Wednesday, July 8, 2009

991 MS နဲ့ ဇီးကွက်


      ဟိုး....လွန်ခဲ့လေသော ၆နှစ် ၊ ဗာရဏသီ " ပြည် " ၊ PTU ကျောင်းတော်မှာ ပညာရည်နို့လာရောက် သောက်စို့ကြသော အနယ်နယ် အရပ်ရပ်က ပညာရှာ ( ကြင်ရာရှာ ) သူများဖြင့် ၊ ပျော်စရာတခွင် ပြဲပြဲစင်အောင် ပျော်ကြ ၊ ပါးကြ ၊ သောက်ကြ ၊ မှောက်ကြ နဲ့ စည်ကားလျှက်ရှိသော အချိန်ပေတည်း ၊ ထိုကဲ့သို့ စည်ကားလှစွာသော အရပ်တွင် ပညာရှာရန် အလို့ငှာ အောက်ပြည်အောက်ရွာမှ လူငယ်၊လူရွယ်တစု ( ကျွန်ုပ် ) တို့သည်လည်း ရည်မှန်းချက်ကိုယ်စီ ပုခုံးထမ်းကာ Sun Moon Express ကြီးစီး၍ PTU အနီး နှောကုန်းရွာတွင် စတည်းချလေ၏ ။

      ပညာသင်ရသော ကာလမှာ နွေမိုးဆောင်းကဲ့သို့ပင် semester တခုကို ၄လခန့် ကြာမြင့်လေ၏ ၊ ပထမ၊ ဒုတိယလတွေကို စုပေါင်းတွက်ချက်ခြင်း (အတွက်ချက်ပေါင်း သောင်းခြောက်ထောင်ကိုပြောပါတယ် .. ရှမ်း၊ ကိုးမှီး၊ ၂၁အပေါင်းအနှတ် အစုံအလင်ပါတယ် ) ၊ ဒီ့အပြင် ဟိုဟိုဒီဒီ သဝေထိုးလူပျိုလှည့်ခြင်း၊ စာကလွဲရင်အပြင် ဗဟုသုတများရှာမှီးခြင်း ......... ဤကဲ့သို ဖြတ်သန်းလာပြီးသကာလ ကျန်တဲ့ ၂ လမှာတော့ လက်နက်အသင့်၊ ကျည်ကပ်အသင့် အချိန်မလွန်ခင် ဖြည့်ရပါတော့တယ် ၊ ( စာမရှိစာကူး ၊ မသိရင်လိုက်ရှင်း ၊ အချိန်မရလို့ကတော့ နောက်ဆုံးပေါ်ခေတ်မှီ ဖိုတိုစတက် ကြီးနဲ့ပါ အသည်းအသန်ကူးကြတာ ) ။ ထိုသို့သော အချိန်ကာလ အရောက် ၊ နွေခေါင်ခေါင် နေခင်းကြောင်တောင် တနေ့မှာ ......................

      လူငယ် ၂ ယောက် ချွေးတလုံးလုံးနဲ့ သည်းသည်းမည်းမည်း စာအုပ်တအုပ်ကို ကြည့်လိုက် တွက်လိုက်နဲ့ အလုပ်ရှုပ်နေပုံများ ကျီး၂ကောင် အစာလုနေလား ထင်ရတယ် ၊ စာအုပ်က ဟိုရောက်လိုက် ၊ ဒီဘက်ရောက်လိုက်နဲ့ ၊ တစ်ယောက်သော လူငယ်ကတော့ ဇီးကွက်လို့ ချစ်စနိုးအမည်တွင်တဲ့ ညဘက်အလုပ်အရမ်းကြိုးစားတဲ့ သူရွယ်ဖြစ်ပါတယ် ၊ စာအုပ်ပိုင်ရှင် လူရွယ်ကတော့ ဟိုး အရင် .. ရှေး ဘိုးဘီဘင် လက်ထက်ကတည်းက မြန်မာဘုရင်တွေ ကျောက်ထက် အက္ခရာတင်ရန် အသုံးပြုတဲ့ ကျောက်ပြား အမျိုးမျိုးတို့ကို အင်လုပ်ပြီး export သွင်းလာတဲ့ အိန္ဒိယကုန်သည်ကြီး၏ ချစ်မြေးလေး ဆာဒူးကြီး .. အဲ... ဘာဘူကြီး ပဲဖြစ်ပါတယ်။

