Monday, July 6, 2009

စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ



မနေ့က ကျွန်တော့်အိမ်မှာ သူငယ်ချင်းတွေစုပေါင်းပြီးတော့ ဝါဆိုသင်္ကန်းကပ်လှူဖြစ်ပါတယ်..... မလာဖြစ်တဲ့ သူငယ်ချင်းများကိုလည်း သာဓုခေါ်ကြပါလို့ ဒီနေရာက အမျှဝေပါတယ်..... သံယောဇဉ်နည်းတဲ့ အချို့ကတော့ စောစောပြန်သွားပါတယ်.... အချို့ကလည်း စားပြီးသောက်ပြီး - မစားခင်မသောက်ခင် = ၅ ပေါင် ဖြစ်တဲ့အထိ အစွမ်းပြသွားပါတယ်....
 
မလာဖြစ်တဲ့အထဲမှာ ငမူးကတော့ Sato Koyo မှာ Tunnel တူးတာ အောင်မြင်လိမ့်မယ်လို့ ယုံကြည်သွားပါပြီ... ငါတို့ကတော့ အထက်ကိုသွားနေပြီ သူငယ်ချင်း... မင်းကတော့တွင်းတူးရင်းနဲ့ ကျန်ခဲ့တော့မှာလား (ကြွက်တွင်း).....
 
နောက်မှပဲ ဓါတ်ပုံတွေ ပြည့်ပြည့်စုံစုံ တင်ထားပေးပါမယ်ခင်ဗျာ......
 


Red Devil

6 comments:

မေဇင် said...

သာဓု သာဓု သာဓု ပါနော်း)

Myo Min Oo said...

သာဓု သာဓု သာဓု ပါ ၊ အချို့က အိမ်တွင်းအောင်းပြီး မလာတာလဲ ရှိတယ် ၊ အသက်လေးရလာတော့ တရားလေးဖက်မှပေါ့ ၊ .... to someone

Hein Z L (Red Devil) said...

လေး, ဆိုတာကြီးကို ထည့်မသုံးနဲ့လေကွာ....

Chan Mya Soe said...

သာဓု သာဓု သာဓု :)

MMO said...

ဟုတ်ပါ့ ၊ ဘကြီးရေ မင်းဘ၀မှာ "လေး" တလုံး မသုံးရတော့ဘူးဆိုတော့ ၆ ပါးသီလ ဖြစ်သွားပြီးပေါ့ ၊

ထွန်းနောင်မြင့် said...

လေး တစ်လုံးမသုံးရရင် ဂဏန်း ၉ လုံးပဲသုံး လို့ရတော့ မှာပေါ့လေ......