Friday, July 3, 2009

ရင်ခုန်သံ Snap Shot - ၁

      လူတိုင်းကိုယ်စီမှာ မျှော်လင့်မထားတဲ့ ရင်ခုန်သံနဲ့ ဆုံခဲ့ဖူးမှာပါ၊ မျှော်လင့်မထားတဲ့ ရင်ခုန်သံ ဆိုတာက တခုခုနဲ့ တိုက်တိုက် ဆိုင်ဆိုင် ဖြစ်သွားတာမျိုး ဥပမာ .. ဈေးဝယ်ရင်း ပစ္စည်းတခုကို တပြိုင်နက် ရွေးတတ်တာမျိုးလေးတွေ ၊ အကြည့်ချင်းဆုံလို့ ဒိတ်ခနဲ့ဆိုဖြစ်သွားပြီး တံထွေးလေး မျိုချမိတာမျိုးတွေကို ပြောပါတယ် ၊ အဲဒီလို မျှော်လင့်မထားပဲ တဒ်ဂ လေးအတွင်း ဖြစ်လာတဲ့ ဒိတ်..ဒိတ်..ဒိတ် ဆိုတာကိုတော့ စာဖတ်ပရိတ်သတ်လည်း ဆုံကြဖူးမှာပါ ၊ :P

      ထိုနေ့က စားမေးပွဲနောက်ဆုံးနေ့ ၊ အဲဒီစာမေးပွဲပြီးရင် အိမ်ပြန်ရတော့မယ်လေ ၊ ၂ နှစ်တာပျော်ခဲ့တဲ့ ပြည်မြို့ကြီး၊ န၀ဒေးတံတား၊ SothernStar ၊ ပေါက်ခေါင်း၊ ပေါင်းတလည် ၊ နှောကုန်း ၊ လက်ခုပ်ပင် နဲ့ PTU ကျောင်းတော်ကြီး စသည် စသည် .... တို့ကို နှုတ်ဆက်ချိန်ပေါ့ ။ ကျွန်တော့်အတွက်တော့ ဒါ့အပြင် နုတ်ဆက်စရာရှိအချို့လည်း ကျန်သေးတယ်၊ မြောက်ဥက္ကာလာသွားရင်း ခင်ခဲ့တဲ့ ပြည်က သူငယ်ချင်းတယောက်ပေါ့ ၊ ( ရန်ကုန်က ကျွန်တော့် သူငယ်ချင်း လာတုန်းက သူအိမ်မှာ ထမင်းစားဖိတ်တော့ သွားစားထားတာ ၊ ဒါ့အပြင် အပြင်မှာလိုက်ကျွေးတော့လည်း ပါသေးတာကိုး ) မပြန်ခင် နှတ်ဆက်ရင်း တခုခုလိုက်ကျွေးမယ်ပေါ့ ... ဒါနဲ့ စာမေးပွဲပြီး အဆောင်ရောက်တာနဲ့ စက်ဘီးလေး စီးပြီးထွက်ခဲ့တယ် ၊ မိုးကလည်း ခပ်အုံ့အုံ့ဆိုတော့ စက်ဘီးစီးရတာ သက်သက်သာသာ ရှိပါ့ ၊ သူ့အိမ်ရှေ့ရောက်လို့ အသံပြုလိုက်တော့ ၀တ္တုစာအုပ်လေးကိုင်ပြီး ထွက်လာတယ်။


MMO

      ညနေတခုခုလိုက်ကျွေးမလို့ အဲဒါလာပြောတာ ဆိုတော့ သူက " အေး..အေး ..အထဲဝင်ထိုင်အုံးလေ " တဲ့ ၊ ( မှန်တာပေါ့ အထဲဝင်ပြီးတော့ မတ်တပ်ရပ်နေရင် ဘယ်သင့်တော်ပါ့မလဲ ၊ ထိုင်ရမှာပေါ့ ) ၊ ဒီလိုနဲ့ စက်ဘီးကို ခြံထဲထည့် ၊ ထိုင်ခုံမှာထိုင်ရင်း (သူက ကျွန်တော့အရှေ့တည့်တည့် ခပ်လှမ်းလှမ်းမှာထိုင်တယ် ) အလာဘ သလာဘ ပြောဖြစ်တယ် " အေးငါကတော့ ကျောင်းသားဝတ် ကျွတ်ပြီးကွ ၊ နင်ကတော့ ကျောင်းပြန်ဖွင့်ရင် final မှာအသေရုန်းရမယ် .. ဘာညာ .. ဘာညာပေါ့ ၊ အဲဒီကနေစကားစလိုက်တာ ၁၀တန်းအထိကို နောက်ပြန်ရောက်သွားတယ် ၊ လေပေးဖြောင့်တာ ၊ လေပေးဖြောင့်တာ ၊ အမှန်တကယ် သူနဲ့ ကျွန်တော်က သိပ်လည်းမရင်းနှီးဘူး ၊ ဒါပေမယ့် သူကလည်း ကျွန်တော်ပြောသမျှ ထောက်ခံ ၊ သူ့တုန်းကဆိုလဲ အဲသလိုပဲတဲ့ ( အပီပြင်ကို ထောက်ခံပေးတာ ၊ တချို့အဖြစ်ပျက်တွေကလည်း တိုက်ဆိုင်နေတာလည်းပါတယ် ) ၊ ဒါနဲ့ပဲ စောစောက အုံ့နေတယ်မိုးက လေပြင်းပြင်းနဲ့ စရွာတာပဲ ၊ ( ပြည်မိုးကသိတယ်မဟုတ်လား၊ ရွာရင်လည်း ခနပဲ .. တခါတလေတော့ အပီသည်းတာ ) ၊ ထိုနေ့ကတော့ တကယ်ရွာတဲ့မိုးပဲ ၊အဲဒါနဲ့ တံခါးထပိတ်ကြတယ်၊ သူက ဒီနေ့ငါ့အဖွား ရိပ်သာသွားတော့ အပေါ်မှာ တံခါးတွေ သွားပိတ်လိုက်အုံးမယ် အိမ်ပေါ်မှာလူမရှိလို့တဲ့ ၊ သူထသွားတယ်။ ( အော် .. ဒါဆို သူတယောက်ထဲပေါ့ ၊ အင်း ခုငါလည်း ထိုင်နေတော့ ၂ ယောက်ပေါ့ .. ၁+၁ က ၂ မဟုတ်လား ) ၊ သူလည်းတံခါးပိတ်ပြီးပြန်လာတော့ မိုးဆည်းရင် ငါလည်း ပြန်တော့မယ်ပေါ့ဆိုတဲ့ အတွေးနဲ့ ထိုင်ရင်း စကားဆက်ကြတာပေါ့ ၊ ဖြစ်ချင်တော့ မိုးကလည်း မဆည်းတဲ့ အပြင် လေကပါ အတော်ပြင်းတော့ အထဲကိုမိုးကပက်တယ်၊ နောက်ဆုံး ရှိသမျှအိမ်တံခါးကို လိုက်ပိတ်ရတဲ့အပြင် အိမ်ရှေ့တံခါးမပါ နည်းနည်းစိနေရပြီး ၊ အဲဒီမှာပဲ ...

