Friday, July 17, 2009

ကိုစောနှင့် စင်ကာပူ အမှတ်တယများ



      ၂၀၀၈ ၊ မတ်လ ပထမပတ် ၊ စင်ကာပူ တနိုင်ငံလုံး အလုပ်ရှုပ်နေကြသည် ၊ အကြောင်းမှာ PTU မှ စစ်မှုရေးရာ ကျွမ်းကျင်သော ကိုစော တစ်ယောက် လာမည်ဟု သတင်းရ၍ ဖြစ်သည် ၊ ( လေယာဉ်ကွင်း သွားမကြိုချင်ပါက အလုပ်များနေယောင် ဆောင်ခြင်းလည်း ဖြစ်နိုင်သည် ) ၊ နောက်ဆုံးတော့ ကြိုမည့်သူများ အလုပ်များနေသဖြင့် မောင် King မှသွားရောက် ခေါ်ဆောင်ပြီး ၊ Boonlay ရှိ PTU ရိပ်သာတွင် နေရာချထားပေး၏ ၊ ဤသို့ဖြင့် ညပိုင်းတွင် သတင်းစာရှင်းလင်းပွဲဖြင့် တည်ခင်းဧည့်ခံ လေ၏ ၊ ထို press conference တွင် ၎င်းမှာ စင်ကာပူသို့ SilkAir ဖြင့်လာကြောင်း လေယာဉ်မယ်များကလည်း သူ့အပေါ်တာဝန်ကျေကြောင်း နှင့် လေယဉ်ပေါ်တွင် Chicken or Fish - ထမင်းစားမလားဟုတောင် မေးသေးကြောင်း အကျယ်တ၀င့် ရှင်းလင်းပြ၏ ၊ ကျွန်ုပ်တို့တတွေလည်း ပါးစပ်လေး အဟောင်းသာဖြင့် ကိုစောရဲ့ ရှင်းလင်းချက်များကို နားထောင်ပေးကြပါသည် ( အားနာတာလဲ ပါတာကိုး ) ။ ရှင်းလင်းပွဲအပြီး မအိပ်ခင် သူစွဲလာသော Chevas ကို ၂ ပက်လောက်ထည့်ပြီး ဂွက်ခနဲ့မော့လိုက်သည် ၊ ထို့နောက် အပေါ်အကျီလေးချွတ် ၊ ဖျာလေးခင်းပြီး အိပ်ဖို့ပြင်လေ၏ ၊ ခနကြာ ခေါင်းလေးထောင်ပြီး " ဟေ့ဝက် ၊ Aircon နည်းနည်းလျှော့လိုက် အေးတယ်တဲ့ " ၊ မောင်မောင်းနှင့် ကျွန်တော်လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ကျွန်တော်တို့ဘေးနားက မှန်တံခါးလေးကို အသာယာ စွဲပိတ်လိုက်ပါတော့တယ် ၊ အဲဒီညကပေါ့

      နောက်တနေ့ ကိုစောစတင် အလုပ်ဝင်ပါတော့တယ် ၊ ညပိုင်းအိမ်ရောက်လို့ တံခါးဝဆိုရင်ပဲ ကိုစောရဲ့ သံစဉ်ကို စတင်ကြားရမှာပါ ၊ အလုပ်ပိုင်ရှင်ကဘယ်လို ၊ HR က Miss Ann နဲ့သူနဲ့ ဆက်ဆံရေး ၊ သူ့ရဲ့ရုံး Director ဂျပန်မာစတာကြီး ၊ Site Manager Jony Ownn ( သူ့ကိုတော့ အုံးသီးလို့ ခေါ်ပါတယ် ) ၊ နောက်ပြီးသူ့ရဲ့ တပည့်လေး မူတူး ...... ဤသို့ဖြင့် ရုံး​တီကာကြီး တခုလုံး မျက်စိထဲ ကွင်းကွင်းကွက်ကွက် မြင်အောင် စရှင်းပါတော့တယ် ၊ ........ ထိုသို့ ထိုသို့ တီတီတာတာ ဝေေ၀ဆာဆာ စကားစမြည်ပြောရင်း အိပ်ယာဝင်သွားလေ၏ ၊ ထိုအခါ ကျွန်တော်တို့ တာလီစချိုးတာက ( ဒီနေ့ ၂ ) ၊ ဤသို့ဖြင့် တာလီချိုးသော ဇတ်လမ်းမှာ ၃ ၄ ၅ ဆီသို့ ဆက်တိုက်မှန်မှန်တက်သွားရာ ထိုသတင်းမှာ Hot ဖြစ်လာပါတော့တယ် ၊ ရ-ရက်မြောက်နေ့တွင်မှတော့ ထိုတာလီကျိုးတော့သည် ၊ ( ထိုနေ့က ချောင်းချောင်းတို့အိမ်တွင် အသုတ်စုံလုပ်စားသောနေ့ ၊ ကံဆိုးသော ပြောင်ကြီးသည် ကိုစောရဲ့ Neat,Tidy ,Impress and singapore ခေါင်းစဉ်နဲ့ lecture တောင်မိသွားသေးတယ် ) ၊ ဤနေ့တွင် ကိုစော တာလီမှာ zero ဖြစ်သွားပါတယ် ၊

      တနေ့ ကျွန်ုပ်လဲ ပျင်းပျင်းရိရိ ရှိတာနဲ့ ဘောက်ထော်ဘက်လမ်းလျှောက်ထွက် .. အဲ ... ၊ ပျင်းပျင်းရိရိ ရှိတာနဲ့ laptop ကို TV အရှေ့ယူပြီး ၊ TV ကြည့်လိုက်၊ အလုပ်လျှောက်လိုက်နဲ့ အလုပ်ရှုပ်နေလေ၏ ၊ ကိုစောလဲ သူ့တိုင်ပင်နဲ့သူ ကျန်တဲ့သူတွေနဲ့စကားပြောရင်း ခါးအညောင်း၊ ခါးချိုးဖို့ မျက်နှာကဒီဘက်အလှည့် ... ကျွန်တော့်ကိုကြည့်ပြီး ၊ " မင်းကလည်း ကွန်ပျူတာကို အင်တာနက်သုံးနေသလား အောက်မေ့ရတယ် အသည်းအသန်ပဲတဲ့ " ၊ အင် ... ကိုလည်း ဘာပြန်ပြောရမှန်း မသိဖြစ်သွားတယ် ၊ ( အားလုံးက ပြုံးစိစိနဲ့ - ဟုတ်တော့လည်း ဟုတ်သားပဲ ၊ ရန်ကုန်မှာ wireless မှမရှိသေးတာကိုး ) ၊ တရက် ရန်ကုန်ကပါလာသော Dollar တွေသွားလဲတာ ပုံစာမတူတဲ့ ပိုက်ဆံပါလာလို့ အသေချာကြည့်တော့မှ ဘရူနိုင်း ပိုက်ဆံပါ လဲခဲ့တာ သိလိုက်ရတယ် ၊

ဤသို့ City Hall ကိုနေ့တိုင်းသွားတတ်သော ကိုစော တစ်ယောက် ..... ခုတော့ City Hall နဲ့ဝေးရာမှာ အခြေကျနေပြီး ဖြစ်ကြောင်း ...........

ဓါတ်ပုံ မောင်နေလင်း(BE/ရှောက်ပေါင်း) ... မေတ္တာဖြင့် ကူညီသည် ၊
အမှတ်တယအဖြစ် မောင်မျိုးမင်း

No comments: