မနက်ပိုင်းနဲ့ညဉ့်နက်ပိုင်းလေးတစ်ချက်သာအေး၍ နေမြင့်လာသည်နဲ့အမျှ ပူလာတတ်သော ရန်ကုန်ဆောင်းရဲ့ထုံးစံအတိုင်း ယခုလည်း မနက် ၉ နာရီ ဝန်းကျင်လောက်ကတည်းက နေမင်းကြီးသည် ငိုက်မြည်းနေသော အိပ်ဖန်စောင့် ဆီးနှင်းမြူများကို အနားယူခွင့်ပေးလိုက်ပါတယ်။
ကျွန်တော်လည်း မဂ္ဂဇင်းတစ်အုပ်နဲ့ ညကအတော်ညဉ့်နက်သွားသဖြင့် လူးလဲထကာ အလုပ်သို့ ကမန်းကတန်း ထွက်လာခဲ့ရပါတယ်။ အလုပ်ရောက်တော့ ကိုခင်ဝင်းရဲ့စားပွဲမှာ လူတွေဝိုင်းပြုံနေတာနဲ့ ကျွန်တော်လည်း အများနည်းတူ စူးစမ်းကြည့်ရာ ဖိနပ်တစ်ရံကို ဝိုင်းကြည့်နေတာ ထူးဆန်းစွာတွေ့ရပါတယ်။ ကိုခင်ဝင်းမှလည်း ဤဖိနပ်မှာ စင်ကာပူမှ သူ့ညီပို့ပေးတာဖြစ်ကြောင်း၊ စင်ကာပူဒေါ်လာ ၁၅၀ ခန့်တန်ဖိုးရှိကြောင်း၊ မြန်မာငွေနဲ့ဆို ၁ သိန်းကျော်တန်ကြောင်း မစားရဝခမန်း ကြွားလုံးထုတ်နေပါတယ်။ ဖိနပ်ကလေးမှာလည်း နာမည်ကျော် PUMA တံဆိပ်မို့ ကိုခင်ဝင်းကြွားလည်းကြွားချင်စရာပေ။ လူတွေကလည်း တစ်ယောက်တစ်ပေါက်နဲ့ ဖိနပ်ချီးမွမ်းခန်းဖွင့်ကြ၊ ကိုခင်ဝင်းကပြုံးဖြီးဖြီးနဲ့နားထောင်၊ သူ့အရပ်နဲ့သူ့ဇာတ် ဟုတ်နေပါတယ်။ အတန်ကြာမှ တစ်ယောက်က " ဟေ့ သူဌေးလာပြီ " ဟု တပ်လှန့်လိုက်မှ အားလုံးမီးကိုရေနဲ့ငြိမ်းလိုက်သလို ငြိမ်သွားပါတော့တယ်။
ဆက်ရန်။
Red Devil
1 comment:
မဆက်တော့ဘူးနော် နောက်တာ ဟဲဟဲ
Post a Comment