Friday, July 17, 2009

သူငယ်ချင်းများ နဲ့ ထူးခြားမှူ

သူ့ကိုသာဆရာတင်၊  ခေါင်းပေါ်ဟိုဒင်းတက်ပါသွားလည်းရသော သူငယ်ချင်း အသိန်း...မျိုးမင်းသိန်း။
 
ကျွန်တော်တို့ရဲ့ အခန်းကိုလာပြီး အမြဲတမ်းခုတင်ပေါ်မှာ မှောက်လျက်လှဲနေတတ်သော သူငယ်ချင်း ကင်အာကုတ်....ဥက္ကာ။   နောက်ပိုင်း သူ့နာမည် " ငမှောက် "  လို့တွင်သွားပါတယ်။
 
မိန်းကလေးတွေများလို နူးညံ့သော ....... ( ဟဲဟဲ  ဆင်ဆာ )  ပိုင်ဆိုင်ထားသော သူငယ်ချင်း ဘာဘူ....ခိုင်လင်းစိုး။ အိုအေစစ်လေးပေါ့။
 
သုများတွေကိုမြှောက်ပေးပြီး တကယ်လုပ်ပြီဟေ့ဆို အမြဲတမ်းနောက်ချန်နေတတ်သော မထင်ရသောပုဂ္ဂိုလ် သူငယ်ချင်း ဗိုလ်လောင်း.....ကျော်ဇေယျာဦး။  မထင်ရသောပုဂ္ဂိုလ်ဖြစ်ရခြင်းအကြောင်းက သူက အားလုံးထဲမှာ အသက်အငယ်ဆုံးလောက်ဖြစ်ပြီး အထွားဆုံးဖြစ်နေလို့ပါ။  သူ့ကိုအဲဒီလိုခေါ်ရင်လည်း စိတ်ဆိုးပါတယ်။  ဘာဘူဆို  " ခွစီးလိုက်ရရင် အနှစ်ပဲ " ဟု ပြောတတ်ပါတယ်။
 
လာပြီဆိုရင် ကျွန်တော်တို့အခန်းရဲ့ တစ်ထည်တည်းသော ဂွမ်းစောင်ကို ကျကျနနခေါက်၊ ဖင်ခုထိုင်တတ်သော အဆင့်မြင့်ဖင်ပိုင်ရှင် သူငယ်ချင်း mmo......မျိုးမင်းဦး။
 
အခန်းကိုလာလည်ရင် ကက်ဆက်ကိုဖွင့်၊ ပြီးရင် အပြင်ပြန်ထွက်သွားတတ်သော EC မှ သူငယ်ချင်းနှစ်ယောက် ဇီးကွက် နဲ့ ဘိုဖြူ.....အောင်မင်းနိုင် နဲ့ မျိုးသက်နိုင်။  ကြုံရာသီချင်းဖွင့်တာတောင် မဟုတ်ပါ။  အသေအချာရှေ့ရစ်လိုက်၊ နောက်ရစ်လိုက် နဲ့ ပြီးရင် ဘယ်တော့မှ နားမထောင်ပဲ ပြန်ထွက်သွားကြပါတယ်။
 
အချစ်အတွက်ဆို ပြည်မှရန်ကုန်သွားပြီး J'Donuts သွားဝယ်ရဝယ်ရ၊ စားမေးပွဲဖြေခါနီး ညနက်သန်းခေါင် ရွာမှမြို့တက်ပြီး မုန့်ဟင်းခါးသွားဝယ်ရဝယ်ရ ဆိုသော သူငယ်ချင်း ကလေး....ဇော်ဝင်းနိုင်။
 
သူများတွေလို ကာရာအိုကေကို ဆိုင်တွင်မဆိုပဲ ညအိပ်ရာဝင်မှ ကိုယ့်အခန်းတွင်ကိုယ်ဆိုသော သူငယ်ချင်း ကာရာငုတ်တုတ်....မျိုးညွန့်ဟန်။   တစ်ခုခုဆို ငုတ်တုတ်မေ့နေတယ်၊ ငုတ်တုတ်ပဲ  ဟု အမြဲပြောတတ်ပါတယ်။
 
သူ့ရဲ့မျက်လုံးတွေက တွေ့လိုက်ရင် အမြဲရီဝေဝေနဲ့ ဆိုပြီး ကောင်မလေးတွေအပြောများသော သူငယ်ချင်း ငမူး.....နေလင်း။   အမှန်က အမြဲမူးနေတာဖြစ်ပါတယ်။
 