      ထိုလူရွယ် ၂ ယောက်တွက်နေတာကတော့ ၊ ၃ တန်းမှာ နာမည်ကြီးလှတဲ့ 302 ပေါ့ ၊ (302 တွက်ရင် နေ့ခင်းကိုရှောင် ၊ မရှောင်ရင် ခေါင်းပါပြောင်လိမ့်မယ် လို့လဲ ဟိုးတုန်းက နာမည်ကကြီးသပါ့ - သင်တာ တစ်မျိုး ၊ မေးတာတခြား ၊ ဖြေတာတလွဲ ဖြစ်လွန်းလို့ နာမည်ကြီးတာ ) ၊ ထိုစဉ်ကလည်း သပ်သပ်ရပ်ရပ် နဲ့ ပုစ္ဆာအစုံလင်တွက်ထားတဲ့ စာအုပ်ကလည်း ဘာဘူကြီး ဆီမှာ ရှိတယ် ဆိုတော့ သူချည်းအားကိုးရတာပေါ့ ၊ တွက်နေတာက ဖော်လရစီးရီးအခန်း ( အလွယ်ဆုံးအခန်းပဲ 302 မှာ ၊ စကားချပ် ) ဆိုတော့ အီကြာကွေးကလည်း အတော်ရှည်တယ် ၊ စာကြောင်း ၂ ကြောင်းလောက်တော့ ရှိတယ်ထင်တယ် equation တခါခါချရေးရင် ပြောတာ၊ ဘာဘူကြီးက ရှင်းပြလိုက် ၊ ဇီးကွက်က နားထောင်လိုက်နဲ့ အတော်ကြာတော့ ဇီးကွက်က " မင်း equation ကလည်းအတော်ရှည်တာပဲ ၊ calculator နဲ့တွက်ရင် ရမလားတဲ့ " ၊ သိတယ်ဟုတ် ဘာဘူးကြီးတို့က ကြပ်ရမယ်ဆိုရင် ၂ ယောက်မရှိဘူး ၊ ... ဒီတော့က မင်းမှာ 991MS ရှိတယ်မဟုတ်လား ၊ သွားယူလိုက်တဲ့ ၊ .... ( MS ကနောက်ဆုံးပေါ်လေ 3 unknown 3 equation ၊ Matrix တွေပါ တွက်လို့ရတော့ နာမည်ကြီးနေတာ )

      အဲဒီမှာ ဇီးကွက်ခမျှာပျော်သွားရှာတာပေါ့ ၊ ဒီလောက်အပင်ပန်းခံစရာမလိုဘူး calculator ရှိသားပဲ ၊ ကြိုမပြောဘူးလို့ မြည်တွန်ပြီး ၊ ရေသည်ယော်ကျားက မိန်းမယူတော့မှာမို့လို့ နန်းအုပ်ရိုးကြား ဖွက်ထားတဲ့ ၄ပဲ အသပြာ အပြေးလွား သွားယူသလိုမျိုး ၊ နေပူပူ ဖုန်တထောင်းထောင်းထနေတဲ့ ပြည်နွေနေ့ခင်းကို အန်တု တောင်ပံပြင်းပြင်းခတ်လို့ သူ့အဆောင်ကို အပြေးသွားယူတာ ။ ထိုအချိန် PTU လသာပြတင်းပေါက်ကနေ ကျောင်းသူ /သားတွေ အခြေနေကို မှန်ပြောင်းနဲ့ ချောင်းချောင်းနေတဲ့ မြင်ကွင်းမှာ ရုတ်တရက် ဇီးကွက်ပြေးလာတာမြင်လိုက်တဲ့ ပါချုပ်ကြီး ဦးကျော်ဆန်းက ဘေးနားမှာရှိတဲ့ မော်ကွန်းထိန်းကိုလှည့်ပြီး -" ဟဲ့ ..ငါ့မြင်ကွင်း၊ မှန်ပြောင်းအောက် နေပူပူမှာ ငါ့ကျောင်းသားတစ်ယောက် ပျော်ရွှင်မြူးတူးပြီး ခုန်ပေါက်ပြေးနေတာဖြင့် ဖိနပ်တော့ ငါတွေ့လိုက်တယ်၊ လုံချည် ပါမပါတော့ မသေချာဘူး ၊ သွားကြည့်စမ်း ငါရင်တွေ တုန်လှပြီး (ကျုံ့သွားမှာဆိုးလို့) " ဆိုပြီး အမိန့်ရှိသတဲ့ ၊

