Thursday, July 9, 2009

Sakura က Buffet





      ဒီတလကတော့ Sakura Buffet (Clementi ) မှာသွားကြိတ်ကြတယ် ၊ ဆိုင်ရဲ့ ရှုခင်းနဲ့နေရာကမဆိုးဘူး ၊ Sakura ဆိုတော့ sushi ကို အဓိကစားချင်သူတွေ အတွက်တော့ လုံးဝ ကွက်တိပဲ ၊ ဒုတိယ အထပ်မှာက sushi နဲ့ ပထမအထပ်မှာက ပုံမှန် buffet အတိုင်း ၊ စာတေးကင် ၊ ဟင်းချို နဲ့ အခြား European food တွေ အစုံရတယ် ၊ အကြိုက်ဆုံးကတော့ စော်လမွန်ငါးပဲ ၊ နောက်ပြီး sushi အတွက် seafood တွေကို အညှီလုံးဝမရှိအောင် လုပ်ထားတာကိုတွေ့ရတယ် ၊ Crab တွေအပြင် ၊ ရေဘ၀ဲသေးသေးလေးတွေလည်း ရတော့ အတော်လေးစုံတယ်လို့ ပြောရမယ် ၊ အဲဒီနေရာမှာ လူအတိုးဆုံးပဲ ၊ အအေးအစုံ ကြိုက်သလောက်သောက် ၊ ( များများလည်းပေါက် ) ၊ Desert က cake နဲ့ ရေခဲမှုန့်၊ အပေါ်ထပ်ပြေးလိုက် ၊ အောက်ထပ်ဆင်းလိုက်နဲ့တော့ ဟုတ်နေတာပဲ ( ဗိုက်လည်းချောင်တယ်လေ ) ၊ စားပြီးရင် လေညှင်းခံဖို့ West coast ကို ၅ မိနစ်လောက် လျှောက်လိုက်ရင် ရောက်သွားလိမ့်မယ် ၊ ကမ်းစပ်မှာထိုင် ဟိုအငေး၊ ဒီငေး ( အတွဲ ) ၊ ဟိုချောင်း ဒီချောင်းလုပ်ပြီး ပြန်ကြတာပေါ့ ။
စကားမစပ် MMO တို့ထောနေတယ်လို့ မထင်နဲ့အုံး ၊ တရက်၁ကျပ်လေးစုပြီး ၊ ၁လမှ၁ခါတည်း သွားစားရတာပါ ၊ ဒီတပတ် ၁ ယောက်တော့ တိုးလာတယ် ၊၊ နောက်လအတွက် ဆိုင်ရွေးရင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး Evey body welcome နော် ။

MMO

2 comments:

ကျော်နှင်းဆီလွင် said...

နောက်တခါစားရင်ခေါ်ပါဗျို့
စိမ်းလမ်းစိုပြေကိုပြန်သတိရမိတယ်

MMO said...

အင်း ၊ စိန်းလန်းစိုပြည်က သိတဲ့အတိုင်းပဲ နာဂစ်ပြီးကတည်းက အရင်လိုလှတဲ့ အပင်ကြီးတွေလည်း မရှိတော့ဘူး ၊ အရင်လို မစိုပြည်တော့ပေမယ့် အဲဒီဆိုင်က ရှမ်းထမင်းချည် (ငါး) ကိုတော့ သတိအရသား ၊