Thursday, July 23, 2009

ရင်ခုန်သံ Snap Shot - ၂

      မိုးကသည်း ၊ အိမ်ကြီးထဲ ၊ မှောင်မှောင်မည်းမည်း ၊ သူရယ်ကိုယ်ရယ် ၂ယောက်ထဲ (ရာသီဥတုကလည်း ကိုယ့်ဘက်မှာဆိုတော့) ဒီအတိုင်း မိုးအတိတ်ကိုစောင့်ပြီး ပြန်ခဲ့ရတာပေါ့၊ အပြန် စက်ဘီးစီးရတာ အင်ဂျင်တပ်ထားသလို ပေါ့ပေါ့ပါးပါး လွင့်လွင့်မြောမြောနဲ့ ကိုယ့်အဆောင် ဘယ်ပုံစံနဲ့ရောက်သွားမှန်း မသိလိုက်သလိုပဲ၊ ပြန်ဖို့သိမ်းစရာရှိတာတွေ သိမ်းဆည်း၊ရေမိုးချိုး (ရွိုင်း) ပြီးသကာလ စက်ဘီးထုတ်ပြီး သူ့ဆီသွားဖို့အဆင့်သင့် (ညကျ တခုခုလိုက်ကျွေးမယ်လို့ ပြောထားတာကိုး) ။ ဒီလိုနဲ့ စက်ဘီးလေးစီးပြီး သူ့အိမ်ရှေ့အရောက် အသံပြုလိုက်တော့ သူ့ mother ကြီးထွက်လာပြီး "အထဲဝင်ထိုင်ပါအုံးတဲ့" ၊ ကိုယ်လည်း "ဟုတ်ကဲ့ Anty ပေါ့" ၊ အိမ်ထဲရောက်တော့လည်း တအောင့်လောက်ကြာတဲ့အထိ သူ့အရိပ်ရောင်လည်း မတွေ့ရသလို Aunty / Uncle တို့ကလည်း သူ့စကားဝိုင်းနဲ့သူတို့ အခြေတင် ဆွေးနွေးနေကြတယ် ၊ ကျွန်တော်လည်း နားစွန်နားဖျားကြားလိုက်ရာတာတော့ "ခိုးရာလိုက်သွားတယ်တဲ့"

      "ဟိုက် ... ဗုဒေါ ... ဘယ်လို ... ဘယ်သူက... ဘယ်သူနဲ့ ... ဘယ်လို ... လိုက်ပြေးသွားတာလဲ... " ၊ သူ့မကလည်း ခုထိပေါ်မလာ ၊ ဧကန္တတော့ ........ (အင်း ... သူမကလည်း ဗိုင်းကောင်းကျောက်ဖိလေးပါ-ဒီလိုမျိုးတော့လည်း မလုပ်တန်ရဲ့)၊ သူအိမ်ကလည်း သူတို့ဟာနဲ့သူတို့ရှုပ်နေတော့ ဘယ်သူမှကိုယ့်ကို အရေးတယူ မဧည့်ခံ ၊ ကိုယ့်မှာလဲ သူတို့ရှေ့မှာ ထိုင်ရမလိုလို၊ ထရမလိုလို၊ ပြန်ရင်ပဲကောင်းမလား ဒါမှမဟုတ် ၀င်မေးရင်လည်းမကောင်း .......၎င်းပေါင်း၊ သောင်းခြောက်ထောင်နဲ့ (အော် ... ငါ့အဖြစ်က သေမယ့်အပတ်မှ စစ်ထဲဝင်မိသလိုမျိုးပါတကား) ယူးကျုံးမရ ဖြစ်ရတာကိုပြောပါတယ် အဲဒီတုန်းက ။ တအောင့်လောက်ကြာတော့ အိမ်ရှေ့မှာ "ကလင်...ကလင်" နဲ့စက်ဘီး parking ထိုးသံကြားတော့ ကျွန်တော့်အတွေးတွေ ပြတ်သွားတယ်၊ ကြည့်လိုက်မိတော့ သူမလေ ၊ "ခိုးရာလိုက်တာ သူမဟုတ်မှန်း သေချာသွားပြီး၊ အဘယ့်ဆိုတော့ ခိုးရာလိုက်တဲ့သူက အိမ်ပြန်လာပြီး အ၀တ်လာယူမှာ မဟုတ်တော့ဘူးကိုး" ၊ ဒီလိုနဲ့ သူလည်း အိမ်ထဲဝင်လားပြီး သူအမေကိုတခုခုသွားပြောပြီးတော့မှ "ဟိတ် ... သွားကြမယ်တဲ့" ၊ ကိုယ်လည်း အခုမှပဲ နေသာထိုင်သာရှိသွားတော့တယ် ၊ ဒီလိုနဲ့ ပြည်မြို့အထွက်ဆီသို့ ၂ ယောက်သား ထွက်လာဖြစ်တယ်၊ (တခုပြောရအုံးမယ်၊ ပြည်မြို့အထွက်မှာ ရှုခင်းသာလိုမျိုး ညနေပိုင်း နေအ၀င်ကို ခံစားလို့ရအောင် ကမ်းစပ်နားမှာ Deck အရှည်ကြီးထိုးပေးထားတယ် ၊ ညနေပိုင်းတွေဆို လူအတော်စည်ကြတယ် ၊ မြို့ပေါ်မှာနေတဲ့ သူတချို့တော့ သိကြမှာပါ)၊ အဲဒီဘက်ကို ထွက်လာရင်း နေ၀င်ချိန်တော့ မမှီတော့ဘူး ၊ သူ့အိမ်မှာ အတော်ကြာသွားလို့ မိုးကချုပ် လေတော့ ထိုအနီး သစ်သီးဖျော်ရည်ဆိုင် ကောင်းကောင်းလေးတဆိုင်ဆီပဲ ရောက်သွားတော့တယ်၊

      ထုံးစံအတိုင်းပဲ ဘာသောက်မလဲ၊ ဘာစားမလဲ.... အစရှိသည်ဖြင့် မှာရင်း အတွေးမြင် ဖလှယ်ကြ နေ့ခင်းကစကားဆက်ကြရင်း၊ အစောကခိုးရာလိုက်တာက ဘယ်သူလဲလို့ မေးတော့ သူ့အကို တ၀မ်းကွဲပါတဲ့ ၊ ငါကအကြောင်းသွားကြားပေးတာ၊ ဆိုတော့မှာ ခုလုခုလုဖြစ်နေတဲ့ ကိစ္စကြီး ပြေလည်သွားတော့တယ်၊ ဒီလိုနဲ့ စကားတထောက်မှာ "နင့်ကို propose လုပ်ထားတဲ့သူတွေ မရှိဘူးလားပေါ့" ဆိုတော့ ၊ ရှိတယ် နင်တို့ PTU ကတဲ့ (ဟ ၊ PTU ငါ့ကောင်တွေအတော်လေး သွက်ပါလားလို့တောင် တွေးမိသေးတယ်)၊ နောက်တော့မှ သူတို့ပြည်က stage အတူတူတက်တဲ့ သူငယ်ချင်းတွေပါတဲ့၊ "အင်း ... ဒီတော့ နင်က" ဆိုပြီး စကားခင်းပေးလိုက်တော့ "ဒါတွေ မစဉ်းစားသေးပါဘူး၊ အေးဆေးပဲနေမယ်တဲ့"၊ ဒါကြောင့်ပြောတာ နင်က ဗိုင်းကောင်းကျောက်ဖိ ပါတယ်လို့ ၊ နည်းနည်း မြှောက်ပေးလိုက်သေးတယ်၊ ဟဲ...... ၊ အပြန်မှာတော့ အေးအေးဆေးဆေး စက်ဘီးလေးနင်း၊ စကားလေးပြောရင်းပေါ့ ၊ ဗိုလ်ချုပ်ကြေးရုပ် အ၀ိုင်းလဲရောက်ရော ရုတ်တရက် ငှက်ဆိုးထိုးသံလိုလို ၊ အသံတစ်သံက Pyay Star အပေါ်ကနေ "ဟေ့ MMO" တဲ့ ၊ မော့ကြည့်လိုက်တော့ ဘီယာခွက်ကြီးကိုင်ထားတဲ့ ကြွေပြားကုန်သည်ရဲ့ ချစ်မြေးလေးပေါ့ ၊ဒီကောင်ကြီးက ကျွန်တော့်ကို တင်းနေတာ သူ့ကိုအစားမကျွေးခဲ့လို့ .... ဟီးနောက်တာနော်၊ ညကို နှောကုန်းမှာသွားအိပ်မယ်ဆိုပြီး ကျွန်တော့်ကို လိုက်ရှာနေတာ၊ ဒီလိုနဲ့ကျွန်တော်လည်း သူ့ကိုအိမ် အထိလိုက်ပို့ပေးတယ်၊ အပြန်မှာ သူ့တို့ဘက်အခြမ်းက မီးပြတ်တော့ မှောင်မှောင်မဲမဲနဲ့ လမ်းမှာ ဘာမှမမြင်ရဘူး ၊ သူကတော့ ဟုတ်နေတာပဲ အရှေ့က ဟိုကွေ့ဒီရှောင်နဲ့ ၊ ကိုယ်ကတော့ အနောက်ကနေ တဂျိုင့်ဂျိုင့်နဲ့ တဂျိုင့်မှကို မလွတ်ဘူးတော့ ထင်တာပဲ (စက်ဘီးကနေ မြင်းဖြစ်သွားတော့တယ်) ၊ဲဒါရင်ခုန်သံ - Snap shop ရဲ့အဆုံးပိုင်းပေါ့ ။

      နောက်တော့ ရန်ကုန်မှာ ပြန်ဆုံတယ် ၊ MC ကသူငယ်ချင်းတွေဆီ သွားလည်ရင် သူ့ဆီလည်း အမြဲလိုလိုရောက်ဖြစ်သလို (တခါတလေများ အမွာအကြောင်းလေးလဲ မေးရင်းပေါ့ - စကားချပ်။ ။ အမွာအကြောင်းက သူငယ်ချင်းတစ်ယောက်အတွက် ကြုံရင်မေးရချင်းဖြစ်ပါတယ် (စုံစမ်းခြင်း ခွင့်မပြုပါ) ၊ သူလည်းမော်လမြိုင်တခေါက် လာလည်တော့ ၊ မော်လမြိုင်မှာတခါ ဆုံကြသေးတာပေါ့ ၊ မထင်မှတ်တဲ့ အဖြစ်ပျက်တခုကနေ သူတို့သူငယ်ချင်းတွေနဲ့ အဆက်သွယ်ပြတ်သွားတာ ခုထိပဲဆိုပါတော့ ၊ သူက ပြည် ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ကျနေပါသတဲ့ ၊ .........................
"ရင်ခုန်သံဆိုတာ မထင်မှတ်တဲ့ နေရာ၊ မထင်မှတ်တဲ့ အချိန်မှာ တခဏလေး ဖြစ်ပေါ်လာတတ်ပေမယ့် ၊ ရင်ခုန်သံတိုင်းဟာလည်း အချစ်မဟုတ်ပါဘူး ။"

1 comment:

Mg Maung said...

very good composing......Sat Loet!!!!