      ဒီလို့နဲ့ ကွမ်းယာ မညက်တညက်အချိန်မှာ ဇီးကွက်ဆိုတဲ့ လုလင်ပြန်ရောက်လာတယ် ၊လက်ထဲမှာ 991MS ကြီးတကိုင်ကိုင်နဲ့ ၊ ဒီလိုနဲ့ ဆက်တွက်ကြရော ၊ ဘာဘူကလည်း တကြောင်းချင်း အသေချာရှင်းရင်းနဲ့ ၀ါးဝါးချတယ် ၊ ဇီးဇီးကလည်း ခေါင်းလေးတညိမ့်ညိမ့်နဲ့ ဘာမှမသိဘူး ၊ ( ဒီအရပ်နဲ့ ဒီဇတ်နဲ့ အဟုတ်ကြီးကို လိုက်ကိုလိုက်တယ် - ကိုမျိုးကြီးတောင်သိတယ် ) ၊ သူ့ခမျှာ calculator လေးတပြင်ပြင်နဲ့ ဘယ်အချိန်နှိပ်ရမယ်ဆိုပြီး စောင့်နေလေရဲ့ ၊ ဒါနဲ့ တွက်တာက ပြီးတော့မယ် ၊ သွားယူလာတဲ့ calculator ကိုမနှိပ်ရသေးတော့ နည်းနည်းတင်းလာတယ်နဲ့ တူတယ် ၊ သူလည်းမစောင့်နိုင်လို့ " မင်းဟာက ဘယ်တော့မှာ နှိပ်ရမှာလဲ " ဆိုတော့ ဘာဘူကြီးက မျက်မှန်အောက်ကနေ ဇီးဇီးကို ခပ်ရို့ရို့ကြည့်ပြီး " ဟဲ 991 MS ကိုငါမကိုင်ဖူးလို့ ၊ မင်းမှာရှိတယ်ဆိုလို့ ငါကြည့်မလို့တဲ့ " ၊ .... အဲဒီလို ၊ အဲဒီလို ( ကျွန်တော်တို့ သူငယ်ချင်းတွေက )

MMO

9 comments:

Hein Z L (Red Devil) said...

ဘာဘူကြီးက ခပ်ရို့ရို့ ကြည့်တယ်!!!!! အမယ်လေး.... ဇီးကွက်တော့ မသိဘူး... ငါတော့ ကျောတောင်ချမ်းတယ်....

MMO said...

မင်းသိပါတယ် ၊ ဒါဘာဘူကြီးရဲ့ Trade Mark လေ ( မျက်မှန်အောက်က ခိုးခိုးကြည့်တာတို့ ၊ လက်ညှိုးလေးကိုက်တတ်တာ တို့အထဲ ၊ လုပ်အုံး ...လုပ်အုံး... လို့ပြော တတ်တဲ့ အကျင့်ကလဲ ပါသေးတယ် ။

Hein Z L (Red Devil) said...

ငါ..သူ့ရဲ့ ...... ကို လွမ်းတယ်ကွာ.... မင်းတို့ရော...???

MMO said...

ဘာကိုလွမ်းတာတုန်း ၊ ..... သူ့ရဲ့ ဘာကိုလွမ်းတာလဲ ? ၊ အော်သိပြီး ၊ အရက်မူးလာရင် သဘော သိပ်ကောင်းပြီး " သူငယ်ချင်းတွေ အတွက် " ၊ " သူငယ်ချင်းတွေ အတွက် " ဆိုပြီး ပြောပြောနေတဲ့ တခုဖြစ်မယ် ထင်တယ် ၊ ဟုတ်လား ...

Hein Z L (Red Devil) said...

စကားမစပ် MOM မှာ ဇီးကွက် နဲ့ ဗျိုင်း လက်မှတ်ထိုးတော့ မာဂဓဘာသာစကားနဲ့ သီးသန့်အခန်းမှာဆိုပဲ....

Hein Z L (Red Devil) said...

အေး.. ဟုတ်တယ်

Myo Min Oo said...

( ဇီးကွက် နဲ့ ဗျိုင်း ) မဂလုံဆောင်တော့ တို့လူတွေကို မဖိတ်ပုံ ထောက်ရင် မာဂဓဘာသာစကားနဲ့ သီးခြားဆောင်တယ် ထင်တာပဲ ၊ အင်း တခုတော့ရှိတယ် ၊ ၁ + ၁ = ၂ တဲ့ ၊ ဇီးကွက် + ဗျိုင်း = ??? ဆိုတော့

Hein Z L (Red Devil) said...

ဇီးဗျိုင်း ပေါ့ကွာ... မျိုးစိတ်တစ်ခုတိုးတာပေါ့...

MMO said...

တကိုင်းတည်း နားမယ့် ၊ ဇီးဗျိုင်းလေးတွေ ....... :P