Thursday, July 2, 2009

သူငယ်ချင်းများ နှင့် COMPUTER

      မင်္ဂလာပါ သူငယ်ချင်းတို့……..အရင်ဆုံး ကိုယ့်ကိုကိုယ် မိတ်ဆက်ချင်ပါတယ်။ နာမည်ရင်းက ထွန်းနောင်မြင့်၊ ဒါပေမယ့် PTU တက်လိုက်တာ ပြောင်ကြီး ဆိုတဲ့ Nick Name ရသွားပါလေရော….. တချို့ဆို ထွန်းနောင်မြင့်ဆိုသိပ် မသိချင်တော့ဘူး၊ ...ဒါပေမယ့် ပြောင်ကြီး ဆိုတာ ကျွန်တော် မရသင့်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ထက် ပိုပြောင်တဲ့ Senior ပြောင်ကြီး ရှိနေလို့ပါ။ ဖြစ်ချင်းဖြစ် ပြောင်လေး သာဖြစ်သင့်ပါတယ်။ (မယုံလျှင် လက်တွေ့စုံစမ်းနိုင်ပါသည်…

      ထားပါလေ ဒါကသိပ်တော့အရေးမကြီးပါဘူးပြောချင်တာက ဒီလို Blog ရေးဖြစ်ဖို့ဆိုတာ ကျွန်တော့် အတွက်တော့ အိပ်မက်လိုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူငယ်ချင်း Red Devil ပြောသလိုပါပဲ ကျွန်တော်က Computer နဲ့ သိပ်မရင်းနှီးဘူးလေ။ မှတ်မှတ်ရရ Computer ကိုစပြီး ထိတွေ့ဘူးတာ PTU ၅ တန်း၊ ၆ တန်း မှပါ။ အဲဒီတုန်းက Computer အခန်းသော့ကို EC ကျောင်းသားတွေ ကိုင်ရတာဆိုတော့ ည ည ဆို Computer အခန်းထဲရောက် ရောက်နေတတ်လို့ပါ။ အဲဒီတုန်းကတော့ Computer ဆိုတာ Video,VCD ကြည့်ဖို့နဲ့ သီချင်း နားထောင်ဖို့လောက်ပဲ သိတာလေ။ ပြောရဦးမယ် ကျွန်တော့် ရဲ့ Computer လက်ဦးဆရာက ဘကြီးပါ။ နောက် MMO ရောပေါ့ ဒါပေမယ့် Computer ကို တကယ်စိတ်ဝင်စားအောင် လုပ်ပေးတာက သူတို့မဟုတ်ပါဘူး မောင်လှမျိုး (ချွတ်ချုံကျ) ဆိုတဲ့ သူငယ်ချင်း ပါ။ အဲဒီတုန်းက သူ့ကိုတွေ့ရင် နေကောင်းလား၊ စားပြီးပြီလား လို့ နှူတ်ဆက် ကြတာ မဟုတ်ဘူး…'ဟေ့ကောင် အသစ်တွေရှိသေးလား' လို့နှူတ်ဆက်ကြတာ၊

     ကဲ……. ကြုံလို့ပြောရဦးမယ် သူငယ်ချင်းတွေရဲ့ Computer ဗဟုသုတပြည့်ပုံတွေကို…….. ဇီးကွက်ဆိုတဲ့ EC က သူငယ်ချင်းအကြောင်း…..တစ်နေ့ သူနဲ့ ဘကြီး နဲ့ Computer သွားသုံးကြရော နဲနဲ ကြာလာတော့ ဇီးကွက် က ပြန်ရအောင်ပေါ့ ဆိုတော့ ဘကြီး က 'အေး ငါ Computer ပိတ်လိုက်ဦးမယ်တဲ့ ဇီးကွက် ဘာလုပ်တယ် မှတ်လဲ 'Computer ပိတ်တာများကွာ ဟောဒီလို ပိတ်လိုက်ပြီးတာပဲ'ဆိုပြီး မီးခလုတ်ကိုပိတ် ထလိုက်ပါလေရော …………..အဲဒီလို တော်ကြတာ။

     အဲဒီထက် ဆိုးတဲ့ ရင်နင့်စရာဇာတ်လမ်းလေးလဲရှိသေးတယ်……သူလည်း ချစ်သူငယ်ချင်းပါပဲ။ သူကျတော့ MICROSOFT EXCEL ကျွမ်းကျွမ်းကျင်ကျင် မသုံးတက်လို့ ဆိုပြီးတော့ အသည်းကွဲ ခဲ့ပါလေရောလား။ သူပေါ့ ကျွန်တော် Singapore ကို ကျောင်းတက်ဖို့ရောက်လာတုန်းက ပညာရေးနဲ့ပတ်သတ်ပြီးတော့ ဆုံးမစကားပြောခဲ့တာလေ ဟေ့ကောင် တဲ့ MICROSOFT EXCEL ဆိုတာ တော်တော် အရေးကြီးတယ်၊ မင်းသေသေချာချာလေ့လာပေါ့ကွာ တဲ့……..သူ့ခမျှာ သက်ပြင်းလေးချပြီးတော့ တွေတွေလေး၊ မျက်ဝန်းတွေက ရီရီဝေဝေနဲ့ …………………(မှတ်ချက်။ စုံစမ်းမေးမြန်းခြင်း သည်းခံပါ။)

ထွန်းနောင်မြင့်

3 comments:

MMO said...

အေးကွာ ၊ Microsoft Excel က အတော်အရေးပါတာပဲနော် ၊ ဒါပေမယ့် စုံစမ်းခြင်း သီးခံဆိုတော့လည်း ၊ .... သီးခံလိုက်ရပါတယ် ၊ ကိုလှမျိုးကိုလဲမေးကြည့်ပါအုံး ၊ link အဟောင်းက ၀င်လို့မရတော့ဘူး ၊ အသစ်လေးကို email ထဲမစပါ ခင်ဗျ

Hein Z L (Red Devil) said...

မျက်လုံးတွေရီဝေဝေနဲ့ဆိုတော့.........ငမူးများလား.......?????

MMO said...

ဟားဟ ၊ ဘော်လုံးမပုတ်နဲ့လေ .....