Saturday, July 11, 2009

အရက်သမား အမှားအခါခါ-၂ (သို့) King တို့၏မာယာ

     ကျွန်တော်တို့ PTU တက်တုန်းက အားလုံးပျော်တဲ့ နေရာလေးတခုရှိတယ် ။ ဘယ်သူပဲ ဖြစ်ဖြစ် အတန်းချိန်ပြီးတာနဲ့ လွယ်အိတ်ပစ်ပြီး အဲဒီနေရာမှာ လာစုကြတာ၊ အားရင်လည်းလာတယ်၊ မိုးရွာလို့ ( ထီးအလုံလောက်ပါတာတောင် အကြောင်းပြချက်ပေးပြီး ) အတန်း မတက် လာစုတာလဲ ထိုနေရာဖြစ်သလို ၊ BE / ရှောက်ပေါင်း / London gathering လုပ်ရင်ပဲဖြစ်ဖြစ်၊ Network Ibanking တွေချိတ်ပြီး သခ်ျာတွက်ချက် ကစားကြတာလဲ ဒီနေရာပေါ့ (တချို့ဆို ပိုက်ဆံလေး သူ့အရှေ့မှာ ချထားပေးတာမမြင်ပဲ လိုက်လိုက် တောင်းသေး) ၊ ထိုနေရာရဲ့ ထူးခြားချက်က SBS Brand စတင်တဲ့နေရာဖြစ်သလို ၊ ဂစ်တာ ၊ Cassette နဲ့ ပန်ကာ တလုံးလည်း ရှိတဲ့ တခုတည်းသော facilities များစုံလင်သော ............... တို့ရဲ့အခန်းပေါ့ ။

     ထိုအခန်းက ပုဂ္ဂုလ်ကလည်း ထိုစဉ်က Archi family ထောင်မယ်လို့ တခါတရံ ကျွေးကြော်တတ်သေးတယ် ။ သူ့မှာ ဂစ်တာနဲ့ Archi ကိုသာစိတ်ဝင် တစားလုပ်တတ်တဲ့သူမျိုး (ခုတော့ နောက်တခုပါ တိုးလာတယ်) ၊ ၃-တန်းစတက် ကတည်းကနေ နေ့စဉ် project ကြီးတွေ ဆွဲဆွဲနေတာ ၊ (တရက် ဘာဘူကြီးက အဲဒီ project ကြီးယူလာပြလို့ကြည့်လိုက်တာ ... အားပါးပါး နည်းနည်းနောနော project လားပဲ စက်ဝိုင်းကြီးတွေမှ ၀ိုင်းနေအောင်ဆွဲထားတာဗျာ၊ ထောင့်မှန်စတုဂံတောင်ပါသေး) ၊ အဲလိုမျိုးကြိုးစားတော့ ကျွန်တော်တို့ကလည်း တညီတညွတ်တည်း Archi Roll 1 ကတော့ မောင်မောင်း ကလွဲရင် ဘယ်သူမှ မဖြစ်နိုင်တော့ဘူးဆိုပြီး ထင်ကြေးပေးကြတာပေါ့ ၊ မောင်မောင်းကလည်း သူ မဖြစ်နိုင်ကြောင်း အများနဲ့ယှဉ်ရမို့လို့ Roll 1 ရဖို့မလွယ်ကြောင်း ၊ (Archi မှာ ထိုစဉ်က စုစုပေါင်း လူ၅ယောက်ရှိပါတယ် ၊ စကားချပ်) ........... အဲဒီလိုနဲ့ ငြင်းနေလိုက်တာ နောက်ဆုံး လက်ဝါးချင်းရိုက် ဈေးတည့်သွားတာက Roll-1 မရခဲ့ရင် မောင်မောင်း စားချင်တာကို ထင်ကြေးပေးကြတဲ့လူတွေ အားလုံးကျွေးမယ် ၊ Roll-1 ရရင်လည်း မောင်မောင်းကို ထိုသူတွေက ဂုဏ်ပြုမယ် (စရိတ်က သူခံ) ဆိုပြီးတော့ ...။ ( ဈေးတော့တည့်သွားပြီး ) ဒီလိုနဲ့ ၃-တန်း စာမေးပွဲတွေပြီးလို့ အိမ်ပြန်၊ အောင်စာရင်းထွက်တော့ Archi Roll 1 ကမောင်မောင်းဗျား ။။။

