ဒီလိုရေးလိုက်လို့ အရက်ဋီကာဖွဲ့တော့မယ်လို့မထင်လိုက်ပါနဲ့....အဓိကပြောချင်တာက ကျွန်တော့်ရဲ့ချစ်စွာသော သူငယ်ချင်းများအကြောင်းပါ....ဒါပေမယ့်ယောကျာင်္းလေးသူငယ်ချင်းတွေဆုံဖို့အကြောင်းက ဂဏန်းပေါင်းရင်ပေါင်း မဟုတ်ရင် အသူရာပြည်ကို အလည်သွားကြတာချည်းပဲဆိုတော့ ..............
ကဲ...အခုပြောချင်တာကတော့ သူငယ်ချင်းတွေရဲ့ သဘောထားကြီးပုံ၊ အဆင့်အတန်းမခွဲခြားတတ်ပုံအကြောင်းပါ....တစ်ည ကျွန်တော်တို့အသူရာပြည်ကို အလည်သွားကြတယ်...စားစရာအစုံအလင်နဲ့ပေါ့....အဲ စားဖိုမှူးကတော့မကြာခင် S'pore NTU မှာ ပညာတော်သင်လာတော့မယ့် သူပါ....ချက်ပြုတ်ပြီးသကာလ မဝိုင်းခင်မှာ သူနဲ့သူ့လက်ထောက် (ခေါင်းဖြူဖြူနဲ့ ...အခုတော့တစ်ချောင်းစမည်းနေပြီ ဆံပင် ဆံပင်) တိုင်ပင်ပြီးတော့ ကြက်သားဆီပြန်ဟင်းတစ်ခွက်ကို main door အဝမှာ ဖွက်ထားလိုက်ပါတယ်..အကြောင်းက အကုန်ချလိုက်ရင် အကုန်ကုန်သွားပြီး နောက်ပိုင်းမြည်းစရာမကျန်မှာစိုးလို့ပေါ့....အားလုံးက "စားမှာပဲ၊ စားမှာပဲ ငါ့ကိုလာမတားနဲ့" ဆိုတဲ့ကောင်ကြီးပဲကိုး .......
ဒီလိုနဲ့ သောက်ကြစားကြ၊ ဆူကြပူကြ၊ ငိုကြယိုကြ (မယုံမရှိနဲ့...တကယ်) အတော်လေးကြာတော့ အမြည်းလည်းကုန်သလောက် ဖြစ်သွားပြီဆိုတော့ ဟိုနှစ်ယောက်က သူတို့ကြက်သားပန်းကန်ကို လှမ်းကြည့်လိုက်တဲ့အချိန်မှာ......လားလား.....ခွေးတစ်ကောင်က နှပ်ခေါင်းလေးတရှူံ့ရှူံ့နဲ့ဝင်တွယ်နေတာကိုး......ဟာ အဲ့ဒီမှာ မောင်းဟဲ့၊ ပြုဟဲ့၊ ခြောက်ဟဲ့ နဲ့ လူသံခွေးသံ တညံညံနဲ့ ခဏတာ ကမ္ဘာပျက်သွားသလိုပါပဲ.....အဲ လက်ရာကသိပ်မပျက်သေးဘူး.....ဒါပေမယ့် မောင်မင်းကြီးသားကစားတော့စားနေပြီ......
အဲဒါနဲ့ ပန်းကန်ကို ဝိုင်းဆီကိုယူလာတဲ့အခါမှာ ဟာ အနံ့လေးကမွှေးပြီး စားချင်စရာလေးဆိုတော့ ကျွန်တော်တို့မှာ ပစ်ရလည်းခက်၊ စားရလည်းခက်နဲ့ ဝေခွဲမရ သေပွဲဟ လို့ဖြစ်နေတုန်း ဗြုန်းဆို တစ်ယောက်က (ငမူး) "အိုကွာ..ခွေးလည်းပါးစပ်နဲ့ လူလည်းပါးစပ်နဲ့" ဆိုပြီး စစားပါတယ်...ကျန်တဲ့ကောင်တွေကလည်း "ဟေ့ ဟုတ်သဟ" ဆိုပြီး ဝိုင်းတွယ်လိုက်ကြတာ ခဏလေးနဲ့တက်တက်စင်ရော....တစ်ယောက်ဆို (ထိပ်ပြောင်ပြောင်နဲ့) ပန်းကန်ကို အလျားလိုက်ပါ လျက်တယ်....(အလျားလိုက်ဆိုတော့ ကြာကြာလျက်ရတာကိုး...မယုံရင်လျက်ကြည့်)......
ဦးသုတို့ရုပ်ရှင်အသိုင်းအဝိုင်းက ခွေးနဲ့အပြိုင်ဟောင်တယ်ဆိုတာ ဘာဟုတ်သေးလဲ....ကျွန်တော်တို့သူငယ်ချင်းတွေကမှ ခွေးနဲ့ တစ်ပန်းကန်တည်း (အမှန်ဆို ခွေးကတောင်မှ ဦးဦးဖျားဖျား) စားသောက်ခဲ့ကြတာ......အဲသလောက်တောင် သဘောထားကြီးပြီး အဆင့်အတန်းမခွဲခြားတတ်ကြတာပါ......
ကဲ....ယုံပြီဟုတ်......။။။
Red Devil
3 comments:
အေးပေါ့ကွာ ၊ ပါးစပ်ပါတာချင်း အတူတူ ခွဲခြား၊ခွဲခြား လုပ်တာတော့ ဘယ်ကောင်းပါ့မလဲ ၊ လက်ရေတပြင်တည်းပေါ့ ၊ မဟုတ်ဘူးလား ။
ငမူးတို့ရမ်းပုံကတော့ စံတင်လောက်တယ်....ဒါကြောင့်လည်း PTU တစ်ခွင် ငမူးဂွင် (ခွင်) ဆိုပြီး ကျော်ကြားခဲ့တာပေပဲ.....
အင်း ၊ ဒီနေရာက ဒီ post နဲ့ဂုဏ်ပြုလိုက်ပါတယ် ၊ King ရယ်
Post a Comment