လက်ချောင်းကလေးတွေသေးသလောက် နဖူးပြောင်သော သူငယ်ချင်း ပြောင်ကြီး.....ထွန်းနောင်မြင့်။   ကျောင်းတုန်းက ရွာကရေတွင်းနားမှာ သူ နဲ့ ငုတ်တုတ်ကြားမှာ Agreement တစ်ခုရှိခဲ့တယ်လို့ ကြားထားပါတယ်။
 
နား Feeling ခံဖို့ဆိုရင် ထမင်းမေ့ဟင်းမေ့၊ အကုန်မေ့သော သူငယ်ချင်း ဝက်.....သူရအောင်။   ကိုစောနဲ့တော့ကိုက်တယ်။   ဘော်လီဘောစကားနဲ့ပြောရရင် သူက အထောင်အနေနဲ့  " ကိုစော..ဘုရှ်ကပြောနေတယ်..အီရတ်ကို ဝင်တိုက်တော့မလို့ဆို  "   ဆိုပြီး ပင့်ပေးလိုက်တာနဲ့ ကိုစောက အာပေါင်အာရင်းသန်သန်နဲ့ အာရိုက်ပါတော့တယ်။    ရိုက်ချက်ကတော့ တော်တော်ပြင်းပါတယ်။
 
စစ်ရေးစစ်ရာတွေကို မမောတမ်းပြောတတ်သော၊ ဘုရှ် နဲ့ ပူတင်တို့ကို သူ့လက်ရင်းတပည့်တွေလောက်နီးနီး သတ်မှတ်ထားသော သူငယ်ချင်း ကိုစော....စောမင်းသိန်း။
 
လက်ဖက်ရည်ဆိုင်ထိုင်ပြီဆိုရင် သူငယ်ချင်းတွေရေနွေးငှဲ့တဲ့အခါ ရေနွေးဘူးအဆို့ (နှီးဝါးဖြင့် ရက်လုပ်ထားသော) ကို ထုတ်ငှဲ့စရာမလိုကြောင်း အမြဲပြောတတ်သော ကျွန်တော်.....Red Devil။ လုပ်ထားတဲ့သူက ကရိကထမများရအောင် တီထွင်ထားတာကို ကျွန်တော်တို့က အခုလို ထုတ်ထုတ်ငှဲ့ရင် သူ့ရဲ့တီထွင်မှုကိုစော်ကားရာရောက်တယ်လို့ ထင်မိလို့ပါ။

မျက်နှာချင်းဆိုင်အဆောင်က ကောင်မလေးတွေ ရေချိုးချိန်ဆိုရင် အော်ကြီးဟစ်ကျယ် ဘုရားရှိခိုးတတ်သော၊ မော်လမြိုင်မှပြန်လာတိုင်း လမ်းဟိုဘက်ခြမ်းက အဆောင်သူလေးဆီကို လက်ဆောင်ပစ္စည်း အပြေးအလွှားသွားပေးတတ်သော အသံသြဇာနဲ့ပြည့်စုံတဲ့ သူငယ်ချင်း ကျောင်းထိုင်......သန်းအေးစိုး။ ရွာမှာဆိုတော့ ရေချိုးတာက အိမ်ရှေ့က ကပြင်လေးမှာပါ၊ သူ့ရဲ့ဘုရားခန်းကလည်း ဝရန်တာလို နေရာမျိုးမှာပါ။ စဉ်းစားကြည့်ပေါ့။
 
Red Devil
 
 

3 comments:

MMO said...

မြို့တက်လို့ နိုင်ငံတကာ ဂျာနယ်တစ်ယောက်ဝယ်လာရှု ကိုစောကိုသာ ပေးဖတ်လိုက် ၊ တရွာလုံး ကမ္ဘာ့သတင်းတွေကို အချိန်နဲ့တပြေးညီ သိတယ်ဆိုပဲ

MMO said...

ဆရာ ချောင်း ၊ ပြန်ပြောပြဖို့ အတော်ခက်တယ် ဆိုတော့ Post ကြီးကြီးနဲ့ ရှင်းပြမှ ပိုအဆင်ပြေမယ် မဟုတ်လား ၊

Hein Z L (Red Devil) said...

ဒါပေါ့...ဒါပေါ့