Thursday, July 16, 2009

ကျွန်တော်နှင့် ၀ိုးတိုးဝါးတား အိပ်မက်များ - အပိုင်း(၁)

      အိမ်မက်၏ရောင်စင်များဖြင့် ကျွန်တော်ရှင်သန်နေခဲ့ရသည်။ ကျွန်တော့် ငယ်စဉ်ဘ၀ နေ့ရက်များသည် ကရင်ပြည်နယ်၏ အမဲရောင်ရွာငယ်လေးတွင် ဖြတ်သန်း ကြီးပြင်းခဲ့ရ၏ ၊ သေနတ်သ၊ံ အမြောက်သံတွေကြား စိုးရွံ့မှုများဖြင့် လုံခြုံမဲ့နေရာကို နေ့စဉ်မျော်လင့်ရှာဖွေခဲ့ရသည်၊

      ဒီနေရာမှာ မမေ့နိုင်စရာအဖြစ်လေးတစ်ခုကို ပြောပြပါဦးမည်။ ၈လေးလုံး အရေးအခင်းပြီးနောက် နေရာဒေသတော်တော်များများမှာ လုယက်မုများ ဓါပြတိုက်မှုများ၊ သူပုန်ထမှုများကိုကာကွယ်ရန်ကိုယ်ထူကိုယ်ထ လုံခြုရေးယူခဲ့ကြရသည်။ အဲဒီကာလတစ်ခုသောညတစ်ညမှာ ကျွန်တော်တို့မောင်နှစ်မ သုံးယောက်၇ွာလယ်က ကုန်စုံဆိုင်ကြီးဆီသို့ TVကြည့်ရန်သွားကြပါသည်။ (ရွာမှာ၁လုံးတည်းသော အဖြူအမည်းTVလေးဖြစ်ပါသည်) အချိန်က ည၈နာရီကျော်စ၊လရောင်ကဝိုးတိဝါးတား၊ ကျွန်တော်တို့စကားလေးတပြောပြောနဲ့ လျှောက်လာရင်း ကုန်စုံဆိုင်၏ အိမ်ရိပ်ကို နင်းမိတယ်ဆိုရင်ဘဲ အထဲမှာဆူဆူညံညံအသံ တချို့ကိုကြားလိုက်ရသည်။ ကျွန်တော်တို့လည်း အထဲကိုမဝင်သေးပဲ အပြင်ကနေချောင်းကြည့်လိုက်တော့ သေနတ်တွေကိုင်ထားတဲ့ လူတစ်ချို့က အိမ်ရှင်တွေကိုအော်ဟစ်အမိန့်ပေးနေတာကို တွေ့လိုက်ရပါတယ်၊ ကိုကြီးက ဟေ့ ဓါးပြတိုက်နေတာကွ။ လာ လာ ပြန်ကြရအောင် ဆိုပြီ အိမ်ကို ပြန်ပြေးခဲ့ကြပါတော့တယ်။ အိမ်ကိုရောက်ရုံလေးတင်ရှိသေးတယ် ဓါးပြတွေက သေနတ် တဒိုင်းဒိုင်းနဲ့တရွာလုံးကို ခြောက်လှန့်လိုက်ပါတယ်။ ရွာသားတွေလည်း ကြောက်လန့်ပြီး အော်သူအော်၊ ပြေးသူပြေး လို့ဆူညံပွတ်လောရို်က်သွားပါတော့တယ်။ လုံခြုံရေးတာဝန်ယူထားတဲ့ ရွာသားတချို့ကလည်း ဓါးပြ ဓါးပြ  ဝိုင်း ... ဝိုင်း ..... လို့အော်ပြီး ဓါပြတွေကိုပြန်လှန့်ပါတယ်၊ ဓါးပြတွေလည်အသံကြားတဲ့နေရကိုပြန်ပစ်ပါတယ်၊ အဲဒီလိုအော်လိုက် ပြန်ပစ်လိုက်နဲ့ အတော်ကိုသွေးပျက်စရာပါ၊

      ကျွန်တော်တို့မိသားစုလည်း ရွာရဲ့တစ်ခုတည်းသောအားကိုးရာလွတ်မြောက်နယ်မြေ ရှိရာ ရွာဦးဘုန်းကြီးကျောင်းဆီကို ထွက်ပြေးခဲကြပါတယ်၊ ( ရွာဦကျောင်းဆရာတော်က ကျွန်တော်တို့နယ်တဝိုက်မှာ အတော်လေး၊ သြာဇာကြီးမားပါတယ်၊ လူဆိုးရော လူကောင်းပါဆရာတော်ကို ကြည်ညိုလေးစားကြောက်ရွံ့ကြတော့ ရွာဦးကျောင်းဟာ အားလုံးအတွက်လွတ်မြောက်နယ်မြေပါ )
ကျွန်တော်တို့နဲ့အတူ ကျွန်တော့်အကြီးမိသားစုလည်း ရွာဦးကျောင်း ကိုထွက်ပြေးတဲ့ အထဲပါပါတယ်၊ အားလုံးဟာအတော်လေး သွေးပျက်ကြောက်လန့် နေကြပါပြီ၊ ဘုန်းကြီးကျေင်းရောက်တော့ဆရာတော်က ကျွန်တော်တို့တစ်စုကို သူ့အခန်းမှာခဏနေရာချပေးပါသည်၊ ပြီတော့အဖြစ်ပျက်ကို အမေ့အားမေးပါတယ်၊ အမေလည်း ဆရာတော်ကို ဦးချကန်တော့ပြီး သူသိသလောက်ပြန်လည် လျှောက်တင်ပါတယ်၊ ပထမဆရာတော်လည်း စိတ်ဝင်တစား နားထောင်ပါတယ်၊ နားထောင်ရင်းနားထောင်ရင်း ဆရာတော့်မျက်နာနီလာပြီး စိတ်ဆိုးလာပါတော့သည် ၊ ခနကြာတော့ အမေ့ကို ဒီလိုမိန့်ပါသည်
" အေ.... ပြောလည်းပြောပေါ့ ဒကာမရယ် အောက်ကိုလည်းငုံ့ကြည့်ပါဦး"''' ဒီတော့မှအမေလည်းသတိဝင်လာပြီး အောက်ကိုငုံ့ကြည်လိုက်တော့''အောင်မလေး...... ကျွန်တော့်အမေ ဘာလုပ်ထားတယ်ထင်ပါသလဲ ၊ ဆရာတော်ရဲ့ခေါင်အုံးပေါ်မှာ တက်ထိုင်ထားတယ်ခင်ဗျာ ၊ .................

Dream Hill

1 comment:

MMO said...

အစဉ်လာပဲနော် ၊ ဘကြီးတို့ကတော့ မျိုးနဲ့ရိုးနဲ့ကို လွဲလာကြတာ ခုထိပဲ ............... heeeeeeeeee