Friday, July 31, 2009

ကြေးအိုး ရာဇ၀င်

      နေကလည်း ချစ်ချစ်တောက်ပူ၏၊ ထိုနေနှင့် လိုက်ဖက်စွာပင် လမ်းများမှာလည်း တံလျှပ်များ .... ပြိုးပြိုးပြက်ပြက်နဲ့ နွေအပူကို အံတုနေသလို၊ ထိုသို့ ပူပြင်းလှသော အချိန်တွင်ကား ခွေးတကောင်၊ ကြောင်တမြီးမှ အပြင်သို့မထွက်ချင်ကြ၊ ဤသို့ဖြင့် ထိုနေရာ ထိုရွာလေးမှာ တိတ်ဆိတ်မှု၏ လွှမ်းခြုံခြင်း ခံထားရသရောင် ၊ အမှန်တွင်ကား ..................... အားလုံးမျက်နှာမကောင်းကြ ၊ အကြောင်းမှာ တရွာလုံးတွင် အားကိုးလေးစားမှု အပေါင်းခံယူထိုက်သော ဘကြီးတော် မှာကိုယ်လက်မသာမယာဖြစ်ကာ အဖျားသွေးတိုး နေသောကြောင့် ပေတည်း၊ သက်ဆိုင်ရာဝန်မင်းများမှာလည်း တဆောင်ဝင်၊ တဆောင်ထွက်ဖြင့် အလုပ်များနေကြသည်၊ ၀န်မင်းများအားလုံးက တညီတညွတ်တည်း ဘကြီးတော်ကို အနောက်တိုင်း ဆေးပညာနှင့် ကုသမှု ခံယူစေချင်ကြသော်လည်း ဘကြီးတော်မှာ ခေါင်းမာလှစွာဖြင့် ငြင်းဆံပြီးနေလေ၏ ၊ ၇ွာမှအားကိုးရသော သမားတော်မှာလည်း ဘကြီးတော်အား အမြန်ကုသနိုင်စွမ်း မရှိ ၊

      ဤသို့အခြေနေတွင် ဘကြီးတော် ဆန္ဒကိုဖြည့်ဆည်းပေးရုံမှတပါး အခြားမရှိတော့ပေ၊
ဘကြီးတော်မှာကား ချဉ်ခြင်းဖြစ်သည့်အလျှောက် တိုင်းတပါးတရုတ်ပြည်မှ နာမည်ကြီးဆေးမြစ်များ၊ သစ်ရွက်သစ်ဖုများဖြင့် စီမံချက်ပြုတ်၍ ကြေးအိုးဖြင့်သာ သောက်သုံးရသော စွတ်ပြုတ်ကိုသာ တမ်းတနေလေ၏၊ ဤသို့ဖြင့် ၀န်မင်းများ ခေါင်းခြင်းရိုက် တိုင်ပင်ကြပြီးသကာလ နောက်ဆုံးတွင်တော့ ၂ဘီးတပ် စီးတော်ယဉ်ကို ကျွမ်းကျင်စွာ မောင်းနှင်တတ်သော အတွင်းဝန်ကလေး (သူက အကောင်နည်းနည်းသေးတော့ ၀န်ကြီးရာထူးမရပါ ) နှင့် စားတော်ကဲဝန်ကြီး မောင်မောင်းတို့ ၂ ယောက်အား ဝေးလံခေါင်ဖျားလှသော မြို့ဆီသို့ ကြေးအိုးအ၀ယ်တော် လွှတ်လိုက်လေတော့၏ ၊ ၀န်မင်း ၂ ဦးမှာလည်း အမိန့်တော်ကို ဦးဆွေးဆံမြေ့ သယ်ပိုးမည်ဟု သစ္စာပြုကာ မြို့သို့အသော့နှင့်လေပါတော့တယ် ( ဦးဆွေးဆံမြေ့လွန်းလို့ ၎င်းဝန်ကြီးတဦးမှာ ဆံပင်များပင်ပြောင်နေကြောင်း .. စကားချပ်)

ဆက်ရန် ။ ။ ......

No comments: