ဟောဒီမှာ
အိပ်မက်တွေ တနင့်တပိုးနဲ့
စုန်းစုန်းမြုပ်နေသူပေါ့.......
ဟိုးအဝေးကြီးက လာခဲ့တာပါ
မျှော်လင့်ချက်တွေနဲ့လေ
လမ်းတွေကမဆုံးသေးဘူး........
မရှိသေးတာတွေ ရှာဖွေဖို့
သူ စွန့်ခဲ့တယ်
ရွာကလေးကို
ပြီးတော့ မြို့ကလေးကို...
နောက်...မြို့ကြီးကို....
နောက်ထပ်........နောက်ထပ်......
အင်း မရှိသေးတာတွေလား
ရခဲ့ပါတယ်......ဒါပေမယ့်
ရှိနေတဲ့အရာတွေ ဆုံးရှုံးသွားခဲ့တယ်......
မွန်းကျပ်တယ်
မွန်းကျပ်တယ်
ပြန်ပေးပါလား
ဟို အဝေးကွင်းပြင်ထဲက
လရိပ်ပြာရဲ့ ရင်ငွေ့လှုံခွင့်
.............................
.............................
ခုတော့ မွန်းကျပ်လိုက်တာ......
တကယ်ပြောတာပါ
ဟောဒီ Concrete Jungle ကြီးထဲ
ဘယ်သူပျော်ရဲလဲ.....
လေးဖြူရဲ့ အမဲလိုက်အက
ငါတို့တွေကရော.....ဘာလဲ....
ဟောဒီသံသရာခရီး
မပြီးဆုံးသေးတဲ့ လမ်းတွေလှမ်းဖို့
နေသားတကျ မဲ့နေတဲ့
နှုတ်ခမ်းတွေနဲ့ ပြုံးတက်ဖို့ လေ့ကျင့်ရဦးမယ်.......်
3 comments:
မရှိသေးတာတွေ ရှာဖွေဖို့
သူ စွန့်ခဲ့တယ်
ရွာကလေးကို
ပြီးတော့ မြို့ကလေးကို...
နောက်...မြို့ကြီးကို....
နောက်ထပ်........နောက်ထပ်......
မိန်းမ ကိုစွန့်မယ် ၊
ဘုန်းကြီးဝတ်မယ် ။။။
အဲလိုဖြစ်ရမှာကွ .... ဟီး
မရှိသေးတာတွေ ရှာဖွေဖို့
သူ စွန့်ခဲ့တယ် (အညစ်အကြေး) အင် အင်း
Good poem! I can feel it. Keep it up.
Post a Comment