     ကဲ.. စောင့်နေတဲ့ တနေ့တော့ ရောက်ပြီး ၊ ပွဲတောင်းနေတဲ့ ပရိသတ်ကြီးကလည်း မနည်းပါဘူး လူစုံပဲ ၊ ထိုလူစုံတွေအထဲ ဟိုဘက်ရွာ-လက်ခုပ်ပင် မှာပြီး ဂုဏ်သတင်းကြီးတဲ့မောင်ကင်းလည်း ပါလာတာပေါ့၊ (Kingရေ ဖွပြီးနော် :P) ၊ အတန်းချိန်လွှတ်တော့ Express ကြီးစီးပြီး ၊ ပြည်မြို့အလယ် ဗိုလ်ချုပ်ကြေးရုပ်မှာဆင်း ၊ ရွေးတဲ့ဆိုင်က တကယ်ဖြုံမယ့် "ဒဂုံ" Beer ဆိုင်ဖြစ်ပါတယ်၊ ဆိုင်ထဲရောက်တော့ ၀ိုင်းတွေဆက်၊ ခုံတွေဆွဲ၊ လွယ်အိတ်တွေစုံပုံနဲ့ တက်ညီလက်ညီလုပ်အားပေးလိုက်တာ ၅ မိနစ်အတွင်း သောက်ရန်အသင့် ဖြစ်သွားကြတယ်၊ ဒီလိုနဲ့ အမြည်းတွေလည်းမှာ စုံစုံလင်လင်ပေါ့၊ (Roll-1 ကိုဂုဏ်ပြုတဲ့ပွဲက အမြည်းမစုံ မပြည့်စုံရင် ဘယ်တင့်တယ်ပါ့မလဲ .. မဟုတ်ဘူးလား)၊ ဘီယာတွေဆို ၁ခွက်ပြီး၁ခွက် ၊ ၁ဂျားပြီး၁ဂျား ဂုဏ်ပြုကြတာမှ သောက်သောက်လဲပဲ၊ ဒီလိုနဲ့ အရှိန်လေးလည်းရ စကားလေးလဲပြောရင်း ညိမ့်ညိမ့်လေးစီးမြောလာကြာတာ ဘီယာတန်ခိုးလေးပြလာပါတော့တယ် ၊ (ဘီယာဆိုတဲ့သဘောက သောက်ပြီးရင် ပေါက်ရင်ပေါက် ၊ မပေါက်ရင်မှောက်ဆိုတော့) တစ်ယောက်ပြီးတစ်ယောက် ထထပေါက်ကြတာပေါ့ ၊ အဲဒီလိုနဲ့ King အလှည့်ရောက်လာပါကော ...... ၊ king လည်းအများနည်းတူ သွားပေါက်တာပေါ့ ၊ အားလုံးကလည်း ကိုယ့်အရှိန်လေးနဲ့ကိုယ်ဆိုတော့ အဖော်မလိုက်သွားကြဘူး ၊ ခနနေ ....

     ဘိုင်း ဆိုတဲ့အသံကြားလို့ လှည့်ကြည့်လိုက်တော့ အားလားလား ... King ကပက်လက်ကြီး (လိပ်တွေလိုတော့ ယက်ကန်ယက်ကန် မဟုတ်ဘူး) ငြိမ်နေတာမှ လှုပ်ကိုမလှုပ်တော့တာ ၊ သူကျတဲ့ နေရာကလည်း သံပန်တံလင်း၊ အနှိမ့်မြင့်ကလည်းမညီ ( မညီဘူးဆိုတာက ခေါင်းကအမြင့်ပိုင်းမှာ ၊ ဥပမာ မွေ့ရာ၊ခေါင်းအုံးနဲ့ အိပ်သလိုမျိုး ကွက်တိပဲ ) ၊ ဘယ်အချိန်ပြန်ထမလဲလို့ ကြည့်နေကြတာ ၁မိနစ်၊ ၂မိနစ်၊ ၃မိနစ် လောက်ကြာလည်းပြန်မထတော့ အားလုံးစိတ်ပူပြီး ၊ အပြေးတပိုင်း သွားထူကြတာ (အဲဒီမှာလည်း အားလုံးကတက်ညီလက်ညီပဲ ၊ ထူတဲ့သူကသွားထူ၊ ကားသွားတားတဲ့သူက အပြင်ထွက်ပြီးကားရှာမယ်လုပ်၊ အထုပ်ဝယ်တဲ့သူက ပြေးဝယ်နေပြီး - ပတ်တီးထုပ်ကိုပြောပါတယ်) ၊ King အနားလဲရောက် သွားထူတဲ့သူတွေ မြင်လိုက်တဲ့မြင်ကွင်းကတော့ဗျာ ၊ King အရှေ့တည့်တည့်ကြီး မှာ အမကြီး ၂ ယောက် ၊ ထမီရင်ရှားနဲ့ ဟိုဒင်း၊ဟိုဒင်း ....... ရေချိုးနေတဲ့ မြင်ကွင်းပါပဲ ၊ King ကလည်း ခန့်ခန့်ကြီးနဲ့ စန့်စန့်ကြီး ကြည့်နေတာလား ၊ ဘာလားဆိုတာတော့ ... ကာယကံရင် King မှတပါး ကျွန်တော်တို့လည်း မပြောတတ်တော့ကြောင်းပါ ၊ တခုတော့ရှိတယ် အပြန်မှာ King က သူတကယ်ကို မူးသွားတာပါလို့ အတင်းဝန်ခံသွားပါတယ်ခင်ဗျား .....၊

ဤသို့ဖြင့် အရက်သမား အမှားအခါခါလား ၊ King တို့၏ မာယာလား ၊ ဆိုတဲ့အတွေးက ကျွန်တော်တို့ ကျောင်းသားဘ၀ရဲ့ အမှတ်တယနေ့စွဲများ အဖြင့်ထင်ကျန်နေရင်း .....၊

လေးစားစွာဖြင့် မောင်မျိုးမင်း

6 comments:

Hein Z L (Red Devil) said...

I have heard about Archi family before.. I have also heard one story.. the housewife going to be chose finally long pant from DSMA..So no choice!!!forgive me if I reveal the secret

Hein Z L (Red Devil) said...

HE HE HE

Hein Z L (Red Devil) said...

ကင်းတော့ကံကြီးထိုက်မယ်...Beer ကို ခုတုံးလုပ်သွားတယ်...

MMO said...

King တစ်ယောက် စင်ကာပူမှာ ရှိသေးရဲ့လား ၊ ဘာအသံမှ မကြားရဘူး ။ ......

ထွန်းနောင်မြင့် said...

ငါဒီနေ့အသံကြားတယ်ကွ

Myo Min Oo said...

ဘာအသံတုန်း ၊ နည်းနည်း share အုံးလေ