Tuesday, July 7, 2009

(အငှါး) ရင်ခုန်သံ Snap Shot

MMO ရဲ့ Snap Shot ကိုဖတ်ပြီးတော့ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ကျွန်တော့်ကို ရင်ဖွင့်ဖူးတဲ့ အကြောင်းလေးကို သွားသတိရမိပါတယ်......

ကြာတော့ ကြာခဲ့ပါပြီ....................

      သူငယ်ချင်းနာမည်ကို Rooney လို့ပဲဆိုပါစို့... သူ့ရဲ့သူငဃ်ချင်း ကောင်မလေးကိုတော့ Collin လို့ပဲထားလိုက်ရအောင်.... Rooney ကလည်း ကျွန်တော့်လို Man Utd crazy ပဲဗျ.. (ဤကား စကားချပ်).... သူတို့ချင်းက တက်ရောက်တဲ့တက္ကသိုလ်ချင်းလည်းတူပါတယ်.... Collin ဘက်ကတော့ ဘယ်လိုလဲမသိပါ.. Rooney ကတော့ Collin အပေါ်မှာ ဆန်းပြားတဲ့စိတ်ရှိပါတယ်... အတော်တော့ ခင်ခင်မင်မင်ရှိကြတယ်ပေါ့ဗျာ...
 
      လိုရင်းကိုပြောရရင် တစ်ရက်မှာ Rooney က Collin တို့သူငယ်ချင်းတွေ စုပြီးငှါးနေတဲ့ တိုက်ခန်းကို သွားလည်ပါတယ်... MMO တုန်းကအတိုင်းပဲ.. တိုက်ခန်းမှာ Collin က လွဲပြီး ဘယ်သူမှမရှိပါ... Collin က စကတ်အတိုလေးနဲ့ လှလို့ပေါ့... အဲဒါနဲ့ ဧည့်ခန်းမှာထိုင်ပြီး စကားပြောရင်းနဲ့ အတန်ကြာတော့ Rooney က Collin ရဲ့ စကတ်ကလေးကိုသတိထားမိပြီးတော့   "အခုခေတ် မိန်းကလေးတွေများ စကတ်ဝတ်ပြီး ဒူးပေါ်လည်းမရှက်ကြတော့ဘူး...အရင်တုန်းကနဲ့ကွာပါ့"   လို့ပြောပါတယ်... အဲဒီကြမှ Collin လည်းသူ့ကိုယ်သူ သတိထားမိပြီး ရှက်ရှက်နဲ့ စကတ်ကို ဒူးလုံအောင် ဆွဲဖုံးပါတယ်... Rooney က   "အခုမှ လာရှက်မနေနဲ့"   ဆိုပြီးစကတ်ကို မူရင်းနေရာပြန်ရောက်အောင် ဆွဲဖို့ကြိုးစားပါတယ်... Collin ကဖုံးလိုက်၊  Rooney ကဆွဲလှန်လိုက်၊  ဖုံးလိုက်၊  လှန်လိုက် နဲ့  ရုတ်တရက်ကြည့်ရင် Rooney က တစ်ခုခု ဟိုဒင်းပြုဖို့ ကြိုးပမ်းနေသလိုကြီးဖြစ်နေပါတယ်... အဲဒါကို ၂ ယောက်စလုံးကလည်း သတိထားမိသွားပြီး Collin က (မိန်းကလေးဆိုတော့) အရှက်သည်းစွာနဲ့   "နင် ပြန်တော့!! ပြန်တော့!!! "   ဆိုပြီးနှင်ပါတယ်... သကောင့်သား Rooney လည်း   "အေး ပြန်မယ်"    ဆိုပြီး ဂွပ်ဆိုထပြန်လာခဲ့ပါတော့တယ်... ဪ.... ဖြစ်ပုံများ....။
 
Red Devil

4 comments:

MMO said...

အင်း ၊ ကိုယ်ပိုင်ရင်ခုန်သံကြီးလား မသိဘူး ၊ အငှား-ရင်ခုန်သံဆိုပြီး အင်လုပ်ထားတာနဲ့တူတယ် ၊ ငါတော့ ရင်ခုန်သံ အစစ်ကြီးလို့ ထင်တယ် .... ဟဲဟဲ ( မမင်းဖြူမှန်မှန်ဖော )

Hein Z L (Red Devil) said...

အငှါးပါ ခင်ဗျာ... ဒီကောင်ကတော့ ပြန်လာခဲ့တယ် ပြောတာပဲ... သိပ်တော့မယုံရဘူး... (အကြောင်းသိချင်းတွေဆိုတော့...)

MMO said...

ဟုတ်လား ၊ ငါတို့အသိတွေထဲကလား ... ဟုတ်ရင်လည်း တိုးတိုးတိတ်တိတ် ချော့မေးရတာပေါ့ ၊ ပြီးတော့မှ blog ပစ်မယ် .... ဟဲ

ထွန်းနောင်မြင့် said...

ဟေးကောင် မယုံဘူးနော်.....
သက်ဆိုင်သူများ သေသေချာချာစစ်ဆေးပါရန်.....