ချင်းတွေရဲ့ Computer ဗဟုသုတပြည့်ပုံတွေကို…….. ဇီးကွက်ဆိုတဲ့ EC က သူငယ်ချင်းအကြောင်း…..တစ်နေ့ သူနဲ့ ဘကြီး နဲ့ Computer သွားသုံးကြရော နဲနဲ ကြာလာတော့ ဇီးကွက် က ပြန်ရအောင်ပေါ့ ဆိုတော့ ဘကြီး က 'အေး ငါ Computer ပိတ်လိုက်ဦးမယ်တဲ့ ဇီးကွက် ဘာလုပ်တယ် မှတ်လဲ 'Computer ပိတ်တာများကွာ ဟောဒီလို ပိတ်လိုက်ပြီးတာပဲ'ဆိုပြီး မီးခလုတ်ကိုပိတ် ထလိုက်ပါလေရော …………..အဲဒီလို တော်ကြတာ။
အဲဒီထက် ဆိုးတဲ့ ရင်နင့်စရာဇာတ်လမ်းလေးလဲရှိသေးတယ်……သူလည်း ချစ်သူငယ်ချင်းပါပဲ။ သူကျတော့ MICROSOFT EXCEL ကျွမ်းကျွမ်းကျင်ကျင် မသုံးတက်လို့ ဆိုပြီးတော့ အသည်းကွဲ ခဲ့ပါလေရောလား။ သူပေါ့ ကျွန်တော် Singapore ကို ကျောင်းတက်ဖို့ရောက်လာတုန်းက ပညာရေးနဲ့ပတ်သတ်ပြီးတော့ ဆုံးမစကားပြောခဲ့တာလေ ဟေ့ကောင် တဲ့ MICROSOFT EXCEL ဆိုတာ တော်တော် အရေးကြီးတယ်၊ မင်းသေသေချာချာလေ့လာပေါ့ကွာ တဲ့……..သူ့ခမျှာ သက်ပြင်းလေးချပြီးတော့ တွေတွေလေး၊ မျက်ဝန်းတွေက ရီရီဝေဝေနဲ့ …………………(မှတ်ချက်။ စုံစမ်းမေးမြန်းခြင်း သည်းခံပါ။)
ထွန်းနောင်မြင့်
ထိမိတိုတောင်းသော လိင်သဘာဝ တော်ဝင်ဝတ္ထုတို
ဌာနတွင်း ၀တ္တုတိုပြိုင်ပွဲတစ်ခု ကျင်းပသည် ။
ဝတ္တုတို တွင် က်ျ အချက်များ ပါဝင်ရမည် ၊ ထိထိမိမိနှင့်
အတိုဆုံးသီကုံးနိုင်သူဖြစ်ရမည် ဟုပါရှိသည် ။
- ဘာသာတရား ကိုင်းရှိုင်း မှုရှိ ရမည် ။
- တော်ဝင်ဆန်ရမည် ။
- လိင် သဘောသဘာဝ ပါရှိရမည်
- လျို့ဝှက်ဆန်းကြယ်ရမည် ။
ဆုရသွားသော ၀တ္တုတိုမှာ အောက်ပါအတိုင်းဖြစ်သည် ။
"အို ဘုရားရေ" ဟု ဘုရင်မက ပြောသည် ။ "ငါ ကိုယ်ဝန်ရှိနေပြီ" ၊ "ဘယ်သူနဲ့ရတာပါလိမ့်" ဟု ငြီးတွားသည် ။
နူတ်ခွန်းဆက် စကား
ထွန်းနောင်မြင့်