
၁၀တန်းအောင်တော့ 98' . TU တက်တော့ ၂၀၀၁ ၊ Convo မှာပြန်စုံတာက ၂၀၀၄ ၊ ခုတော့ ၂၀၀၉ ။ ဘာလိုလိုနဲ့ ၁၀ တန်းအောင်တဲ့ အချိန်ကစလို့ ရေတွက်ရစတည်းဆိုရင် ၁၀စုနှစ် ၁ခုကျော်လာကြပြီး။ အပြောင်းလဲတခု ( ဘ၀တဆစ်ချိုးဆိုတာ ၁၀စုနှစ် ၁ခုပဲ လို့ထင်တယ် ) ။ ၁၉၉၈-၂၀၀၈ အချိန်တွေက တဖြည်းဖြည်း ချယ်မှုန်းလာသလို လူတိုင်းရဲ့ဘ၀တွေက အခုချိန်မှာ ရုပ်လုံးပေါ်လာကြတယ် ၊ ၉၈ အောင်စာရင်းထွက်ပြီးတော့ ၃ နှစ်စောင့် ( ဝေလေလေ လုပ်သူလုပ် ၊ Guide သင်တဲ့ သူတွေက Guide ၊ အိမ်စီးပွားရေးမှာ ၀င်ကူသူတွေက ကူ - အမျိုးမျိုးပေါ့ ) ၊ ဒီလိုနဲ့ ၂၀၀၁-၂၀၀၄ မှာ TU ကျောင်းသားဘ၀ကို ပျော်ပျော်ကြီး (အမှတ်တယပေါင်း သောင်းခြောက်ထောင်နဲ့ ) ဖြတ်သန်းလာကြတယ်၊ ထို့တဖန် ကျောင်းပြီးတာနဲ့ အလျှိုလျှို အလုပ်ရှာကြ ၊ နောက်ဆုံး ရန်ကုန်မှာ ပြန်ဆုံကြဖို့ အကြောင်းဖန်လာကြတယ် ၊ ရန်ကုန်ရောက်စတော့ မတွေ့လိုက်နဲ့ တွေ့လိုက်တာနဲ့ လက်ထဲမှာ file တထုပ် ၊ သတင်းစာတအုပ်နဲ့ အလုပ်ရှာကြတာ ၊ လှည်းတန်းက အခါရာပေါ့ ၊ နောက်တော့ စာချိုးက ဒီလိုဖြစ်လာတယ် " လမ်းကြုံရင် ၊ လမ်းဆုံက ဘိုဖြူဆီ ၀င်လှည့်ပါ " ဆိုရလောက်အောင် အနော်ရထာအိမ်ရာက တို့ဘကြီးကတော့ နာမည်ကြီးပြီးရင်းကြီးပေါ့ ၊
လှည်းတန်းမှာ အခရာက တို့၃ယောက် (ကျွန်တော် ၊ ဘကြီး ၊ ချောင်းချောင်း ) Suki ညှပ်/လျှော်/သစ် ဆိုင်ရဲ့ promoter ကြီးတွေဆိုလည်းဟုတ်တယ်၊ ဘာလို့လဲဆိုတော့ လှည်းတန်းလာတဲ့ သူငယ်ချင်းအားလုံးကို .....မင်းဆံပင်တွေရှည်နေပြီး ၊ ညှပ်သွားလိုက်ပါအုံး ၊ ခေါင်းလေးလဲလျှော်လို့ရတယ် ဘာညာ၊ဘာညာပေါ့ ၊ ဘိုကံ၊၀ဏ၊နေလင်း၊ဇီးကွက်ကစလို့ အသိန်း တောင်ပါသေးတယ် ၊ ဒီ၃ယောက်ကတော့ ညတိုင်းလိုလိုစုံဖြစ်ကြတယ် ၊ လက်ဖက်ရည်ဆိုင်ထိုင် အလာဘ သလာဘ အားလူးမီဖုတ်နဲ့ သူငယ်ချင်းတွေရဲ့ information source တခုလို့လည်း ပြောလို့ရတယ် ၊ ကျွန်တော်တို့ဆီ အမြဲတမ်း လာလည်တဲ့သူ တစ်ယောက်ကတော့၊ မြို့ထဲကအပြန် လှည်းတန်းမှာ ၉-နာရီဆို ဂိတ်တထောင့်ဝင်နား ၊ ပြီးမှာနောက်ဆုံးကားနဲ့ အင်းစိန်ပြန်တဲ့ သူငယ်ချင်းဝက် (တခါတရံလူများစုံရင် သူအိမ်မှာ လိုက်အိပ်ကြတဲ့ နေ့တွေလည်းရှိတယ်)၊ သူလည်း suki အကျိုးကျေးဇူးကြောင့် ဆံပင်တွေဆိုမည်းနက် ထူပိန်းနေတာပဲ (မယုံသွားကြည့်-အခု) ၊ တခုရှိသေးတယ် ၀က်ကိုဖုန်းဆက်ရင် သူပြောနေကြစကားကတော့ "ငါလာနေပြီး ၊ အခုကားပေါ်မှာတဲ့" တခါတလေ ကားစီးတာ ၂ ရက်လောက်ကြာတတ်တယ် ၊
ဒီလိုမျိုးပဲ ကျွန်တော်တို့ဆီ အမြဲတန်းလာလည်တယ်ဆိုတဲ့ သူငယ်ချင်း တစ်ယောက်လည်း ရှိသေးတယ် ၊ သူ့ခမျာ ၅နာရီခွဲ၆နာရီ လောက်ဆိုရင် လှည်းတန်းရောက်ရောက်လာတယ် ၊ လာလည်သလိုလို ဘာလိုလိုနဲ့ ခြေယောင်လေးပြပြပြီးတော့ ၇နာရီ ကျော်ရင် သူ့ကိုဆွဲထားလည်းမရတော့ဘူး ၊ သွားစရာရှိတယ်ဆိုဆိုပြီး ပျောက်ပျောက်သွားတာ၊ သူကတော့ ဒိုင်လျှိုလုပ်တာပဲ ၊ ကံဆိုးချင်တော့ ဆုံလိုက်ရင် ပက်ပင်းကြီးပဲ ၊ ဒီရောက်တော့လည်း ပက်ပင်းကြီး တိုးနေတုန်းပဲ (စုံစမ်းခြင်း သည်းခံ) ။ ဒီလိုနဲ့ စတင်ခွဲခွာခြင်းကို လမ်းစလိုက်တာက ငုတ်တုတ် ... ဖောက်ဖျက် (လေယာဉ်စီးပြီး ) ၊ စင်ကာပူရောက်လာတယ် ၊ သူ့နောက်မှာတော့ ချောင်းစောက် ကျောင်းတက်ဖို့ စင်ကာပူရောက်လာပြန်တယ် ၊ (ကျောင်းသွားမတက်ခင် Super 1 မှာ ဘောင်းဘီတထည်ကြိုက်လွန်းလို့ ဈေးကြီးပေးပြီး သူနဲ့ကျွန်တော် သွားဝယ်ကြတာ ၊ရောင်းတဲ့ စာရေးမလေးကတောင် အားနာနေတယ် ၊ ဘာလို့လဲဆိုတော့ ဘောင်းဘီ အပေါ်ကြယ်သီးက တပ်လို့မရလို့ ၊ ဘယ်ရမလဲ ချောင်းချောင်းကလည်း ဒါမှဒါပဲဆိုတော့ ၀ယ်ဖြစ်သွားတယ်၊ ဒီလိုနဲ့ ချောင်းချောင်းတစ်ယောက် လေယာဉ်ပေါ်တက်တော့ ဘောင်းဘီ ကြယ်သီးတလုံး ပြုတ်နေလိမ့်မည်ဟု မှန်းဆရပါကြောင်း .... ၊) ၊ သူနောက်မှာတော့ ကျောင်းထိုင် (ကျိုက်မရောက သူ့ကလေးတွေကို ပြစ်ပြီးတော့ကိုလာတာ - ဟိုမှာ ကလေးတွေကတော့ နှပ်ကလေး တွဲလောင်းနဲ့ပေါ့ ) ၊ ပြီးတော့ ဇီးကွက် ( ၂ ထပ်ကွမ်းပါ-first time တုန်းက မစားလိုက်ရပေမယ့် ၊ ဒုတိယ အကြိမ်ပြန်အထွက်မှာတော့ ကျွန်တော်စားလိုက်ရတယ် ) ၊ ပြီးတော့ တစ်ရွာမပြောင်း အရက်ကောင်းမကောင်း မသိ ထုံးနှလုံးမူပြီး စင်ကာပူအရက်ကို လာသောက်ဖို့ ထွက်လာတာက ကျွန်တော့တို့ရဲ့ ကင်း-မောင်နေလင်းပါ (ည ကင်းနဲ့ မမှာနဲ့အုံး၊ သူက all King (မေဂျာအစုံ)၊
ကျွန်တော်လည်းသူတို့နည်းတူ တက်တယ် ၊ အထက်မြန်မာပြည်ပြောပါတယ်၊ မုံရွာ၊ မန္တလေး ၁နှစ်လောက် အညာသူလေးတွေနဲ့ ( ဘာမှ မဖြစ်ခဲ့ပါဘူး -ဟဲ ) ၊ ရန်ကုန်မှတော့ ဘကြီးတယောက်ကတော့ ဖုန်းကြိုးလေးတွေ ၊ မီးကြိုလေးတွေ ခွေရင်းကျန်ခဲ့လေရဲ့ ၊ ရန်ကုန်မှာ တခါပြန်ဆုံကြတော့ နာမည်ကျော် Cyber City ရဲ့အထွေအထွ မန်နေဂျာလိုလို ဘာလိုလိုနဲ့ပေါ့ ၊ ဘကြီးတို့ ကောင်းစားပုံများ ၊ ဟို ... မောင်လှမျိုး (ချင်းချောင်းချံ) တစ်ယောက်လည်း ပါတယ် ၊ အဲဒီမှာ ပြောင်ပြောင်တယောက် ဘကြီးရဲ့ စောင်မမှုနဲ့ (ပေါ်တော်မူသွားတာ .... အဲ..အဲ) ကျောင်းတက်ဖို့ အကြောင်းဖန်လာရော ... ၊ သူလည်းပဲ အရှေ့နောင်တော်ကြီးတို့ရဲ့ သွားရာလမ်းစဉ်အတိုင်း လိုက်လာတာ ( ဒါတောင် ပျင်းနေမှာကြောက်လို့ ဘကြီး ၊ ချောင်းချောင်း ၊ ဇီးကွက် ၊ ငုတ်တုတ်တို့ပေါင်းပြီးတော့ စနေ၊တနဂ်နွေ ရက်မှားကြတာ - အားလုံးမှန်ကြတယ်ဆိုတာကြီးပဲ ..:P ) ၊ အရင်က ရန်ကုန်မှာလူဆုံရင် စင်ကာပူကသူတွေကို လှမ်းပြီး cheers လုပ်နေကြ ၊ ခုတော့ တစ်ယောက်ပြီး တစ်ယောက်ထွက်လာကြတော့ နောက်ဆုံး ဒီကလူတွေကတောင် လူစုံရင်ပြန်ပြီး cheers လုပ်လာကြတော့တယ် ၊ အဲဒီမှာ ဘကြီးရဲ့စကားတစ်ခွန်းကတော့ မင်းတို့သွားတာ ငါ .....
"၀မ်းနည်း၊၀မ်းသာ" ဖြစ်ရတယ်တဲ့ ၊ ၀မ်းနည်းတာက ပခုံးဖက် အတူသောက်/အန် လာကြတဲ့သူတွေက တယောက်ပြီးတယောက် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ( စင်ကာပူရောက်လာကြတာနော် ) မရှိကြတော့လို့ ၀မ်းနည်းရသလို၊ သူတို့ရဲ့ ရှေ့ခရီး အတွက်စိတ်ချသွားရလို့ ၀မ်းသာတယ်တဲ့ ၊ရန်ကုန်မှာ ရလိုက်ကုန်လိုက်နဲ့ အချိန်တခုကြာလာတော့ ကျွန်တော်လည်း ဆုံးဖြတ်ချက် တခုချပိုင်ပိုင် ချလိုက်တယ် ၊ အဲဒီနှစ်မှာပဲ မောင်မောင်း ၊ လှမျိုးတို့ ကျောင်းတက်ဖို့ ရောက်လာကြပြန်တယ်။
ဒီလိုနဲ့ yangon နဲ့ singapore / singapore နဲ့ yangon အကြား အပြန်လှန်ချိတ်ဆက်ပေးရင်း နောက်ထပ် သူငယ်ချင်းများစွာကိုလည်း စင်ကာပူသွားဖို့ တဖက်တလမ်းက ကူညီပေးခဲ့တဲ့ Cyber City ကဘကြီး နဲ့ Service Plus ကျွန်တော်တို့ ၂ ယောက်လည်း ကိုစော ၊ ကလေး ၊ တာတီး ၊ ဥက္ကာတို့ မတိုင်မှီ အားလုံးသွားရာနောက် ရောက်လာကြတာပေါ့ ၊ ခုလောက်ဆို Cyber City နဲ့ Service Plus ဆိုတာလည်း မရှိတော့ဘူး ၊ ..............ဘာလိုလိုနဲ့ ၁၀ စုနှစ်တခုပြောင်းဖြတ်သန်းလာပြီးနောက် ကျွန်တော်တို့ သူငယ်ချင်းတွေ နေရာ(အဆင့်) တခုရောက်လာကြတယ် အခြေကျစပြုလာတယ် ၊ တချို့တွေဆိုလည်းအခြေကျနေပါပြီး ၊ ခုထိလည်း စုစုစည်းစည်းရှိကြတုန်းပဲ ၊ နောက် ၁၀ စုနှစ်တခုကြာ ၊ နောက်တဆင့်ချိုးမှာ ......................................... ............... ......... .... .... ....... ........ ........လည်း။
မှတ်ချက် ။ ။ သူငယ်ချင်းအားလုံးတွင် မိန်းကလေးသူငယ်ချင်းများလည်းပါ၏ ၊ (သူတို့ထံမှ post များကိုလည်း မျှော်လင့်ပါတယ်-စကားချပ်)
10 comments:
ဓါတ်ပုံထဲမှာ သတိထားမိတာက ညာဘက်အစွန် ၂ ယောက်ကတော့ ...... ဟွင်းဟွင်းဟွင်း ... မျက်တောက်ကြီးတွေနဲ့ .... (ငါထင်တာနော်)
ငါတော့ နည်းလမ်းကပ်တောင်းနေတယ် ထင်တာပဲ...
ဖြစ်နိုင်ပါတယ် ။။။။။။။။။။။။။။။
Tet Pu က သူရေးရင် မင်းတို့ငါတို့ မျက်ရည်ဘူးသီးလောက် ကျသွားမယ်လို့ ပြောနေတယ်။။။
အင်း သူငရုတ်သီးထောင်းတဲ့ အကြောင်းရေးရင်တော့ ငါတို့မျက်ရည် ဘူးသီး ၊ ကြလောက်ပါတယ်
Within 10 years ago,the most of buddies have already been trapped by gentlewomen(just married) except me...hehe,..Because of,in a special manner,"main ma ne' nwa ma ta nar ya"
I love much this ideal.That is why,I can't released this subject in anyhow.I pity nobody.......HEHE
miss all of you !!!!!
If God can fill my wish ,
I just simply ask to get our university life again..
But the God must take out exam period....
ဒါပေါ့ .. ကျောင်းမှန်မှန်တက်ရင် ... စားမေးပွဲအောင်ကြေးဆိုရင် ... နော်နော်ပေါ့ ... အတိုင်းထက်အလွန်ပဲ ...အတိုင်းထက်အလွန်ပဲ... ငါ့အတွက်တော့ `````
Post a Comment