      တံခါးအကုန်လုံးပိတ်တော့ မှောင်လို့ဖွင့်ထားပါတယ် ဆိုတဲ့မီးက ရုတ်တရက် ဖြတ်ခနဲ့ ပိတ်ကရော ၊ " ဟိုက်သွားပြီး " ဘာမှမမြင်ရတော့ဘူး ၊ မိုးကအေးပေမယ့် အဲဒီ တဒ်ဂ လေးမှာ တကိုယ်လုံးနွေးသွားတယ် ၊ သူ့ဆီကလည်း ဘာစကားသံမှ ထွက်မလာတော့ဘူး ၊ သံစဉ်တွေ ပျောက်သွားတယ်၊ သေချာတာကတော့ ဒိတ်ဒိတ်..ဒိတ်ဒိတ် ပဲ၊ ရှိတာလည်း ၂ယောက်ထဲ ( မိန်းကလေးတယောက် ယောက်ျားလေးတယောက် ၊ မိုးကသည်း ၊ မီးကပျက် ၊ အိမ်ကြီးထဲ ) ၊ ...... အမှောင်ထဲက သူ့ကိုကြည့်လိုက်မိတယ် ၊ တကယ်လှတဲ့ မိန်းခလေးတယောက် ၊ သူ့ရဲ့ရိုးသားပွင့်လင်းတဲ့ စရိုက်က ကျွန်တော့် စိတ်ကို လွမ်းထားတယ် ၊ ဒါပေမယ့် အဲဒီလို မျှော်လင့်မထားပဲ ရောက်လာတဲ့ ရင်ခုန်သံက ဟိုးတချိန် ၅ နှစ်လောက်မှာ ကျန်ခဲ့ပြီးလေ ။ သူနဲ့ ရန်ကုန်မှာ ပြန်ဆုံဖြစ်သေးပါတယ် ။ နောက်မှသိရတာ တခုက ကျွန်တော်နဲ့ အတွေးခေါ်၊အယူဆ အတော်များများတူနေတဲ့ သူက ကျွန်တော်နဲ့ ၁နှစ်၊ ၁လ၊ ၁ရက်၊ ထဲ မွေးရက်တူ လူ ၂ ယောက်ဖြစ်နေတယ်ဆိုတာကိုပဲ .........

7 comments:

Hein Z L (Red Devil) said...

မိန်းကလေးတစ်ယောက်၊ ယောကျာင်္းလေးတစ်ယောက်၊ မိုးကသည်း၊ အိမ်ကမည်း၊........ဟွင်းဟွင်းဟွင်း ငါသိတယ်နော် MMO...ငါသိတယ်....

MMO said...

အပိုင်း ၂ က၊ ညပိုင်း တခုခု လိုက်ကျွေးမယ်လို့ သွားဖိတ်တာလေ ၊ ဆက်ရေးရင်ကောင်းမလား ပဲ ... ဖွမှာလဲ ခပ်ကြောက်ကြောက်ရယ် ....

Hein Z L (Red Devil) said...

ဘာအခုမှကြောက်ပါပြီလဲ...ကောင်မလေးကိုလွှတ်လိုက်!!!...ဟွင်းဟွင်းဟွင်း.....

ထွန်းနောင်မြင့် said...

ဟေး အားလုံးကတော့ တောင်းဆိုနေပြီနော်.......ရေးလိုက်တော့ ရေးလိုက်တော့...ဟေ့

ထွန်းနောင်မြင့် said...

ကိုချောင်းချောင်း ကမြွေမြွေချင်း ခြေမြင်တယ်နော်......ဟဲဟဲဟဲ

Hein Z L (Red Devil) said...

ဪ.... ငါလည်းငယ်ရာကကြီးလာတာပဲဆိုတော့.....ပြီးတော့ကာ ပြောင်ကြီးဆီမှာလည်း ပညာတွေဆည်းပူးထားသေးတယ်လေ......

Hein Z L (Red Devil) said...

ဆက်ရေးလေ... ညပိုင်းဆိုတော့ စိတ်ဝင်စားဖို့ပိုကောင်းမယ်ထင်တယ်...