Saturday, July 18, 2009

ဘယ်သွားနေလဲ

တစ်နေ့ တွင်အမျိုးသမီးတစ်ယောက် ပလက်ဖောင်းအတိုင်း လမ်းလျှောက်လာနေစဉ် ရုတ်တရတ် အသံတစ်ခုကြား လိုက်ရသည်...."ရပ်လိုက် ဆက်သွားရင် မင်းသေသွားလိမ့်မယ်"
အမျိုးသမီးလည်း ရပ်လိုက်ရာ သူမ၏ရှေ့တည့်တည့် လမ်းပေါ်သို့ အုတ်ခဲတစ်လုံး ပြုတ်ကျလာလေသည်။

ပြီးနောက် ဆက်သွားရင်း မီးပျွိုင့်တစ်ခုအရောက် လူကူးမီးစိမ်းနေသည်နှင့် ကူးမည်ပြင်ရာ အသံကိုကြား လိုက်ရပြန်သည်......" မကူးနဲ့ "........
ထိုအချိန်မှာပင် အရက်မူးနေဟန်ရှိသော ကားသမားတစ်ဦး မီးနီကို အရှိန်ပြင်းစွာဖြင့် ဖြတ်မောင်းသွားလေသည်။
အသက်ဘေးမှ သီသီလေး နှစ်ကြိမ်လွတ်လာသော အမျိုးသမီး တုန်တုန်ရင်ရင်ဖြင့် "ရှင် ဘယ်သူလဲ " ဟုမေးလိုက်လေသည်။

"ငါကမင်းရဲ့ ကိုယ်စောင့်နတ်သမီးပဲ " အသံရှင်က ပြန်ဖြေလိုက်ပြီး " မင်းမှာငါ့ကိုမေးစရာတွေရှိ မှာပေါ့ မေးလေ" ဟုပြောလေသည်။
အမျိုးသမီး ရဲ့တုံ့ပြန်စကားကတော့........" သေချာပေါက်မေးချင်တာပေါ့ရှင်..... ကျွန်မမင်္ဂလာဆောင်တဲ့နေ့ကရှင်ဘယ် သွားနေလဲ " တဲ့ဗျာ......

( Reader Digest မှာဖတ်မိတဲ့ ဟာသလေးကို မီးကျိုးမောင်းပျက် ဘာသာပြန်ထားခြင်းပါ။)

No comments: